The Tracking Dad

The Tracking Dad

Share

Founder of Binfo Calorie Tracker, MFTA Certified Trainer a dedicated dad, and a family man balancing a busy entrepreneurial life.

While managing a tight schedule, I prioritize staying healthy and fit using Binfo App to monitor my food and activity. 🧡

Photos from The Tracking Dad's post 24/09/2025

📊 Ratio : 40% Protein , 39% Carbs , 21% Fats

🔥Calories: 497 kcal
Macronutrients:
• Protein: 49.6 g
• Carbs: 48.3 g
• Sugar: 3.2 g
• Fibre: 1.4 g
• Fat: 11.4 g
• Saturated Fat: 2.3 g
• Cholesterol: 154 mg
• Sodium: 1637.5 mg

🍗Chicken Recipe :
ကြက်ရင်အုံအရိုး/အရေပြားလွတ် ပါးပါးလှီးပြီးသား (၂၀၀) ဂရမ် ကို ကြက်သွန်ဖြူ (2)မွှာ ထောင်းပြီးသား၊ ဆား (၂) ဂရမ်၊ ငရုတ်ကောင်းနက်မှုန့်အနည်းငယ်၊ ကြက်သားမှုန့် (၃) ဂရမ်ခန့်၊ ခရမ်းချဉ်သီးဆော့စ် ထမင်းစားဇွန်း (၁) ဇွန်း တစ်ဇွန်း၊ ပြောင်း ကော်မှုန့် (၁၀) ဂရမ် နယ်ပြီး နှပ်ပါ။ ဆီ ထမင်းစားဇွန်း (၀.၇) ဇွန်း ထည့်ပြီး ကြော်ပေးပါ။

🥬 မိန်းမကြော်တဲ့ ကန်စွန်းရွက်ကြော်ကို ဆီဘယ်လောက်သုံးလဲမေးကြည့်တော် ၁ ဇွန်းဆိုတော့ (၃ယောက်စာ ချက်တာဆိုတော့) ၅၀ ကယ်လိုရီ မကျော်နိုင်တဲ့ အတွက် ခန့်မှုန်းထည့်လိုက်ပါတယ်

🍚ထမင်းက ၁၂၀ ဂရမ်

ကျွန်တော့်အတွက် ဒီ ထမင်းတစ်ပွဲက 450-500 kcal က low Kcal / high protein လို့ပြောလို့ရပေမယ်။

⚠️ အမျိုးသမီးတွေအတွက်ကျတော့
ကယ်လိုရီ ၃၅၀-၄၀၀ ကြား
ကြက်- ၁၂၀-၁၅၀ ဂရမ်
ထမင်း- ၁၀၀ - ၁၂၀ ဂရမ်
Total ဆီ - (၀.၅ - ၀.၈) ဇွန်း ထမင်းစားဇွန်း ၁ ဇွန်းမပြည့်လောက် သုံးရင် လုံလောက်ပါပြီ။
ပြောင်းကော်မှုန့်က မသုံးလဲရပါတယ် (သူလည်း kcal dense ဖြစ်တဲ့အထဲပါတယ်)

22/09/2025

❌ ဝိတ်ချတဲ့အခါ ဆီရှောင်ဘာညာ Eric မှာမရှိ ❌
High Protein / Low Carbs / Medium Fats

Recipe 👇🏼👇🏼👇🏼

🍠 ကန်စွန်းဥပြုတ် - 100 g

🥕 မုန်လာဥနီ (၅၀-၁၀၀g) ဆီပါပါး/ရေထည့်ပြီး ရေခမ်းကြော်ပါ။ ( ပဲဆီ Approximately - 3g )

🍗 Creamy Chicken - 150g
- (ကြက်ရင်အုံ အရိုး/အရေပြားလွတ် 150g ကို ဆား/ငရုတ်ကောင်း/အသားမှုန့် နှစ်ဘက်လုံးဖြူးပါ၊ ထောပတ် - ၃-၄ ဂရမ် ထည့် ပြီး ကြက်သွန်ဖြူပါးပါးလှီး အနံ့မွှေးလာရင် ကြက်ရင်အုံ ထည့်ကင်ပါ။ အသားကျက်ခါနီးရင် နွားနို့ 30-40 ml ထည့်ပါ။ ကရဝေးရွက်ထည့်ပါ။ နွားနို့ခမ်းခါနီး အနှစ်ဖြစ်လာရင်ရပါပြီ)

Calories: ~362 kcal
• Protein: ~51 g
• Carbohydrates: ~12.2 g
• Fiber: ~4.2 g
• Sugar: ~5.5 g
• Fat (total): ~11.9 g
• Saturated Fat: ~4.0 g
• Cholesterol: ~137 mg
• Sodium: ~242 mg

22/09/2025

📙
A new beginning in Chiang Mai ⛰️🌧️

21/09/2025

Every rep is a deposit, every set is an investment — the body you want is built with consistency, not excuses.

15/09/2025

Well Spent Saturday

10/09/2025

အစကတော့ challenge ကို price တစ်ခု set လုပ်မလို့ပဲ။ ခုတော့စိတ်ပြောင်းသွားပြီ။

Binfo (၃) လ plan ဝယ်ရုံပဲ

ကျွန်တော်က ကျွန်တော့် User တွေကို ချစ်တာ။

Set Price တစ်ခုနဲ့ Burden တစ်ခုဖြစ်မနေစေချင်ဘူး

ပေးရတာထက် ပိုတန်တာတွေ ပိုရစေချင်တာ

🔥 Join now 💪

🔥ဒီတစ်ခါတော့ သင့်ခန္ဓာကိုယ်ကို အပြီးသတ်ပြောင်းလဲလိုက်ပါ။

100 Days Lifestyle Challenge ဆိုတာ ရေတို ဝိတ်ကျဖို့ တစ်ခုတည်းအတွက် ဖန်တီးထားတဲ့ Challenge တစ်ခုမဟုတ်ပါဘူး။ ❌

🤔ကျွန်တော်တို့အများစုဟာ ဝိတ်ချတော့မယ်ဆိုတာနဲ့ ဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲ? ဘာတွေစားရမလဲ? ဘယ်လောက်ပမာဏတွေစားရမလဲ?
🛒အစားအသောက်တွေ ဘယ်လိုရွေးချယ်စားသောက်မလဲ? စဥ်းစား၊ Gym ဖိုးသွင်း ဆန်လုံးညိုတွေပြေးဝယ်၊ Calorie တွေရှယ်တွက်၊ meal plan တွေဝယ် စတာတွေ အရင်ဆုံးလုပ်လေ့ရှိပါတယ်။
🤷🏻‍♀️ ဒါပေမယ့် များသောအားဖြင့် နေ့စဉ် ကိုယ့် lifestyle နဲ့ အသားမကျတာပဲဖြစ်ဖြစ် ၊ ရေရှည်လုပ်ဖို့ အခက်အခဲတွေ ကြုံလာတဲ့အခါပဲဖြစ်ဖြစ် အရှေ့မှာ ကြိုးစားခဲ့တာတွေ ခဏတာပဲဖြစ်တတ်ပါတယ်။
�💯 ဒါဆို ဒီရက်ပေါင်း-၁၀၀ အတွင်းမှာ ၊ MFTA Certified Trainer တစ်ယောက်လည်းဖြစ် မြန်မာ့ ပထမဦးဆုံး Calorie Tracker - Binfo ရဲ့ Founder လည်းဖြစ်တဲ့ ကျွန်တော် Eric နဲ့အတူ ဘာတွေလုပ်ကြမှာလဲ ?

💯ရေရှည်တည်မြဲတဲ့ body တစ်ခုပိုင်ဆိုင်ဖို့ဆို
ရက်ပေါင်း ၁၀၀ အတွင်းမှာ Healthy ဖြစ်တဲ့ အလေ့အထကောင်းတွေကို တစ်ပတ်ချင်းစီ တဖြည်းဖြည်း အတူတူတည်ဆောက်သွားကြမှာပဲဖြစ်ပါတယ်။

📅
Week 1 - Mindset & Fat Loss Basics အဆီချနည်း အခြေခံ နဲ့ Mindset တည်ဆောက်ခြင်း
📅
Week 2 (Day 8–14): Protein & Building a Fat-Loss Plate အာဟာဓါတ်လုံလောက်စွာပါဝင်တဲ့ အဆီချဟင်းတစ်ခွက်ပြင်ဆင်ခြင်း
📅
Week 3 (Day 15–21): Calories, Portion Control, Eating Out လက်တွေ့ကျကျ ကယ်လိုရီကို အမှန်ကန်ဆုံး စားသုံးခြင်း
📅
Week 4 (Day 22- 29) အခြေခံ လေ့ကျင့်ခန်း Basic Workout Planning နဲ့ လေ့ကျင့်ခန်းစတင်ခြင်း။

စသည်ဖြင့် မတူညီတဲ့ Task တွေနဲ့စနစ်တကျ လေ့လာစရာတွေနဲ့ ရက်သတ္တပတ် (၁၄) ပတ်အတွင်း တစ်သက်တာ အသုံးချလို့ရမယ် အာဟာရဆိုင်ရာဗဟုသုတများ၊ လေ့ကျင့်ခန်းဆိုင်ရာ skill set များနဲ့ အလေ့အကျင့်ကောင်းများကို အတူတူ တည်ဆောက်သွားကြမှာပဲဖြစ်ပါတယ်။ 💪�
အပတ်စဥ် တနဂ်နွေနေ့တိုင်း Live Session မှတဆင့် တစ်ပတ်စာ ကြိုးစားရမယ့် Task များနဲ့ ၄င်းနဲ့ ပတ်သတ်တဲ့ သင်ခန်းစာများ / knowledge sharing session များပြုလုပ်သွားမှာပါ။�Facebook Private Group မှာ Binfo Team နဲ့ အတူ ရက်ပေါင်း ၁၀၀ လုံး အပြည့်အဝ Support ပေးသွားဖြစ်တဲ့အတွက်

😏ဝိတ်ကျတယ်ဆိုတာ 100 Days Lifestyle Change Challenge မှာ ပါးပါးလေးပါ။ ဒါ့အပြင်

🌟ရက်ပေါင်း ၁၀၀ ပြည့်တဲ့အခါ
✨ လူတိုင်း သတိထားမိလောက်အောင် ပြောင်းလည်းလာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်လာမယ်
✨ အာရုံစူးစိုက်မှုတွေကောင်းမွန်လာ Mind နဲ့ နေ့စဥ်ခွန်အားပြည့်ဝနေစေမယ့် Body ရရှိလာမယ်
✨ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓာကိုယ်ကိုထိန်းသိမ်းဖို့ အလေ့အကျင့်တွေဟာ အတင်းလုပ်ယူစရာမလိုတော့ပဲ နိစ္စဓူဝ အလေ့ကျင့်များဖြစ်လာမယ်
✨ အစားအသောက်တွေနဲ့ လေ့ကျင့်ခန်းတွေကို သေချာနားလည်လာမယ်။
✨ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေတိုးလာပြီး စည်းကမ်းတကျ ရှေ့ဆက်နိုင်မယ့် အလေ့အထတွေ
✨ ရက် ၁၀၀ ပြီးဆုံးသွားသည့်တိုင် အမြဲ Support ပေးနေမဲ့ Binfo Community
စတာတွေကိုပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။

💯ဒီရက်ပေါင်း ၁၀၀ / 100 Days Lifestyle Challenge ကို Join ဖို့ (4) Steps

(1) Binfo App ကို Download ရယူပါ။ 🔥
IOS
https://apps.apple.com/mm/app/binfo/id6502970867
Google Playstore
https://play.google.com/store/apps/details?id=com.earthlike.binfo&pcampaignid=web_share
Apk Pure
https://apkpure.com/binfo/com.earthlike.binfo

(2) Binfo App မှာ Sign Up ပြုလုပ်ပါ။🔥
https://youtu.be/dZ1K_YyPXDE

(3) 3 Month Subscription အားဝယ်ယူပါ။🔥
(Group ထဲမှာ Free 3 လ ထပ်ပေးသွားဦးမှာနော်)
https://youtu.be/l3xQZWpYyl4

(4) Binfo Page ရဲ့ Messenger မှာ Payment Screen shot နဲ့အတူ "100" လို့ပေးပို့လိုက်တာနဲ့ သင့်ကို 100 Days Binfo Lifestyle Challenge Group ကို Invite ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ 🔥

💪🏻 အရင်တုန်းက ဘယ်လောက်ပဲ fail ခဲ့ fail ခဲ့၊ ဘာတွေစားရမလဲ သောက်ရမလဲ ဇဝေဇဝါဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်ကစရမှန်မသိဖြစ်ခဲ့ဖြစ်ခဲ့ ဒီ ပရိုဂရမ် မှာတော့ ရိုးရှင်းတယ်၊ ရေရှည်လုပ်နိုင်မယ်၊ stress မမိစေပဲ ပေါ့ပေါ့ပါးပါး ကြိုးစားနိုင်စေမယ်။

✅ Join Now
နောက်ရက်ပေါင်း ၁၀၀ မှ သင် က အခုလက်ရှိရှိသင့်ကို ကျေးဇူးတင်နေမှာပါ။��🔥Ep.1 Challenge Start Date :
12th October 2025�� #ကယ်လိုရီ #ခြေလှမ်း 's

06/09/2025

Binfo Calorie Tracker ကိုစပြီး 2022 ကနေစလို့ ၃ နှစ်လောက် Training တွေပျက် / Daily Diet တွေ ဖြစ်သလိုစားခဲ့တာ Body Fat 25% ထိပြန်ရောက်သွားတယ်။ ဒါပေမယ့်လည်း Binfo ဟာ အသုံးပြုသူ ၁၈၀၀၀ ကျော်လာပြီး လူပေါင်း ၁ ထောင် နီးပါးလောက်ကိုလည်း အကြံဥာဏ်တွေ လမ်းညွှန်မှုတွေပေးနိုင်ခဲ့လို့ ကျေနပ်ရတဲ့ နှစ်ပိုင်းတွေဖြစ်ခဲ့တယ်။ ဒီတစ်ခါ ကိုယ်လိုချင်တဲ့ Body&Health နဲ့ Lifestyle ကိုပြန်တည်ဆောက်ဖို့ ဆက်ကြုံးလိုက်ဦးမယ်။ I made myself 120days challenge. Day 2

Photos from The Tracking Dad's post 06/09/2025

ချင်းမိုင်မှာ ကျေနပ်တာတစ်ခုက တွေ့တဲ့ ကော်ဖီဆိုင်ဝင် ထိမိနေတာမျိုး

မေမေတို့ရေ... ဒီတစ်ခါ MyanChef ကနေ တင်ဆက်ပေးမယ့် ဟင်းပွဲလေးကတော့ သားသားမီးမီးလေးတွေ အကြိုက်တွေ့စေမယ့် “ကြက်သား ပဲကြာဇံကြော်"လေး ပဲ ဖြစ်ပါတယ်။ 😋

ပဲကြာဇံကြော်လေးက ရိုးရှင်းပေမယ့် အရသာရှိပြီး ကလေးတွေရော လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့ ဟင်းပွဲတစ်ခွက်ဖြစ်ပါတယ်။ 🍜

ဒါဆို…ကလေးတွေအတွက် အာဟာရပြည့်ဝအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြရအုံးနော်!!

📺 MyanChef အစီအစဉ်များကို MyanHealth ရဲ့ Facebook Page နှင့် Youtube Channel, Tik Tok Channelများမှလည်းဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်လို့ Liked & Followed လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်။

#MyanHealth #MyanChef #Episode6 #ဆန်ကြာဇံကြော် #ကလေးအကြိုက် #ဟင်းချက်နည်း #အာဟာရ 04/08/2025

Give your baby the nourishment they need to grow healthy and strong ♥️

မေမေတို့ရေ... ဒီတစ်ခါ MyanChef ကနေ တင်ဆက်ပေးမယ့် ဟင်းပွဲလေးကတော့ သားသားမီးမီးလေးတွေ အကြိုက်တွေ့စေမယ့် “ကြက်သား ပဲကြာဇံကြော်"လေး ပဲ ဖြစ်ပါတယ်။ 😋 ပဲကြာဇံကြော်လေးက ရိုးရှင်းပေမယ့် အရသာရှိပြီး ကလေးတွေရော လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့ ဟင်းပွဲတစ်ခွက်ဖြစ်ပါတယ်။ 🍜 ဒါဆို…ကလေးတွေအတွက် အာဟာရပြည့်ဝအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြရအုံးနော်!! 📺 MyanChef အစီအစဉ်များကို MyanHealth ရဲ့ page နှင့် Youtube Channel, Tik Tok Channelများမှလည်းဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်လို့ Liked & Followed လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်။ #MyanHealth #MyanChef #Episode6 #ဆန်ကြာဇံကြော် #ကလေးအကြိုက် #ဟင်းချက်နည်း #အာဟာရ

Photos from The Tracking Dad's post 27/07/2025

Sunday မို့လို့ လမ်းမလျှောက်ချင်ရင် Makro တစ်ပတ်လောက်ပတ်လိုက် 😅

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon