Pyae Phyo, Ever Light

Pyae Phyo, Ever Light

Share

Real estate enthusiast and blogger. Passionate about property trends, investment tips, and guiding people through the real estate world.

17/10/2025

゚viralシ

13/10/2025

08/10/2025
06/10/2025

သီတင်းကျွတ်လပြည့်နေ့ (သို့မဟုတ်) အဘိဓမ္မာအခါတော်နေ့ 🪔
~~~~~~~~~~~~~~~
အောက်တိုဘာလ (၆)ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်အပါအဝင်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာပြည်သူပြည်သားအပေါင်း စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပြီး ‌ဘေးဘယာဝေးကွာစေရန် Ever Light Real Estate မိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ...🪔

05/10/2025

02/10/2025

“ကိုယ်အခု လက်ရှိပိုင်ဆိုင်ထားတဲ့အရာကို လက်တွေ့ခြယ်လှယ်အသုံးချနိုင်ပြီလား 🤔”

Photos from Pyae Phyo, Ever Light's post 28/07/2025

🏢 Semi Condo ဆိုတာဘာလဲ?

မြို့ပြနေထိုင်မှုစနစ်မှာ အရမ်းတွေ့ရတဲ့ "Condo" ဆိုတဲ့စကားလုံးအတိုင်းပဲ၊ "Semi Condo" ဆိုတာကလည်း Condominium နဲ့ Apartment အကြားမှာတည်ရှိတဲ့ အိမ်ခြံမြေ တစ်မျိုးပဲဖြစ်ပါတယ်။

ရိုးရိုးလို့ပြောရရင် –
✔️ Condo လို့ခေါ်တာတွေကတော့ ဥပဒေအရ မှန်မှန်ကန်ကန် အထပ်မြင့်တိုက်အနေနဲ့ စီမံခန့်ခွဲမှု စနစ်ရှိပြီး၊ တိုက်ခန်းပိုင်ဆိုင်ခွင့်လည်းအပြည့်ရှိပါတယ်။
✔️ ဒါ့အပြင် Apartment ကတော့ အထပ်မြင့်တိုက်ပေမယ့် ပိုင်ဆိုင်မှုမရှိပဲ ငှားရမ်းနေရတဲ့ပုံစံလိုမျိူး ဖြစ်ပါတယ်။
✔️ ဒါကြောင့် Semi Condo ဆိုတာက Condo တစ်ခုလိုပဲ ပုံစံအနေနဲ့ ဆင်တူပေမယ့် မူပိုင်ခွင့်၊ စီမံခန့်ခွဲမှု စနစ် တချို့က မတူနိုင်ဘဲ Condo Standard မပြည့်မစုံတဲ့ project တွေကို ခေါ်တာပါ။

---

✅ Semi Condo ရဲ့ အားသာချက်များ

1. ဈေးနှုန်းသက်သာမှု – Condo ထက်စျေးသက်သာတဲ့အတွက် စျေးတန်ရာနေရာမှာ မျှတတဲ့ facilities ရရှိနိုင်တယ်။

2. အခြေခံ Facilities ရရှိနိုင်မှု – Swimming pool, lift, car parking တို့လို basic facilities တချို့ပါဝင်တတ်တယ်။

3. နေရာရွေးချယ်မှုများပြားမှု – မြို့ထဲ၊ မြို့သစ်မှာ ရရှိနိုင်တာကြောင့် စျေးနှုန်းသင့်တင့်တယ်။
---

⚠️ Semi Condo ရဲ့ စဉ်းစားစရာအချက်များ

1. မြေပိုင်ခွင့်မရှိနိုင်ခြင်း – တချို့ Semi Condo တွေမှာ မြေမူပိုင်ခွင့် မပါဝင်နိုင်သေးဘူး။

2. စီမံခန့်ခွဲမှု မတိကျခြင်း – Condo Law အောက်မှာမရှိလို့ တော်တော်များများမှာ management weak ဖြစ်တတ်တယ်။

3. Facilities မပြည့်စုံခြင်း – Condo တစ်ခုလို gym, generator, 24/7 security တို့ကိုမပါဝင်နိုင်ခြင်း။

---

🤔 သင့်အတွက် သင့်လျော်ပါသလား?

သင့်အတွက် Condo တစ်ခုမှာနေရမလား၊ Apartment လားဆိုတာ စဉ်းစားနေတဲ့အချိန်မှာ Semi Condo ဆိုတာကလည်း option တစ်ခုပဲဖြစ်တယ်။

သက်သာတဲ့ budget နဲ့ ညီညွတ်တဲ့ facilities ရချင်သူတွေအတွက်တော့ စဉ်းစားသင့်ပါတယ်။

ဒါပေမယ့် အနာဂတ်မှာ မြေမူပိုင်မှု၊ ငွေတန်ဖိုး တိုးတက်မှုကို အလေးထားသူတွေကတော့ Condo ဆိုတာ တစ်ခုနဲ့တင် စဉ်းစားသင့်ပါတယ်။

ရင်းနှီးမြုပ်နံမူဆိုတာ ကံမဟုတ်ဘူး ဉာဏ်ပါ

16/07/2025

🌾 စိုက်ပျိုးမြေ ဆိုတာဘာလဲ?

စိုက်ပျိုးလုပ်ငန်းတွေအတွက် သီးသန့်သုံးဖို့ သတ်မှတ်ထားတဲ့ မြေပါ။
မြေသုံးစွဲမှုအမျိုးအစားပြောင်းချင်ရင် အစိုးရ ခွင့်ပြုချက်လိုတယ်။
---
📝 စိုက်ပျိုးမြေရဲ့ စာရွက်စာတမ်း (Document)
စိုက်ပျိုးမြေရဲ့ အဓိကစာရွက်စာတမ်းက Form 7 ပါ။
Form 7 ကို မြေယာစီမံခန့်ခွဲရေးဦးစီးဌာန က ပေးတယ်။
မြေရှင်နာမည်၊ မြေရဲ့ တည်နေရာ၊ အတိုင်းအတာ၊ သီးသန့်နံပါတ် တို့ဖော်ပြထားတယ်။
Form 7 ရှိမှတကယ်ပိုင်ဆိုင်သူအဖြစ် သတ်မှတ်ခံရတယ်။
---
💰 ရောင်းဝယ်ခွင့်
စိုက်ပျိုးမြေကို ရောင်းချ၊ နောက်ထပ် ခွင့်ပြုချက်လိုပါတယ်။
အထူးသဖြင့် မြေသဘောပြောင်းသုံးမယ် (e.g. စိုက်ပျိုး→အိမ်ဆောက်ရန်) ဆိုရင် တင်းကြပ်စွာ စစ်ဆေးတယ်။
---
⚖️ ဥပဒေသတ်မှတ်ချက်များ
2012 ခုနှစ် မြေယာသုံးစွဲခွင့်ဆိုင်ရာဥပဒေ (Farmland Law) အောက်မှာ စီမံထားတယ်။
သီးသန့်လုပ်ငန်းပြောင်းသုံးချင်ရင် အစိုးရကခွင့်ပြုဖို့တောင်းရမယ်။
မခွင့်ပြုဘဲ ပြောင်းသုံးလိုက်ရင် မြေသိမ်းခံနိုင်တယ်။
---
🚫 ကန့်သတ်ချက်တွေ
အိမ်ဆောက်တာ၊ စက်မှုလုပ်ငန်းတည်ဆောက်တာ စတဲ့ ပြောင်းသုံးတာ မလုပ်နိုင်ပါ။
တစ်ခါတစ်လေ အာဏာပိုင်တွေက စိုက်ပျိုးအောင်မြင်မှု စစ်ဆေးတတ်တယ်။
မြေသိမ်းခံရနိုင်တဲ့ အန္တရာယ် ရှိတယ် (ဥပမာ – မသုံးတာကြာလွန်း၊ စည်းမျဉ်းချိုးတာ)

စိုက်ပျိုးမြေ ကို ဝယ်ယူတော့မယ်ဆိုရင်တော့ ဒီအချတ်လက်လေးတွေသိထားသင့်ပါတယ်

ရင်းနှီးမြုပ်နှံမူ ဆိုတာ ‌ကံ မဟုတ်ဘူး ဉာဏ်ပါ

14/07/2025

2025 မှာ အိမ်ခြံမြေ ကိုရင်းနှီမြုပ်နှံ သင့်သေးလား

အကယ်၍ ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင်ရော်.........
မြေလာ??????
Condo လာ ?????????

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Kan Street
Yangon