Creative Space

Creative Space

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Creative Space, Digital creator, Yangon.

Photos from Creative Space 's post 02/03/2026

ရိုးရှင်းခြင်းမှသည်... ကြွယ်ဝခြင်းဆီသို့

​လူတွေဟာ အိမ်ခြံမြေကို ဝယ်ယူကြတာ မဟုတ်ပါဘူး။
သူတို့ရဲ့ "အောင်မြင်မှု" နဲ့ "ဂုဏ်သိက္ခာ" ကို ဝယ်ယူကြတာပါ။
Brand တစ်ခုကို မြင်လိုက်တာနဲ့ ရင်ထဲမှာ ယုံကြည်မှု နဲ့ ဂုဏ်ယူမှု တပြိုင်နက် ခံစားရစေဖို့

Millionaire Real Estate ရဲ့ Brand Logo ကို "ရင်းနှီးမြှုပ်နှံသူတိုင်း ဂုဏ်ယူစေမယ့် Brand"တစ်ခုဖြစ် အောင် ဖန်တီးခဲ့ပါတယ်။

သင့်ရဲ့ လုပ်ငန်းကို လူအများ ကြည့်လိုက်တာနဲ့ ယုံကြည်မှုနဲ့ ဂုဏ်ယူမှုတွေ တပြိုင်နက် ခံစားရစေမယ့်

Brand Identity တစ်ခုအဖြစ်ပြောင်းလဲချင်ပါသလား?

​သင့်လုပ်ငန်းရဲ့ တန်ဖိုးကို Creative Space နဲ့အတူ အဆင့်မြှင့်တင်လိုက်ပါ။

16/02/2026

Happy Chinese New Year 🎊 Gong Xi Fa Cai! 🧧✨

​ကျရောက်လာတဲ့ မြင်းနှစ် (Year of the Horse) မှာ

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများဟာ မြင်းအလား အင်အားအပြည့်နဲ့ အရှိန်အဟုန်မပျက် တက်လှမ်းနိုင်ပါစေကြောင်း

Creative Space Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

​Digital Marketing လောကမှာ အောင်မြင်မှုဆိုတာ "မြန်ဆန်မှု" နဲ့ "ဆန်းသစ်မှု" ပေါ်မှာ မူတည်ပါတယ်။

ယခုနှစ်သစ်မှာ သင့် Brand ကို Creative အရှိဆုံး စိတ်ကူးတွေနဲ့အတူ အမြင့်ဆုံးသို့ အရောက်ပို့ဆောင်ပေးဖို့ ကျွန်ုပ်တို့ Creative Space က အသင့်ရှိနေမှာပါ။

#တရုတ်နှစ်သစ်ကူး #မြင်းနှစ်

Photos from Learn Chinese with Mentor Stella's post 16/02/2026

Stella အတွက် ကျနော်တို့ Creative Space က တာဝန်ယူပြီးဖန်တီးပေးခဲ့တဲ့ Branding Design💚

14/02/2026

တရုတ်စာလေ့လာဖို့ စဉ်းစားတဲ့အခါ

သင်ယူသူတွေရဲ့ စိတ်ထဲမှာ "ယုံကြည်စိတ်ချရပြီး တက်ကြွတဲ့သင်တန်း" လို့ တန်းမြင်ယောင်လာဖို့က အရေးကြီးပါတယ်။

ဒါကြောင့်ပဲ Mentor Stella ရဲ့ သင်တန်းကို ကျနော်တို့ Creative Space မှ Branding ကနေ Marketing ပိုင်းအထိ အသေးစိတ် တာဝန်ယူ ပုံဖော်ပေးနေတာဖြစ်ပါတယ်။

Concept ကို ရိုးရှင်းပြီး ရှင်းလင်းတဲ့ Design တွေနဲ့ ဖော်ပြထားပါတယ်။

​သင်ယူသူတွေအတွက် အကောင်းဆုံး ပညာရေးလမ်းစဉ်ကို Mentor Stella က ချပြပေးနေသလို၊

အဲ့ဒီလမ်းစဉ်ကို လူတိုင်းသိအောင် ကျနော်တို့ Creative Space က အလှပဆုံးနဲ့ အထိရောက်ဆုံး ပံ့ပိုးပေးနေပါတယ်။

27/01/2026

iStream အတွက် ကျနော်တို့ Creative Space က တာဝန်ယူပြီးဖန်တီးပေးခဲ့တဲ့ Branding Design💚

"မြေပုံပေါ်မှာ မရှိတဲ့နေရာဟာ... ကိုယ်ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်ရမယ့် 'ကမ္ဘာသစ်' တစ်ခုဖြစ်လာနိုင်ပါတယ်။

ဘယ်လောက်ပဲ ဝေးလံတဲ့အရပ်ကို ရောက်နေပါစေ၊ iStream သာရှိရင် မိတ်ဆွေရဲ့စိတ်ဝိညာဉ်ဟာ လမ်းပျောက်မှာ မဟုတ်ဘူး။ ခရီးလမ်းရဲ့ ခြေလှမ်းတိုင်းမှာ iStream က မိတ်ဆွေအတွက် အဖော်မွန်အဖြစ် အနားမှာ ရှိနေပါလိမ့်မယ်။"

တခါတလေကျရင် ကျနော်တို့တွေဟာ လူတွေနဲ့ ဝေးရာ၊ မြို့ပြရဲ့ ဆူညံသံတွေနဲ့ ဝေးရာ အရပ်ဆီကို တစ်ယောက်တည်း ထွက်ပြေးချင်မိတတ်ကြတယ်။

ဖုန်းလိုင်းတွေ မမိတော့တဲ့၊ ကတ္တရာလမ်းတွေ ဆုံးသွားတဲ့၊ တခြားကမ္ဘာတစ်ခုလို ခြောက်ကပ်ပြီး တိတ်ဆိတ်လွန်းတဲ့ အရပ်မျိုးပေါ့။

အဲဒီလိုနေရာမျိုးမှာ အမှောင်ထုက စိုးမိုးလာတဲ့အခါ ဒါမှမဟုတ် လေတိုးသံကလွဲလို့ ဘာမှမကြားရတော့တဲ့အခါ... ရင်ထဲမှာ အထီးကျန်သလိုလို၊ ဟာတာတာလိုလို ခံစားချက်ကြီးက ဝင်ရောက်လာတတ်ပါတယ်။

ဘယ်လောက်ပဲ ဝေးလံတဲ့အရပ်ကိုပဲရောက်ရောက် လမ်းတွေ ဘယ်လိုပဲဆုံးဆုံး...iStream ကတော့ ဆက်ရှိနေဦးမှာပါ။

တိတ်ဆိတ်လွန်းတဲ့ ပတ်ဝန်းကျင်မှာ iStream ရဲ့ အလင်းတန်းလေးကို ဖွင့်လိုက်တာနဲ့... စိမ်းသက်နေတဲ့ နေရာတစ်ခုဟာ ရင်းနှီးကျွမ်းဝင်တဲ့ နယ်မြေတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပါလိမ့်မယ်။

ပျော်ရွှင်မှုတွေ၊ လွမ်းမောမှုတွေနဲ့ နာကျင်မှုတွေ... အားလုံးနဲ့ ထပ်တူကျမယ့် အရာတွေကို iStream ရဲ့ ကမ္ဘာလေးထဲမှာ ပြန်လည်ရှာဖွေလိုက်ပါ။

iStream ဆိုတာ ပန်းသီးမြူးဇစ် တင်မဟုတ်ဘဲ လိုချင်တဲ့ ပရီမီယမ် Subscription တိုင်းကို အချိန်တိုင်း နေရာတိုင်း အားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်ဖို့... iStream က အမြဲအသင့်ရှိနေပါတယ်။

⏭︎ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫

☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟗𝟒𝟔 𝟑𝟒𝟔 𝟐𝟐𝟔

Photos from Creative Space 's post 27/01/2026

US ဈေးကွက်ရဲ့ မြင့်မားတဲ့စံနှုန်းတွေကို Creative Space အမြင်နဲ့ ဘယ်လိုဖန်တီးခဲ့သလဲ ❓

US အခြေစိုက် အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ neat2u အတွက် Brand Identity ဖန်တီးပေးခဲ့ရခြင်းဟာ Creative Space အတွက် စိန်ခေါ်မှုနဲ့ ဂုဏ်ယူမှုတွေ ပြည့်နှက်နေတဲ့ Journey တစ်ခုဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ US ဈေးကွက်ထဲမှာ ခြေလှမ်းသစ်စတင်ဖို့ဆိုရင် အလှအပထက် ပိုတဲ့ "မဟာဗျူဟာမြောက် ဖန်တီးမှု" လိုအပ်ပါတယ်။

Cleaning, Laundry နဲ့ Childcare ဝန်ဆောင်မှုတွေဟာ လူတွေရဲ့ နေအိမ်နဲ့ မိသားစုအရေးဖြစ်တဲ့အတွက် "ယုံကြည်မှု (Trust)" ရဖို့က အခက်ခဲဆုံးပါ။ ဒါကြောင့် ဈေးကွက်ထဲ စတင်ဝင်ရောက်ချိန်မှာတင် customer တွေ စိတ်ချလက်ချ အားကိုးနိုင်မယ့် နိုင်ငံတကာအဆင့်မီ ပုံရိပ်တစ်ခုဖြစ်လာအောင် ကျွန်တော်တို့ အများကြီးအားစိုက်ပြီး အသက်သွင်းခဲ့ရပါတယ်။

ကျွန်တော်တို့ရဲ့ Design Approach မှာ အဓိက အနှစ်သာရ (၃) ချက်ကို အသားပေးခဲ့ပါတယ် -

(𝟏) 𝐓𝐡𝐞 𝐂𝐡𝐚𝐭 𝐂𝐨𝐧𝐜𝐞𝐩𝐭

Logo မှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Chat Icon ပုံစံ ဖန်တီးထားတာဟာ စားသုံးသူနဲ့ အမြဲနီးကပ်စွာရှိနေပြီး အချိန်မရွေး ဆက်သွယ်အားကိုးနိုင်မယ့် လုပ်ငန်းတစ်ခုဆိုတာကို ဖော်ပြပါတယ်။

(𝟐) 𝐂𝐨𝐥𝐨𝐫 𝐏𝐚𝐭𝐭𝐞𝐫𝐧

ယုံကြည်စိတ်ချရမှုနဲ့ လန်းဆန်းသန့်ရှင်းမှုကို ပေးစွမ်းတဲ့ Trust Blue ကို အဓိကအရောင်အဖြစ် သုံးထားပါတယ်။ secondary color ကိုတော့ သန့်ရှင်မှုကို ရည်ညွှန်းတဲ့ အဖြူရောင်ကို သုံးပေးထားပါတယ်။

(𝟑) 𝐓𝐡𝐞 𝐌𝐚𝐠𝐢𝐜 𝐒𝐩𝐚𝐫𝐤𝐥𝐞𝐬

Logo ရဲ့ 'N' သင်္ကေတထဲက ကြယ်ပွင့်လေးတွေဟာ ဝန်ဆောင်မှုအပြီးမှာ ရရှိလာမယ့် တောက်ပတဲ့ရလဒ်နဲ့ စားသုံးသူတွေရဲ့ စိတ်ကျေနပ်မှုကို ကိုယ်စားပြုတဲ့ "Magic Sparkles" အယူအဆကို ဖော်ဆောင်ပေးထားပါတယ်။

ယခုအခါ neat2u ဟာ US ဈေးကွက်အတွင်းမှာ ခိုင်မာတဲ့ Image တစ်ခုနဲ့ ယုံကြည်မှုအပြည့်နဲ့ စတင်ခြေလှမ်းနိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒီ Visual Identity ဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာသာမက လက်တွေ့အသုံးချနယ်ပယ်အသီးသီးမှာပါ တသမတ်တည်းရှိနေတဲ့အတွက် လုပ်ငန်းတိုးချဲ့မှုတွေအတွက် အားအကောင်းဆုံး လက်နက်တစ်ခု ဖြစ်စေမှာပါ။

ကိုယ့်လုပ်ငန်းကလည်း ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာဈေးကွက်အထိပဲဖြစ်ဖြစ် အားကောင်းတဲ့ ပုံရိပ်တစ်ခုနဲ့ ထိုးဖောက်ချင်တာလား?

ကိုယ့်လုပ်ငန်းရဲ့ Success Story တစ်ခုကို Creative Space နဲ့အတူ အစပြုလိုက်ပါ။

Photos from Creative Space 's post 18/01/2026

🚀 အမှတ်တံဆိပ်တစ်ခုရဲ့ အစကနေ... ဈေးကွက်ထဲ နေရာရတဲ့အထိ

လုပ်ငန်းသစ်တစ်ခု စတင်တဲ့အခါ Logo ကောင်းကောင်းတစ်ခုရှိရုံနဲ့ မလုံလောက်သလို၊ Marketing ကောင်းရုံနဲ့လည်း ရေရှည်မှာ ယုံကြည်မှု (Trust) တည်ဆောက်ဖို့ ခက်ခဲပါတယ်။

ကျွန်တော်တို့ Creative Space က iStream Premium Subscription လုပ်ငန်းအတွက် Brand Identity ရော၊ Marketing အပိုင်းကိုပါ အစအဆုံး တာဝန်ယူ ပုံဖော်ပေးခဲ့ပါတယ်။

Creative Space က iStream အတွက် ဘာတွေ ဆောင်ရွက်ပေးခဲ့သလဲ?

✅ Professional Logo Design – Premium ဝန်ဆောင်မှုနဲ့ လိုက်ဖက်ပြီး ဖောက်သည်တွေ မှတ်မိလွယ်စေမယ့် Modern Logo ကို ဖန်တီးပေးခြင်း။

✅ Page Setup & Optimization – လုပ်ငန်းရဲ့ အရည်အသွေးကို တစ်ချက်ကြည့်ရုံနဲ့ သိသာစေမယ့် စနစ်ကျတဲ့ Page အခင်းအကျင်း။

✅ Digital Marketing Strategy – လုပ်ငန်းကို ဘယ်လိုပုံစံနဲ့ ဈေးကွက်ထဲ ချပြမလဲဆိုတဲ့ အောင်မြင်မယ့် Marketing လမ်းကြောင်း ချမှတ်ပေးခြင်း။

✅ Effective Media Buying – Target အတိအကျဆီ ရောက်ပြီး အရောင်းတက်စေမယ့် ကြော်ငြာစနစ် (Ads) များကို စနစ်တကျ Run ပေးခြင်း။

ကျွန်တော်တို့ရဲ့ One Month Digital Marketing Package က လုပ်ငန်းရှင်တွေအတွက် ခေါင်းခဲစရာတွေကို ဖယ်ရှားပေးပါတယ်။ iStream အနေနဲ့ Branding နဲ့ Ads အပိုင်းကို ကျွန်တော်တို့ဆီ စိတ်ချလက်ချ အပ်နှံထားနိုင်တာကြောင့် သူတို့ရဲ့ လုပ်ငန်းတိုးချဲ့ရေးကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်ခဲ့ပါတယ်။

iStream လိုပဲ... ကိုယ့်လုပ်ငန်းကို Logo ကနေစပြီး ဈေးကွက်ထဲ ရလဒ်ကောင်းတဲ့အထိ (End-to-End) Professional ဆန်ဆန် ဖော်ဆောင်ချင်တယ်ဆိုရင်တော့...

👇 ၂၀၂၆ မှာ သင့်လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ အသင့်ပဲလား?

Logo Design ကနေ Digital Marketing အထိ တစ်နေရာတည်းမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ကျွန်တော်တို့ Creative Space က စောင့်ကြိုနေပါတယ်။

📩 အသေးစိတ် စုံစမ်းရန်: Messenger မှာ "One Month Package" လို့ စာပို့ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

05/01/2026

"ခိုင်မာသော ယုံကြည်မှုမှသည် အောင်မြင်သော ခရီးစဉ်ဆီသို့"

​"Creative Space Digital Marketing နဲ့ MEP Engineering Program တို့ လက်တွဲခဲ့ကြတာ

အချိန်ကာလတစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။
​အစပြုခဲ့တဲ့ နေ့ရက်တွေကနေ ဒီနေ့အထိ

Creative Space ရဲ့ ဖန်တီးမှုတိုင်းကို ယုံကြည်စိတ်ချစွာနဲ့အမြဲတမ်း အခွင့်အရေးပေးခဲ့တဲ့အတွက်

MEP မိသားစုကိုအထူးပင် ကျေးဇူးတင်ရှိပါတယ်။

31/12/2025

မင်္ဂလာရှိသော ၂၀၂၆ နှစ်သစ်မှာ လုပ်ငန်းရှင်မိတ်ဆွေများအားလုံး စိတ်သစ်၊ ကိုယ်သစ်နဲ့အတူ အောင်မြင်မှုလမ်းစသစ်တွေကို စတင်နိုင်ပါစေလို့ Creative Space Digital Marketing Agency Team မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

"ကျွန်တော်တို့ရဲ့ Creative Space နဲ့အတူ လက်တွဲခဲ့ကြတဲ့ Client တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ၂၀၂၆ မှာလည်း ဒီထက်ကောင်းမွန်တဲ့ Digital Marketing Service တွေနဲ့အတူ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုးတက်ရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးသွားပါဦးမယ်။"

24/12/2025

Merry Christmas!🎄☃️

ပျော်ရွှင်စရာ ခရစ္စမတ်
အခါသမယလေး ဖြစ်ပါစေ။✨

ဒီခရစ္စမတ်မှာ စိတ်သစ်၊ လူသစ်နဲ့အတူ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ပါစေ။🎊

“Creative Space ကို ယုံကြည်စွာ လက်တွဲပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီး ကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေကို အတူတကွ လက်တွဲလုပ်ဆောင် သွားဖို့ မျှော်လင့်ပါတယ်။"

Have a wonderful Christmas night! 🎅🎄





🎄✨

Photos from Creative Space 's post 19/12/2025

မမြင်ရတဲ့ ယုံကြည်မှုကို မြင်သာတဲ့ အမှတ်အသားအဖြစ် ပြောင်းလဲခြင်း။

နာမည်တစ်ခုကို လူသိဖို့ထက် အဲ့ဒီနာမည်ကို မြင်လိုက်တာနဲ့
လုပ်ငန်းရဲ့ အနှစ်သာရကို ခံစားမိဖို့က ပိုအရေးကြီးပါတယ်။
San Thawtar ရဲ့ ပရော်ဖက်ရှင်နယ်ကျတဲ့ ဝန်ဆောင်မှုတွေကို
အပြည့်အဝ ကိုယ်စားပြုနိုင်မယ့် အမှတ်အသားတစ်ခုဖြစ်အောင်
ကျွန်တော်တို့ Creative Space က အကောင်းဆုံး တည်ဆောက်ပေးခဲ့ပါတယ်။

Professional ဆန်မှု၊ တည်ငြိမ်မှုနဲ့ ယုံကြည်စိတ်ချရမှုတွေကို
ဒီဇိုင်းတစ်ခုထဲမှာ ပေါင်းစပ်ဖော်ပြထားတာကြောင့်
မိတ်ဆွေလုပ်ငန်းရဲ့ ခရီးလမ်းမှာ ခိုင်မာတဲ့ အထောက်အပံ့တစ်ခု ဖြစ်နေမှာပါ။

မိတ်ဆွေရဲ့ စိတ်ကူးအိပ်မက်တွေကို လူအများ အသိအမှတ်ပြုရမယ့် Brand အဖြစ်
ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကျွန်တော်တို့ဆီကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

"

18/12/2025

Let’s Work Together!

​We are expanding our team. If you are a Graphic Designer or Digital Marketing Executive, we want you!
We are hiring WFH(Fulltime)

- Junior Creative Designer (1post)
- Senior Creative Designer (1post)
- Digital Marketing Executive (1 post)

သက်ဆိုင်ရာ Position အလိုက် လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိရပါမယ်။
လစာကတော့ မိမိရဲ့ အရည်အချင်းပေါ်မူတည်ပြီး ညှိနှိုင်းနိုင်ပါတယ်။

လျှောက်ထားလိုပါက
Telegram မှာ Cv လေးပေးပို့လျှောက်ထားနိုင်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon