BD Sound Myanmar

BD Sound Myanmar

Share

BDSound Technologies Originated in Germany.

07/03/2026

Valentine’s Day Giveaway ရဲ့ First Winner ကံထူးရှင်လေးMay M Mon အကောင့်ပိုင်ရှင်လေးရဲ့ အကြိုက်ဆုံးဖြစ်တဲ့ ပူစူးရဲ့ 'အဆင်ပြေပါစေ' သီချင်းလေးကို BD Sound Box လေးနဲ့ ဖွင့်ပေးလိုက်ပါပြီနော်။ 🎶
​ကံထူးရှင်လေးလည်း BD Sound Box ရဲ့ အသံကြည်ကြည်လင်လင်လေးနဲ့အတူ သီချင်းလေးနားထောင်ရင်း အမြဲအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ ✨"

02/03/2026

"Happy Tabaung Full Moon Day & Happy Father's Day! 🌕✨
​သာယာအေးချမ်းတဲ့ တပေါင်းလပြည့် သဲပုံစေတီပွဲတော်ညမှာ ကုသိုလ်ထူးများ ရရှိပိုင်ဆိုင်ကြပါစေ။ ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်တဲ့ 'အဖေများနေ့' မှာလည်း မိသားစုရဲ့ အိမ်ဦးနတ်၊ သားသမီးတို့ရဲ့ လမ်းပြကြယ် ဖေဖေတို့အားလုံး အမြဲတမ်း ကျန်းမာပျော်ရွှင်ပါစေကြောင်း BD Sound Myanmar မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။"
#တပေါင်းလပြည့်နေ့ #အဖေများနေ့

02/03/2026

"👩‍🌾တောင်သူလယ်သမားနေ့🌾"
ယနေ့ 2.3.2026 ရက်နေ့တွင်ကျရောက်သော "တောင်သူလယ်သမားနေ့"အား ကျေးဇူးရှင် တောင်သူ လယ်သမားဦးကြီးများအားလုံးကို BD Sound Myanmar မိသားစုမှလေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#တောင်သူလယ်သမားနေ့

16/02/2026

Happy Lunar New Year 2026! 🧧✨
​မြင်းနှစ်သစ်ရဲ့ ခုန်ပျံကျော်လွှားနိုင်စွမ်းတွေနဲ့အတူ စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ပါစေကြောင်း BD Sound Myanmar မှ ဆုမွန်ကောင်းပို့သအပ်ပါသည်။ 🐎💨📈
​BD Sound ရဲ့ အရည်အသွေးမြင့် အသံစနစ်တွေလိုပဲ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုင်းမှာ အသံကုန်ဟစ်ကြွေးနိုင်တဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🎶🏆🎊
​Gong Xi Fa Cai! 🧧🏮

12/02/2026

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

🪅 (၂၀၂၆) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကြာသပတေးနေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား BD Sound Myanmar မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။

ပြည်ထောင်စုနေ့အား ကြိုဆိုရင်း ဖေဖော်ဝါရီလ (၁၂) ရက် နှင့် (၁၃)ရက်နေ့ ရုံးနှစ်ရက်ပိတ်ထားကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင့်

11/02/2026

"ပူပြင်းလှတဲ့ နွေရက်တွေကို အိမ်မှာပဲ အေးအေးလူလူ ဖြတ်သန်းကြမယ်" ☀️🍃
​အပြင်မှာ အပူရှိန်တွေကလည်း တဖြည်းဖြည်း မြင့်တက်လာသလို၊ မွန်းကြပ်မှုတွေကြားမှာ စိတ်အပန်းပြေဖို့က လူတိုင်းအတွက် လိုအပ်ချက်တစ်ခုပါပဲ။
​ဒီလိုနေ့ရက်တွေမှာ အပြင်ထွက်ပြီး ပင်ပန်းမယ့်အစား အိမ်မှာပဲ မိသားစုနဲ့အတူဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ သီချင်းအေးအေးလေးတွေကို နားဆင်ရင်း အနားယူလိုက်တာက စိတ်ကို အေးချမ်းစေမှာပါ။
​BD Sound Myanmar ကလည်း လူကြီးမင်းတို့ရဲ့ အနားယူချိန်လေးတွေမှာ ကြည်လင်ပြတ်သားတဲ့ အသံစနစ်နဲ့အတူ အဖော်ပြုပေးနိုင်ဖို့ အမြဲရှိနေပါတယ်။
​အားလုံးပဲ ပူပြင်းလှတဲ့ နွေရာသီမှာ အပူဒဏ်ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ ✨

27/01/2026

မိမိရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး Speaker ကို ဘယ်လိုရွေးချယ်မလဲ? 🤔
အလှူပွဲတွေ၊ Party တွေမှာ သုံးမှာလား? ဒါမှမဟုတ် အိမ်ခန်းထဲမှာပဲ အေးအေးဆေးဆေး နားထောင်မှာလား?
✅ Outdoor (အပြင်ပွဲများအတွက်): အသံလွင့်အား (Output Watt) များပြီး Bass သံပြင်းပြင်းထွက်တဲ့ Model မျိုးကို ရွေးချယ်သင့်ပါတယ်။ (ဥပမာ - BD 1083,1283,1583 ,1288M Speaker များ)
✅ Indoor (အိမ်တွင်းသုံးအတွက်): အသံကြည်လင်မှု (Clarity) ကို ဦးစားပေးပြီး သယ်ဆောင်ရလွယ်ကူတဲ့ Bluetooth Speaker မျိုးက ပိုအဆင်ပြေပါတယ်။(ဥပမာ-BD 0567,0887C တို့လို Speaker များ)
ဘယ်လိုနေရာမှာ သုံးဖို့အတွက် Speaker လိုအပ်နေတာလဲ?⁉️ Comment မှာ မေးမြန်းနိုင်ပါတယ်၊ ကျွန်တော်တို့ BD Sound မှ အကြံပြုပေးပါ့မယ်။🤝

26/01/2026

ဒီတစ်ပတ်မှာတော့ BD Sound ကနေ
ဝယ်ယူထားတဲ့ Speaker လေးတွေကို သက်တမ်းကြာကြာသုံးနိုင် ဖို့ စနစ်တကျဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို Knowledge Sharing လေးလုပ်ပေးချင်ပါတယ်
"မိမိတို့ ဝယ်ယူထားတဲ့ Speaker တွေ အသံမကွဲဘဲ သက်တမ်းကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ? 💡
​Sound Box တစ်လုံးဆိုတာ ဝယ်ရတာ လွယ်ပေမဲ့ စနစ်တကျ သုံးတတ်ဖို့လည်း လိုပါတယ်။ BD Sound ချစ်သူတို့အတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။👇
​၁။ အသံကို အမြင့်ဆုံး (Max) ထိ ဇွတ်မဖွင့်ပါနဲ့ - အသံချဲ့စက်ရဲ့ သက်တမ်းကို ထိခိုက်စေနိုင်လို့ ၈၀% ဝန်းကျင်မှာပဲ ထားဖွင့်တာ အကောင်းဆုံးပါ။
၂။ ဖုန်နဲ့ စိုထိုင်းဆကို သတိထားပါ - Speaker Cone တွေထဲ ဖုန်ဝင်ရင် အသံကို နှောက်ယှက်နိုင်ပါတယ်။
၃။ Battery စနစ်တကျ အားသွင်းပါ - Battery အားအကုန်ခံပြီးမှ သွင်းတာမျိုးထက် ၂၀% လောက်ဆိုရင် အားပြန်သွင်းပေးပါ။
​ဗဟုသုတရတယ်ဆိုရင် Share သွားလို့ ရပါတယ်ခင်ဗျာ။ ✨"

23/01/2026

🌹 Valentine’s Day Special Giveaway 🌹
​ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ ကျရောက်မယ့် Valentine’s Day လေးမှာ BD Sound Myanmar မှ ချစ်ခင်အားပေးကြတဲ့ Fan များအတွက် Kpay ဆုလက်ဆောင်တွေ ဝေမျှပေးသွားမှာဖြစ်ပါတယ်။ ❤️
​🎁 ဆုလက်ဆောင်များ
​Kpay 10,000 MMK (ကံထူးရှင် ၂ ဦး)
​Kpay 5,000 MMK (ကံထူးရှင် ၆ ဦး)
​✨ ပါဝင်ရမယ့် စည်းကမ်းချက်များ
၁။ BD Sound Myanmar Page ကို Like & Follow လုပ်ထားရပါမယ်။
၂။ ဒီ Giveaway Post ကို Public နဲ့ Share ပေးရပါမယ်။
၃။ အောက်က Comment မှာ ကိုယ်ချစ်ရတဲ့သူကို Tag တွဲပြီး "သူ့ကို BD Sound Box လေးနဲ့ အတူတူ နားထောင်စေချင်တဲ့ သီချင်းလေး" တစ်ပုဒ်ကို ရေးပေးရုံပါပဲ။
​(Single လေးတွေဆိုရင်လည်း ချစ်ရတဲ့ သူငယ်ချင်းကိုTag တွဲပြီးပါဝင်လို့ရတယ်နော်
Crush နေတဲ့သူလေးရှိရင်လည်း Tag တွဲပြီးပါဝင်လို့ရတယ်နော်🤭 🎧)
​📅 ပါဝင်ရမယ့် ကာလ - 23.1.26 မှ 13.2.26 အထိ
📣 ကံထူးရှင် ကြေညာမည့်ရက် - Feb 14 (Valentine's Day)မှာ စည်းကမ်းချက်လေးတွေနဲ့ကိုက်ညီသူWinner လေးတွေကို Comment Picker ဖြင့် မဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်လို့ အခုပဲ ပါဝင်ဖို့မမေ့နဲ့နော်

04/01/2026

၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၈)ကြိမ်မြောက် "လွတ်လပ်ရေးနေ့" ကို မြန်မာပြည်သူ၊ပြည်သား အားလုံးနှင့်အတူ BD Sound Myanmarမိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်🙏🙏🙏

#လွတ်လပ်ရေးနေ့

21/11/2025

🎉 သင့်အိမ်မှာ Party လုပ်ချင်သလား? 😍
ဒါမှမဟုတ် သင်ဟာ Music Lover 🎶 တစ်ယောက်လား?

👉 ဒါဆို BD-0680 ရဲ့ Bass အားကောင်းကောင်း နဲ့ ကြည်လင်သောအသံထွက်ကို တိုက်ရိုက်ခံစားလိုက်ပါ!

🕺💃 6" Speaker နှစ်ဆင့် ပါလို့ Bass ပြင်းပြင်း၊ အသံကြည်လင်!
📡 Advanced Bluetooth System ကြောင့် ပေ 100 အကွာအဝေးထိ ချိတ်ဆက်နိုင်!
✅ LED Display နဲ့ Party Mode & Battery Status ကို အလွယ်တကူ စစ်နိုင်!
🎤 Wireless & Wired Mic ပါလို့ Karaoke, Presentation , Party အတွက် Perfect!
📀 Record & Playback System ဖြင့် ကိုယ်ဆိုထားတဲ့ သီချင်းတွေကို အချိန်မရွေးနားထောင်နိုင်! 🎧

✨ ဒီလို Function အားလုံးနဲ့ ပြည့်စုံတဲ့ BD-0680M ရဲ့ ဈေးနှုန်းလေးက 👉 429,000 Ks

After Sale Services ❗️✅
ဝယ်ယူပြီးရင်လည်း
1. စက်ပစ္စည်းအတွက် 1️⃣ year Warranty
2.Battery 6️⃣ months Warranty
3.Services အတွက်က Life Time🔛
🏠🚚 ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ဆောင်ပေးပြီး (Cash on Delivery)
🚌 နယ်ဆိုရင်တော့ နယ်ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ် (ငွေကြိုရှင်းပေးရမယ်နော်)
လိပ်စာ🏢 - ဆက်သွယ်ရန် - အမှတ် (1-B7)၊ ယုဇနလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
📱📱09777013093

🛒 အခုအချိန်ထဲက Order လုပ်ပြီး Party ကို Upgrade လုပ်လိုက်ပါ! 🚀

🎶🔊🎉

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 1/B(7)၊ Yuzana Street, Mingalar Taungnyunt Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00