Karrow

Karrow

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karrow, ครีเอเตอร์ดิจิทัล, Yangon.

05/09/2025

ဘာလိုလိုနဲ့ 3 idiots ကားလေး ပြန်ကြည့်ရအုံးးမယ်

04/09/2025

လူတွေရဲ့ ပြဿနာက တစ်ယောက်တည်းရှင်သန်ရမှာကို ကြောက်တတ်ကြတယ်။ အဖော်အပေါင်းရှိရင် အားရှိတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့အဖော်မွန်ဖြစ်လေ မျက်စိအောက်က အပျောက်မခံနိုင်လေပဲ။ ကျမ ဘဝရဲ့အချိန်တော်တော်များများက တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတာများတယ်။ ဘဝရဲ့ ပြဿနာတွေကိုလည်း ဉာဏ်မှီသလောက်လေး ယက်ကန်ယက်ကန် ဖြေရှင်းခဲ့ရတယ်။ အထီးကျန်တယ်ဆိုတာထက်ကို ပိုသေးတယ်။ အလုပ်က ပြန်ရောက်ရင် ပိုက်ဆံအိတ်တွေ လက်ပ်တော့အိတ်တွေကို စားပွဲပေါ်တင်ပြီး၊ သိပ်မောနေရင်တောင် ရေဗူးရှိရာဆီကို ကိုယ်တိုင်သွား။ ဖျားနာနေချိန်ဆို လုံးဝ အကူမရှိ။ ပိုက်ဆံနဲ့ပဲ (ငွေပေးခေါ်ရတဲ့ နေ့စားအိမ်အကူ)အရာရာကို ဖြေရှင်းဖြစ်ခဲ့တယ်။ သူငယ်ချင်းတချို့က ဘာလုပ်ပေးရမလဲ မေးပေမယ့်၊ ကိုယ့်အပူတွေ လက်ဆင့်မကမ်းချင်လို့၊ ဘာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပဲ။

ရည်းစားရှိပေမယ့်လည်း၊ ဆန်ပြုတ်တစ်ခွက်လည်း ကိုယ့်ရှေ့ရောက်မလာဖူးခဲ့ဘူး။ ဒါပေမဲ့ အဲလိုအချိန်တွေမှာ ကျမ တွေးတာကလေ … စိတ်အကြည်ဓာတ်ကို ရှာဖွေတာပဲ။ အခင်းပြန့်ပြန့်လေးပေါ်မှာ စိတ်ကိုလျှော့ပြီး ဖြည်းဖြည်းချင်း လှဲချလိုက်ရင်း၊ ရင်ဘတ်ပေါ် လက်လေးနှစ်ဖက်တင်ပြီး ငါသေသွားခဲ့ရင်လို့ တွေးတာ။ ငါ ဘာတွေလုပ်ခဲ့လဲ .. ငါ ဘယ်သူ့အပေါ် ယုတ်မာခဲ့ဖူးလဲ တွေးတဲ့အခါ .. လူဆိုတာ အမှားတွေ မကင်းပေမယ့်၊ ဘယ်သူ့ကိုမှ ပြင်းပြနာကျင်စရာ၊ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်ချင်စရာ ဘာမှရှိမနေခဲ့ဘူး။ ကျမ ထွက်သွားတဲ့အခါ အစားတစ်လုပ်ကအစ သူတစ်ပါးမျက်ရည်နဲ့ရင်းပြီး မစားခဲ့ဖူးတဲ့အတွက် စိတ်အေးတယ်။ တွယ်တာစရာရယ်လို့ တွေးပြန်တော့လည်း၊ ကိုယ်ချစ်ပေးနိုင်သမျှ အရာရာအကုန် တော်စပ်မှုမှန်သမျှကို ပေးထားခဲ့တာမို့၊ ကိုယ်ပဲ ရစရာရှိရင် ရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေလည်း ကျမ မတောင်းပါဘူး လိုလည်းမလိုချင်ဘူး။ သူတော်ကောင်းလည်း မဟုတ်ခဲ့သလို၊ သူယုတ်မာလည်း မဖြစ်ခဲ့တဲ့ဘဝမို့၊ ထွက်သွားရမယ်ဆိုလည်း ကျေကျေနပ်နပ်ပါပဲ။ အဲ့လို အမြဲတမ်း ကျမ ဆင်ခြင်တဲ့အခါ အထီးကျန်တယ်ဆိုတာ ကျမဘဝမှာ မရှိတော့ဘူး။ ကျေနပ်စရာ တာဝန်ကျေပွန်တဲ့ လူသားတစ်ဦးအဖြစ်ပဲ ကိုယ့်ကိုယ်ကို နေတတ်လာတယ်။

အခုချိန် စာနာနားလည်တဲ့ နွေးထွေးဖော်လေးရလာတော့လည်း၊ ဪ ဒီလူသားလေးကို ငါနဲ့ပတ်သက်တဲ့အခါ ပိုပြီးကြည်လင်အေးချမ်းအောင် တာဝန်ရှိလာပြန်ပါရောလို့ တွေးမိပြန်ရော။ ဘဝမှာလူတွေအများကြီးနဲ့ ကြုံဆုံရတဲ့အခါ ကိုယ်နဲ့ဆုံရလို့၊ ကျက်သရေတုန်းသွားတာထက်၊ ကျက်သရေရှိသွားတာ၊ အေးချမ်းသွားတာ တစ်နေ့ကို ငါးမိနစ်လေးဖြစ်ဖြစ်တော့ ပေးနိုင်ဖို့ ကြိုးစားကြည့်စေချင်တယ်။ အဲ့ခံစားချက်က အထီးကျန်နေတာတွေသာမက၊ ဘဝထဲက မထိုက်တန်တဲ့အရာတွေ ကင်းစင်ပြီး၊ ပေါ့ပါးကြည်လင်တဲ့ ခံစားချက်လေးနံ့ အသက်ရှင်လာနိုင်ပါလိမ့်မယ်။

အားလုံးပဲ မလိုအပ်သော စိတ်အနာတရ၊ အထီးကျန် ဝမ်းနည်းမှုတွေက လွန်မြောက်စေချင်ပါတယ် ♥️✨🧜🏻‍♀️

Witchy Candy 🍭

Photo - My Virgo (Kyaw Zay Ya)

04/09/2025

မာလာရှမ်းကောလို့ တော့ ပြောတာပဲ 😆

04/09/2025

ဖားးကို မြင်တာနဲ့
ဟို page က တင်တဲ့ ညီမလေးရဲ့ ဖားးလေးကတို့
မိချောင်းး ဆိုတာကြီးးပဲ ပြေးပြေးမြင် 🥹🥹

10/07/2025
04/09/2024

ဟုတ်ကဲ့ . 😁 အဖော်မဲ့ရင်း ChatGPT နဲ့ပျော်

04/09/2024

🫶

04/09/2024

ဆည်းဆာ အလှတရား

Photos from Witchy Candy's post 23/08/2024
Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address

Yangon