Stool Band
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stool Band, Musician/Band, Yangon.
16/11/2024
Stool Bandရဲ့”ရင်ခုန်သံစည်းချက်များ”အခွေကို Streaming Platforms အစုံအလင်မှာနားဆင်လို့ရပါပြီနော့။
နားဆင်နိုင်ဖို့linkကိုcommentမှာကြည့်နိုင်ပါတယ်ဗျား။
မိတိဆွေပရိသတ်များသို့အစဉ်လေးစားလျက်။💯🎵
Out Now!!!
Stool Band-ရင်ခုန်သံစည်းချက်များ (Album)
🎵🎵link in comments
ရင်ခုန်သံစည်းချက်များပျံ့လွင့်လာပါပြီ။
📝Lyrics and vocals-Kayarr,So Pyai Aung
🎸Guitars/Synth/drums programming-Bu Bu
🎸Bass-So Pyai Aung
🎵Music produced by Bu Bu
📼Mixing and mastering - Bu Bu
📷Photo - Ling Ling
📹Album art created by YazarMyoThank
📆Executive produced by Cheetah Records
05/11/2024
Hello,hello
လာမည့် တန်ဆောင်မုန်းလပြည့်နေ့ 15.11.2024 သောကြာနေ့မှာ
Stool Bandရဲ့ ရင်ခုန်သံစည်းချက်များ EP album
Stool Bandရဲ့ Official YouTube Channel နဲ့
online stream platform တွေမှာ စတင်နားဆင်နိုင်တော့မှာဖြစ်ပါတယ် 👏👏
YouTube channel linkလေးကိုcommentမှာပေးထားမယ်နော့
#ရင်ခုန်သံစည်းချက်များ
15/10/2024
ကျွန်တော်တို့Stool Bandရဲ့ပွဲဦးထွက်EP”ရင်ခုန်သံစည်းချက်များ”ကို နိုဝင်ဘာ ၁၅ရက်နေ့ 15.11.2024 တန်ဆောင်မုန်းလပြည့်နေ့ သောကြာနေ့မှာထုတ်ဝေဖို့စီစဉ်ထားပါတယ်။YouTube,Spotify,Apple Music အစရှိသဖြင့်Digital streaming platformsအစုံအလင်မှာနားဆင်နိုင်မှာပါ။
Track listလေးတင်လိုက်ပါတယ်ဗျား။သီချင်းငါးပုဒ်ပါပါတယ်။သီချင်းတွေအားလုံးကို”ဖြစ်ပေါ်လာတဲ့အတိုင်း”ဖန်တီးထားပါတယ်။
ဝရန်တာကတပုဒ်ကို Lyric Videoလေးတလောကကြိုတင်ထားပါတယ်။အဲ့ဒါလေးကိုYouTube မှာနားဆင်နိုင်ပါတယ်ဗျား။ဂီတမိတ်ဆွေများကိုအစဉ်လေးစားလျက်။💯
Stool Bandရဲ့ပွဲဦးထွက်သီချင်း”ဝရန်တာကတပုဒ်”ကို အားပေးနားဆင်ခံစားကြတဲ့ဂီတမိတ်ဆွေများကိုကျေးဇူးအထူးတင်ရှိလျက်ပါဗျား။
နိုဝင်ဘာလအကုန်လောက်ကိုEPလေးလာဖို့ရည်ရွယ်ထားပါတယ်။သီချင်းတွေကတော့ပြီးနေပါပြီ။
အားလုံးHave a nice dayပါ။စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေဗျား။💯💯
30/09/2024
ကျွန်တော်တို့ Stool Bandရဲ့ YouTube Channelပါ။မနေ့ကထွက်ထားတဲ့”ဝရန်တာကတပုဒ်”သီချင်းလေးတင်ထားပါတယ်ဗျား။အခွေလည်းလာမည်ဆိုတော့ မိတ်ဆွေတို့ နှစ်သက်ရင် Subscribeလေးနဲ့အားပေးနိုင်ပါတယ်ဗျား။ကျေးဇူးအထူးပါ။အစဉ်လေးစားလျက်။💯
Channel Link-https://youtube.com/-band?si=2cT8FsrFhilT2W8P
ကျွန်တော်တို့ Stool Bandရဲ့လာမယ့်ပွဲဦးထွက်EP “ရင်ခုန်သံစည်းချက်များ”ထဲကသီချင်းတပုဒ်ကို Lyric videoလေးလုပ်နေပါတယ်။
အဲ့ဒါလေးမကြာမီအရင်လာပါမယ်ဗျား။ဂီတမိတ်ဆွေများအားလုံးကျေးဇူးအထူးပါ။💯
22/09/2024
“ခွေးခြေခုံပေါ်က ရင်ခုန်သံစည်းချက်များ”
မြန်မာလိုဆိုလျှင်ခွေးခြေခုံ။English လိုဆိုလျှင် Stool။ယခုတီးဝိုင်းအမည်ကတော့ Stool Bandဟုဖြစ်သွားခဲ့သည်။Papillons The Bandမှ Guitarist Bu Bu,Bassist So Pyai နှင့် ThePhosphorapအဖွဲ့မှ Kayarrတို့၏ Side project ဖြစ်ပါသည်။သူတို့က လွန်ခဲ့သည့် ရှစ်နှစ် ကိုးနှစ်ခန့်က စတင်သိကျွမ်းခဲ့ကြသည်။
ထိုစဉ်က Bu Bu နှင့် So Pyaiတို့က ကိုပလောင်နှင့်အတူ End The Circle bandအဖြစ် အခြားသူငယ်ချင်းများနှင့်အတူဖွဲ့စည်းထားကြပြီး Underground showပွဲများတွင်တီးခတ်ဖျော်ဖြေရင်း ကိုယ်ထူကိုယ်ထAlbumတချို့ဖန်တီးထုတ်ဝေခဲ့ကြသည်။ထိုကနေမှ တဖြည်းဖြည်းဘဝနှင့်အတူရွေ့လျားလာရင်း ယခုPapillons The Bandအဖြစ် ကိုပလောင်၊ကိုအာကာလှသော်၊ကိုMann Mark Tengတို့နှင့်အတူဆက်လက်ရှိနေကာ ဂီတလမ်းတွင်လျှောက်လှမ်းနေကြပါသည်။
ထိုစဉ်ကKayarrကလည်း ThePhosphorap အဖွဲ့အဖြစ်သူငယ်ချင်းများနှင့်အတူလှုပ်ရှားနေပြီ။ကိုပလောင် နှင့် Kayarrက Onlineမှတဆင့် သူ့သီချင်း၊ကိုယ့်သီချင်း အပြန်အလှန်နားထောင်ဖြစ်ကြကာ အတော်လေးခင်မင်ရင်းနှီးသွားကြသည်။ရှိုးပွဲများရှိလျှင်လည်း သူ့ပွဲ ကိုယ့်ပွဲ အပြန်အလှန်အားပေးကြည့်ရှုကြသည်ပေါ့။ကိုပလောင် နှင့် ခင်မင်တော့ သူ့ဘန်မှအဖွဲ့ဝင်သူငယ်ချင်းများနှင့်ပါတပါတည်းအဖွဲ့ကျသည်လေ။ဂီတမိတ်ဆွေများအဖြစ် ရင်းနှီးစွာရှိလာကြသည်။
အကြောင်းအရင်းက အထွေအထူးမရှိပါ။အရာအားလုံးကခင်မင်မှုကိုပဲအရင်းတည်ပါသည်။သိပ်ရှည်ရှည်ဝေးဝေးပြောစရာမလို။ယခုနှစ်ပိုင်းထဲမှာ Bu Bu,So Pyai,Kayarrတို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားများဖောင်ဖွဲ့ဖြစ်ကြသည်။လက်ဖက်ရည်ဆိုင် ခွေးခြေခုံတွေပေါ်မှ စကားတွေပေါ့။ထိုစကားများက သီချင်းဖြစ်ဖို့လမ်းတည်လာပါပြီ။
နောက်ထပ်Bandတခုလုပ်ကြမည်ဆိုပြီး သီချင်းအနည်းငယ်စဖန်တီးကြ၏။အဆင်ပြေပါသည်။ရင်ထဲကအတိုင်း ချောမွေ့စွာ စည်းချက်၊သံစဉ်၊ကာရန်များထွက်လာကြသည်။ကျေနပ်နှစ်သက်အားရစွာ ကိုယ့်ဘာသာကိုယ်နားထောင်လျက်။
အဲ့ဒီမှာ သီချင်းတွေသုံးလေးပုဒ်ရပြီဆိုတော့ Bandနာမည်စဉ်းစားရသည်ပေါ့။
“ဘာခက်သလဲဗျ။လက်ဖက်ရည်ဆိုင်ကခွေးခြေခုံပေါ်မှာပြောရင်း ဖြစ်လာပြီး ဒီသီချင်းတွေကလည်း ခုံလေးပေါ်မှာအေးဆေးထိုင် တီးဆိုလို့ရတာလေးတွေပဲ။ခွေးခြေခုံလို့ပေးမယ်”
“အိုကေဗျာ မိုက်တယ် အဲ့ဒါကိုပိုလန်းအောင် အင်္ဂလိပ်လိုလေးလုပ်လိုက်။Stoolလို့”
ဖိုင်းပြီဆိုကာ Stoolလို့ပေးမည်ဆိုပြီးလုပ်တောါ တကမ္ဘာလုံးတွင်Stoolနာမည်နှင့်Bandများက နည်းတာမဟုတ်။ဒါလည်းမခက်ပါ။So PyaiကStool Bandဆိုပြီး pageလုပ်ပလိုက်သည်။ဇူကာဘတ်ကလည်း ဒါကိုမရစ်ပဲလက်ခံတော့ ဒီလိုဖြစ်လာသည်လေ။
”Stool Band”
သို့နှင့်ယခုStool BandမှာEPတချပ်စာသီချင်းတချို့ရှိနေပါပြီ။ဒါလေးတွေကိုစီစဉ်ပြီး ဂီတမိတ်ဆွေပရိသတ်နှင့်အတူ မျှဝေခံစားဖို့လုပ်ကိုင်နေကြပါသည်။မကြာမီလာပါမည်။အခွေနာမည်ကို “ရင်ခုန်သံစည်းချက်များ”လို့ပေးထားပါကြောင်း။
ဘဝကရွေ့လျားနေပါတယ်။ဒီနေ့ရောက်တဲ့အခါ ဘာသီချင်းဆိုဖြစ်မလဲ။ခွေးခြေခုံပေါ်မှာ ရင်ခုန်သံစည်းချက်တွေရထားပါတယ်။ပျံဝဲပျံ့လွင့်လာခဲ့ပါမယ်။
Album art created by YazarMyoThank
3:02pm
22.9.2024
တနင်္ဂနွေ
ဝရန်တာကတစ်ပုဒ် အမှားတွေမလုပ်ပဲခေါင်းတွေလိုက်ငြိမ့်ကာလှုပ် #သံစဉ်လေညင်းများ
Click here to claim your Sponsored Listing.