Revone - Japanese Form Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Revone - Japanese Form Service, Social Media Agency, Yangon.
Passport Qr , JLPT , Nat Test , JFT နှင့် Tokutei FORM များအပြင် JLPT & Nat Test Certificate များအား တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဝန်ဆောင်မှုပေးပါတယ်ခင်ဗျ🥰🍀
26/03/2026
ယန်းအရောင်း Post တင်ထားတဲ့ထဲက သောင်း 20 မရတော့ပါခင်ဗျာ😁
ကျန်တဲ့ 15 သောင်း + ထပ်စိုက်ရမယ့် 5 သောင်း ကိုလဲ 4 လပိုင်း Intake လာမယ့်သူတစ်ယောက်ယူသွားပီမို့ ယန်းကုန်ပါပြီ🤓
ဟိုလိုရလားဒီလိုရလား ဘယ်နေ့ပြန်ပြောမယ်မေးနေကြတဲ့အချိန်မှာတစ်ကယ်လိုတဲ့သူကယူသွားပါပြီ မြန်မာဘက်က Rate နဲ့ယှဉ်ရင်တစ်ကယ်သက်သာပါတယ်🥳
ယုံကြည်ပေးကြတဲ့သူတစ်ဦးချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ✨
#ယန်းလဲ
13/03/2026
“Another Milestone! 🎉
“110” JLPT Forms Registered! ✅✨”
2026 December တွင်စာမေးပွဲဖြေဆိုရန် ဒီတစ်ခေါက်မှာလဲ Customer “110” ယောက်တိတိ ရဲ့JLPT Form များကိုတင်ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ✨
ဂျပန်စာကြိုးစားနေကြသူ 110 ယောက်ရဲ့နောက်ခြေလှမ်းတစ်ဆင့်တက်ဖို့ကို အခက်အခဲတွေကြားထဲက ချောချောမွေ့မွေ့ဖြစ်အောင် ကူညီပေးနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်ခင်ဗျာ
Helping customers take their next step toward success. Thank you for your trust and support!”
13/03/2026
ဂျပန်ဘက်ရောက်မှယူလို့ရမှာပါခင်ဗျ
ဒီတစ်ခါတော့ Form တင် Post မဟုတ်ပဲ ယန်းလေးနည်းနည်းရောင်းပါမယ် 😁
ကျောင်းသားမို့လို့ လောလောဆယ် ဒီလောက်ပဲရှိပါမယ်🤓
4 လပိုင်း လာမယ့်သူတွေအတွက် ယန်းယူ ကျပ်ပေး
10 သောင်းအထက် 26.2
10 သောင်းအောက် 26.7
မြန်မာဘက်ကနေ 2 သောင်းဖိုးပဲလဲလာပီး ကျန်တာဒီရောက်မှယူလဲ မုန့်ဖိုးအများကြီးကျန်ပါတယ်😜
ဖောင်တင်ထားဖူးတဲ့သူဆို လျှော့ပေးပါဦးမယ်✨
11/03/2026
ဒီနေ့တင်ပေးထားတဲ့ N4 လက်ကျန် Form + အသစ်အပ်ထားတဲ့ Form လေးတွေပါခင်ဗျာ✨
10/03/2026
Customer Complain 🙇🏻♂️
ဒီနေ့တော့ reply နောက်ကျတာနဲ့ပတ်သတ်ပီး Complain တစ်ခုဖြစ်သွားပါတယ်ခင်ဗျာ
Follower တွေအများကြီးနဲ့ Page အကြီးကြီးလဲမဟုတ်နေသလို Admin တစ်ယောက်တည်းပဲဒီ Page ကိုကိုင်နေတာပါ
Page မှာ Auto Reply ထားထားပြီး အဲ့ထဲမှာလဲ “Admin က ဂျပန်ဘက်ရောက်နေတာကြောင့် အချိန်ပြည့်မအားလို့ အားတာနဲ့ စာပြန်မှာဖြစ်ကြောင်းနဲ့ Reply နောက်ကျသွားရင်လဲ တောင်းပန်ပါကြောင်း “ တစ်ခါတည်းထည့်ရေးပေးထားပါတယ်ခင်ဗျာ
Customer အစ်မဘက်ကလဲ အစကတည်းက Auto Reply ထဲမှာပါနေတဲ့စာကိုအကြိမ်ကြိမ်မြင်ပါလျှက်နဲ့
စာပြန်တာနောက်ကျလို့ “ဝန်ဆောင်မှုညံ့တယ်” လို့မှတ်ချက်ပေးသွားတာကတော့ စိတ်မကောင်းဖြစ်စရာပါပဲ
2023 Service လုပ်လာတဲ့သက်တမ်းတစ်လျှောက် Service မကောင်းဘူးလို့ ဒါပထမဆုံးမှတ်ချက်ပေးခံရခြင်းပါ
ဒါပေမယ့်လဲ ဖြေချင်တဲ့မြို့နယ်အတိုင်း အတိအကျရအောင်ယူပေးထားခဲ့တာမို့ အဲ့တာတစ်ခုတော့ အဆင်ပြေသွားမယ်ထင်ပါတယ်ခင်ဗျာ✨
ပိုက်ဆံရဖို့ထက် Customer အစဉ်ပြေဖို့ကိုပဲ ဦးစားပေးခဲ့တာတွေ တစ်ချို့ အပ်နေကျ Customer တွေအသိဆုံးပါပဲခင်ဗျာ
တစ်ချို့သဘောကောင်းနားလည်ပေးတဲ့ စိတ်ဓာတ်ပြည့်ဝတဲ့ Customer တွေအများကြီးနဲ့ပြောဆိုနေရပေမယ့်လဲ တစ်ခါတစ်လေ ဒီလို Customer တွေတွေ့ရပြန်တော့လဲ နားလည်ရခက်ပြန်ပါတယ်
Reply ကြာရုံတစ်ခုတည်းနဲ့တော့ ကိုယ့်အလုပ်ကိုယ်မနိုင်ဘူးလို့သတ်မှတ်လို့မရဘူးမဟုတ်လားခင်ဗျာ😢
Page Admin တစ်ယောက်ခန့်ဖို့စီစဉ်နေပေမယ့် အခုတော့မဟုတ်သေးပါဘူး
နောက်ထပ်လာမယ့် Customer တွေကိုလဲကြိုပြီးအသိပေးချင်တာက ဒီ Page လေးကိုကိုင်တဲ့ Admin က Reply မမြန်ပါဘူးခင်ဗျာ
ခုစာပို့ ခုချက်ချင်း Reply လိုချင်တဲ့ Customer တွေအတွက်လဲ စိတ်မကျေနပ်စရာဖြစ်နေမှာမို့ နားလည်ပေးစေလိုပါတယ်ခင်ဗျာ✨
Customer ရဲ့ complain ကိုလဲ အလေးထားတဲ့အနေနဲ့ Reply ကြာတတ်တဲ့ Page ရဲ့လိုအပ်ချက်လေးကိုလဲ နောက်ပိုင်းပြုပြင်သွားပါမယ်ခင်ဗျာ
10/03/2026
ဒီနေ့တင်ပေးဖြစ်တဲ့ N4 Form လေးတွေပါခင်ဗျာ
အခုမှပဲအားလို့တင်ရပါတယ်🙋🏻♂️
၃ ယောက်က မြို့စွန်ဖြေချင်တဲ့သူတွေမို့ မနက်ဖြန်တင်ဖို့ချန်ထားခဲ့ပီး ကျန်တဲ့သူတွေကတော့ အကုန်ပြီးသွားပါပီခင်ဗျာ
ဒီညအသစ်အပ်တဲ့သူတွေကိုလဲ မနက်ဖြန်မှာ 100% အရတင်ပေးသွားပါမယ်ခင်ဗျ
မနက်ဖြန်အတွက်ကိုတော့လူအနည်းပဲထပ်ပီးလက်ခံပါမယ်ခင်ဗျ✨
ယုံကြည်ပေးကြတဲ့သူတစ်ဦးချင်းဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ✨
09/03/2026
ဒီနေ့တင်ပေးဖြစ်တဲ့ N4 Form လေးတွေပါခင်ဗျာ
Admin ကိုယ်တိုင်မပါလိုက်တော့ နည်းနည်းအရနည်းသွားခဲ့ပါတယ်
ငွေချေမယ့်နေရာတင် Error တောက်လျှောက်တက်နေတာနဲ့ မှန်းဖားသလောက်မရခဲ့ပါဘူးခင်ဗျာ
မနက်ဖြန်တော့ဒီထက်ပိုများအောင်ယူပေးပါ့မယ်ခင်ဗျာ✨
09/03/2026
MAJA နဲ့ငါနဲ့ကတော့🫠
အရင်လို မြို့နယ်ရွေးလို့ရလားမေးတော့ ရပါတယ်ဆိုလို့ Form တွေတင်ရမယ့်ရက်အနားနီးတဲ့ထိစောင့်ကြည့်တာတောင် လုံးဝဖြေရမယ့်မြို့နယ်တွေမတင်လာဘူး
ကမာရွတ်လိုချင်တဲ့သူတွေကများတယ်
Unseen တင်ရသလိုဖြစ်သွားတော့ မြို့နယ်ရွေးထားတဲ့သူတွေကိုလဲ တစ်ချို့တွေ လိုချင်တဲ့အတိုင်းရပီး တစ်ချို့တွေလဲ မရခဲ့ဘူးဖြစ်သွားတယ်
N3 တွေတင်တဲ့ရက်မှာပါတဲ့မြို့နယ်တွေက N4/N5 တွေပါပေါ်နေတော့ N4 လဲဒီမြို့နယ်တွေပဲထင်ပီး Customer တွေကိုမြို့နယ်ရွေးခိုင်းလိုက်တယ်
ဟော ဒီနေ့ကျထွက်လာတော့ ကမာရွတ်ပါတဲ့🫠🫠🫠🫠
ခနနေကျောင်းသွားရတော့မှာကို မအားတဲ့ကြားထဲကိုမှ စာရင်းထပ်လုပ်ရအောင်အလုပ်ပေးတယ်ကွာ🤓
အမျိုးမျိုးဖြစ်နေလို့ နောက်ကွယ်မှာ Customer complain တွေလဲများနေလောက်ပြီ🫤
07/03/2026
N3 ဖောင်တင်ရက် နောက်ဆုံးရက်မှာ ညကမှလာအပ်တဲ့လူသစ်တွေအပါ အကုန်လုံး အယောက်စေ့ Form ရခဲ့ပါပြီခင်ဗျာ
နေ့လည် 1နာရီကျော်ကတည်းက အကုန်ပြီးနေတာကိုအခုမှအားလို့တင်လိုက်ရပါတယ်ခင်ဗျ🤓🤓
ယုံကြည်ပေးကြတဲ့သူတစ်ဦးချင်းဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ✨
07/03/2026
မနေ့ကတင်ပေးဖြစ်တဲ့ N3 Total 16 Form ပါခင်ဗျာ
တင်ဖို့မေ့နေတာနဲ့ခုမှပဲတင်လိုက်ရပါတယ်ခင်ဗျာ😁
05/03/2026
ဒီနေ့အသစ်ထပ်ပီးတင်ပေးဖြစ်တဲ့ N3 Total 22 Form ပါခင်ဗျာ
N3 ရက်တွေကတော့ ထုံးစံအတိုင်း ကြပ်လွန်းပါတယ်🤓
အက်မင်လဲ ကျောင်းကိုခွင့်ယူပီးတော့ကို ကိုယ်တိုင်ဝင်တင်လိုက်ရပါတယ်🤓
Maja က ဖြေလို့ရတဲ့မြို့နယ်တွေမကြေငြာပေးတော့ အခက်တွေ့ပီး မြို့နယ်ရွေးယူထားတဲ့သူတွေကိုလဲတစ်ချို့ မတိမကျလေးတွေဖြစ်သွားလို့ ဒီကနေပဲတောင်းပန်ပါတယ်ခင်ဗျာ🙇🏻♂️
လက်ကျန်တင်ရမယ့်သူတွေကိုတော့ မနက်ဖြန်
မှာအကုန်အပြီးတင်ပေးထားပါ့မယ်ခင်ဗျာ
ယူံကြည်ပေးတဲ့သူတစ်ဦးချင်းဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ✨
04/03/2026
ဒီနေ့အသစ်ထပ်တင်ပေးဖြစ်တဲ့ မနေ့ကလက်ကျန် N2 Form လေးတွေပါခင်ဗျာ
တစ်ယောက်ကတော့ Form ပိတ်ချိန်ကပ်တဲ့အထိ Maja က Mail ပို့ပေမယ့် ဝင်မလာဘူးဖြစ်နေတာ အက်မင်ဖြေရှင်းပေးလိုက်ပါတယ်🤓🤓
ဖုန်းဆက်လို့လဲလုံးဝမရ မေးလို့လဲမရတဲ့ MAJA ရဲ့ နည်းစနစ်တွေကတော့ တစ်ကယ်ကိုလက်လန်ပါတယ်🥲
Click here to claim your Sponsored Listing.