Pyae Sone Oo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Oo, Photographer, Thongwa, Yangon.
15/05/2024
လူနှစ်ယောက်ကျောခိုင်းကြတဲ့အခါ
လွမ်းစရာကတော့ ကျန်စမြဲပဲ မဟုတ်လား...။
အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့
မပျက်မယွင်းရှိနေဦးမှာ....။
07/05/2024
အကြောခပ်တင်းတင်းနဲ့ကောင်
ပတ်ဝန်ကျင်က လူဆိုးလို့သတ်မှတ်ထားတဲ့ကောင်
အကြောင်းပြချက်မရှိပဲ သူမ ထားခဲ့တာခံရတဲ့ကောင်
မျက်ရည်တွေကိုမုန်းတယ်ပြောပီး မူးရင်ငိုတဲ့ကောင်
တခြားကောင်မဟုတ်ဘူး.... ငမူးကောင်
ငမူး
05/05/2024
နောက်ဘဝကို မယုံဘူးမမကို ယုံတယ်။
မမသာ လိုက်ခဲ့မယ် ပြောရင်
ကျွန်တော် အရင်သွားပါ့မယ် ။
လည်ချောင်းနာတာကိုနာမှန်းသိသလို
အသဲကွဲတာကိုလည်း အသဲကွဲမှန်းသိရတယ်
ဆေးလုံးဆေးပြားတွေ ရေနဲ့မျှောချရသလို
ကဗျာတွေစာတွေ ဖတ်ရတယ်
ဒါမှ နေသာထိုင်သာရှိမှာ
ကမ္ဘာဟာနေကောင်းပြီးသား
ငါတို့ကသာ တစ်ခုခုချို့ယွင်းနေတတ်တာ
ဒါကြောင့် အနုပညာကိုမှီဝဲရ
ပျက်နေတဲ့စိတ်တွေ ပြင်ရ
ဘာမှမဖြစ်ချင်ယောင် ဟန်ဆောင်ခဲ့ရ ။
04/05/2024
ဘဝအကြောင်းကံမလှတာကို
ပြဿနာလို့ မတွေးခေါ်တဲ့ လူငယ်တစ်ယောက်
ဘဝမှာ ရူးသွပ်ငတ်မွန်းတဲ့အရာက
ချစ်ခြင်းမေတ္တာနဲ့ လွတ်လပ်ပျော်ရွှင်ခြင်းပဲ..။
ပိုင်ဆိုင်ရလို့ ငိုခဲ့တယ် ဆုံးရှုံးရလို့ ငိုခဲ့တယ်
မင်းအမြင်မှာတော့
မောင်ဟာ အငိုသန်တဲ့ကလေးငယ်ပဲ
အခု အရှုံးပေးဆိုလည်း ပေးပါ့မယ်
ဆူးတွေကိုလည်း ကြောက်ရတယ်
ဒူးတွေကိုလည်း ထောက်ပါ့မယ်..🥀
01/05/2024
တစ်ဘဝစာ
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံတင်လေးပါပဲ
ဒီအပြင် ဘာမှမပိုခဲ့ဘူး
30/04/2024
ဝဋ်ကြွေးဆိုတဲ့အရာသာတစ်ကယ်ရှိမယ်ဆိုရင်
မင်းကိုချစ်မိခဲ့သမျှ ဒီဘဝမှာပဲဝဋ်ပြန်လည်ချင်မိတယ်
ငါတို့ ဆယ်တန်းတုံးက
ဒီမြို့လေးမှာ
ဆယ်တန်းကျောင်းသားတွေ မမြင်မိသလိုပဲ
ငါတို့ ဆိုးခဲ့မိုက်ခဲ့တုံးက
ဒီမြို့လေးမှာ လူဆိုးလေးတွေ မမြင်မိသလိုပဲ
အခုတို့ မြို့လေးမှာ
ဆယ်တန်းကျောင်းသားတွေ ငါမြင်လာရပြီ
လူဆိုးလေးတွေ ငါမြင်လာရပြီ
ငါလည်းအသက်အရွယ်တစ်ခုရောက်ခဲ့ပြီ... ။
29/04/2024
ကျနော်ဘက်က ချစ်တာ ရပ်တာမဟုတ်ဘူး
သူ့ဘက်က သစ္စာပျက်တာ
မူးမှ သတိရတယ်ဆိုတာ ကျနော်လိမ်တာ
သောက်မထားရင်လည်း မေ့မရပြန်ဘူး
ငမူး
ကမ္ဘာကျော် စာရေးဆရာကြီး
"Franz Kafka" ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်
လူတစ်သန်းက မင်းကိုချစ်တယ်ဆိုရင်
ငါဟာ သူတို့ထဲကတစ်ယောက်ပါ
လူတစ်ယာက်ပဲမင်းကိုချစ်ရင်
အဲ့ဒီလူက ငါပါ
ဘယ်သူမှ မင်းကို မချစ်ဘူးဆိုရင် တော့
ငါ သေသွားပီဆိုတာသိလိုက်ပါတဲ့ 🍀🤍
27/04/2024
မင်းသတင်းအစအနတောင်
မရတော့တဲ့
အခြေအနေတစ်ခုနဲ့
ကမ္ဘာမှာ တစ်ယောက်ထဲ
ကျန်ခဲ့ရတဲ့နေ့စွဲတွေ ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon