Infinity Learning Hub - ILH
Founded by young Burmese educators, ILH is inspired by our firsthand experience of the transformative power of quality education.
Recognising that talent is everywhere but opportunity is not, we built the Hub to bridge that gap.
18/09/2026
"Online class တက်ရတာ တကယ်ရော ထိရောက်ပါ့မလား၊ ပျင်းစရာကြီး ဖြစ်မနေဘူးလား..."
ဒါက online ကနေ သင်တန်းတစ်ခုခု တက်ဖို့ စဉ်းစားလိုက်တိုင်း ကျောင်းသားတိုင်းလိုလို စိတ်ထဲမှာ မေးမိနေကျ မေးခွန်းတစ်ခုပါပဲ။
ကျောင်းသားတိုင်းကတော့ Screen ရှေ့မှာ အကြာကြီးထိုင်ပြီး ဆရာတစ်ယောက်တည်း စာရှင်းပြနေတာကိုပဲ တစ်ဖက်သတ် နားထောင်ရမှာ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် online learning ကဒီလိုမျိုးဖြစ်စရာမလိုပါဘူး။
ကျနော်တို့ Infinity Learning Hub - ILH မှာတော့ online class တွေဟာ ပျင်းဖို့ နေနေသာသာ အချိန်ကုန်သွားမှန်းတောင် မသိရလောက်အောင် သွက်လက်တက်ကြွပြီး ထိရောက်မှုအပြည့် ရှိစေဖို့ ဒီလို စနစ်တကျ ဖန်တီးပေးထားပါတယ်။
၁။ Camera အပေါ် သဘောထား
အတန်းထဲမှာ ဆရာနဲ့ရော အတန်းဖော်တွေနဲ့ပါ လက်တွေ့ထိတွေ့ဆက်ဆံမှု ပိုရစေဖို့ Camera ဖွင့်ပြီး တက်ရောက်ဖို့ကို ILH မှာ အမြဲတမ်း တိုက်တွန်းအားပေးပါတယ်။ ဒါပေမဲ့ မဖြစ်မနေ ဖွင့်ရမယ်ဆိုတဲ့ ဖိအားပေး တင်းကျပ်တာမျိုးတော့ လုံးဝ မရှိပါဘူး။ အိမ်နေရင်းမို့ မပြချင်တာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် (သို့) Internet အခြေအနေကြောင့် ဖွင့်ဖို့ အဆင်မပြေတဲ့အခါမျိုးမှာ လွတ်လွတ်လပ်လပ် ပိတ်ထားလို့ ရပါတယ်။ ကျနော်တို့အတွက် အရေးအကြီးဆုံးက စိတ်ဖိစီးမှုကင်းကင်းနဲ့ အတန်းထဲမှာ အမှန်တကယ် ပါဝင်ဆွေးနွေးတဲ့ active participation ပါပဲ။
၂။ Keep You on Your Toes
ဆရာကပဲ တဖက်သက် ပို့ချနေတဲ့ ပုံစံမျိုး ILH မှာ လုံးဝ မရှိပါဘူး။ သင်ခန်းစာတွေကို စိတ်ဝင်စားစရာ interactive games တွေ၊ live quizzes တွေ မပြတ် ထည့်ပေးထားပါတယ်။ ဆရာက ဘယ်အချိန် ကိုယ့်ဆီ မေးခွန်းလှမ်းပစ်မလဲ၊ ဘယ်လို quick challenge မျိုး ထပ်လာဦးမလဲဆိုပြီး အမြဲ active ဖြစ်နေရတာမို့ ပျင်းဖို့ နေနေသာသာ အချိန်တောင် လုနေရမှာပါ။
၃။ Breakout Rooms & Projects
လူအများကြီးကြားထဲ စကားမပြောရဲတဲ့သူတွေအတွက် အဖွဲ့ငယ်လေးတွေ ခွဲပေးပြီး breakout rooms ထဲမှာ လွတ်လွတ်လပ်လပ် brainstorming လုပ်ခွင့် ပေးပါတယ်။ နားထောင်နေရုံတင် မဟုတ်ဘဲ digital boards တွေပေါ်မှာ စိတ်ကူးတွေကို အတူတူ ရေးဆွဲ ဖလှယ်ကြရတာမို့ အပြင်မှာ စာသင်ဝိုင်းဖွဲ့ ထိုင်နေရသလိုမျိုး အဖွဲ့လိုက် အလုပ်လုပ်ရတဲ့ feeling ကို အပြည့်အဝ ရစေပါတယ်။
၄။ ILH Community ကွန်ရက်
Online class တွေရဲ့ အကြီးမားဆုံး အားနည်းချက်က အတန်းချိန်ပြီးတာနဲ့ screen ပိတ်ပြီး ကိုယ့်လမ်းကိုယ် သွားကြရင်း အထီးကျန်ဆန်သွားတတ်တာပါပဲ။ ILH မှာတော့ စာသင်ခန်း အပြင်ဘက်မှာပါ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုရင်း၊ အတွေးအမြင်တွေ ဖလှယ်နိုင်တဲ့ Community Club တွေ ရှိပါတယ်။ ဒါကြောင့် သင်တန်းပြီးသွားရင်တောင် တန်ဖိုးရှိတဲ့ မိတ်ဆွေကောင်းတွေနဲ့ network တစ်ခု အခိုင်အမာကျန်ရစ်ခဲ့မှာ သေချာပါတယ်။
၅။ Direct Mentorship & Feedback
ILH မှာ recordings တွေ ချပေးပြီး ကိုယ့်ဘာသာ နားလည်အောင် လုပ်ခိုင်းထားတာမျိုး မဟုတ်ဘဲ Live Class ရဲ့ အနှစ်သာရ အပြည့်ရအောင် ဦးစားပေးပါတယ်။ အတန်းချိန်အတွင်းမှာတင် အခက်အခဲတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ပေးပြီး မရှင်းတာရှိရင် ချက်ချင်း မေးမြန်းတိုင်ပင်နိုင်သလို၊ အတန်းပြင်ပ Assignment တွေအပေါ်မှာလည်း ဆရာတွေက တစ်ဦးချင်းစီအတွက် ထိရောက်တဲ့ personalized feedback တွေ တိုက်ရိုက် ပြန်ပေးပါတယ်။ ဒါကြောင့် စာတွေ စုပုံပြီး နားမလည်ဘဲ ကျန်ရစ်ခဲ့မှာ လုံးဝ စိုးရိမ်စရာ မလိုပါဘူး။
Online ဖြစ်နေလို့ အကွာအဝေးတစ်ခု ခြားနေတယ်ဆိုတာ မှန်ပေမဲ့ ILH မှာတော့ အချင်းချင်း နားလည်မှုနဲ့ ထိတွေ့ဆက်ဆံမှုတွေက အပြင်ထက်တောင် ပိုပြီး နီးနီးကပ်ကပ် ရှိနေနိုင်ပါတယ်။
ဖန်သားပြင်ရှေ့မှာ ငိုက်နေရမယ့် စာသင်ချိန်ဟောင်းတွေကို ကျောခိုင်းပြီး၊ တကယ်ပဲ ထိရောက်ပြီး တက်ကြွလန်းဆန်းတဲ့ learning journey အသစ်တစ်ခုကို ကျွန်တော်တို့ Infinity Learning Hub (ILH) နဲ့အတူ လက်တွေ့ လာရောက် စမ်းသပ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
17/09/2026
✨Completion of Free IELTS Foundation Course
IELTS Foundation (Batch 4) အတန်းက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အတန်းအစကနေ အဆုံးအထိ အချိန်ပေးပြီး သေချာတက်ရောက်ပေးခဲ့ကြသူ တစ်ယောက်စီတိုင်းကို ILH Team က အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
နောက်ထပ်ဖွင့်လှစ်မယ့်အတန်းတွေ၊ ပရိုဂရမ်တွေမှာ ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ် 💜
Intermediate level မှာပဲ ရပ်နေသလို ခံစားနေရလား?
Grammar ပိုသိလာပေမယ့် ပြောတဲ့အခါ စကားလုံးတွေ မထွက်လာတာ၊ သိပြီးသား Vocabulary တွေကိုပဲ ထပ်ခါထပ်ခါ သုံးနေမိတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီ Reel မှာ Intermediate ကနေ နောက်တစ်ဆင့်တက်ဖို့ အထောက်အကူဖြစ်မယ့် လက်တွေ့ကျတဲ့ tips တွေကို Tr. Phway က ရှင်းပြထားပါတယ်။
13/09/2026
✨ Infinity Learning Hub ရဲ့ Chat & Chill: Speaking Hub မှာ ဒီတစ်ပတ် အတွက် topic ကတော့ “Phobia: A lasting fear" ပဲဖြစ်ပါတယ်။
🎉 ဒီ session မှာတော့ လူတွေမှာရှိတဲ့ phobias တွေနဲ့ ပက်သက်ပြီး phobia အမျိုးမျိုးကွဲပြားမှု ၊ ဒီလို phobias တွေက ဘယ်ကနေစတင်ကြတာလဲ ဆိုတာတွေကို discussions တွေနဲ့ တူတူဆွေးနွေးသွားကြပါမယ်။
🗣️ English language နှင့်ဆွေးနွေးကြမှာ ဖြစ်ပြီး English ကိုလေ့လာနေသူများအပြင် Speaking ကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လေ့လာချင်သူများအားလုံးကို ကြိုဆိုပါတယ်။
📍ပါဝင်ချင်သူတွေကတော့ အောက်က Telegram Channel ကို join လုပ်ပေးရမှာဖြစ်ပါတယ်။
🔗 ILH Telegram Channel Link: https://t.me/infinitylearninghub26
📍Zoom Link နဲ့ session အသေးစိတ်တွေကို Telegram Channel ကနေတစ်ဆင့် ပို့ပေးသွားမှာဖြစ်လို့ join ထားဖို့ မမေ့ပါနဲ့။
Chat & Chill: Speaking Hub အကြောင်းကို ပိုမိုဖတ်ရှုရန်: https://www.facebook.com/share/p/1H1bzYGaYX/?mibextid=wwXIfr
11/09/2026
📚 Friday Grammar: Normalisation
Want your English to sound more formal? Nominalisation helps you turn verbs and adjectives into nouns, especially in academic and professional writing.
💬 Can you turn this verb into a noun?
criticise → ________
#
09/09/2026
"You drive a hard bargain!"
07/09/2026
"My mom is pretty good at bargaining."
05/09/2026
ဒီတစ်ပတ် Chat & Chill: Speaking Hub မှာတော့ “Social Media & Emotions” ဆိုတဲ့ topic ကိုအတူဆွေးနွေးသွားကြမှာပါ။
💭 ဒီ session မှာတော့ Social media သုံးရင်း ဖြစ်ပေါ်လာတတ်တဲ့ ငြင်းခုန်မှုတွေ၊ နှိုင်းယှဉ်မှုတွေနဲ့ ဒီလိုခံစားချက်တွေက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေတယ်ဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ အတူဆွေးနွေးကြမှာပါ။
✅ Chat & Chill: Speaking Hub မှာ ပါဝင်ချင်တယ်ဆိုရင် အောက်ပါ Telegram channel ကို join ထားပေးပါ။
🔗 ILH Telegram Channel Link: https://t.me/infinitylearninghub26
📍Zoom link နဲ့ session အသေးစိတ်အချက်အလက်တွေကို Telegram Channel ကနေတစ်ဆင့် ပို့ပေးသွားမှာဖြစ်ပါတယ်။