AWITD
Ayarwady Information Technology Development in Myanmar
Japan နိုင်ငံအခြေစိုက် Ayeyarwaddy Information Technology Development Co., Ltd တွင် တာဝန်ထမ်းဆောင်ရန်
IT Trainer - Male / Female (1)posts (750,000++)
(Interview Date - 10.2.2020)
- ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ဂျပန်နိုင်ငံ ITအလုပ်အတွေ့အကြုံရှိသူဖြစ်ရမည်။
- Java, HTML, CSS, SQL စသည့် IT Knowledge ရှိသူဖြစ်ရမည်။
- Japanese Level N3 နှင့်အထက်ဖြစ်ရမည်။
- ဂျပန်လူမျိုးများနှင့် စကားပြောနိုင်ရမည်။
- ဂျပန်ဘာသာနှင့် Report, Document လုပ်နိုင်ရမည်။
- အစမ်းခန့်ကာလ (၃)လရှိသည်။
- အဆောင်ခ၊ ခရီးစရိတ် နှင့် Japanese level ပေါ်တွင် ခံစားခွင့်ရှိသည်။
အလုပ်နေရာ - လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
အလုပ်ချိန် - မနက် ၉ နာရီမှ ညနေ ၅း၃၀ အထိ
ပိတ်ရက် - စနေ၊ တနင်္ဂနွေ နှင့် အများပြည်သူရုံးပိတ်ရက်
လျှောက်ထားလိုသူများ [email protected] သို့ CV Formနှင့် ဘွဲ့လက်မှတ်ပေးပို့၍ (5.2.2020)နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်း 09 266081660 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Zawgyi
Japan နိုင်ငံအခြေစိုက် Ayeyarwaddy Information Technology Development Co., Ltd တွင် Software Developer ရာထူးဖြင့် လုပ်ကိုင်ရန်
👉Junior Software Developer (5 F/M)
(ကွန်ပျူတာတက္ကသိုလ် (သို့) နည်းပညာတက္ကသိုလ်မှ IT Major ဘွဲ့ရထားသူ)
- အသက် ၂၇ နှစ်အောက် ဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံရှိရမည်။
- Japanese Level N3 အောင်ပြီးသူဖြစ်ရမည်။
- ဂျပန်စာ သင်ယူချင်စိတ်ရှိရမည်။
- ဂျပန်နိုင်ငံတွင် ကာလရှည်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရမည်။
👉ခံစားခွင့်များ
- အစမ်းခန့်ကာလ (၃)လပြီးမြောက်ပါက အရည်အချင်းပေါ်မူတည်၍ လစာတိုးခြင်း
- အဆောင်ခ၊ ခရီးစရိတ် နှင့် Japanese level ပေါ်တွင် ခံစားခွင့်ရှိခြင်း
- ဂျပန်စာနှင့် IT ပိုင်းအတွက် Training ရှိခြင်း
- ဂျပန်နိုင်ငံသို့ Training သွားတက်ရခြင်း
အလုပ်ချိန် - မနက် ၉း၀၀ မှ ညနေ ၅း၃၀ အထိ
အလုပ်ပိတ်ရက် - စနေ၊ တနင်္ဂနွေ နှင့် အများပြည်သူရုံးပိတ်ရက်
လျှောက်ထားလိုသူများ [email protected] သို့ CV Form, ဘွဲ့လက်မှတ်ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
ပို၍ ကောင်းမွန်သော စိတ်ကူးများ လုပ်ငန်းဖော်ဆောင်မှုများဖြင့် ရှေ့ ဆက်သွားနိုင်ရန် ရည်ရွယ်ထားပါသည်။ App and games များကို ဝေဖန် အကြံပြုပေးရန်လည်း မျှော်လင့်ပါသည်။တစ်ခု ချင်းစီ အလိုက် လိုအပ်ချက်များကို လည်း ပြန်လည် ၍ ပြင်ဆင်သွားမည်ဖြစ်ပါသည်။ အားပေးမှု အတွက်အထူး ကျေးဇူး တင်ရှိပါသည်.... :D
25/07/2014
22. Lacing Shoes
ဖိနပ်ကြိုး ချည်နည်းလေးတွေ ကို ပုံစံ စုံစုံ ဖြင့်ပြသထားပါသည်။ တစ်နေ့ တစ်မျိုး ပြောင်း၍ စတိုင် လန်းနေစေရန်ရည်ရွယ်ထားပါသည်.။ ကြည့်ရှု အားပေး ဝေဖန်ပေးကြပါဦးနော်..။
http://www.appszoom.com/android_applications/lifestyle/lacing-shoes_cigwy.html?ref=from-search-results
Lacing Shoes for Android Lacing Shoes - Android - Shoelaces is one of the fashions for people who are students, workers, runners, climbers, hikers, bikers, cyclists, and even footbag...
25/07/2014
30. Classic Party and Fortune Game
လူတိုင်း လူတိုင်း ကစားဖူးသော ဂိမ်း ကစားနည်းပုံစံ မျိုးဖြစ်ပါသည်။ သို့သော်… သင်၏ ကံကြမ္မာ ကိုမူ လောင်းကစားနည်း ဆန်ဆန် ကစား၍ ဆုံးဖြတ် ခဲ့ဖူးပါသလား? ကံ ဟု ပြောလိုက်သည်နှင့် သင်မပိုင်ဆိုင်သော်လည်း သင်နှင့် အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ် အချိန်ကာလ သုံးခုစလုံးတွင် သင့်အတွက် အရေးပါသော အရာ ဖြစ်သည်ကိုမူ လက်ခံရပေမည်။ သင့်ဘ၀တွင် ဗေဒင်၊လက္ခဏာ ကျမ်းများသည် အရေးပါသည်လည်းဖြစ်မည်၊ အရေးမပါသည်လည်းဖြစ်မည်။ သို့သော် ကံဆိုး၊ ကံကောင်းခြင်း ကိစ္စများ ၌ သင်မည်ကဲ့သို့ တုံ့ပြန် အဖြေထုတ်မည်လဲ ဆိုသည်ကို မူ စိတ်ဝင်စားမိပါသည်။ ကျွန်ုပ် တို့ ၏ လူသားဘ၀တွင် ကြုံတွေ့ရသော ကံကြမ္မာ သည် တစ်ခါတရံ ရက်စက်လွန်းလှသည်။ တစ်ခါတရံ လွန်စွာမှပင်ချိုမြိန်လွန်းလှသည်။ ဆုံးဖြတ်ချက် တစ်ခု ကို ခေါင်း၊ ပန်း လှန်၍ သင် ဆုံးဖြတ်ခဲ့ဖူးပါသလား? သင်၏ ဘ၀ ကို လောင်းကစားနည်း ဆန်ဆန် ကံကြမ္မာ နှင့် လောင်းကြေး ထပ်၍ သင် ဆုံးဖြတ် နိုင်ရန် သစ်လွင်သော စိတ်ကူးဖြင့် တင်ပြထားပါသည်။ အားပေးကြည့် ရှု ဝေဖန်ပေးကြပါရန်။
http://www.appszoom.com/android_games/casual/classic-party-fortune-game_cyowl.html?ref=from-search-results
Classic Party & Fortune Game for Android Classic Party & Fortune Game - Android - This party game is created for getting the feeling of real world.In this game, you can choose number of players to...
25/07/2014
64. Burmese Games
ငယ်စဉ်ကလေး ဘ၀ထဲက ကစားခဲ့သည့် ကစားနည်းများ၊ မြန်မာနိုင်ငံ ၌ ကစားလေ့ ကစားထ ရှိသည် ကစားနည်းများကို မှေးမှိန်ပျောက်ကွယ်ခြင်း မရှိစေရန်သော်လည်းကောင်း၊ နိုင်ငံတကာ ကူးလူး ဆက်ဆံမှု နည်းပညာ အရ မိမိတို့၏ ငယ်စဉ် ကလေးဘ၀မှ ကစားနည်းများကို အခြားနိုင်ငံမှ ကလေးများလည်း သိရှိပြီး ကစားနည်းများနှင် နည်းဥပဒေသများကို နားလည်သဘောပေါက် ကစားနိုင်စေရန် အတွက် ဘာသာ စကားသုံးမျိုးနှင့် တင်ပြထားပါသည် ( အင်္ဂလိပ်၊ဂျပန်၊မြန်မာ)။ ကလေး သဘာဝ ကစားရာ၌ ပင် ရုန်းကန်ရခြင်း သဘော၊ ဦးဆောင်ရခြင်း သဘော၊ လျှပ်တပြတ် ဆုံးဖြတ်ရခြင်း သဘော စသည်တို့ ပါဝင်သော ကစားနည်းများသည် မြန်မာနိုင်ငံ ၏ အလေ့အထ တစ်ခု အဖြစ် ငယ်စဉ် ကပင် ပါလာကြပါသည်။ နေရာ တစ်နေရာနှင့် တစ်နေရာ၊ ဒေသ မတူညီမှုကြောင့် ကစားနည်း အခေါ်အဝေါ်များ ကွာဟမည်ဖြစ်ပါသည်။ မည်မျှ ပင် အသက်ကြီးသူဖြစ်ပါစေ ငယ်စဉ် ကလေး ဘ၀မှ အမှတ်ရစရာများကို တစ်ချိန်ချိန်တွင် သတိရစမြဲ ဖြစ်ပါသည်။ သင်တို့၏ ငယ်စဉ် ကလေးဘ၀မှ အဖြစ်ဟောင်းများကို မြင်ယောင်ရင်း မိမိ ကလေးများအတွက်လည်း လက်ဆင့်ကမ်း သယ်ယူရာတွင် ငယ်စဉ်မှ ဆော့ကစားခဲ့သော ဤ ကစားနည်းများ ဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.. ကြည့်ရှု အားပေးဝေဖန်ပေးကြပါဦး
http://www.appszoom.com/android_applications/books_and_reference/burmese-games_hvfxk.html?ref=from-search-results
Burmese Games for Android Burmese Games - Android - We want to introduce about Myanmar traditional games.We hope that this application is more useful.This application have 15 game...
25/07/2014
27. Myanmar Festival
၁၂ လရာသီ ပွဲတော်များ သည် မြန်မာ တို့၏ ဓလေ့ထုံးတမ်း များထဲ၌ အရေးပါသော ပွဲတော် များ ဖြစ်သလို မြန်မာတို့၏ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး တို့ကိုပါ ထင်ဟပ်ပြသနိုင်သော ပွဲတော်များဖြစ်ပါသည်။ ရှေးယခင် ကတည်းက လက်ဆင့်ကမ်းလာခဲ့သော အမွေအနှစ်များ သည် ကျွန်တော်တို့ ခေတ်ရောက်မှ မပျောက်ပျက်စေလို သဖြင့် လည်းကောင်း၊ ခေတ်၏ တိုးတက်မှု အပေါ် အလိုက်သင့် အလျား သင့် သင့်တော် စေရန်အတွက် ရည်ရွယ်၍ Phone Application အဖြစ်ဖေါ်ထုတ်ရပါသည်။ 2012 ခုနှစ်တွင် developed လုပ်ခဲ့သောကြောင့် ယခု အခြေအနေတွင် ထပ်မံ၍ upgrade လုပ်လိုပါသည်။ ကြည့် ရှု အားပေးဝေဖန်ပေးပါဦး ခင်များ…
http://www.appszoom.com/android_applications/travel_and_local/myanmar-festivals_csopq.html?ref=from-search-results
Myanmar Festivals for Android Myanmar Festivals - Android - Myanmar is the Land of Festivals : a festival for every month of the year. Most festivals are cultural and religious. Majority...
25/07/2014
21. AnDay
လူတစ်ယောက်အတွက် အခြေခံကျတဲ့ တစ်နေ့တာ အတွင်းမှာ ဘာတွေ လုပ်ရမယ်၊ ဘယ်သူနဲ့ တွေ့ရမယ်၊ ဘယ်အချိန်မှာတော့ ဘာလုပ်စရာ ရှိတယ် အစသဖြင့် သေးသေးမွှားမွှားလေးမှ အစ လုပ်ငန်းကြီးတွေ အထိ ကို remind လုပ်ပေးနိုင်တဲ့ Application ပုံစံမျိုးလေးဖြစ်ပါတယ်… Market မှာ တင်ထားတဲ့ အချိန် ကတော့ ကြာနေပါပီ…ဒါပေမယ့် ဘယ်လို comments မျိုးမှ ပြန်မရသေးတဲ့ အတွက် ယခု ထပ်မံ ကြော်ငြာရခြင်းနဲ့ အတူ ဘာတွေ လိုအပ်နေသေးလဲ ဆိုတဲ့ feedbacks တွေ ကို လိုချင်တဲ့ အတွက်ကြောင့်ပါ..(ပြင်စရာ ရှိတဲ့ လိုအပ်နေသေးတဲ့ အရာတွေကိုတော့ တွေ့မြင်ပြီးဖြစ်ပါတယ်…ဒါပေမယ့် မိတ်ဆွေ တို့ရဲ့ အမြင်လေးတွေကိုလည်း တစ်ခါထဲ ထပ်မံ၍ ဖြည့်စွက်ချင်တဲ့ အတွက် ပါ) အားပေး ကြည့်ရှု ကြပါဦး ကျေးဇူးတင်ပါတယ်..
http://www.appszoom.com/android_applications/entertainment/anday_cigws.html?ref=from-search-results
AnDay for Android AnDay - Android - Description -This application is designed as the Schedule to make list of your daily activities like that Memo. -You can create the note...
25/07/2014
20. Numese
ပြန်ပြောပြဖို့တောင် တော်တော်ခက်လိမ့်မည်..။ ကံတရားနှင့် သင်၏ကြိုးစားမှုတို့ ကို ထပ်တူ အချိုးချ ထားသဖြင့်လည်း…သင့်အနေနှင့် ကြိုးစားရန်လည်း လိုသလို ကံကောင်းရန်ပါ ဆုတောင်းထားသင့်ပါသည်။ :P Application အမည်ကိုက Numese ဖြစ်သည်..။ ဘ၀ကို ကိန်းဂဏန်းများနှင့် သေသေချာချာ တွက်ကြည့်လျှင် မွေးစမှစ၍ သင်ယခု ရောက်ရှိနေသော အသက်အထိ ကိန်းဂဏန်းများနှင့် မလွတ်ကင်း…။ ဘယ်နံပါတ် က ကံကောင်းမည်..ဘယ်နံပါတ် က သင့်ကို အကျိုးပြုမည်…စသည်ဖြင့် သင်အချိန် ကိုက် မရွေးချယ်နိုင်ပေ…။ လူတစ်ယောက်အတွက် ဗေဒင်ဟောစာတမ်း ရှည်တစ်ခု၌ပင် ဘယ်နှစ် အပိုင်းအခြားရောက်လျှင် ဘာဖြစ်မည် ဆိုသည့် ကြိုတင်နိမိတ် ဖတ်ခြင်းမျိုးပါသည်..။ သင့်အနေနှင့် ယခု Application တွင်လည်း ကိန်းဂဏန်းများကို ရွေးချယ်ရမည်..။ဘ၀နှင့် သက်ဆိုင်လောက်သည်အထိ ကြီးကျယ်သော ရွေးချယ်မှု များ မှားယွင်းမှု များ မဖြစ် သော်လည်းပဲ အတွက် တစ်ချက်မှား သည်နှင့် သင်၏ အောင်ပွဲ နှင့် လွဲချော်သွားနိုင်ပါသည်… ။ ကလေးများအတွက် ဂိမ်းတစ်ခုမျှသာ… လူငယ်များအတွက် စဉ်းစားစရာ တစ်ခု.. မည်သို့ ဖြေရှင်းပြီး မည်သို့သော အတွေးအမြင်မျိုး ရ သွားနိုင်မလဲ ဆိုတာ ကို မျှော်လင့်မိပါသည်..ဥာဏ်စမ်း ပဟေဋ္ဌိ ထက်ပိုသော အတွေးလေးများနှင့် ကြည့် ရှု အားပေး ဝေဖန် ပေးပါဦးနော်..
http://www.appszoom.com/android_games/brain_puzzle/numese_cigwr.html?ref=from-search-results
Numese for Android Numese - Android - Numese is sometime a logic base and sometime base on your luck because you have to playing around with numbers. In upgrading we put five...
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11131
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |