CMYF-Library

CMYF-Library

Share

-

02/02/2025

ECCD ပိုင်းကို စိတ်ဝင်စား လေ့လာချင်သောသူများ မည်သူမဆို ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်🤗

🎯 မူကြိုအရွယ်ကလေးတွေကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ဖို့ နည်းလမ်းတွေသိချင်တယ်ဆိုရင်တော့ ဒီအခွင့်ရေးလေးကိုလက်မလွှတ်သင့်ဘူးနော် 🎯

‼️သင်ဟာ မူကြိုဆရာ၊ဆရာမတစ်ယောက် ဒါမှမဟုတ် မူကြိုကလေးမိဘတစ်ယောက်ဆိုရင်တော့ ဒီ 𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑻𝒆𝒂𝒄𝒉𝒊𝒏𝒈 𝑴𝒆𝒕𝒉𝒐𝒅𝒔 𝒇𝒐𝒓 𝑷𝒓𝒆𝒔𝒄𝒉𝒐𝒐𝒍𝒆𝒓𝒔 𝑭𝒓𝒆𝒆 𝑾𝒐𝒓𝒌𝒔𝒉𝒐𝒑 လေးက လုံးဝလက်မလွှတ်သင့်တဲ့ Workshop ပဲဖြစ်ပါတယ်။

ဒီ Free Workshop မှာဆိုရင် မူကြိုဆရာ၊ဆရာမ အတွက်သာမက မိဘတွေအတွက်ပါ
🌟 မူကြိုအရွယ် ကလေးများအား သင်ကြားမှု ချဉ်းကပ်ပုံ အမျိုးမျိုး
🌟 မူကြိုအရွယ် ကလေးငယ်များ၏ သင်ယူပုံ အမျိုးမျိုး
🌟မူကြိုဆရာ၊ဆရာမများအတွက် ထိရောက်သော သင်ကြားမှုပုံစံနှင့် 𝗖𝗹𝗮𝘀𝘀𝗿𝗼𝗼𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
အစရှိတဲ့ Topics တွေကို Theory သာမက လက်တွေ့အသုံးဝင်မယ့် နည်းလမ်းတွေကိုပါ မျှဝေပေးသွားမှာဖြစ်ပါတယ်။

𝗗𝗮𝘁𝗲: 8th February 2025 (Saturday)
𝗧𝗶𝗺𝗲: 7:30 PM - 8:30 PM
𝗭𝗼𝗼𝗺 𝗦𝗲𝘀𝘀𝗶𝗼𝗻 (𝗙𝗿𝗲𝗲 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽)

✅ "𝑬𝒇𝒇𝒆𝒄𝒕𝒊𝒗𝒆 𝑻𝒆𝒂𝒄𝒉𝒊𝒏𝒈 𝑴𝒆𝒕𝒉𝒐𝒅𝒔 𝒇𝒐𝒓 𝑷𝒓𝒆𝒔𝒄𝒉𝒐𝒐𝒍𝒆𝒓𝒔" 𝑭𝒓𝒆𝒆 𝑾𝒐𝒓𝒌𝒔𝒉𝒐𝒑 လေးကို 𝐓𝐡𝐞 𝐕𝐢𝐧𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ 𝐓𝐫𝐚𝐢𝐧𝐞𝐫 တစ်ဦးဖြစ်တဲ့ 𝐓𝐫. 𝐄𝐢 𝐍𝐢𝐭𝐞𝐫 ကနေ ဦးဆောင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်ရှိတာမို ပါဝင်တက်ရောက်ချင်သူတွေအနေနဲ့ အခု Post လေးကို Public နဲ့ Share ပြီး Comment မှာ မန့်ခဲ့ပေးပါနော်။

𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺 ဖြည့်ရန်
https://bit.ly/etmfp-freeworkshop1

ပါဝင်တက်ရောက်ခွင့်ရသူအားလုံးကို Workshop ရက်မတိုင်ခင် Email ကနေ Zoom link ကို ပို့ပေးသွားပါမယ်။

23/01/2025

CMYF's library ကို လာမည့်အပတ် ဇန်နဝါရီလ (၂၆)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။

စာအုပ် Categories တွေအနေနဲ့
Spiritual,
General knowledge,
English Novel,
ဆောင်းပါးများ,
ဝတ္ထုများ,
ကလေးကာတွန်းရုပ်ပြ,
အတ္ထုပတ္တိ ... တို့ကို ငှားရမ်းဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဖတ်ရှုလိုသော စာအုပ်များကို Library အား suggestion ပေးနိုင်မယ့် အစီအစဉ်လည်း ပါရှိအုံးမှာ ဖြစ်ပါတယ်။

ဒါကြောင့် 2025ခုနှစ်မှာ စာဖတ်ပြီး အသိပညာပိုင်း တိုးပွားချင်သူတိုင်းကို member card အမြန်ဆုံးလုပ်ဖို့ အသိပေးလိုက်ပါတယ်။

09/07/2023

ဒီရက်ပိုင်း ကလေးတွေမှာ အဖြစ်များတဲ့
Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း )အကြောင်း မျှဝေပေးပါရစေ။

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏ရောဂါလက္ခဏာများသည် အအေးမိခြင်းကဲ့သို့ပင် ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ နှင့် အသက်ရှုကျပ်လာခြင်းတို့ တခါတရံဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် တခါတရံတွင် ရက်သတ္တပတ်အနည်းငယ်မှ လအထိကြာမြင့်နိုင်ပါသည်။

🫁အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏နောက်ဆက်တွဲဆိုးကျိုးများမှာ-

အောက်ဆီဂျင်လုံလောက်စွာ မရခြင်းကြောင့် နှုတ်ခမ်းနှင့် အသားများပြာလာခြင်း
အသက်ရှုရပ်သွားခြင်း (လမစေ့ဘဲမွေးသော ကလေးများနှင့် ၁လအောက်ကလေးများတွင် အဖြစ်များသည်။)
ရေဓါတ်ခမ်းခြောက်ခြင်း
သွေးထဲတွင် အောက်ဆီဂျင်နည်းခြင်း နှင့် အသက်ရှုလုပ်ငန်းများရပ်သွားခြင်း တို့ဖြစ်သည်။

🫁Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် အလွန်အဖြစ်များသောရောဂါဖြစ်ပါသည်။ ကလေးငယ်များနှင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။

သို့သော် ရောဂါဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

🫁Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ
တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ

နှာရည်ယိုခြင်း
နှာခေါင်းပိတ်ခြင်း
ချောင်းဆိုးခြင်း
ငွေ့ငွေ့ဖျားခြင်း
အသက်ရှုကျပ်ခြင်း
အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း
၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော နားတွင်ပိုးဝင်ခြင်း တို့ဖြစ်သည်။

🫁ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါ လက္ခဏာများရှိပါက ဆရာဝန်ထံသွားပြသင့်သည်။

အန်ခြင်း
အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း
အသက်ရှုမြန်ခြင်း(၁ မိနစ်တွင် အသက်ရှုနှုန်း၆၀ ထက်ပိုခြင်း)
အသက်ရှုလျှင် နံရိုးများချိုင့်သည်အထိအားသုံးပြီါ် ရှုနေရခြင်း
ပင်ပန်းနွမ်းနယ်ပြီး ပျော့ခွေနေခြင်း
အစာ၊ရေများတိုက်ကျွေးသော်လည်း ငြင်းပယ်ခြင်း
အသားများ (အထူးသဖြင့် နှုတ်ခမ်းနှင့် လက်သည်းများ) ပြာလာခြင်း

🫁Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကိုဘာတွေကဖြစ်စေသလဲ?

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည် သင့်အဆုတ်တွင်းရှိအသေးငယ်ဆုံးသော လေပြွန်များထဲသို့ ဗိုင်းရပ်ပိုးများ ကူးစက်ဝင်ရောက်ခြင်းကြောင့်ဖြစ်ရပါသည်။

ထိုအခါ လေပြွန်ငယ်လေးများသည်ရောင်ရမ်းလာပြီး အသက်ရှုလမ်းကြောင်းတွင် ချွဲများပိတ်လာကာ အဆုတ်ထဲသို့ လေအဝင်အထွက်ခက်ခဲလာခြင်းဖြစ်ပါသည်။

အများစုသည် RSV အသက်ရှုလမ်းကြောင်းဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရပြီး ထိုဗိုင်းရပ်စ်အမျိုးအစားသည် အသက် ၂ နှစ်မှစပြီး ကူးစက်လေ့ရှိသော အမျိုးအစားဖြစ်ပါသည်။

သို့သော် ရာသီတုပ်ကွေးနှင့် အအေးမိခြင်းကိုဖြစ်စေသော အခြားသော ဗိုင်းရပ်စ်ပိုးများကြောင့်လည်း လေပြွန်ရောင်ရောဂါဖြစ်စေပါသည်။ RSV ဗိုင်းရပ်စ်သည် မျိုးကွဲ ၂မျိုးရှိသည့်အတွက် ကလေးငယ်များအနေနှင့် နောက်တခါပြန်ကူးစက်ခံရနိုင်ပါသည်။

လေပြွန်ရောင်ရောဂါဖြစ်စေသောဗိုင်းရပ်စ်များသည် အလွယ်တကူပြန့်နှံ့တတ်ပါသည်။ နေမကောင်းဖြစ်နေသူကနှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောခြင်းမှ ထွက်လာသောလေထဲရှိအမှုန်များမှတဆင့်ကူးစက်နိုင်ပါသည်။

အရာဝတ္ထုပစ္စည်းများ၊ မျက်နှာသုတ်ပဝါနှင့် အရုပ်များကို မျှဝေသုံးစွဲခြင်း နှင့် ထိုအရာများကိုထိပြီးနောက် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိမိခြင်းတို့မှ ဗိုင်းရပ်စ်ပိုးများ ကူးစက်နိုင်ပါသည်။

🫁နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အဆုတ်လေပြွန်ငယ်များရောင်ရမ်းသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ?

လေကို စိုထိုင်းဆရှိအောင်ထားခြင်း
သင့်ကလေး၏ အခန်းထဲရှိလေသည် ခြောက်သွေ့နေပါက ရေငွေ့ပေးစက်များ၊ စိုထိန်းဆပေးသော စက်များတပ်ဆင်ပေးထားခြင်းဖြင့် ချွဲကျပ်ခြင်း ကိုလျှော့ချပေးနိုင်သည်။ သို့သော် ထိုစက်များကို ဘက်တီးရီးယား နှင့် မှိုစွဲခြင်းတို့မဖြစ်စေရန် သန့်ရှင်းရေးလုပ်ပေးသင့်သည်။

သင့်ကလေးကို မတ်မတ်ထားပါ။
မတ်မတ်နေခြင်းသည် အသက်ရှုရပိုကောင်းစေသည်။

ရေများများသောက်ခိုင်းပါ။
ရေဓါတ်ခန်းခြောက်မှုမှကာကွယ်ရန် ရေနှင့် ဖျော်ရည်မျာကို များများတိုက်ပါ။

သင့်ကလေးသည် အသက် ၂ နှစ်အောက်ဖြစ်ပါက ဆေးကောင်တာများတွင် ဝယ်ယူနိုင်သောဆေးများမတိုက်ပါနှင့်။
သင့်ပတ်ဝန်းကျင်တွင် ဆေးလိပ်နှင့် မီးခိုးငွေ့များကို ရှောင်ကျဉ်ပါ။ ဆေးလိပ်သည် အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သောရောဂါလက္ခဏာများကို ပိုဆိုးစေသည်။
ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် လက်များကို စနစ်တကျဆေးကြောပါ။
အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း နှင့်အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သောရောဂါများရှိနေသော အခြားကလေးများနှင့် ထိတွေ့ခြင်း၊ အနီးကပ်နေခြင်းရှောင်ကျဉ်ပါ။

10/01/2023

ဆာလံကျမ်း 37:23~24

04/01/2023

ယောဟန် 15:7

18/11/2022

ဟေရှာယအနာဂတ္တိကျမ်း 60:1~2

04/11/2022

"အရှုံးခံသောသူသည် အကျိုးကိုရလိမ့်မည်''

Sermon - Pastor Myat Nay
Scripture - မဿဲ 16:25

03/11/2022

''အရာရာကိုကောင်းသောစိတ်သဘောထားနဲ့သာတုန့်ပြန်ပါ''

Sermon - Pastor Myat Nay
Scripture - ရောမသြဝါဒစာ 12:21

02/11/2022

"ဘုရားသခင်နဲ့သိကျွမ်းခြင်း''

Sermon - Pastor Myat Nay
Scripture - ၂ပေ 3:18

29/10/2022

"သင်မပိုင်တဲ့အသက်ဝိညာဥ်"

Sermon - Pastor Myat Nay
Scripture - Proverbs 27:1

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon