Teacher June

Teacher June

Share

We have helped more than 500 students learn Thai, Nepali, and English with confidence.

We work with students from Myanmar and other countries through online classes.We believe that strong reading and writing skills are essential for language learning.

07/06/2026
20/05/2026

ထိုင်းစာ လေ့လာချင်ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့်
အပြင်သင်တန်းများ၊ ထိုင်းကျောင်းများ
မတက်ရောက်နိုင်သော
ကလေးများ၊ လူငယ်များနှင့်
ထိုင်းဘာသာစကားကို စနစ်တကျ
လေ့လာသင်ယူလိုသူများအတွက် ✨

Teacher June Online Class မှ
3 လတာ သင်ကြားပေးနေသော
Teacher June Level - 1
ထိုင်းဘာသာ အခြေခံ
ရေးနည်း၊ ဖတ်နည်း သင်ခန်းစာများကို
Video Lessons များဖြင့်
Facebook Group မှတစ်ဆင့်
လေ့လာနိုင်မည်ဖြစ်ပါသည်။

📚 Class တွင် -
• Lesson Videos (38 ခု)
• ထိုင်းစာ အခြေခံ ရေးနည်း / ဖတ်နည်း
• English အသံထွက်များပါဝင်သော
သင်ခန်းစာများကို လေ့လာနိုင်မည်ဖြစ်ပါသည်။

💰 သင်တန်းကြေး — တစ်ဦးလျှင် 500 Baht

ထိုင်းဘာသာစကားကို အခြေခံမှစပြီး
နားလည်တတ်မြောက်ချင်သူများအတွက်
အထူးသင့်လျော်သော Online Class ဖြစ်ပါသည်။

စိတ်ဝင်စားသူများအနေဖြင့်
အောက်ပါ Link မှတစ်ဆင့် Join ဝင်နိုင်ပါသည်။

https://www.facebook.com/share/g/1CzkQy6Vnq/

18/05/2026

အခုတစ်လော Teacher ကို
တိုင်ပင်လာကြတဲ့ မိဘများထဲမှာ
“ကလေးကို ကျောင်းထားဖို့
မြန်မာပြည်ပြန်ပို့တော့မယ်”
ထိုင်းကျောင်းမှာ စာမသင်ဘူး
ဆိုတဲ့အကြောင်းတွေကို ကြားနေရတာ
စိတ်မကောင်းစရာတစ်ခု ဖြစ်နေပါတယ်။

အဓိကအကြောင်းရင်းကတော့
“မြန်မာမိဘတွေရဲ့ မျှော်လင့်ထားတဲ့ ပုံစံ” နဲ့
“ထိုင်းကျောင်းစနစ်” မတူကြတာကြောင့်
ဖြစ်တာများပါတယ်။

မြန်မာကျောင်းစနစ်မှာ
📝 အိမ်စာများတယ်
📖 ကျက်စာ၊ ရေးစာများတယ်
📈 စာမေးပွဲအမှတ်တွေနဲ့ တိုးတက်မှုကို တိုင်းတာတယ်

ဒါပေမယ့် ထိုင်းကျောင်းတွေမှာတော့

⛳️ Activity-Based Learning ကို ပိုအသုံးပြုကြတယ်
⛹️ Group Work, Speaking,
Social Skill တွေကို ပိုအလေးပေးတယ်
🏫 ကျောင်းစာကို ကျောင်းမှာပြီးအောင်
လုပ်ခိုင်းတာများပြီး
📄 Homework နည်းတတ်ပါတယ်

အထူးသဖြင့် Kindergarten (อนุบาล) နဲ့
Primary Level (ประถมศึกษา) တွေမှာ
“ကလေးကို Stress မပေးဘဲ သင်ကြားရမယ်”
ဆိုတဲ့ သဘောထားကို ပိုတွေ့ရပါတယ်။

ဒါကြောင့် တချို့မြန်မာမိဘတွေက
ဒီစနစ်ကို မသိသေးတဲ့အခါ

“အိမ်စာမပါလာဘူး = မသင်ဘူး”
“စာအုပ်မှာ စာမရှိဘူး = မတိုးတက်ဘူး”
လို့ ထင်မိတတ်ကြပါတယ်။

တကယ်တော့
ထိုင်းကျောင်းတွေမှာ Projector, Activity,
Practical Learning တွေနဲ့ သင်ကြားတာများပြီး
ကလေးနားလည်မှုနဲ့ ပါဝင်မှုကို
ပိုအရေးပေးကြတာ ဖြစ်ပါတယ်။

🔴 အရေးကြီးဆုံးအချက်က Language Barrier ပါ။
ကလေးက ထိုင်းလို နားမလည်သေးရင်
Classroom ထဲမှာ Passive ဖြစ်တတ်ပါတယ်။

Teacher ပြောတာ နားမလည်တော့
Participation နည်းလာပြီး
မိဘဘက်က “ကျောင်းသွားပြီး ဘာမှမရဘူး” လို့
ထင်မိလာတတ်ပါတယ်။

တကယ်တော့
ကလေးတစ်ယောက်ရဲ့ တိုးတက်မှုက
ကျောင်းတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။

မိဘဘက်ကလည်း

📚 အိမ်မှာ စာဖတ်ပေးတာ
📝 Homework မရှိလည်း စာလေ့ကျင့်ပေးတာ
💬 “ဒီနေ့ ဘာသင်ခဲ့လဲ” လို့ မေးပေးတာ
👨‍👩‍👧 ကလေးနဲ့ အချိန်ပေး Follow Up
လုပ်ပေးတာတွေက အရမ်းအရေးကြီးပါတယ်။

ဒါပေမယ့် လက်တွေ့ဘဝမှာ
မိဘအများစုက အလုပ်များတာ၊
ထိုင်းစာ၊ English စာ မဖတ်တတ်တာတွေကြောင့်
Follow Up လုပ်ဖို့ ခက်ခဲတတ်ပါတယ်။

ထိုင်းကျောင်းတွေမှာတော့
ကလေးငယ်တွေကို

✅ Confidence
✅ Speaking Skill
✅ Social Skill
✅ Independence
✅ Thai Language Abilityတွေကို ပိုပြီး
တိုးတက်လာအောင် လေ့ကျင့်ပေးကြတာများပါတယ်။

တချို့မိဘတွေက
“စာကျက်နိုင်မှ စာတတ်တယ်” လို့
ထင်တတ်ကြပါတယ်။

ဒါပေမယ့် ထိုင်းကျောင်းစနစ်က
ကျက်မှတ်ခြင်းထက်
နားလည်မှု၊ အသုံးချနိုင်မှုနဲ့ ကလေးရဲ့
Development ကို ပိုအလေးပေးတဲ့
ပုံစံဖြစ်ပါတယ်ဆိုတာ နားလည်ပေးစေချင်ပါတယ်။

17/05/2026

Teacher June စာအုပ်ဖြင့် Thai ဘာသာကို
လေ့လာနေကြသော

🇺🇸 American
🇯🇵 Japanese
🇲🇾 Malaysian
🇸🇬 Singaporean
🇮🇳 Indian
🇲🇲 Burmese
🇳🇵 Nepali လူမျိုးတို့လက်ထဲ နှင့်

အုပ်ရေ 500 ကျော် အထိရောင်းချထားပြီးသော
💎 Bestseller စာအုပ်

ထိုင်းစာကို အခြေခံကနေ
အပီပြင်ရေးတတ်၊ဖတ်တတ်ချင်သူများအတွက်
အထူးရေးသားထားသော စာအုပ်✨

📚 စာအုပ်ထဲမှာ 📖

📌ဘာသာစကား (၄) မျိုးဖြင့်
ရှင်းလင်းဖော်ပြရေးထားသော

📌Thai & English အသံထွက်ကို
မြန်မာဘာသာဖြင့် အသေးစိတ်ရှင်းပြထားပါတယ်။

📌Scanner ဖြင့် လေ့လာနိုင်သော
Audio book ဖြစ်ပြီးတော့

📌ဗျည်းရေးနည်းမှ စပြီး
အဆင့်လိုက် သင်ကြားပေးထားပါတယ်။

📌Lesson (17) မျိုးကို စာအုပ်တစ်အုပ်ထဲတွင် စနစ်တကျ ထည့်သွင်းထားတယ်။

📌လက်ရေးလှရေးကျင့်ရန်
လေးကြောင်းမျဉ်းလည်း ပါတယ်ရှင့်။

📌Beginner များအတွက်
လွယ်ကူနားလည်အောင် ရေးသားထားပါတယ်။

📖 စာအုပ်တစ်အုပ်တည်းဖြင့်
ထိုင်းစာကို ဖတ်တတ်၊ ရေးတတ်၊
အသံထွက်မှန်မှန် ပြောတတ်လာစေရန်
ရည်ရွယ်ရေးသားထားပါတယ်ရှင့်။

⭕️ Self-study လေ့လာချင်သူများ

💢အလုပ်အတွက် ထိုင်းစာလိုအပ်သူများ

❗️Thailand တွင်နေထိုင်သူများအတွက်
အထူးသင့်တော်ပါတယ်။

✅ Order မှာယူလိုပါက
Page Chat Box သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။

15/05/2026

✨ ขัดลายมือสวย ✨
Handwriting Practice ✍️

Vishal Poudel
Age - 5 years

Great job today
Keep practicing will become more beautiful every day.

Photos from Teacher June's post 15/05/2026
01/02/2026

Ultimate beginner in Teacher June Thai book should practice basic line types before learning to write the Thai alphabet.

19/01/2026

สอบการบ้าน

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address

Sanchaung
Yangon