HZ Mobile Service

HZ  Mobile Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HZ Mobile Service, Business service, သဇင်မြိုင်လမ်း ကန်သာယာ ရွှေပြည်သာ, Yangon.

16/11/2021
Photos from HZ  Mobile Service's post 23/09/2017

Beginner တွေအတွက်အသုံးတဲ့မယ်ထင်ပါတယ်။

Analog Meter အသုံးပြုနည်း။ အပိုင်း(၁)

ပုံမှာပြထားတဲ့ပုံ နှစ်ခုစလုံးဟာ analog meter တွေပဲဖြစ်ပါတယ်။
ဒီနှစ်မျိုးမှာ ပုံ-၂ က battery တစ်လုံးပဲအသုံးပြုပြီး၊ပုံ-၁ ကတော့
battery နှစ်လုံးအသုံးပြုထားပါတယ်။သူတို့ ရဲ့အားသာချက် အားနည်းချက်လေးတွေကို
သိထားဖို့ တော့ လိုအပ်ပါတယ်။Analog meter တွေ မှာ selector ခလုတ်ကို x1 စကေးမှာ
ချိန်ထားရင် အတွင်းဆာ့ကစ်ပတ်လမ်းရဲ့ လုပ်ဆောင်ချက်ကြောင့် မီတာတံအမဲဖက်အခြမ်းမှာ
ဒီစီအပေါင်းဗို့ ထွက်လာပြီး၊အနီဖက်ခြမ်းကတော့ အနှုတ်ဗို့  ဖြစ်နေပါတယ်။





ဒီအခြေအနေမှာ battery နှစ်လုံးတတ်ထားတဲ့ မီတာတွေမှာ dc-3volt ထိထွက်နေတာတွေ့ ရပါတယ်။
ဖုန်းတွေမှာအသုံးပြုတဲ့ digital ic အများစုဟာ ၊1.1v,1.7v,2.8v အစရှိတဲ့ ဗို့ အနဲငယ်လောက်သာ
သုံးကြပါတယ်။ ဒါကြောင့် 3v ထွက်နေတဲ့မီတာနဲ့ ပတ်လမ်းတွေကိုလိုက်တိုင်းရင်း၊အခန့် မသင့်ရင်
အိုင်စီတွေ ပျက်စီးနိင်ပါတယ်။ ဒါကြောငိ့ battery တစ်လုံးပဲအသုံးပြုတဲ့ မီတာတွေက
ပိုမို save ဖြစ်တာကိုတွေ့ ရပါတယ်။
၁.၅ ဗို့ ပဲထွက်တဲ့ မီတာတွေရဲ့ အဓိက အားနည်းချက်ကတော့
led မီးလုံးတွေကိုတိုင်းရ်ျမရခြင်းပါ။led မီးလုံးလေးတွေဟာ dc 3v ပေးမှသာ မီးလင်းနိင်ပါတယ်။
တစ်ချို့ speaker coil, vi****or , တို့ ကို တိုင်းတဲ့အချိန်မျိုးမှာ 3v ထွက်တဲ့မီတာလောက်
သိသာမှုမရှိတာတွေ့ ရပါတယ်။ဒါလေးတွေကတော့ 3v အသုံးပြုတဲ့မီတာနဲ့ 1.5v ဗို့ အသုံးပြုတဲ့
မီတာတွေရဲ့ အားသာချက်၊အားနဲချက်လေးတွေပါ။
အသုံးပြုရတဲ့အပိုင်းကတော့ အတူတူပါပဲ။

ဗို့ တိုင်းချင်တယ်ဆိုရင် မီတာရဲ့ selector ကို dc 10v စကေးသို့ ရျွေ့ ပေးရပါတယ်။ဒါဆိုရင်
ဒီစီဗို့  0v ကနေ 10v အကြား အကုန်တိုင်းလို့ ရပါတယ်။တကယ်လို့  backlight volt ကိုတိုင်းကြည့်ချင်
ရင်တော့ dc-50v စကေးကိုရွှေးချယ်ပေးရပါတယ်။
တကယ်လို့  capacitor, diode,resistor, coil, စတာတွေကိုတိုင်းမယ်ဆိုရင်တော့ Ohm စကေးတွေ
ဖော်ပြထားတဲ့ အကွက်ကိုရွှေးချယ်ပေးရပါတယ်။ဒီနေရာမှာ resistor ကလွဲလို့ ကျန်တဲ့  components
အားလုံးကို x1 စကေးမှာထားပြီး တိုင်းတာ စစ်ဆေးနိင်ပါတယ်။
Capacitor
Capacitor ကို မီတာနဲ့ ကောင်းမကောင်းစစ်လိုလျှင် ပထမဆုံး မီတာကို x1 စကေးမှာထားပြီး၊
အနီတံ့ နဲ့ အနက်တံကို ပူးပေးလိုက်ပါ။ဒီအချိန်မှာမီတာမျှားတံလေးတက်လာတာတွေ့ ရပါမယ်။
တက်လာတဲ့မီတာမျှားတံကိုညာဖက်ထောင့်အစွန်ဆုံးမှာရှိတဲ့ 0ohm အမှတ်အသားသို့ ရောက်ရန်
0-ohm ချိန်ငြှိတဲ့ အ၀ိုင်းလေးကို လိုအပ်သလို လှည့်ပြီးချိန်ငြှိပေးရပါတယ်။

ဒီလို မျိုးချိန်ငြှိပေးခြင်းကို မည်သည့်စကေးတွင်ဖြစ်စေ ပထမဦးစွာပြုလုပ်ပေးရန်လိုအပ်ပါတယ်။
ချိန်ငြိပြီးရင်တော့ မိမိတိုင်းလိုသော capacitor ဧ၊် ထိတ်နှစ်ဖက်ကို မီတာတံနှစ်ခုဖြင့်အပြန်အလှန်
တိုင်းကြည့်ပေးရပါတယ်။ ဒီအချိန်မှာ မီတာမျှားတံသည် 0-ohm ရှိရာ ညာဖက်ထောင့်သို့ အဆုံးထိ
ပြနေလျှင် ၄င်း Cေ၇ှာ့ဖြစ်နေပါပြီ။ ကောင်းမွန်သောအခြားတစ်လုံးဖြင့်အစားထိုးပေး၇ပါမယ်။
ဖုန်းပတ်လမ်းပေါ်မှာ အသုံးပြုထားတဲ့ C အမျိုးအစား (၃) မျိုးတွေ့ ၇ပါတယ်။
(1) Filter
(2) Coupling
(3) Bypass တို့ ဖြစ်ပါတယ်။ဒီအထဲကမှ Filter cap တွေဟာ ဗို့ အားလမ်းကြောင်းပေါ်မှာတည်ရှိတဲ့
အတွက် အပျက်အစီးများတာတွေ့ ရပါတယ်။ ၄င်းတို့ အဖြစ်များဆုံးကတော့ ရှော့ဖြစ်တာပါ။
Capacitor တွေမှာ ပုံမှန်အတိုင်းကောင်းနေရင် dc ဗို့ ကို ဖြတ်သန်းခွင့်မပြုတဲ့အတွက် မီတာတာတံလုံးဝ
မပြနိင်ပါဘူး။ရှော့ဖြစ်ရင်တော့ မီတာအဆုံးထိပြနေမှာပါ။
ကျန် cap များကတော့ signal လမ်းကြောင်းတွေမှာအသုံးပြုတဲ့အတွက် ရှော့ဖြစ်ခြင်းသိပ်မရှိပါဘူး။
ရေ၀င်ဖုန်းတွေမှာ ဆားပေါက်ပြီး cap တွေပြတ်တောက်ခြင်း၊ခဲလွတ်ခြင်းများဖြစ်လေ့ရှိပါတယ်။
Cap တွေကို ပြန်တတ်တဲ့နေရာမှာ အပေါင်းအနှုတ်ရယ်လို့ သတ်မှတ်ခြင်းတော့မရှိပါဘူး။တစ်ချို့ ဖုန်း

တွေမှာ တစ်လုံးတစ်လေတော့ တွေ့ ရတတ်ပါတယ်။ တစ်ခုရှိတာက backlight ပိုင်းမှာ high voltage
ထွက်တဲ့ နေရာမှာတတ်ထားတဲ့ cap လေးရဲ့ working volt ဟာ 50v ထိ သတ်မှတ်ပေးထားပါတယ်။
တကယ်လို့ ဒီကွန်ဒင်ဆာလေးရှော့ဖြစ်လို့ လဲမယ်ဆိုရင် 1uf/ 50v ရှိတဲ့ ကွန်ဒင်ဆာနဲ့ အစားထိုးပေးသင့်ပါတယ်။ ပတ်လမ်းပေါ်မှာ တိုင်းတဲ့အခါ အခြား components တွေချိတ်ဆက်နေတဲ့အတွက်
မီတာပြမှုဟာ မတိကျပါဘူး။ အကောင်းဆုံးကတော့ ဖြုတ်ပြီးတိုင်းကြည့်တာအကောင်းဆုံးပါ။
ပုံမှာ ကွန်ဒင်ဆာလေးတွေကိုတိုင်းပြထားပါတယ်။



Resistor
Resistor ကိုတိုင်းမယ်ဆိုရင်တော့ မီတာမှာရှိတဲ့ ohm တန်ဖိုးတွေကို လိုအပ်သလို ရွှေ့ ပြောင်းပေး
ဖို့ လိုအပ်ပါတယ်။ x1 စကေးတစ်ခုနဲ့ ပဲ မလုံလောက်တော့ပါဘူး။
x1 စကေးမှာ 0-ohm မှ 100-ohm အတွင်းပဲကောင်းမွန်စွာ ပြနိင်ပါတယ်။
x1k စကေးမှာထားပေးရင်တော့ 0-ohm မှ 200-kohm အထိပြနိင်ပါတယ်။အကောင်းဆုံးကတော့
resistor တွေကိုတိုင်းတဲ့အခါ digital meter ဆိုရင် ဂဏန်းဖြင့်အတိအကျ ပြပေးတာကို
တွေ့ ရပါတယ်။
resistor တွေမှာလဲ အပေါင်းအနှုတ်သတ်မှတ်ထားတာ မရှိပါဘူး။ဒါပေမယ့် ပြန်အစားထိုးတဲ့အခါမှာ

မူရင်း တန်ဖိုးနဲ့ အနီးစပ်ဆုံး ကိုအစားထိုးပေးဖို့ လိုပါတယ်။ fuse-resistor ဆိုရင် ခဲပူးပေးလိုက်လို့ ရပေမယ့်
I2C data လမ်းကြောင်းပေါ်မှာသုံး ထားတဲ့ pull-up resistor တွေနေရာမှာ တန်ဖိုးတူတဲ့ တစ်လုံးနဲ့ အစားထိုးပေးမှသာ ပတ်လမ်းပုံမှန်အလုပ်လုပ်နိင်မှာပါ။
resistor များကို တန်ဖိုးမသိရင်တော့ ပတ်လမ်းတူဆားကစ်ပြား တစ်ခုမှ ဖြုတ်အစားထိုးပေးရန်
လိုအပ်ပါတယ်။ခဲပူးခြင်း၊ jumper ကျော်ခြင်းများမလုပ်သင့်ပါ။
ပုံတွင် resistor တိုင်းတာပုံ ပြသထားပါတယ်။ resistor များရဲ့ ohm တန်ဖိုးအနဲဆုံးကို
မီတာရဲ့ ညာဖက်အစွန်ဆုံးမှာ ပြနေပြီး၊ 0hm တန်ဖိုးအမြင့်ဆုံးကိုတော့ ဘယ်ဖက်အခြမ်းမှာ
ပြနေမှာပါ။မိမိ တိုင်းမဲ့ resistor တန်ဖိုးအနဲအများကို ခန့် မှန်းပြီး မီတာရဲ့ စကေးကို
x1,x10,x100,x1k,x10k စတဲ့စကေးတွေကိုပြောင်းရွှေ့ ပေးခြင်းဖြင့်မိမိတိုင်းတာတဲ့
R တန်ဖိုးကို အနီးစပ်ဆုံးခန့် မှန်းနိင်ပါတယ်။



Diode
Diode ကိုကောင်းမကောင်းမီတာဖြင့်တိုင်းလိုလျှင် ပထမဦးစွာ x1 စကေးတွင်ထားရ်ျ ၀-ohm ကိုချိန်ငြှိပါ။
diode ဧ၊်ထိတ်နှစ်ဖက်ကိုမီတာတံဖြင့် အပြန်အလှန်တိုင်းကြည့်ပါ။ ကောင်းမွန်သော diode သည်
မီတာ ကို တစ်ဖက်တည်းသာ ပြနေတာတွေ့ ရပါမယ်။အခြားတစ်ဖက်သို့ ပြောင်းတိုင်းပါကလုံးဝမပြပါ။
အကယ်ရ်ျ diode ရှော့ဖြစ်နေလျှင် မည်သို့ တိုင်းတိုင်း မီတာတံအဆုံးထိပြနေတာကိုတွေ့ ရပါမယ်။

ပုံတွင် diode ကိုမီတာဖြင့်တိုင်းတာပုံမြင်တွေ့ ရပါမယ်။



diode အနွယ်ဝင်ဖြစ်တဲ့
diode,zener diode, schottky diode led အစရှိတဲ့ ပစ္စည်းလေးတွေဟာ မီတာဖြင့်တိုင်းလျှင်
တူညီတဲ့ လက္ခဏာ ရှိတဲ့အတွက် တစ်ခုကိုတိုင်းပုံနားလည်ရင် ကျန်တာတွေလဲ တိုင်းတတ်သွားမှာပါ။
diode တွေမှာ ဦးတည်ရာဖက်သတ်မှတ်ထားတဲ့အတွက် မှားယွင်းပြီးတတ်မိရင် မလိုအပ်တဲ့ပြသနာ
တွေဖြစ်လာနိင်ပါတယ်။ ဒီလိုမမှားအောင်လဲ diode ရဲ့ ကိုယ်ထယ်မှာ မျဉ်းကြောင်းလေးတစ်ခုအမှတ်အသား
လုပ်ပေးထားပါတယ်။မျဉ်းကြောင်းအမှတ်အသားလေးရှိတဲ့ဖက်ဟာ ဗို့  ထွက်ရမယ့်ဖက်ဖြစ်သလို
zener diode အတွက် အပေါင်း ဗို့ လမ်းကြောင်းနဲ့ ချိတ်ဆက်ပေးရမယ့်ဖက် လဲဖြစ်ပါတယ်။
backlight ပိုင်းမှာ အသုံးပြုထားတဲ့ schottky diode ကိုအခြား အမျိုးအစားမတူတဲ့ diode ဖြစ်စေ၊
ဘက်မှားပြီးတတ်မိလျှင်ဖြစ်စေ diode ပူလာပြီး ရှော့ဖြစ်သွားမှာပါ။ Anode, Cathode
မှန်ကန်အောင်တတ်ပေးဖို့ လိုအပ်ပါတယ်။

Coil
Coil များကိုမီတာဖြင့်ကောင်းမကောင်းတိုင်းမယ်ဆိုရင် connection ရှိမရျိတိုင်းတာရုံသာ ရမှာပါ။
coil မှာ သတ်မှတ်ထားတဲ့ henry (H) ကိုတော့သာမန်မီတာဖြင့်တိုင်းတာလို့ မရပါဘူး။
ဟင်နရီ တစ်နည်းအားဖြင့် ညှိ့ငင်အားကိုသတ်မှတ်နိင်ဖို့ အတွက် coil တစ်ခုမှာ
ရစ်ပတ်ထားတဲ့ အပတ်ရည် turns (T) အသုံးပြုထားတဲ့ ၀ါယာကြိုး၇ဲ့ ကြေးနီအမျိုးအစား
ဝါယာကြိုး ရစ်ပတ်ထားတဲ့အောက်ခံဖော်မှာဧ၊် မျက်နှာဝအကျယ်၊ ထုထည် ၊ ဒီအချက်တွေအပေါ်မှာ
မူတည်ပြီး coil တစ်ခုရဲ့ henry ကိုတိုင်းတာသတ်မှတ်ကြပါတယ်။အကျမ်းအားဖြင့် မီတာနဲ့ တိုင်း
တဲ့အခါ မီတာတံပြနေလျှင် coil ကောင်းသည်လို့ မှတ်ယူနိင်ပါတယ်။
henry တွေမှာ milli- henry (mH) ,micro-henry (uH) ဆိုပြီးသတ်မှတ်ကြပါတယ်။
ခုနောက်ပိုင်းတော့ ဟင်န၇ီတိုင်းတဲ့မီတာတွေ ၀င်ေ၇ာက်လာပါပြီ။
coil တွေမကောင်းလို့ လဲလှည်တဲ့အခါ အုပ်စုအမျိုးအစားနဲ့ ပြန်အစားထိုးပေးဖို့ လိုပါတယ်။
အမျိုးအစားမတူရင် ဗို့ အထွက်မမှန်တာတို့  ချက်ချင်းပူလာတာတို့  ကြုံတွေ့ ရပါတယ်။

22/09/2017
22/09/2017

မင်္ဂလာပါ

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

သဇင်မြိုင်လမ်း ကန်သာယာ ရွှေပြည်သာ
Yangon
11411