Tin Aung Gyi - Life Insurance Agent
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tin Aung Gyi - Life Insurance Agent, Insurance Agent, Yangon.
မိတ်ဆွေတို့ရဲ့ အနာဂတ်ကာလတွေမှာ စိတ်အေးချမ်းသာယာဖို့ ကျန်းမာရေး၊ အသက်အာမခံ အကာအကွယ်တွေ အတွက်ပါ။
အာမခံ နဲ့ ပတ်သက်လို့ သိချင်တာတွေ ရှိရင် ကျွန်တော်ကို အချိန်မရွေး ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။
08/02/2026
ဘဝမှာ အာမခံ ဆိုတဲ့ ကိစ္စနဲ့ ပထမဆုံး ထိတွေ့ဖူးတာက မြန်မာနိုင်ငံ မှာ ၁-၇-၁၉၇၆ ကတည်းက စတင်ခဲ့တဲ့ ဘယ်စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှု အတွက် အာမခံ မထားမနေရ နည်းဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့တဲ့ "သူတပါး ထိခိုက်မှု အာမခံ" (နစ်နာကြေးနှုန်း မှာ စက်တပ်ယာဉ်ထိခိုက်မှုကြောင့် လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၃၀ သိန်း၊ ဒဏ်ရာရမှု အတွက် အများဆုံး ကျပ် ၂၄ သိန်းနှင့် ပစ္စည်းပျက်စီး ဆုံးရှုံးမှုအတွက် ကျပ် ၁၅ သိန်း ဖြစ်ပါတယ်)(အတိုက်ခံရသူတွေ ဒါကို မသိလို့ မထုတ်ယူတာတွေ ရှိပါတယ်) ကို ကိုယ်ပိုင် ဆိုင်ကယ်လေး စဝယ်တော့ မဖြစ်မနေ ထားခဲ့ရတယ်။ အာမခံ အကာအကွယ် ဝယ်ယူတယ် ဆိုတဲ့ ပထမဆုံး အတွေ့အကြုံပေါ့။
နောက် နိုင်ငံခြားမှာ နေဖြစ်ခဲ့တဲ့ ကာလတွေမှာတော့ ပတ်ဝန်းကျင်မှာ အများဆုံး ကြုံတွေ့ မြင်တွေ့လာရတာက ငွေစုအာမခံ၊ ကျန်းမာရေးအာမခံ၊ ထိခိုက်မှု အာမခံဆိုတာ ထားသင့်တယ် ဆိုတဲ့ အသိနဲ့ အာမခံကိုယ်စားလှယ် ဆိုတဲ့ အလုပ်ကို မြင်တွေ့လာခဲ့ရတယ်၊ ကိုယ်နိုင်ငံ ပြန်ရောက်ရင် အာမခံ ကိုယ်စားလှယ် ဖြစ်ချင်လာခဲ့တယ်။
ကျွန်တော့်အတွက်ဆိုဒီ "အာမခံကိုယ်စားလှယ်အလုပ်"ကိုလုပ်ဖို့ သူတစ်ပါးက ရှင်းပြခေါ်ယူတာ မဟုတ်ပဲ ကိုယ်ကိုတိုင်က လုပ်ချင်လို့ လုပ်ခွင့်ရဖို့ ပြန်ရောက်ကတည်းက လိုက်ရှာပြီး ဆက်သွယ်ခဲ့တဲ့သူပါ။
ဘာလို့လည်း ဆိုတော့ ကမ္ဘာပေါ်ရှိတဲ့ အချို့သောလုပ်ငန်းတွေဟာ လိုင်စင်ရှိမှ လုပ်ခွင့်ရှိတဲ့ အလုပ်တွေ ထဲမှာ ဒီလုပ်ငန်းကလည်း ပါတော့ အာမခံကိုယ်စားလှယ် လိုင်စင် ရဖို့ လိုတယ်လေ။
ဘာကြောင့် ဒီလို လုပ်ငန်းတွေမှာ လိုင်စင် ရှိသူမှ လုပ်ခွင့်ပြုရတာလည်း ဆိုတော့ ဒီလုပ်ငန်းတွေက လုပ်ကိုင်ရာမှာ အမှားအယွင်းဖြစ်ခဲ့လျှင် အများသူငါ ထိခိုက်နစ်နာနိုင်တဲ့ အတွက် ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ အတွက်ဆိုရင် "စနစ်တကျ သင်ယူတတ်မြောက် ထားရန်"လည်းလိုအပ်ပါတယ်။ ပညာရပ်ဆိုင်ရာ ကျင့်ဝတ်နှင့် ယဉ်ကျေးမှုကိုလည်း လိုက်နာကြရန်လိုပါတယ်။ ဒါ့အပြင် လိုအပ်သည့် ပညာရပ်ဆိုင်ရာ အရည်အချင်း များကို သတ်မှတ်ချက်အတိုင်း ပြည့်စုံမှုရှိ မရှိ စစ်ဆေးကာ ပုံမှန်သက်တမ်းတိုးရ၏။ CPD (Continuous Professional Development) lifelong learning မွန်းမံတွေလည်း အမြဲလေ့လာနေကြရတယ်။
အရည်အသွေး မပြည့်မီလျှင် သို့မဟုတ် ကျင့်ဝတ်ကို ဖောက်ဖျက်လျှင် လိုင်စင်ကို အကန့်အသတ်ဖြင့် ဖြစ်စေ၊ ရာသက်ပန်ဖြစ်စေ ရုပ်သိမ်းခံရနိုင်တယ်။
သတ်မှတ်ထားတဲ့ အရည်အသွေးများ ပြည့်စုံမှ၊ တတ်သိနားလည်းကြောင်း စစ်ဆေးချက်များကို အောင်မြင်မှ လိုင်စင်ရရှိကြတာပါ။
ဒီလိုနဲ့ ကုမ္ပဏီ သက်တမ်းကလည်း နှစ်နှစ်ရာကျော်၊ ကမ္ဘာပေါ်က ၅၄ နိုင်ငံမှာ လုပ်ငန်းလုပ်နေတဲ့ အမေရိကန် ကုမ္ပဏီကြီး Chubb Life Myanmar ကနေ တစ်ဆင့် အာမခံ ပညာတွေသင်ခဲ့ရတယ်၊ အစိုးရ လိုင်စင် စာမေးပွဲ ဝင်ဖြေပြီး အာမခံ ကိုယ်စားလှယ် စာမေးပွဲအောင်မြင်ပြီး အာမခံ ကိုယ်စားလှယ် မှတ်ပုံတင် ကဒ်ပြား တရားဝင် ကိုင်ဆောင် လုပ်ကိုင်ခွင့်ရခဲ့တယ်။ နောက် အမေရိကန် အာမခံ ကုမ္ပဏီ ကြီးမှာ နှစ်နှစ်လောက် အာမခံ လုပ်ငန်း Products တွေ၊ Process တွေ၊ လေ့လာရမယ့် ပညာတွေကို အများကြီး လေ့လာခဲ့ရလို့ ထာဝရ ရင်ထဲ ရှိနေမယ့် ကုမ္ပဏီပါ။
ဒါပေမယ် မမျှော်လင့်ပဲ Chubb က မြန်မာနိုင်ငံ ကနေ ရုတ်တရက်ကြီး ပြန်ထွက်ဖို့ ဖြစ်လာခဲ့တယ်။
အာမခံ Insurance ရဲ့ အကျိူးကျေးဇူးတွေကို သိရှိ နားလည် ဗဟုသုတ ရှိပြီးသား နိုင်ငံတွေမှာ (အထူးသဖြင့်) ဂျပန် နိုင်ငံမှာ ဆိုရင် လူတစ်ဉီး စီမှာ အာမခံပေါ်လစီ (အာမခံထားစာချုပ်) ၆စောင် အထိ ရှိတယ်လို့ Insured Rate of Countries in ASIA စစ်တမ်းမှာ လေ့လာဖူးပါတယ်။ ဒီတော့ သဘာဝ ဘေးအန္တရာယ်များလွန်းတဲ့ ဂျပန်လူမျိုးတွေမှာ မတော်လို့ မမျှော်လင့်တဲ့ အခြေအနေဆိုး ဆုံးရှုံးမှုတွေ ကြုံကြရရင်တောင် ဆုံးရှုံးရမှုတွေအတွက် အတိုင်းအတာ တစ်ခုထိ အကာအကွယ် ရနေခဲ့ကြပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာတော့ အခြေအနေ အရပ်ရပ်အရ အာမခံ Insurance ရဲ့ အကျိူးတရားတွေကို နားလည်းပြီး အကာအကွယ် ကြိုတင်ယူထားရမယ် ဆိုတဲ့ ဗဟုသုတတွေ နည်းသေးတာကြောင့် ရင်ဆိုင်ရချိန်တွေမှာ အကာအကွယ် မရပဲ ကိုယ်ပိုင်ငွေကြေးနဲ့ ပစ္စည်းဉစ္စာတွေ ထုခွဲရောင်းချ ရင်ဆိုင်ကြရပါတယ်။
လက်ရှိ စစ်တမ်းအရ မြန်မာနိုင်ငံမှာဆိုရင် လူဉီးရေ ၁၀၀၀ မှာမှ အာမခံပေါ်လစီ တစ်စောင်ပဲ ရှိနေသေးတာကို တွေ့ရပါတယ်။
ခုလက်ရှိ မြန်မာ့လူဉီးရေကို လုံလောက်တဲ့ ကူညီနိုင်ဖို့အတွက် အာမခံ ကိုယ်စားလှယ်ပေါင်း ၆သောင်းလောက် လိုအပ်တယ်လို့ ကြားဖူးတယ်။
ခုအထိက မြန်မာနိုင်ငံမှာ လိုင်စင်ရ အသက် အာမခံ ကိုယ်စားလှယ်တွေ အများကြီးရှိဖို့ သေးတာမို့ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်နိုင်ငံ အတွက် မိသားစုတိုင်းမှ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ အသက်အရွယ်ကြီးလာချိန် အသုံးပြုရန်ငွေကြေး၊ ဆေးရုံ တက်ရချိန်နဲ့ ရောဂါကြီးတွေဖြစ်လာရင်၊ အသက် အာမခံ အကာအကွယ် တွေရစေဖို့ ကူညီနိုင်တဲ့ အာမခံကိုယ်စားလှယ် ( Insurance Agent) တွေ အများကြီး လိုအပ်နေပါသေးတယ်။
"Life Insurance Agent "အသက်အာမခံကိုယ်စားလှယ်" ဆိုတဲ့ "ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ" ပြီး မိမိတို့ရဲ့ မိသားစုဝင်တွေ၊ မိမိမိချစ်ခင်ရတ ဆွေမျိုး မိတ်ဆွေများအားလုံးရဲ့ မိသားစု စီးပွားရေး၊ ပညာရေးတွေ အတွက် ကျန်းမာရေးအကာအကွယ်တွေနဲ့ အသက်အာမခံ အနာဂတ်ဘဝ လုံခြုံ အေးချမ်းစေဖို့ ကူညီပေးနိုင်တဲ့ အကျိုးရှိစေတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ လူသိများ၊ ဝင်ငွေကောင်းပြီး ဂုဏ်ရှိ တဲ့ အလုပ်အကိုင်ဖြစ်တာမို့ ကျွန်တော်တို့လို လိုင်စင်ရှိ ၊ လုပ်ငန်းအတွေ့အကြုံတွေ ရှိထားပြီး ကိုယ်စားလှယ်တွေက မိမိ တန်ဖိုးထားတဲ့ လုပ်ငန်းတွေမှာ ဆက်လက် ရပ်တည်ပြီး အာမခံ ကိုယ်စားလှယ်အလုပ်ကို ဆက်လက် လုပ်ကိုင်နေကြပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်နိုင်ငံက အာမခံလိုအပ်တယ်လို့ ဗဟုသုတပညာ သိရှိလာသူတွေ ကို အာမခံ အကာအကွယ်တွေ ရဖို့ ကူညီနေပါတယ်။
Chubb မှာ စလုပ်ကတည်းက အာမခံ လုပ်ငန်း ပညာရပ်တွေ လေ့လာထားရတာမို့ ကိုယ်ရဲ့ မိတ်ဆွေတိုင်းကို အာမခံမထားခင်ကတည်းက အာမခံလုပ်ငန်း အကြောင်းတွေ ငွေကြေးစိတ်ချကြစေဖို့ အောက်ပါအကြောင်းအရာကို အသေးစိတ် ရှင်းပြပြီးမှ ရောင်းခဲ့တာပါ။
နိုင်ငံတစ်ခုမှာ အာမခံ လုပ်ငန်းကို လုပ်မယ့် ကုမ္ပဏီ ဆိုရင် ပြည်ပကုမ္ပဏီ ဖြစ်ဖြစ်၊ ပြည်တွင်းကုမ္ပဏီ ဖြစ်ဖြစ်က သက်ဆိုင်တဲ့ နိုင်ငံရဲ့ အာမခံလုပ်ငန်း ကြီးကြပ်မှုနဲ့ အလုပ်လုပ်ရတာပါ။
အာမခံ ကုမ္ပဏီတွေ ဆိုတာ ဘယ်နိုင်ငံ ဘယ်အစိုးရ လက်ထက်မှာ ဖြစ်ဖြစ် ဉပဒေ နဲ့ စည်းကမ်း အလွန် ခိုင်မာမှု ရှိပါတယ်။ မြန်မာပြည်မှာ ဆိုရင် အာမခံလုပ်ငန်း (အာမခံကုမ္ပဏီ) တွေဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲ တစ်ခုဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက် ဝန်ဆောင်မှုပေးရပါတယ်။ အာမခံလုပ်ငန်း တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ကြိုတင် အာမခံ ငွေအမောင့် Paidup Capital အဖြစ် ကျပ်ငွေ ဘီလီယံပေါင်း များစွာ၊ Treasure Bond တွေ၊ Reserved Fund တွေအဖြစ် အရံရန်ပုံငွေများလည်း အစိုးရဆီမှာ ကြိုတင် သီးသန့်စီမံထားကြရပါတယ်။ ကုမ္ပဏီ တွေ ပျောက်သွားမှာ၊ နိုင်ငံခြား ကုမ္ပဏီ ဆိုရင် ပြန်သွားမှာ "လုံးဝ"(လုံးဝ) စိတ်ပူစရာ မရှိပါ။ အာမခံ ကုမ္ပဏီတွေ လုပ်ငန်းရပ်ဆိုင်ရင် Customers တွေရဲ့ အာမခံဆိုင်ရာ ကိစ္စ တွေ မနစ်နာအောင် တာဝန်ယူ ပေးမယ့် ဌာနတွေ သက်ဆိုင်ရာ နိုင်ငံတိုင်းတဲ့ အစိုးရတွေက စီမံထားပါတယ်။ (ဒါကိုလည်း မြန်မာ့ အာမခံ လုပ်ငန်းသမိုင်းမှာ အမေရိကန် ကုမ္ပဏီကြီးဖြစ်တဲ့ Chubb ပြန်ထွက်ချိန်မှာ အာမခံထား ထားသူတွေ အတွက် ဘယ်လိုတွေ စီစဉ်ဆောင်ရွက် ပေးတယ်ဆိုတာ အားလုံး မှတ်တမ်းဝင် လက်တွေ့ သိရှိခွင့် ရကြမှာ ဖြစ်ပါတယ်)။
ဒီလို လုပ်ငန်း သဘောသဘာဝတွေ အာမခံ ထားမယ် ဆိုကတည်းက ကြိုတင် ရှင်းပြထားခဲ့တဲ့ ကျေးဇူးအကျိုးက Chubb ရုတ်တရက် ထွက်သွားတော့ ကိုယ့်ရဲ့ Chubb Customers တွေက တာဝန်ရှိသူတွေ ဘာပြန် လုပ်ပေးမယ် ဆိုတာကို စိတ်ရှည်ရှည်နဲ့ စောင့်နေပေးကြပါတယ်။
ဒီအတွက်လည်း ကိုယ့် Customers တွေကို update information တွေ အမြဲပေးပြီး စိတ်မပူအောင် ပြောပြပေးထားပါတယ်။ ကိုယ့်ရဲ့ Customers တွေ Chubb မှာ အာမခံ ထားတဲ့ Cases တွေ အတွက် FRD ကာ စီစဉ်ပေးတဲ့ လုပ်ငန်းစဉ်များ ပြီးဆုံးသည် အထိ Service အကောင်းဆုံး ဆက်လက် ပေးရမှာက အာမခံကိုယ်စားလှယ် (Chubb agent တစ်ယောက်ရဲ့) တာဝန်ပဲလေ။
ဒီတော့ Chubb က ကိုယ့်ရဲ့ Customers တွေရဲ့ စုငွေတွေအတွက် information update တွေနဲ့ စုငွေတွေ ပြန်ထုတ်ပြီးတဲ့အထိ service ပေးဖို့ အမြဲ အသင့်ရှိနေ သလို KBZ Life မှာလည်း မိသားစုတွေ အားလုံးကို အာမခံ အကာအကွယ်တွေ ရစေဖို့ ကူညီ အကြံပေး နေပါတယ်။
မိတ်ဆွေမိသားစုအားလုံး အာမခံအကာအကွယ်တွေ ရရှိထားနိုင်ကြစေဖို့ ပြည်တွင်း၊ ပြည်ပ အသက်အာမခံ ကုမ္ပဏီများမှ အတွေ့အကြုံကောင်းများနဲ့ ကူညီပေးနိုင်ဖို့ အမြဲ အသင့်ပါ။
တင်အောင်ကြီး
IA ( N ) LI- 14468
27/01/2026
"အသက်အာမခံ ကိုယ်စားလှယ် လိုင်စင်" ရယူကာ ကျွန်တော်တို့နှင့် အတူ ကောင်းမွန် အကန့်အသတ်မရှိ ဝင်ငွေရလမ်း အတွက် လက်တွဲ လုပ်ကိုင်လိုသည့် အာမခံ ကိုယ်စားလှယ်လောင်းများ -
- မှတ်ပုံတင်မိတ္တူ ၃ စုံ
- အိမ်ထောင်စု ဇယား မိတ္တူ
- ဘွဲ့လက်မှတ် (သို့) ၁၀ တန်း အောင်လက်မှတ် မိတ္တူ ၃ စုံ
- ၁.၅ လက်မ ပတ်လည် ပါ့စပိုစ် ဓာတ်ပုံ ၄ ပုံ
တို့နှင့်အတူ ခုလာမယ့်လမှာ သင်တန်း တက်ရောက်နိုင်ဖို့
ကျွန်တော်ဖုန်း 09772042555 ကို ဆက်သွယ်နိုင်ပါပြီ။
27/01/2026
"အာမခံကိုယ်စားလှယ် လိုင်စင်"
ကမ္ဘာပေါ်ရှိတဲ့ အချို့သောလုပ်ငန်းတွေဟာ လိုင်စင်ရှိမှ လုပ်ခွင့်ရှိတယ်။
ဒီလို လုပ်ငန်းလိုင်စင် (လုပ်ငန်းတစ်ခုလုံးအတွက်လိုင်စင်) လိုမဟုတ်ဘဲ အချို့အလုပ်တွေက "လိုင်စင်ရှိသူမှသာ လုပ်ခွင့်ရှိတဲ့" လုပ်ငန်းမျိုးတွေလည်း ရှိပြန်ပါတယ် ။ ဆရာဝန် (ဆေးကုသခွင့်) လိုင်စင်၊ ရှေ့နေလိုင်စင်၊ ဗိသုကာလိုင်စင်၊ အင်ဂျင်နီယာလိုင်စင်၊ အာမခံကိုယ်စားလှယ် လိုင်စင် စသည်ဖြင့်တို့ဖြစ်ပါတယ်။
ဘာကြောင့် ဒီလို လုပ်ငန်းတွေမှာ လိုင်စင် ရှိသူမှ လုပ်ခွင့်ပြုရတာလည်း ဆိုတော့ ဒီလုပ်ငန်းတွေက လုပ်ကိုင်ရာမှာ အမှားအယွင်းဖြစ်ခဲ့လျှင် အများသူငါ ထိခိုက်နစ်နာနိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ဒီလုပ်ငန်းများရဲ့ လုပ်ပိုင်ခွင့်ကိုလည်း အကန့်အသတ်ထားရှိတယ်။ လိုင်စင်မရှိဘဲ ကန့်သတ်ထားသည်များကို လုပ်ကိုင်ခွင့်မရှိ။ ဥပဒေဖြင့် တားမြစ်ထားတယ်။ လိုင်စင်မရှိဘဲ ထိုအကန့်အသတ်လုပ်ငန်းများကို လုပ်လျှင် အများပြည်သူကို အကာအကွယ်ပေးနိုင်ရန်အလို့ငှာ ဥပဒေ အရ အရေးယူခံရမယ်။
ဒါကြောင့် ဒီလို လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ အတွက်ဆိုရင် "စနစ်တကျ သင်ယူတတ်မြောက် ထားရန်"လည်းလိုအပ်ပါတယ်။ ပညာရပ်ဆိုင်ရာ ကျင့်ဝတ်နှင့် ယဉ်ကျေးမှုကိုလည်း လိုက်နာကြရန်လိုပါတယ်။ ဒါ့အပြင် လိုင်စင်တစ်ခါရပြီး ကာမျှဖြင့် ရာသက်ပန် လုပ်ကိုင်ခွင့်ပေးလို့မရ။ ဒီလုပ်ငန်းလုပ်ကိုင် နိုင်ရန် လိုအပ်သည့် ပညာရပ်ဆိုင်ရာ အရည်အချင်း များကို သတ်မှတ်ချက်အတိုင်း ပြည့်စုံမှုရှိ မရှိ စစ်ဆေးကာ ပုံမှန်သက်တမ်းတိုးရ၏။ CPD (Continuous Professional Development) lifelong learning မွန်းမံတွေလည်း အမြဲလေ့လာနေကြရတယ်။
အရည်အသွေး မပြည့်မီလျှင် သို့မဟုတ် ကျင့်ဝတ်ကို ဖောက်ဖျက်လျှင် လိုင်စင်ကို အကန့်အသတ်ဖြင့် ဖြစ်စေ၊ ရာသက်ပန်ဖြစ်စေ ရုပ်သိမ်းခံရနိုင်တယ်။
လိုင်စင်ရထားပြီးဖြစ်သော်လည်း ထင်ရာလုပ်လို့မရအောင် ထိန်းကွပ်ထားခြင်းလည်းဖြစ်တယ်။ လိုင်စင်ကတော့ အလွန် အရေးကြီးပါတယ်။ ဒီ လိုင်စင်ဆိုသည်များ ကို ငွေပေးဝယ်လို့ မရနိုင်ဘူးလေ ။ သတ်မှတ်ထားတဲ့ အရည်အသွေးများ ပြည့်စုံမှ၊ တတ်သိနားလည်းကြောင်း စစ်ဆေးချက်များကို အောင်မြင်မှ လိုင်စင်ရရှိကြတာပါ။
ကိုယ့် အတွက်တော့ ဒီလိုင်စင်လေး ရဖို့ စတင်ကြိုးစားခဲ့တဲ့ နေ့ကနေ ကြိုးစား လေ့လာပြီး "စာမေးပွဲ ဖြေဆိုအောင်မြင်"ကာ ခုလို လိုင်စင်ကဒ် လက်ထဲ ရောက်လာတာ ရက်ပေါင်း ၁၄၈ ရက် ကြာခဲ့ပါတယ်။ (ဒါတောင် စာမေးပွဲ ကို တစ်ကြိမ်တည်းနဲ့ အောင်ခဲ့တာမို့ 😁)။
ဒီတော့ အကျိုးရှိရှိနဲ့ အများအတွက် အကောင်းဆုံး အကူအညီတွေ ပေးနိုင်အောင် ကြိုးစားပါ့မယ်။
နောက်တစ်ခု က အာမခံ Insurance ရဲ့ အကျိူးကျေးဇူးတွေကို သိရှိ နားလည် ဗဟုသုတ ရှိပြီးသား နိုင်ငံတွေမှာ (အထူးသဖြင့်) ဂျပန် နိုင်ငံမှာ ဆိုရင် လူတစ်ဉီး စီမှာ အာမခံပေါ်လစီ (အာမခံထားစာချုပ်) ၆စောင် အထိ ရှိတယ်လို့ Insured Rate of Countries in ASIA စစ်တမ်းမှာ လေ့လာဖူးပါတယ်။ ဒီတော့ သဘာဝ ဘေးအန္တရာယ်များလွန်းတဲ့ ဂျပန်လူမျိုးတွေမှာ မတော်လို့ မမျှော်လင့်တဲ့ အခြေအနေဆိုး ဆုံးရှုံးမှုတွေ ကြုံကြရရင်တောင် ဆုံးရှုံးရမှုတွေအတွက် အတိုင်းအတာ တစ်ခုထိ အကာအကွယ် ရနေခဲ့ကြပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာတော့ အခြေအနေ အရပ်ရပ်အရ အာမခံ Insurance ရဲ့ အကျိူးတရားတွေကို နားလည်းပြီး အကာအကွယ် ကြိုတင်ယူထားရမယ် ဆိုတဲ့ ဗဟုသုတတွေ နည်းသေးတာကြောင့် ရင်ဆိုင်ရချိန်တွေမှာ အကာအကွယ် မရပဲ ကိုယ်ပိုင်ငွေကြေးနဲ့ ပစ္စည်းဉစ္စာတွေ ထုခွဲရောင်းချ ရင်ဆိုင်ကြရပါတယ်။
လက်ရှိ စစ်တမ်းအရ မြန်မာနိုင်ငံမှာဆိုရင် လူဉီးရေ ၁၀၀၀ မှာမှ အာမခံပေါ်လစီ တစ်စောင်ပဲ ရှိနေသေးတာကို တွေ့ရပါတယ်။
ခုလက်ရှိ မြန်မာ့လူဉီးရေကို လုံလောက်တဲ့ ကူညီနိုင်ဖို့အတွက် အာမခံ ကိုယ်စားလှယ်ပေါင်း ၆သောင်းလောက် လိုအပ်တယ်လို့ ကြားဖူးတယ်။
ခုအထိက လိုင်စင်ရ အသက် အာမခံ ကိုယ်စားလှယ်က တစ်သောင်းခွဲ ပဲ ရှိသေးတာမို့ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်နိုင်ငံ အတွက် မိသားစုတိုင်းမှ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ အသက်အရွယ်ကြီးလာချိန် အသုံးပြုရန်ငွေကြေး၊ ဆေးရုံ တက်ရချိန်နဲ့ ရောဂါကြီးတွေဖြစ်လာရင်၊ အသက် အာမခံ အကာအကွယ် တွေရစေဖို့ ကူညီနိုင်တဲ့ အာမခံကိုယ်စားလှယ် ( Insurance Agent) တွေ အများကြီး လိုအပ်နေပါသေးတယ်။
ဒီအလုပ်ဟာ ကိုယ်ရဲ့ လက်ရှိအလုပ်နှင့် တွဲ၍သော်လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်း အဖြစ်သော်လည်းကောင်း၊ Freelance အနေဖြင့် လုပ်ကိုင်နိုင်ပြီး ဝင်ငွေလမ်းကြောင်း အသစ်တစ်ခုကို အလွန် ကောင်းစွာ ရရှိနိုင်တဲ့ "Life Insurance Agent "အသက်အာမခံကိုယ်စားလှယ်" ဆိုတဲ့ "ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ" ပြီး မိမိတို့ရဲ့ မိသားစုဝင်တွေ၊ မိမိချစ်ခင်ရတဲ့ ဆွေမျိုး မိတ်ဆွေများအားလုံးရဲ့ မိသားစု စီးပွားရေး၊ ပညာရေးတွေ အတွက် ကျန်းမာရေးအကာအကွယ်တွေနဲ့ အသက်အာမခံ အနာဂတ်ဘဝ လုံခြုံ အေးချမ်းစေဖို့ ကူညီပေးနိုင်တဲ့ အကျိုးရှိစေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ဒီလို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ လူသိများ၊ ဝင်ငွေကောင်းပြီး ဂုဏ်ရှိ တဲ့ အလုပ်အကိုင်ကို စိတ်ဝင်စားလုပ်ကိုင်လိုသူတွေ၊ မိမိ မိသားစု ဝင်တွေရဲ့ အသက်အာမခံ အကာအကွယ် ယူဖို့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့နဲ့ အတူ ဝင်ရောက် လုပ်ကိုင်လိုသူတွေပဲဖြစ်ဖြစ်၊ အသေးစိတ် သိလိုတာ မှန်သမျှ ကျွန်တော့်ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြပါတယ်။
မေတ္တာအပြည့်နဲ့ ကူညီဖို့ အမြဲအသင့်ရှိနေပါတယ်။
Tin Aung Gyi
09 77 2042 555
24/01/2026
မိတ်ဆွေတွေ ကို မိသားစု အတွက် အလိုအပ်ဆုံး အကာအကွယ် အကောင်းဆုံး အဆင်ပြေစွာနဲ့ အကြံပေး ကူညီပေးနိုင်ဖို့ ကျွန်တော်ဖုန်း 09772042555 ကိုသာ ဆက်လိုက်ပါ။
𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 မှာ အာမခံဝယ်ယူဖို့ အဆင့် (၃) ဆင့်ပဲ လိုအပ်ပါတယ်
Step 1 - 𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 page၊ Life Planner များ နဲ့ Agent များနှင့်အတူ ဆွေးနွေးတိုင်ပင်ပြီး မိမိနဲ့ ကိုက်ညီမှုအရှိဆုံးဖြစ်မယ့် အသက်အာမခံအမျိုးအစားများကို ဝယ်ယူထားနိုင်ပါတယ်။
Step 2 - မိမိ ထားရှိလိုတဲ့ အသက်အာမခံအမျိုးအစားပေါ်မူတည်ပြီး အာမခံထားရှိလိုသည့်အဆိုလွှာကို ဖြည့်သွင်းပေးပို့ရမှာပါ။
Step 3 - အသက်အာမခံကြေး ပရီမီယံကို အောက်ဖော်ပြပါ တရားဝင် ဘဏ်အကောင့်တွေကို ပေးသွင်းလိုက်ရင် အသက်အာမခံ စတင်အကျုံးဝင်သွားမှာပဲဖြစ်ပါတယ်။
(၁) KBZ Mobile Banking
(၂) KBZ Pay (Quick Pay)
(၃) Wave Pay တို့ကနေပေးသွင်းနိုင်သလို ဘဏ်မှတစ်ဆင့် ပရီမီယံကြေးပေးသွင်းလိုပါက 𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐂𝐨., 𝐋𝐭𝐝. ၏ ကုမ္ပဏီအမည်ဖြင့် တရားဝင်ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များမှ တဆင့်လည်း ပေးသွင်းနိုင်ပါတယ်။
🔹KBZ Bank
KBZ (Special)- 21951321900603001
KBZ (Saving)- 21910321900603001
🔹AYA Bank
AYA Bank (Special)- 40028946801
AYA Bank (Saving)- 20028415529
🔹YOMA Bank
YOMA- 002044124503041
🔹uab Bank
uab (Special) – 0421060100001649
uab (Saving)- 042100100003492
🔹A Bank
A Bank (Special)- 0021011200012367
A Bank (Saving)- 0021010200007399
🔹MAB Bank
MAB- 002 01 63 002034931 01 1
🔹SHWE Bank
Shwe - 23010060060007 450010
🔹Myanmar Oriental Bank
MOB – 0002605300000159
အခြားသော ဘဏ်အကောင့်များကိုလည်း လူကြီးမင်းတို့ အလွယ်တကူငွေသွင်းပေးနိုင်ရန် အခြားဘဏ်များနှင့်ချိတ်ဆက်ပြီးပါကလည်း အချိန်မီ ထပ်ပေါင်းကြေညာပေးသွားပါမယ် ခင်ဗျာ။
(သတိပြုရန်။ 𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐂𝐨., 𝐋𝐭𝐝. အမည်ရှိ ဘဏ်အကောင့်များသို့ ငွေပေးချေမှသာလျှင် တရားဝင်လက်ခံပေးနိုင်မည်ဖြစ်ပါသည်။
ကျွန်တော်တို့၏ ဝန်ထမ်းများ၊ Life Planner များနှင့် အာမခံကိုယ်စားလှယ်များသည် လူကြီးမင်းတို့ထံမှ တခြားအမည်ဖြင့်ဘဏ်အကောင့်များထဲသို့ ငွေလွှဲပေးရန်တောင်းဆိုမည် မဟုတ်ပါ။)
𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐂𝐨., 𝐋𝐭𝐝. အမည်ဖြင့်မဟုတ်ဘဲ တခြားသောအမည်ခွဲများသို့ငွေလွှဲရန် တောင်းဆိုခံလာရပါက ကျွန်တော်တို့ရဲ့ Hot Line ဖုန်းနံပါတ် 09 9544 777 88 သို့ ဆက်သွယ်နိုင်ပါတယ်။
𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ကို ရွေးချယ်လက်တွဲထားတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
𝐊𝐁𝐙 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞
Hotline: 09 9544 777 88
Website: www.kbzlife.com
Email: [email protected]
Head Office Address: No.53, Strand Square Level 2, Room - 216 (B), Strand Road, Pabedan Township, Yangon.
20/01/2026
Today @ Office
13/06/2025
လန်ဒန်မှာ အခြေချ နေထိုင်နေတာ ကြာပြီဆိုလို့ ကိုယ် ရင်သွေးလေးတွေ အတွက် အာမခံအကာအကွယ် ယူထားလောက်ပြီလို့ ယုံကြည်ထားပေမယ့် မိသားစုနဲ့ ထပ်တူ ခံစားစာနာဝမ်းနည်းရပြီး အာမခံကိုယ်စားလှယ် တစ်ဉီးအနေနဲ့ သူရဲ့ ရင်သွေးလေးတွေအတွက် အာမခံ ထားပြီးသူ ဖြစ်ပါစေလို့ လှိုက်လှိုက်လဲလဲ ဆုတောင်းနေမိပါတယ်။
ဆုံ:ပါ:သွားတဲ့ဇနီးဖြစ်သူရဲ့ နောက်ဆုံ:ဆန္ဒကိုဖြည့်ဆည်းပေးရင်း Air India လေယာဥ်.ပျ.က်.ကျ.မှုမှာပါဝင် thay ဆုံ:သွားခဲ့တဲ့ အမျိုးသား
Air India လေယာဥ်.ပျ.က်.ကျ.မှုမှာ ပါဝင်ဆုံ:ပါ:သွားခဲ့ရသူတွေထဲ Arjunbhai လည်း ပါဝင်ပါတယ်.. သူဟာ ဇနီး ရင်သွေး ၂ဦး နဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်ခဲ့တာ ကြာပြီဖြစ်ပါတယ်. ဒါပေမယ့် ကံ.မ.ကောင်:စွာနဲ့ပဲ ဇနီးဖြစ်သူက မကြာသေးခင်အချိန်ကပဲ လန်ဒန်မှာ ကွ.ယ်.လွ.န်.သွာ:ခဲ့ပါတယ်. ဇနီးဖြစ်သူရဲ့ နောက်ဆုံ:ဆန္ဒကတော့ သူမ thay ဆုံ:ခဲ့ရင် အိန္ဒိယမှာပါ နောက်ဆုံ:အခမ်းအနား ကျင်းပပေးဖို့ပါပဲ. ဒါနဲ့ပဲသူဟာ ဇနီးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ရင်သွေး ၂ဦးကို လန်ဒန်မှာ ထားခဲ့ပြီး အိန္ဒိယ Gujarat မှာရှိတဲ့ vadiya ကို ပြန်လာခဲ့တာပါ. Vadiya မှာ ဇနီးအတွက် နောက်ဆုံ:အခမ်းအနားကို သူမဆန္ဒရှိတဲ့အတိုင်း ပြုလုပ်ပေးခဲ့အပြီးမှာတော့ ရင်သွေးလေးတွေဆီပြန်ဖို့ Air India AI 171 flight နဲ့ လိုက်ပါခဲ့တာပဲ ဖြစ်ပါတယ်. အခုတော့ သူစီးဖို့ ရွေးချယ်မိသွားတဲ့လေယာဥ်က ပျ.က်.ကျ.ခဲ့တာမို့ ဇနီးသည်ရဲ့ နောက်ဆုံ:အခမ်းအနား ပြုလုပ်ပေးခဲ့တဲ့သူ့ကို နောက်ဆုံ:အခမ်းအနား ကျင်းပပေးရတော့မှာပါ. သူတို့ဇနီးမောင်နှံ နှစ်ဦးလုံး မရှိတော့ပြီမို့ သူတို့ရဲ့ရင်သွေးလေး ၂ယောက်ကလည်း မိဘ.မဲ့.တွေ ဖြစ်သွားကြရပါပြီ. မထင်မှတ်ထားတဲ့ကံတရားက Arjunbhai ကို ရင်သွေးလေးတွေနဲ့ မ.ဆုံ.နိုင်တဲ့ဆီ ပို့.လို.က်ကြပြီပဲ ဖြစ်ပါတယ်.
10/04/2025
28/03/2025
Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
16/02/2025
အသက် အာမခံ အကာအကွယ်နဲ့ မိသားစု အနာဂတ်အတွက် ငွေကြေး ဘယ်လို စုဆောင်းကြတာလဲ?
ရိုးရိုး ငွေစုထားတာ၊ ဘဏ်တွေမှာ ငွေစုတာနဲ့ အာမခံ အကာအကွယ် နဲ့ ငွေစုတာက ဘာကွာလဲ ?
ငွေစုထားတာနဲ့ အတူ ဘယ်လို အာမခံ အကာအကွယ် အမျိုးအစားတွေ များ မိသားစု အတွက် ထပ်ရမှာလဲ?
အစရှိတဲ့ အသက် အာမခံ ဆိုင်ရာ သိလို မေးလို တာလေးတွေ ရှိရင် ...
09772042555
အဝေးမှ အသေးစိတ် မေးလိုတာရှိရင်လည်း Online Zoom Meeting appointment ယူနိုင်ပါတယ်။
Click here to claim your Sponsored Listing.