Magic Plain

Magic Plain

Share

Simple is the best, all is well. 🙂🙂🙂🙂🙂

22/05/2026

အခုခေတ်မှာတော့ လင်မယားချင်း စကားများလို့ အဆင်မပြေရင် အိမ်ထောင်ရေးအကြံပေးတွေဆီ သွားကြတာ ဒါမှမဟုတ် ကွာရှင်းပြတ်စဲရေး ရှေ့နေတွေနဲ့ တရားရင်ဆိုင်ကြတာ ပုံမှန်ဘဲဖြစ်ပါတယ် ဒါပေမဲ့ ၁၅ ရာစုတုန်းက ဂျာမနီနိုင်ငံမှာတော့ အဲဒီလို ရှုပ်ရှုပ်ရှုပ်ရှုပ်တွေ လုပ်မနေဘဲ တကယ့်ကို ထိရောက်ပြတ်သားတဲ့ နည်းလမ်းတစ်ခုကို သုံးခဲ့ကြပါတယ်

အဲဒါကတော့ လင်မယားနှစ်ယောက်ကြားမှာ ဥပဒေအရ ဖြေရှင်းလို့မရတဲ့ ကြီးမားတဲ့ အငြင်းပွားမှုတစ်ခုခု ရှိလာရင် သူတို့ဟာ တရားရုံးဆီမှာ Judicial Duel လို့ခေါ်တဲ့ တရားဝင် လင်မယားချင်း ရိုက်နှက်ပွဲ ဆင်နွှဲခွင့် တောင်းဆိုနိုင်တာပဲဖြစ်ပါတယ် သူတို့ရဲ့ အယူအဆကတော့ အပြစ်မရှိတဲ့ မှန်ကန်တဲ့လူကို ဘုရားသခင်က မစပြီး အနိုင်ပေးလိမ့်မယ်ဆိုတဲ့ သဘောပါ

ဒါပေမဲ့ ဒီနေရာမှာ ပြဿနာတစ်ခု ရှိလာတာက ယောကျာ်းတွေဟာ မိန်းကလေးတွေထက် ခန္ဓာကိုယ် ပိုထွားတယ်၊ သန်မာတယ်၊ ပြီးတော့ တိုက်ခိုက်ရေးပညာတွေကိုလည်း လေ့ကျင့်ထားလေ့ရှိတော့ ဒီအတိုင်း အလွတ်တိုက်ခိုက်ခိုင်းရင် မိန်းမဖြစ်သူအတွက် မတရား ဖြစ်နေပါတယ် အဲဒါကြောင့် တရားရုံးကနေ နှစ်ဖက်လုံး မျှမျှတတ ရှိစေမယ့် စည်းကမ်းချက်တွေကို သေချာ ပြင်ဆင်သတ်မှတ်ပေးခဲ့ရပါတယ်

ပထမဆုံးအနေနဲ့ မြေကြီးထဲမှာ ကျင်းအနက်ကြီးတစ်ခု တူးလိုက်တယ် ပြီးရင် ရိုက်နှက်ပွဲမှာ လင်ဖြစ်သူကို အဲဒီကျင်းထဲ ခါးအထိ နစ်နေအောင် ဆင်းထိုင်ခိုင်းပြီး သူ့ရဲ့ လက်တစ်ဖက်ကိုလည်း ကိုယ်လုံးနဲ့ တွဲပြီး ကြိုးနဲ့ တုတ်နှောင်ထားလိုက်ပါတယ် သူ့လက်ထဲမှာတော့ သစ်သားတုတ်တစ်ချောင်း ပေးကိုင်ထားပါတယ် စည်းကမ်းချက်ကတော့ ကျင်းထဲက ယောကျာ်းဖြစ်သူဟာကျင်းအနားသတ်တွေကို လက်နဲ့ လုံးဝ မထိရပါဘူး

တစ်ဖက်က ဇနီးဖြစ်သူကတော့ ကျင်းအပြင်ဘက် မြေပြင်ပေါ်မှာ လွတ်လွတ်လပ်လပ် ရပ်နေခွင့်ရှိပြီး ဘယ်အရပ်မျက်နှာကိုမဆို စိတ်ကြိုက် ရွှေ့ပြောင်းနိုင်ပါတယ် သူ့ရဲ့လက်နက်ကတော့ ၃ ပေါင်ကနေ ၅ ပေါင်လောက်အထိ လေးတဲ့ ကျောက်တုံးကြီးကို အဝတ်စနဲ့ သေသေချာချာ ထုပ်ပိုးထားပြီး လွှဲရိုက်ရတဲ့ လက်နက်ဆန်းတစ်ခုပဲဖြစ်ပါတယ် အမျိုးသမီးဖြစ်သူဟာ ကျင်းဘေးပတ်ပတ်လည်ကို ပတ်ပြေးရင်းနဲ့ အကွက်ကောင်း၊ အချိန်ကောင်းကို စောင့်ပြီး ကျင်းထဲက ယောကျာ်းကို အပေါ်ကနေ စီးပြီး ရိုက်ရတာဖြစ်ပါတယ်

ဒီလို ထူးဆန်းတဲ့ လင်မယားချင်း ရိုက်နှက်ပွဲတွေရဲ့ စည်းကမ်းချက်တွေ၊ တိုက်ကွက်တွေကို ၁၄၆၇ ခုနှစ်တုန်းက ဂျာမန် ဓားသိုင်းဆရာကြီး ဟန်စ်တာဟိုဖာ (Hans Talhoffer) ရေးခဲ့တဲ့ Fechtbuch" (Fight Book - တိုက်ခိုက်ရေးလမ်းညွှန်) ဆိုတဲ့ လက်ရေးမူစာအုပ်ကြီးထဲမှာ ဓာတ်ပုံ ပုံရိပ်တွေနဲ့တကွ အသေးစိတ် မှတ်တမ်းတင်ထားခဲ့တာပါ

အဲဒီစာအုပ်ထဲက သိုင်းကွက်ပုံတွေမှာ ဆိုရင် မိန်းမဖြစ်သူဟာ ကျင်းထဲက ယောကျာ်းရဲ့ နားရွက်နှစ်ဖက်ကို ဆွဲပြီး မြေကြီးပေါ် ရောက်အောင် အပေါ်ကို ဆွဲတင်ပစ်လိုက်တဲ့ တိုက်ကွက်မျိုးတွေ၊ ပြီးတော့ ယောကျာ်းကို လည်ပင်းညှစ်ပြီး အသက်ရှူကျပ်အောင် လုပ်နေတဲ့ ပုံစံမျိုးတွေကို အသေးစိတ် သရုပ်ဖော်ပေးထားတာပါ ဒါဟာ ပုံပြင်အနေနဲ့ ရေးထားတာ မဟုတ်ဘဲ အဲဒီခေတ်က ရှေ့နေတွေ တရားသူကြီးတွေ ဖတ်ရတဲ့ လက်တွေ့ ဥပဒေလမ်းညွှန် စာအုပ်ကြီး ပဲဖြစ်ပါတယ်

သမိုင်းပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ ဒီလို လင်မယားချင်း တရားဝင် ရိုက်နှက်ပွဲတွေကို နေ့တိုင်းလိုလို အများကြီး လုပ်ခဲ့ကြတာမျိုးတော့ မဟုတ်လောက်ဘူးလို့ ဆိုကြတယ် ဒါပေမဲ့ နိုင်ငံရဲ့ တရားဝင် ဥပဒေစာအုပ်တွေထဲအထိ ပါဝင်ခဲ့တယ်ဆိုကတည်းက ဒါဟာ တကယ်ရှိခဲ့တဲ့ ဖြစ်ရပ်မှန် ဥပဒေတစ်ခု ဆိုတာကတော့ ငြင်းလို့မရပါဘူး

အခုခေတ် အိမ်ထောင်ရေးအဆင်မပြေမှုတွေလို မျက်ရည်သုတ်ဖို့ တစ်ရှူးတွေ အများကြီး မလိုဘဲ သွေးထွက်သံယိုမှုတွေ၊ ဦးခေါင်းကွဲတာတွေနဲ့ အပြတ်ရှင်းခဲ့ကြတဲ့ အလယ်ခေတ်က အိမ်ထောင်ရေး ပြဿနာဖြေရှင်းနည်းကတော့ တကယ့်ကို ကြောက်စရာပါဘဲ

#ဗဟုသုတ

22/05/2026
22/05/2026
22/05/2026
Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyi Htaung Hsu Main Road
Yangon
11421