Idiots

Idiots

Share

Official page of Idiots band from Myanmar. Like us and becomes an official fan :) � Clowns

04/11/2025

Update about LORC concert

အကြောင်းကြောင့် ၂၆ ရက်နေ့ကိုရွှေ့ပြောင်းလိုက်ရတဲ့ LORC ပွဲမှာ ကျနော်တို့ iDIOTS အနေနဲ့ အချိန် schedule ညှိနှိုင်းဖို့ခက်ခဲသွားတဲ့အတွက် ကျနော်တို့ special guest အနေနဲ့ မပါဝင်ဖြစ်တော့တဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ အသိပေးပါရစေ။ နောင်အခွင့်သာခဲ့ရင်တော့ ညီအစိကို band များကိုဝင်ရောက်အားဖြည့်ပေးချင်ပါကြောင်း ဒီနေရာကပဲပြောကြားလိုက်ရပါတယ်။

28/10/2025

Our hearts are broken as we say a final goodbye to our beloved brother and friend, Adino of Fever 109, an unbelievable talent and a kind-hearted soul. As a man of unwavering faith, we are comforted knowing he has entered the eternal life promised by his Lord and Savior, resting in perfect peace. We are eternally grateful for his friendship and the light he brought into our lives. We love you, brother, and look forward to the day we’ll see you again. May his soul rest in peace...

21/10/2025

ကျွန်တော်တို့ iDIOTS အနေနဲ့ ပရိတ်သတ်တွေအတွက် အစဥ်အလာမပျက် မျှဝေပေးသွားမယ့်အစီအစဉ်လေးတစ်ခုပြင်ထားတယ်ဗျာ..

လုပ်ရမှာကတော့
- iDIOTS fan အစစ်ဖြစ်ကြောင်း comment မှာ ပုံနဲ့ပြ။​
- Tattoo, အမှတ်တရပုံ, အခွေ, etc (တွေပြလို့ရတယ်)
အဲ့ထဲကမှ အယောက် ၁၀၀ ကိုရွေးပြီး လက်မှတ်တွေ ပေးသွာမှာဖြစ်ပါတယ်။​ (1 account 1 ticket) Winner တွေကို ၂၃ ရက်နေ့ မှာ Comment မှာပဲ ပြန်ကြေညာပေးပါမယ်။

မှတ်ချက်အနေနဲ့ tickets ရှိပီးသားသူများ ဝင်ရောက်မတောင်းဆိုစေချင်ပါဘူး လက်မှတ်ဝယ်ဖို့ ခက်ခဲသွားတဲ့ idiots ပရိတ်သတ်တွေကိုရည်ရွယ်ပြီး လုပ်ပေးရခြင်းဖြစ်လို့ပါ။
ကျနော်တို့ကို ချစ်တယ်ဆိုရင် ဒီစည်းကမ်းလေးလိုက်နာစေချင်ပါတယ်
တစ်ဖက်တစ်လမ်းက လက်မှတ် ၁၀၀ ပြည့်အောင် ဝိုင်းဝန်းပန့်ပိုးပေးတဲ့ မမီး (tgi) မိသားစုကိုလဲ ကျေးဇူးပါလို့ ဒီကနေပဲ shout out လေးလုပ်ချင်ပါတယ်🤘

06/02/2025

*Official statement (တရားဝင် အသိပေးကြေညာခြင်း)*

ကွယ်လွန်သူ Raymond (IDIOTS) ပါဝင်ရေးဖွဲ့ခဲ့သော IDIOTS သီချင်းများ နှင့် တခြားသူဆိုရန် Raymond ရေးသားခဲ့သော သီချင်းများ ကို ခွင့်ပြုချက်မရရှိပဲ အသုံးပြုနေသူများ ကို သတိပေးစာဖြစ်ပါတယ်။”

Raymond နှင့် ကျွန်တော်တို့ IDIOTS အဖွဲ့သားများ ၁၅နှစ်ကျော် ကြိုးစားဖန်တီးခဲ့တဲ့သီချင်းတွေဟာ ပရိသတ်အတွက်ပါ။ ဒါကြောင့် -

(၁) Professional မဟုတ်သော ဝါသနာရှင်အဆင့်ပရိသတ်များကြိုက်နှစ်သက်သူမည်သူမဆို အမြတ်အစွန်းမပါလျှင် လွတ်လပ်စွာ cover လုပ်နိုင်ပါတယ်။

(၂) ကိုယ်တွေလဲရုန်းကန်ကျင်လည်ဖူးတဲ့ကိုယ်ချင်းစာစိတ်နဲ့ ဘဝတူဆိုင်တွေမှာဖျော်ဖြေရတဲ့ artists များလည်း အသုံးပြုနိုင်ပါတယ်။ ဒါထွေထွေထူးထူးခွင့်တောင်းစရာမလိုပါဘူး။

(၃) တကယ်ခွင့်တောင်းရမယ့်သူတွေက သီချင်းကိုအသုံးပြုပြီး Monetize လုပ်လာခဲ့တဲ့အခါမျိုးပါ။ ဥပမာ ပွဲတစ်ခါဖျော်ဖြေရင် အနည်းဆုံးသိန်းဆယ်ဂဏန်း ရနေပြီး struggling artist လဲမဟုတ်ပါပဲသီချင်းကိုခွင့်မတောင်းပဲ ဖျော်ဖြေတာမျိုးတွေရယ် ၊ ခုနောက်ဆုံး “MYANMAR STAR” လို event မှာတောင် အသိအမှတ်ပြုခွင့်မတောင်းတာမျိုးကိုတော့ IDIOTS အဖွဲ့နှင့် Raymond ကျန်ရစ်သူမိသားစု မှ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ အထူးသဖြင့် စီစဉ်သူတွေထဲမှာ ဂီတလောကထဲကပဲ သက်ဆိုင်သူတွေကိုဘယ်လိုဆက်သွယ်ရမယ်ဆိုတာသိသိကြီးနဲ့ Respect နဲ့ သိက္ခာမရှိတဲ့လမ်းကိုရွေးနေတဲ့ တစ်သက်စာမိုးခါးရေသောက်သုံးသူများ ကိုရည်ရွယ်ပါတယ်။

*အသိပေးချင်တာကတော့ Raymond ရဲ့သီချင်းတွေကို ခေါင်းစဉ် (၁) နဲ့ (၂) မှအပ သီချင်းအသုံးပြုချင်သူမည်သူမဆို IDIOTS နဲ့ Raymond ကျန်ရစ်သူမိသားစု ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ကိုယ်စားလှယ် မည်သူ့ကိုမှ မခန့်ထားပါ။ ဆက်သွယ်လို့ရတဲ့ contact ကိုအောက်မှာရေးပေးထားပါတယ်။

ကျေးဇူးတင်လျက်
IDIOTS နှင့် Raymond ကျန်ရစ်သူမိသားစု

CONTACT FOR OFFICIAL BUSINESS
[email protected]

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00