Cyber Guardian
What I’m about to tell you is top secret, a conspiracy bigger than all of us. There’s a powerful group of people out there that are secretly running the world.
I’m talking about the guys no one knows about, the guys that are invisible.
08/06/2025
ဒီတလောမှာ Russia စစ်လေယာဥ် တွေကိုတိုက်ခိုက်ခဲ့တဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့မှာ လည်းဘာလို့မသုံးနိုင်သေးတာလဲ ဆိုတာတွေ စဥ်းစားစရာပေါ်လာပါတယ်။ ဒါတွေကို အခြေခံပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ကျွန်တော့် သင်တန်းသားတွေအတွက် သီးသန့်ရေးထားတဲ့ ဆောင်းပါး တစ်ခုကို ပြန်ပြင်ပြီးရေးကာ တင်ဖို့ အကြံရလာပါတယ်။
ဒါဆိုရင် စာဖတ်သူတို့အနေနဲ့ ဒရုန်းဆိုတဲ့ အရာနဲ့ မစိမ်းလောက်တော့ဘူးလို့ထင်ပါတယ်။ ဘယ်သူ့မှ ထွေထွေထူးထူး လည်းရှင်းပြ နေစရာမလိုပဲ ဒရုန်းဆိုတာနဲ့ ကို မောင်းသူမဲ့လေယာဥ်၊ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်လို့ ရတယ်ဆိုတာကလေးတွေတောင်သိလာပါပြီ။ ကဲ ဒါဆို ဒီဒရုန်းတွေက ပုံစံ တစ်မျိုးထဲလာတာလား ပန်ကာလေးဖက် နဲ့မှ ဒရုန်းလား ဆိုတာတွေ မေးခွန်းထုတ်စရာရှိလာပါပြီ။ ဒီနေ့ ပြောပြသွားမဲ့ အကြောင်းအရာ က တော့ ဒရုန်းအမျိုးအစားတွေ အခြေခံအားဖြင့်ဘယ်နှမျိုးရှိလဲဆိုတာနဲ့ သူတို့ကို လက်ရှိ မြေပြင်မှာ အသုံးချနေတဲ့ဟာတွေကို သိသလောက် Technical ပုံစံမျိုးနဲ့ မြင်အောင်ပြောပါပေးပါမယ်။
အခြေခံအားဖြင့် ၂ မျိုး ရှိပါတယ်။ Fixed Wing Drone နဲ့ Multirotor Drone ဆိုပြီးတော့ပါ။ အဲ့နှစ်ခု ပေါင်းထားပြီးတော့ VTOL ဆိုပြီးတော့လည်း အသုံးပြုကြပါသေးတယ်။ ဒါပေမယ့် အခုကတော့ အပေါ်ကနှစ်မျိုးကို ပဲ ရှင်းပြသွားမှာဖြစ်ပြီး အသေးစိတ်ကို ပုံနှင့်တကွအောက်မှာပြထားပါတယ်။
14/05/2025
ဒီနေ့ Scholarship Result တွေထွက်တော့ Scholarship ရသွားတဲ့ သူငယ်ချင်းတွေအတွက် ဝမ်းသာ ပေမယ့် မရပဲ Reject ခံလိုက်ရတဲ့ သူငယ်ချင်းတွေကို ကြည့်ရင်းနဲ့ ကျွန်တော် self study ဆိုတဲ့ article လေးရေးဖို့ အတွက် idea ရသွားပါတယ်။ များသောအားဖြင့် scholarship မရတော့ စိတ်မကောင်းဖြစ်ကြပါတယ် တချို့ဆိုရင် scholarship မရရင် ဘာဆက်လုပ်ရမလဲဆိုတာ မသိကြပါဘူး။ ဒါပေမယ့် scholarship မရပဲ တက္ကသိုလ် ကို မတက်လိုက်ရလို့ ကိုယ့်ရဲ့ အချိန်တွေကို တစ်နှစ်လောက် အကုန်မခံပဲ ကိုယ် တက္ကသိုလ်မှာရမဲ့ Knowleadge တွေကို ကိုယ့်ဘာသာ self study လုပ်လို့ရပါတယ်။ တက္ကသိုလ်ဆိုတဲ့ ဘွဲ့ လက်မှတ် က တန်ဖိုးရှိတယ်ဆိုပေမယ့် တကယ်တမ်း တန်ဖိုးရှိတဲ့အရာက အဲ့ဒီဘွဲ့လက်မှတ်ကို ကိုင်ဆောင်ထားတဲ့ လူရဲ့ အရည်အချင်းနဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ တက္ကသိုလ် သွားတက်ပြီး ဘွဲ့ရသွားတဲ့ လူတိုင်းက လည်းအရည်အချင်းမရှိကြပါဘူး။ သူတို့ရဲ့ ကြိုးစားမှုနဲ့ ကိုယ်တိုင်လေ့လာသင်ယူမှုတွေလည်းအများကြီးလိုအပ်ပါသေးတယ်။ တက္ကသိုလ်တွေမှာလည်း self study ရဲ့ အရေးပါမှုကို မေ့ထားလို့မရပါဘူး။
ကဲ အဲ့တာဆိုရင် ကျွန်တော့်ရဲ့ အဓိက ခေါင်းစဥ် ဖြစ်တဲ့ Self Study ဆိုတာကို သွားကြတာပေါ့။
ဒါဆိုရင် ကိုယ်တိုင်လေ့လာသင့်ယူမှု ဆိုတာဘာလဲ? လူတစ်ယောက်ရဲ့ ဘဝမှာ ဘယ်လောက်ထိအရေးပါသလဲ?
အခုခေတ်မှာ နည်းပညာတွေရဲ့ တိုးတက်မှုတွေ နဲ့ မြို့ပြလူနေမှု ထူထပ်လာတာနဲ့ အမျှ ပညာရပ်တစ်ခုခု ကို သင်ယူရာမှာလည်း ပြင်ပသင်တန်းတွေကို တက်တာအပြင် ကိုယ်တိုင်လေ့လာသင်ယူမှုဆိုတာကလည်း အလွန်အရေးပါလာပါတယ်။ သင်တန်းတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေက သင်ပေးလိုက်တဲ့ သင်ခန်းစာ တွေက ပညာရပ်တစ်ခုရဲ့ အခြေခံကို ပေးနိုင်ပေမယ့် တကယ်တမ်း အဲ့ဒီ ပညာရပ်ကို ထူးထူးချွန်ချွန် professional အထိ တက်မြောက်ချင်တယ်ဆိုရင် ကိုယ်တိုင်လေ့လာသင်ယူမှု (Self Study) ကို မဖြစ်မနေ နားလည် တတ်မြောက်ထားသင့်ပါတယ်။
ကိုယ်တိုင်လေ့လာသင်ယူ (Self Study) ကနေ ကိုယ်တိုင်လေ့လာချင်တဲ့ အကြောင်းအရာတစ်ခုကို စာသင်ခန်းထဲသွားစရာမလိုပဲနဲ့ စာအုပ်တွေ၊ အင်တာနက် ဆောင်းပါးတွေ၊ Youtube ဗီဒီယို တွေ နဲ့ Online Learning Platform (အွန်းလိုင်းသင်ကြားရေးပလက်ဖောင်း) တွေကနေ လေ့လာသင်ယူလို့ရပါတယ်။
So, we have to study before we study by ourselves. ကျွန်တော်တို့တွေ study မလုပ်ခင်မှာ ဘယ်လိုမျိုး self study လုပ်ရမလဲဆိုတာ အရင်ဆုံးသိထားမယ်ဆိုရင် လမ်းကြောင်းမှန်မှန် နဲ့ ကိုယ့်ဘာသာ လေ့လာသင်ယူမှုကို ဆက်ပြီးသွားနိုင်မှာပါ။ ဒါဆိုရင် ကိုယ့်မှာ ရှိတဲ့ အရင်းအမြစ်တွေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ပညာရပ်တွေကို ဘယ်လိုမျိုး လေ့လာရမလဲ?
1. ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်တစ်ခုသတ်မှတ်ပါ။ (Set a goal)
အရင်ဆုံး ပညာရပ်တစ်ခုခုကို လေ့လာတော့မယ်ဆိုရင် ကိုယ်က ဘယ်ဟာကို ဘယ်လောက်အတိုင်းအတာအထိ လေ့လာချင်လဲဆိုတာကို သတ်မှတ်ထားဖို့လိုအပ်ပါလိမ့်မယ်။ ဥပမာ – "GED စာမေးပွဲ ကို creadit နဲ့အောင်ချင်တယ်", "Python Programming ကို intermediate levelလောက်အထိ သင်ချင်တယ်၊ အင်္ဂလိပ်စာ ကို B1 Level လောက်ထိတိုးတက်ချင်တယ် စသဖြင့် ကျွန်တော်တို့ သတ်မှတ်ရင် ပိုပြီးတော့ လေ့လာတဲ့ ရည်ရွယ်ချက်ကို အဓိပ္ပါယ်ပိုရှိစေမှာဖြစ်ပါတယ်။
2. အချိန်ဇယား တစ်ခုထားပါ။ (Set a time-table)
အချိန်တစ်ခုသတ်မှတ်ပြီး လေ့လာသင်ယူပါ။ ကိုယ်သတ်မှတ်ထားတဲ့အချိန်မှာ Focus အပြည့်ထားပြီးသင်ယူရပါမယ်။ အခုလို နည်းပညာခေတ်ကြီးမှာကလည်း ကိုယ့်ကို အာရုံလွင့်ပြားစေမယ့် social media တွေ game တွေကလည်း အများကြီးပဲဆိုတော့ ကိုယ်စာလုပ်မယ့် အချိန်ကို အတတ်နိုင်ဆုံး focus ထားနိုင်အောင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။ ဥပမာ - မနက် 9-10 နာရီ၊ ည 8-9 နာရီ ကို သတ်မှတ်ပြီး နေ့တိုင်း အချိန်ပေးပြီးတော့ လုပ်ပါ။
3. ကိုယ်သင်ယူရမဲ့ အရင်းအမြစ်ကို ရှာဖွေပါ။ (Find your resources to learn)
self study တွေရဲ့ အရေးကြီးဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ ဘယ်နေရာမှာ လေ့လာရမလဲဆိုတာကို သိထားတာက ကိုယ့်အတွက်အများကြီးအထောက်အကူပြုစေမှာဖြစ်ပါတယ်။
YouTube Channels တွေ၊ Online Learning Platform (အွန်းလိုင်းသင်ကြားရေးပလက်ဖောင်း) တွေဖြစ်တဲ့ Khan Academy, Coursera, Codecademy, Future Learn လို ပလက်ဖောင်းတွေကနေလည်း လေ့လာနိုင်သလို၊ PDF, eBooks တွေလိုကနေလည်း အင်တာနက်ပေါ်ကနေ ဒေါင်းပြီးတော့ ဖတ်နိုင်ပါတယ်။ အခုဆိုရင် Telegram လို Discord လိုနေရာမျိုးတွေမှာပါ နယ်ပယ်အလိုက် Study Groupsလေးတွေ ပါ ခေတ်စားလာပါတယ်။ ဒါတွေကို သိထားချင်းအားဖြင့် လည်း ကိုယ့်သင်ယူချင်တဲ့အရာကို သေချာ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
Note: resources တွေအများကြီးရှိပါတယ်။ ကိုယ့်ဘာသာ ရှာလို့ရသလို ကျွန်တော့်ကိုလည်း လာမေးလို့ရပါတယ်။
4. မှတ်စုတိုရေးပါ။ အတိုချုန်းပြန် ရေးကြည့်ပါ။ (Take notes and Summarize the lesson)
စာဖတ်တာတွေ၊ ဗီဒီယိုကြည့်တာတွေနဲ့ ကျွန်တော်တို့ရဲ့ skillတွေ မတိုးတက်လာနိုင်ပါဘူး။ မှတ်စုတိုတွေပြန်ရေးတာတွေ၊ သင်ခန်းစာကို အတိုချုန်းပြန်ရေးတာတွေက ပညာရပ်တစ်ခု ကို မှတ်မိစေဖို့အတွက်အများကြီးအထောက်အကူ ပြုစေမှာဖြစ်ပါတယ်။ Mind Mappingတွေ, Summary Noteတွေ နဲ့ Flashcards တွေက လည်း သင်ခန်းစာတွေမှတ်မိစေဖို့ အသုံးပြုလို့ရပါတယ်။
5. သင်ယူခဲ့တဲ့ knowledge တွေကို လက်တွေ့အသုံးချပါ။
လက်တွေ့အသုံးချတဲ့အရာမှာ ကိုယ်လေ့လာတဲ့ ပညာရပ်အပေါ်မှာမူတည်ပြီးအများကြီး ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် အများစု တူညီစွာလုပ်နိုင်တဲ့အချက်က တခြားသူတစ်ယောက်ကို အဲ့ဒီ အသိပညာတွေကို ပြန်သင်ပေးတာပါပဲ။ သူများကို သင်ပေးဖို့ ကိုယ် ကိုယ်တိုင် က ဒီအကြောင်းအရာကို သေချာသိထားဖို့လိုပါတယ်။ သင်ယူတဲ့သူတွေ အနေ နဲ့ကလည်း မေးခွန်းတွေမေးလာနိုင်ပြီးတော့ ဒီလိုမျိုးမေးခွန်းတွေနဲ့ ရှင်းပြမှုတွေက ကိုယ့်ရဲ့ နားလည်မှုကို ပိုပြီးတော့ လေးနက်စေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ်သင်ပြီးတဲ့ lesson တစ်ခုကို ကိုယ့်ထက်သိတဲ့သူပဲဖြစ်ဖြစ် မသိတဲ့သူပဲဖြစ်ဖြစ် သွားပြီးတော့ knowledge sharing လုပ်တတ်တဲ့ အကျင့်ရှိတော့ ကိုယ့်ထက်သိနားလည်တဲ့သူဆိုရင် ကိုယ်က မေးခွန်းပြန်မေးပြီးတော့ အကြောင်းအရာမရင်းနှီးတဲ့သူက ကိုယ့်ကို မေးခွန်းပြန်မေးတဲ့ အခါမှာလည်း ရှင်းပြဖို့အတွက် ဥ◌ီးနှောက်က ကြိုးစားရပါတယ်။ ဒီလိုမျိုး အကျင့်တွေကပဲ ကိုယ့်ရဲ့ ပညာရပ်တစ်ခုကို နားလည်နိုင်စွမ်းကို ပိုမိုပြီးမြင့်တင်ပေးမှာဖြစ်လို့ ဒါတွေက ဘဝမှာ အရေးပါတဲ့ essential skill ဆိုပြီးကျွန်တော်က သတ်မှတ်ထားပါတယ်။
Self-study is not something to be feared just because it seems difficult or unprogressive. Start little by little and learn step by step. Actually, learning by yourself is one of the essential skills for achieving any kind of success.
19/10/2024
Laptop ပေါ်ကို ရေမတော်တဆဖိတ်ကျခဲ့ရင် ဘာလုပ်ကို ချက်ချင်းလုပ်သင့်လဲ?
အခုအချိန်မှာ Laptop အသုံးပြုမှုဟာ အခြေအနေတစ်ခုအထိမြှင့်မားလာပြီး နေရာတကာသယ်ဆောင်ရလွယ်ကူတာ၊ ရုံးခန်းတွေမှာလည်း ရွေ့ပြောင်းရပိုလွယ်ကူတဲ့အတွက် Laptop ကိုပိုပြီး ဦးစားပေးအသုံးပြုလာကြပါတယ်။ ဒါပေမယ့် Laptop အများစုဟာ ရေစိုဒဏ်ကိုမခံနိုင်ကြတဲ့အတွက် ရေ၊ ကော်ဖီခွက်မှောက်ကျပြီး ရေဝင်သွားရင် ပျက်စီးတာများပါတယ်။
ဒါပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်းကို ရေ (သို့) အရည်တစ်ခုခုဖိတ်ကျသွားတာနဲ့ချက်ချင်းပြုလုပ်ပေးမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုကို အနည်းနဲ့အများကာကွယ်နိုင်မှာဖြစ်ပါတယ်။
အရင်ဆုံး ကော်ဖီပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် Laptop ပေါ်ကိုဖိတ်ကျသွားတယ်ဆိုတာနဲ့ ကိုယ့်လက်နဲ့ Laptop ပါဝါခလုတ်ကို ရေခြောက်အောင်အရင်သုတ်ပါ။ အဝတ်စနဲ့ သုတ်တာကပိုအဆင်ပြေပါတယ်။
ပြီးတာနဲ့ ကွန်ပျူတာကို ပိတ်ပါ။ ဒီနေရာမှာ ပုံမှန်အတိုင်း ကွန်ပျူတာကို Setting ကနေတစ်ဆင့်ပိတ်တာမဟုတ်ပဲ ပါဝါခလုတ်ကို ကွန်ပျူတာပိတ်သွားတဲ့အထိ ၅ စက္ကန့်လောက်ဖိထားလိုက်ပါ။ ရေဝင်တာနဲ့ laptop အထဲကိုစိမ့်မဝင်သွားအောင် ပြောင်းပြန် ကိုင်ပြီး ပိတ်လိုက်လည်းအဆင်ပြေပါတယ်။
နောက်တစ်ချက်ကတော့ တကယ်ကို Laptop ကွန်ပျူတာကို အားသွင်းကြိုး (Power Adapter) တပ်ထားတယ်ဆိုရင် တစ်ဖက်မီးပလပ်ခုံမှာထိုးထားတဲ့ Adapter ခေါင်းကို အရင်ဖြုတ်ပြီး Laptop က Power Adapter ကိုဖြုတ်ပါ။ ပြီးတာနဲ့ ဖြစ်နိုင်ရင် laptop အနောက် ဖုံးကို ဖြုတ်ပြီး Battery ကို ဖြုတ်လိုက်ပါ။
အဲ့လိုလုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ လျှပ်စစ်ရှော့ မရှိနိုင်တော့ပါဘူး။ အခြားတပ်ဆင်ထားတဲ့ Memory Stick, Cable, Mouse အစရှိတာတွေကိုပါ ဖြုတ်ပစ်ပြီး တကယ်လို့ Warranty Seal မရှိတော့ဘူးဆိုရင် Screw Driver နဲ့ Laptop ရဲ့ RAM (ဒါမှမဟုတ်) Hard disk ကို ဖုံးထားတဲ့ အဖုံးကိုဖွင့်ပြီး RAM နဲ့ Hard disk ကို ဖြုတ်လိုက်ပါ။ တခါတလေ တချို့ Laptop တွေဟာ RAM နဲ့ Hard disk ကို သီးခြားမဖုံးအုပ်ထားပဲ အောက်ခြမ်းတစ်ခုလုံးကို ဖွင့်ရတာမျိုးရှိတတ်ပါတယ်.. အဲ့ဒီလိုဖွင့်တဲ့အချိန်ကြရင် အောက်ခြမ်းဘက်မှာရှိတတ်တဲ့ ကော်၊ ကလစ်တွေကို မကျိုးအောင် ကတ်ထူပြားအမာတစ်ခုနဲ့ တဖြည်းဖြည်းခွာပြီးဖွင့်ရမှာဖြစ်ပါတယ်။
တကယ်လို့ ဖိတ်ကျတဲ့ အရည်က သာမန်ရေမဟုတ်ပဲ အအေး (သို့) ကော်ဖီလို စေးကပ်ကပ်အရာတစ်ခုဆိုရင်တော့ ကျွမ်းကျင်တဲ့ Service Center ကို အမြန်ဆုံးပို့ရမှာဖြစ်ပါတယ်။
တကယ်လို့ ရေပဲဖိတ်ကျခဲ့တာဆိုရင်တော့ ပြန်ပြီးခြောက်သွေ့အောင်လုပ်နိုင်တဲ့ နည်းလမ်းရှိဦးမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ အဝတ်စတစ်ခုကို ယူပြီး စားပွဲပေါ်မှာဖြန့်ခင်းထားလိုက်ပါ။ Tower လို ရေစုတ်နိုင်တဲ့အဝတ်အထူမျိုးဆိုရင် ပိုအဆင်ပြေမှာပါ။ ပြီးရင် Laptop Screen ကို ဖွင့်လို့ရတဲ့အထိ ဖွင့်ထားပြီး မှောက်လျက်အနေအထားနဲ့ အနည်းဆုံး ၁နာရီကနေ ၂ နာရီလောက်ထိ အခုနကဖြန့်ခင်းထားတဲ့ အဝတ်ပေါ်မှာတင်ထားလိုက်ပါ။
တကယ်လို့ ရေခြောက်လောက်ပြီထင်ရင် အခုနက ဖြုတ်ထားတဲ့ RAM, Hard disk နဲ့ Battery တွေကို ပြန်တပ်ပြီး ပါဝါဖွင့်ကြည့်ပါ။ များသောအားဖြင့် ပြန်ကောင်းလာနိုင်ပြီး တကယ်လို့ ပါဝါပြန်မတက်လာရင်တော့ Service Center ကိုပဲပြကြည့်ရတော့မှာဖြစ်ပါတယ်။
ဒီအချက်တွေကတော့ တကယ်လို့များ ကိုယ့် Laptop ပေါ်ကို ရေ ၊ ကော်ဖီ မတော်တဆဖိတ်ကျခဲ့ရင် အမြန်ဆုံးပြုလုပ်သင့်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုမှောက်ကျမှုမျိုးကို ကြိုတင်ကာကွယ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။
ဘယ်လိုကာကွယ်နိုင်မလဲဆိုရင် Laptop ဝယ်ယူတဲ့အချိန်မှာ မတော်တဆရေဖိတ်ကျတာကို ခံနိုင်တဲ့ Spill-resistant Keyboard ပါဝင်တဲ့ Laptop တွေကို အရင်ဦးစားပေးရှာကြည့်ပါ။ အဲ့လို Spill-resistant ခံနိုင်တဲ့ Laptop တွေက လက်ရှိအချိန်မှာ ရှားသွားပေမယ့် အချို့သော Brand တွေမှာတော့ ရရှိနိုင်ပါသေးတယ်။ ရေဖိတ်ကျခဲ့ရင် Laptop ကို နောက်ဖုံးဖွင့်ရဖို့ လိုအပ်နိုင်တဲ့အတွက် အနည်းဆုံးတော့ Laptop ဝယ်ပြီဆိုရင် ဘယ်လိုမျိုးဖွင့်ရလဲဆိုတာကို တစ်ခါထဲ စုံစမ်းထားသင့်ပါတယ်။
နောက်ထပ်ကတော့ ကိုယ်တိုင်က Laptop သုံးတော့မယ်ဆိုရင် ကော်ဖီပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် ဒီအတိုင်း အဖုံးမပါတဲ့ခွက်နဲ့ သောက်တာထက် အဖုံးပါတဲ့ခွက် ဒါမှမဟုတ် ပုလင်းတစ်ခုခုနဲ့ သောက်တာက ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် Laptop က ရေစိုသွားရင် ဒီအတိုင်းမထားပဲနဲ့ အပေါ်က အချက်တွေကိုပြုလုပ်ပြီး အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အဖိုးတန် Data တွေမပျက်သွားအောင် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
18/10/2024
GPS နဲ့ GNSS က ဘာကွာတာလဲ?
ဒီနေ့မှာတော့ ကျွန်တော် တို့နေ့စဥ် ဘဝမှာ အမြဲသုံးနေရတဲ့ GPS ဆိုတဲ့ (Global Positioning System) နဲ့ တချို့သော Drone တွေမှာတွေ့ရတတ်တဲ့ GNSS (Global Navigation Satellite System) အကြောင်းကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး GPS ဆိုတာ ကို သိထားဖို့လိုအပ်ပါတယ်။ GPS ဆိုတာ က U.S က နေပြီးတော့ developလုပ်ထားတဲ့ satellite တွေနဲ့ တည်ဆောက်ထားတဲ့ တည်နေရာပြ နည်းပညာတစ်ခုဖြစ်ပါတယ်။ U.Sတစ်နိုင်ငံကပဲ လွတ်တင်ထားလို့ အထင်တော့သေးလို့မရပါဘူး။ ကမ္ဘာပေါ်ကနေရာတော်တော်များများကို မြင်နိုင်ပြီး Up to date လည်းဖြစ်ပါသေးတယ်။ အခုလက်ရှိမှာလည်း လူသုံးအများဆုံးဖြစ်ပြီး ကျွန်တော်တို့ Grab ကား ခေါ်ရင် တောင် သုံးနေကြသလို food panda လေးတွေ တချို့သောကားသမား တွေကလည်း GPS ကိုအားကိုးပြီး ခရီးသွားလာနေရတာဖြစ်ပါတယ်။ နေ့စဉ် ဘဝမှာ အမြဲသုံးလို့ရတဲ့ အမြဲသုံးနိုင်တဲ့ System တစ်ခုပေါ့ ဗျာ။
ဒါဆိုရင် GNSS ကဘာလဲ?
စောနကပြောခဲ့သလိုပဲ GPS က U.S. ကနေ develop လုပ်ထားတာဖြစ်လို့ အထင်ကြီးလို့ရပေမယ့် တကယ်တမ်းက GPS ဆိုတာက GNSSရဲ့ system တစ်ခု အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ GNSS ကို Satellite လေးမျိုးက နေပြီးတော့ စုပေါင်းဖွဲ့စည်းထားပြီးတော့ အဲ့ထဲမှာ EU အီးယူ၊ U.S. (အမေရိကန်)၊ တရုတ် နဲ့ ရုရှား တို့ ပါဝင်ပါတယ်။ GPS ထက် များစွာ ပိုမိုမြန်ဆန်ပြီး up to dateလည်းပိုဖြစ်ပါတယ်။ ကမ္ဘာ့တည်နေရ တိကျမှုကလည်း အဆပေါင်းများစွာ သာပါသေးတယ်။ ဒီ GNSS ကို စိုက်ပျိုးရေးဒရုန်းတွေ၊ ဒရုန်းအကြီးစားတွေ၊ machine controlလိုအရာမျိုးတွေ နဲ့ လမ်းကြောင်းရှာဖွေရေးတွေ မှာအသုံးပြုကြပါတယ်။ လူတွေကြားမှာတော့သိပ်ပြီးရေပန်းမစားသေးသလို အသုံးပြုနိုင်ဖို့ကလည်း စေ◌ျးအနည်းငယ်ကြီးနေတာကြောင့်ဖြစ်ပါတယ်။
ဒါကတော့ Knowledge အနေနဲ့ပဲ သိထားတာ ကောင်းပါတယ်။ စိတ်ဝင်စားတယ် ဆိုရင်တော့ satellite တွေအကြောင်းကိုအသေးစိတ်လေ့လာတာကောင်းပါတယ်။ ဒီစာလေးက ဟိုတလောက လိုင်းပေါ်တက်လာ droneပုံထဲက GNSSဆိုတဲ့ Module လေးတစ်ခုကို သတိရပြီး အဲ့အကြောင်းလေ့လာပြီးပြန်ရေးလိုက်တာပါ။
16/10/2024
မြန်မာနိုင်ငံမှာဆိုးရွားလာတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာဆိုရင် လူတွေရဲ့ စိတ်ခံစားချက်ကိုအသုံးချပြီး လိမ်လည်တဲ့ ဖြစ်ရပ်တွေကများတယ်ဆိုတာကို သုံးသပ်လို့ရပါတယ်။
ဖုန်းကို ဟက်တာ၊ မသိအောင် အကောင့်(K pay)ထဲကို ဝင်ပြီး ငွေကြေးလိမ်လည်တာ၊ ခြိမ်းခြောက်ငွေညှစ်တာတွေ အပြင် လူတွေသိပ်သတိမထားမိပဲ အမြဲခံနေရတဲ့ အယုံသွင်းခြင်း လိမ်လည်နည်းတစ်မျိုးရှိပါတယ်။ အဲ့တာကို Social Engineering လို့ ခေါ်ပြီးတော့ မြန်မာလို ဘာသာပြန်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာခြယ်လှယ်ခြင်း လို့ သတ်မှတ်လို့ရပါတယ်။ အသေးစိတ်ကိုစာထဲမှာရှင်းပြပေးသွားပါမယ်။ ဒါဆိုရင် ငွေလိမ်အဖွဲ့ တွေက ဘယ်လိုမျိုး အယုံသွင်းပြီး ငွေလိမ်တာလဲ?
သင်တို့ကို ဘယ်ကမှန်းမသိတဲ့ ဖုန်းစိမ်းတစ်ခုက ဆက်ပြီး “ဒီဖုန်းနံပါတ်က အိုင်ဖုန်းကံစမ်းမဲပေါက်လို့ပါ။” ဆိုပြီး လူစိမ်းတစ်ယောက်ကပြောဖူးပါသလား? ဒီလိုမျိုး ငွေလိမ်တဲ့သူတွေက သူတို့ရဲ့ သားကောင် ကို အမျိုးမျိုး အယုံသွင်းပြီး သူတို့ကို ငွေလွှဲချင်လာအောင် ပြောပါလိမ့်မယ်။ ပထမ ဆုံးအနေနဲ့ သင့် ကို ပစ္စည်းတစ်ခုခု ဒါမှမဟုတ် အကျိုးအမြတ် ရစေမဲ့ အရာတစ်ခုခုနဲ့ မြူဆွယ်ပါလိမ့်မယ်။ ဒီအဆင့်မှာ သင့်အနေနဲ့ သတိထားမိပြီဆိုရင်တော့ ကြိုတင်ပြီးတော့ ရှောင်လို့ ရပါတယ်။ ဒါပေမယ့် သင် သူတို့ပြောတဲ့ အကျိုးအမြတ်နဲ့ ပစ္စည်းတွေကို တကယ်ရမယ်အထင်နဲ့ စယုံလိုက်မိပြီဆိုရင်တော့ သင်က သူတို့ ရဲ့ ခြယ်လှယ်မှုထဲကို ရောက်မှန်းမသိရောက်သွားပါပြီ။ သင်က ယုံပြီးသူတို့ ကိုဟိုမေးဒီမေး မေးမိရင်တော့ ဒုတိယ အနေနဲ့ သင့်ကို အကြောင်းအမျိုးမျိုးပြပြီး စရံငွေ လွှဲခိုင်းတာမျိုးတွေ၊ သူတို့ ဆီမှာ ရင်းနှီးမြှုပ်နှံဖို့ အယုံသွင်းတာပဲ ဖြစ်စေ သင့်ကို ငွေမလွှဲလွှဲအောင်လုပ်မှာပါ။ သင်ကလည်း ယုံပြီးလွှဲလိုက်မယ်ဆိုရင်တော့ သင့်ပိုက်ဆံ ပြန်မရတဲ့အပြင် သင်မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေပါ သဲထဲရေသွန်ဖြစ်သွားမှာပါ။ ဘဝမှာ အလကားရတာဆိုတာဘာမှမရှိပါ ပိုက်ဆံနည်းနည်းရင်းပြီးဘာမှ အားစိုက်မထုတ်ပဲ အကျိုးအမြတ်ရတာ ကိုယ်က ဘာမှမလုပ်ထားပဲနဲ့ မဲပေါက်တာ ဒါတွေက အစောကတည်းက အဓိပ္ပါယ်မရှိတဲ့အရာတွေပါ။
နောက်ထပ်တစ်ခုကတော့ အဖွဲ့လိုက် လိမ်တဲ့ပုံစံမျိုးပါ။ Social media ကနေ အကောင့်လေးခု ငါးခုနဲ့ မတူတဲ့လူပုံစံတွေနဲ့ စကားလာပြော အီစီကလီကနေ ပြီးတော့ စီးပွားရေးကိုရင်းနှီးမြုပ်နှံဖို့ ဒါမှမဟုတ် "ညီမဆော့နေကြဂိမ်းလေးက ရတဲ့ ပိုက်ဆံနဲ့အိုင်ဖုန်းဝယ်နိုင်သွားပြီ" တို့ ပြောပြီး သူတို့ရဲ့ ဂိမ်းဒိုင်တွေရဲ့ ချိတ်ပေးရင်တော့ သတိကြီးကြီး ထားဖို့အကြံပေးချင်ပါတယ်:3 တကယ်တမ်းက သူတို့တွေအကုန်လုံးကတစ်ဖွဲ့ထဲတွေပါ။ စော်လေးချောချောလေးဆိုပြီးတော့လည်း မယုံလိုက်ပါနဲ့ နောက်ကွယ်မှာ အဲ့တာမျိုးတွေက ဘဲကြီးတွေဖြစ်နေတတ်ပါတယ်။
အခြေခံအားဖြင့် အပေါ်ကပြောတဲ့ ပုံစံနဲ့လိမ်တာပဲဖြစ်ပါတယ်။ ရိုးရိုးလေးပဲဆိုပေမယ့် တကယ်တမ်းလက်တွေ့မှာ လူအများကြီးခံနေရတာ ဒီလိုအယုံသွင်းလိမ်လည်မှုတွေကြောင့်ပါပဲ။ သူတို့တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ လိမ်ပုံလိမ်နည်း နဲ့ ဇာတ်လမ်းတွေကကွာတတ်ပါသေးတယ်။ ပစ်မှတ်ရဲ့ လောဘစိတ်၊ ကြောက်စိတ်၊ စိုးရိမ်စိတ် နဲ့ ရာဂစိတ်တွေ အပေါ် လွမ်းမိုးပြီးတော့ ငွေကြေးလိမ်လည်တာ ခြိမ်းခြောက်ပိုက်ဆံတောင်းတာတွေရှိတတ်ပါတယ်။
သူတို့ရဲ့ ပစ်မှတ် အများစုက နည်းပညာနဲ့ပတ်သက်ပြီး အဆက်စပ်မရှိလှတဲ့ သူတွေ၊ အယုံလွယ်တဲ့သူတွေ ပဲဖြစ်ပါတယ်။
ကျွန်တော်အပေါ်က ပြောခဲ့တာတွေကို အခြေခံအားဖြင့်မျက်လုံးထဲမြင်သွားရင် ကို တော်တော်လေးအဆင်ပြေနေပါပြီ။ ဒါမျိုးတွေက ကြိုတင်ပြီးတော့ ဗဟုသုတရှိထားမှ သာ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
စကားမစပ် ငါးပစ်ဂိမ်း စလော့ဂိမ်းတွေကို မှိုလိုပေါက်အောင် နေရာတိုင်းမှာကြော်ညာနေတဲ့ တစ်ရာဖိုးသုံးပုဒ် social influencerတွေကြောင့် social mediaကြီးက တဖြေးဖြေး အနုတ်သဘောဆောင်တဲ့ ရလာဒ်တွေဖြစ်လာပြီး လူတွေကို ဆင်းရဲ သထက်ဆင်းရဲ အောင်လုပ်နေတာကိုတွေ့နေရပါတယ်။ ဒါတွေက လူတွေရဲ့လောဘစိတ်ကို အသုံးချ ဆွဲဆောင်နေတာပါ။ စိတ်အပန်းဖြေဖို့အတွက် ငါးပစ်ဂိမ်း စလော့ဂိမ်းတွေကို ဆော့ကြတာလက်ခံလို့ရပါသေးတယ်။ ဒါပေမယ့် အဲ့ကနေမှတဆင့် လောဘတွေကြီးပြီး ရှယ်ပလန်နဲ့ ဆော့ရင်တော့ မွဲဖို့ပဲရှိပါတယ်။
နောက်ဆုံးအနေနဲ့ထပ်ပြီးပြောချင်တာက ဒီလို ဖုန်းတွေဆက်ပြောတိုင်း၊ စာတွေ ကို လာပို့တိုင်း မယုံကြပါနဲ့။ ဘယ်သူဘယ်ဝါဆိုတာ စမ်းစစ်ပါ။ ကိုယ့်ထက် ကျွမ်းကျင်တဲ့သူတွေကို ငွေမလွှဲခင်မှာ တိုင်ပင်ပါ အသိပေးပါ။ အားလုံးပဲ ဘေးကင်းတဲ့ Social အသိုက်အဝန်းဖြစ်ပြီး၊ ငွေကြေး လိမ်လည်မှု ရန်ကနေ ကင်းဝေးကြပါစေ။
Fing - Network Tool အသုံးပြုနည်းလေးကို လက်တွေ့လုပ်ပြထားပါတယ်။
mobile appဖြစ်တဲ့အတွက် လူတိုင်းရဲ့ ဖုန်းထဲမှာထည့်ထားပြီး အိမ်က wifiတွေကို manageလုပ်ဖို့အတွက် အများကြီးအသုံးဝင်ပါတယ်။ မီးပြတ်နေရင်တော့ သုံးမရဘူးပေါ့နော်🤣
See you in next video!!
Youtube ကနေ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ သွားကြည့်လို့ရပါတယ်
ဒီ Video ထဲမှာတော့ Aircrack tool ကို အသုံးပြုပြီးတော့ Wireless Hacking ရဲ့ အခြေခံ အကျဆုံး Crack လုပ်နည်းလေးကို ရှင်းပြပေးထားပါတယ်။ ဒီVideo ကြည့်ပြီးတစ်ခုခု တတ်မြောက်သွားမယ်လို့ မျှော်လင့်ပါတယ်။
ပိုင်ရှင် ရဲ့ ခွင့်ပြုချက်မရှိပဲနဲ့ မသိအောင် ပြုလုပ်ခြင်းက တရားမဝင်တဲ့အတွက် ကျွန်တော်ကတော့ ကောင်းမွန်တဲ့ နေရာတွေ မှာအသုံးပြုဖို့ အကြံပေးချင်ပါတယ်။
Kali Linux OS ကို အသုံးပြုထားပါတယ်။
OS လို့အတိုကောက်ခေါ်ကြတဲ့ Operating System တွေအကြောင်းရှင်းပြထားပါတယ်။
ပရိတ်သတ်တို့ရော အခုသုံးနေတဲ့ ဖုန်းက ဘာ OS လဲ? Android လား IOSလား ?
Computerကရော Mac လား Windowsလား ဒါမှမဟုတ် Linux user တစ်ယောက်လား?
Comment အောက်မှဖြေပေးသွားကြနော် 😉
01/04/2024
အရင်က အခန်းလေး ပြန်သတိရမိ 🥺🩶
Windows 10 တင်ဖို့ Bootable Stickလုပ်မယ်
ဒီ video ထဲမှာဆိုရင် တော့ Windows Bootable Stick လုပ်နည်းလေးကို ပြထားပါတယ်။
Windows ISO file တွေကို ဒေါင်းရာမှာ Downloadလုပ်မရတာတွေကို ဘယ်လိုရအောင်လုပ်မလဲဆိုတာကို ပြောထားပေးပါတယ်။
Video လေးက ရှည်တာဖြစ်တဲ့အတွက် လိုရင်းပဲပြောထားပါတယ်။
အသေးစိတ် အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ နောက်video ထပ်လုပ်ပေးပါမယ် ။
နောက်Videoတွေအတွက်Page ကို Like and Follow လုပ်ပေးကြဖို့လည်း မမေ့နဲ့နော်။
Youtube မှာ ပိုမိုကောင်းမွန်တဲ့ Video အရည်အသွေးနဲ့ ကြည့်ရှုပြီး subscribeလုပ်ပေးထားကြဖို့ မေတ္တာရပ်ခံပါတယ်။
👇👇
https://youtu.be/yY9ihmdv0yA
Download link တွေကို Commentမှာ ချပေးထားပါတယ်။
Click here to claim your Sponsored Listing.