Next In

Next In

Share

K ရေစီးကြောင်းကို Next In နဲ့အတူ စီးမျောလိုက်ပါ။

21/06/2026

■ ကွာရှင်းပြီးနောက် BJ ဘဝကို စတင်ခဲ့တဲ့ Yulhee

- - -LABOUM အဖွဲ့ဝင်ဟောင်း Yulhee ဟာ ကွာရှင်းပြီးနောက်ပိုင်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရုန်းကန်ခဲ့ရပုံတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

သူဟာ Live Streaming လောကထဲကို မဝင်ခင်မှာ (၂) နှစ်လောက်အထိ အချိန်ယူ စဉ်းစားခဲ့ရတယ်လို့ ဆိုပါတယ်။ “ENA” YouTube channel မှာ “အလုပ်အကိုင် ခေတ္တရပ်နားပြီးနောက် BJ လုပ်တာလား။ Yulhee ရဲ့ ပထမဆုံး ရိုးသားတဲ့ ဝန်ခံချက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။

အဲဒီမှာ Yulhee ဟာ အွန်လိုင်းမှာ အမျိုးသမီး Live streamer တွေကို ခေါ်လေ့ရှိတဲ့ "female cam streamer" ဆိုတဲ့ အခေါ်အဝေါ်အကြောင်း ပြောပြသွားတာပါ။ “ကျွန်မ live stream လုပ်တဲ့အခါ ပရိသတ်တွေက ‘ဒီလိုမျိုး broadcast လုပ်တဲ့သူတွေကို female streamer လို့ မခေါ်ဘူးလား’ ဆိုပြီး မေးကြပါတယ်။ ကျွန်မကလည်း ‘ကျွန်မက အမျိုးသမီးတစ်ယောက်ဆိုတော့ female streamer ဖြစ်မှာပေါ့’ လို့ ရိုးရိုးလေးပဲ ပြန်ဖြေလိုက်မိတယ်။

အဲဒီမှာတင် ‘Yulhee က အလုပ်ပြောင်းပြီး female cam streamer ဖြစ်သွားပြီ’ ဆိုပြီး ခေါင်းစဉ်တွေ ထွက်လာတော့တာပဲ။ အဲဒီစကားလုံးမှာ အမြင်စောင်းစရာတွေ အများကြီးပါနေတော့ လူတွေက ကျွန်မကို အဲဒီမျက်လုံးနဲ့ပဲ ကြည့်လာကြတယ်”လို့ သူက ရှင်းပြပါတယ်။

သူ့ရဲ့ live content တွေကတော့ ပရိသတ်တွေနဲ့ စကားပြောဖို့ပဲ အဓိကထားတာပါ။ “ကျွန်မရဲ့ content ကတော့ ဆက်သွယ်ပြောဆိုတာပါပဲ။ ပရိသတ်တွေနဲ့ စကားပြောမယ်၊ နောက်ပိုင်းဆိုရင်တော့ ပရိသတ်တွေနဲ့အတူ ဂိမ်းဟောင်းလေးတွေ ဆော့ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

Yulhee ဟာ တစ်ခါ live လွှင့်ရင် အချိန်အကြာကြီး လွှင့်တတ်သူပါ။ “ပုံမှန်ဆိုရင် (၇) နာရီ၊ (၈) နာရီလောက် လွှင့်ပါတယ်။ အကြာဆုံးလွှင့်ခဲ့တာကတော့ (၃၀) နာရီအထိပါပဲ။ ကင်မရာရှေ့မှာ ထိုင်ပြီး မုန့်စားမယ်၊ ထမင်းစားမယ်၊ သွားတိုက်မယ်၊ တစ်ခါတလေဆိုရင် (၅) မိနစ်လောက် ငိုက်မြည်းသွားတာမျိုးတောင် ရှိပါတယ်” လို့ သူက ဆိုပါတယ်။

သူ့စိတ်ထဲမှာတော့ ဝေဖန်တာတွေ အများကြီး ခံရမယ်လို့ ကြိုတွေးထားပေမဲ့ တကယ်တမ်းကျတော့လည်း မဟုတ်ခဲ့ပါဘူး။ “တကယ်တော့ ကြိုတွေးပြီး ပူပန်နေခဲ့တာက ကျွန်မပါပဲ။ မစခင်ကတည်းက (၂) နှစ်လောက် အချိန်ယူ စဉ်းစားခဲ့ရတာပါ။ တကယ်တမ်းကျတော့ အားပေးတဲ့သူတွေ အများကြီး ရှိခဲ့သလို ကျွန်မကို မတွေ့ရတာ ကြာပြီဖြစ်တဲ့ ပရိသတ်တွေကလည်း ပြန်တွေ့ရလို့ ပျော်နေကြပါတယ်။ သတင်းတွေ ထွက်လာမှပဲ အဲဒီလို အမြင်စောင်းတာတွေကို ခံစားမိလာတာပါ”လို့ ဝန်ခံပါတယ်။

ဒါ့အပြင် F.T. Island အဖွဲ့ဝင် Choi Min-hwan နဲ့ ကွာရှင်းပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲတဲ့ကာလအကြောင်းကိုလည်း ရင်ဖွင့်ပါတယ်။

“ကွာရှင်းပြီးနောက်ပိုင်းမှာတော့ ကျွန်မရဲ့ အလုပ်အကိုင်တွေ အားလုံး ရပ်တန့်သွားခဲ့ပါတယ်။ အမြဲတမ်း အိမ်ထဲမှာပဲ ကပ်နေတဲ့သူ ဖြစ်သွားတာပေါ့။ အရင်ကတည်းက အပြင်သိပ်မထွက်တဲ့သူဆိုပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ လုံးဝကို အဆက်အသွယ် ဖြတ်လိုက်မိတာပါ။ Message တွေတောင် မကြည့်ဖြစ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အထီးကျန်အောင် လုပ်မိခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။

Sources: Daum

21/06/2026

■ ကိုရီးယားရဲ့ ရူးလောက်တဲ့ ဆင်ဆာစနစ်ကို ဖွင့်ဟခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Tablo

- - - Epik High အဖွဲ့ဝင် Tablo က ကိုရီးယားမှာရှိတဲ့ သီချင်းများအတွက် တင်းကျပ်လွန်းတဲ့ ဆင်ဆာစနစ်အကြောင်းကို ပြောပြခဲ့ပြီး အနုပညာဖန်တီးမှုတွေ တိုးတက်ဖို့အတွက် ဒီစနစ်က အရမ်းကို တင်းကြပ်လွန်းနေသလားဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Tablo က သူ့ရဲ့ “Hey Tablo” ပေါ့တ်ကတ်စ်မှာ ကိုရီးယားရဲ့ ဆင်ဆာစနစ်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။ အဲဒီထဲမှာမှ Epik High ရဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Ddu Ddu Ru” သီချင်းကို ထူးဆန်းတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဆင်ဆာဖြတ်ခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

"သီချင်းထဲမှာ Mithra Jin သီဆိုထားတဲ့ 200 km pokju ဆိုတဲ့ စာသားဟာ ကျွန်တော်တို့ရဲ့ လူငယ်ဘဝဟာ တစ်နာရီကို ၂၀၀ ကီလိုမီတာနှုန်းနဲ့ ပြေးလွှားနေပါတယ်လို့ အဓိပ္ပာယ်ရပြီး ကိုရီးယားမှာ သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ကျော်လွန်နေတာကြောင့် အဲဒီသီချင်းကို ဆင်ဆာဖြတ်ခဲ့ရတာပါ။ ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး”လို့ Tablo က အလေးပေး ပြောကြားခဲ့ပါတယ်။

သီချင်းတွေကို ဆင်ဆာဖြတ်တဲ့အခါ သက်ဆိုင်ရာအာဏာပိုင်တွေက အနုပညာရှင်တွေကို အကြောင်းပြချက်နဲ့တကွ အကြောင်းကြားစာ ပေးပို့လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ Epik High သီချင်းအတွက် အကြောင်းကြားစာမှာတော့ အမြန်နှုန်းကန့်သတ်ချက်ပြဿနာကြောင့် ဆင်ဆာဖြတ်ရတာလို့ တရားဝင်ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Tablo ပြောထားတဲ့ ဗီဒီယိုအတိုလေးဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ နိုင်ငံရဲ့ ဥပဒေစနစ်ထဲမှာ ရှိနေတဲ့ မရေရာတဲ့ စံနှုန်းတွေကို နိုင်ငံတကာ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

21/06/2026

■ ဝန်ထမ်းတွေရဲ့ ဖိအားပေးတောင်းဆိုခြင်းခံနေရတဲ့ Cha Ga-won

- - - ONE HUNDRED ကုမ္ပဏီဥက္ကဋ္ဌ Cha Ga-won ပတ်သက်နေတဲ့ အရှုပ်တော်ပုံတွေကတော့ ပိုမိုကြီးထွားလာနေပါတယ်။ ဝမ်သန်းပေါင်း ၃၀,၀၀၀ လိမ်လည်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ စွပ်စွဲချက်တွေကို ရှေ့နေတွေက ပယ်ချခဲ့တာကြောင့် အခုအခါမှာတော့ ကုမ္ပဏီလက်အောက်ခံ ဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်းတွေက လစာပေးဖို့နဲ့ တရားဝင် တောင်းပန်ဖို့အတွက် ထပ်မံတောင်းဆိုလာကြပါတယ်။

ONE HUNDRED၊ Big Planet Made Entertainment နဲ့ INB100 က ဝန်ထမ်းဟောင်းတွေနဲ့ လက်ရှိဝန်ထမ်းတွေနဲ့ ် ဖွဲ့စည်းထားတဲ့ “ထိခိုက်နစ်နာသူ ဝန်ထမ်းများအဖွဲ့”ဟာ ဇွန်လ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ် တရားဝင် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ “ပြည်သူလူထုက ကျွန်တို့အခြေအနေကို စိတ်ဝင်စားပေးကြတဲ့အတွက်ကြောင့် Cha Ga-won ဘက်က ဝန်ထမ်းတွေကို လစာတွေ စတင်ပေးချေလာပါပြီ”လို့ သူတို့က ဆိုပါတယ်။

ဒါပေမဲ့လည်း သူတို့က “ကျွန်တော်တို့ အသက်ရှူချောင်လာပြီလို့ ဆိုနိုင်ပေမဲ့ မပြီးပြတ်သေးတဲ့ ပြဿနာတွေ အများကြီး ရှိပါသေးတယ်။ ကုမ္ပဏီသုံးခုလုံးမှာရှိတဲ့ ဝန်ထမ်းဒါဇင်ပေါင်းများစွာဟာ လစာမရသေးသလို ဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေးကြေး ၄ ခုကိုလည်း ပေးဆောင်ဖို့ ကျန်ရှိနေပါသေးတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

“လစာတွေ လနဲ့ချီပြီး မရတာကြောင့် နေ့စဉ်ရုန်းကန်နေရတဲ့ ဝန်ထမ်းတွေအတွက်တော့ အလွန်ကို ခက်ခဲတဲ့ ဒုက္ခတစ်ခုပါပဲ။ Cha Ga-won ဟာ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကို ချက်ချင်းလစာပေးရမှာဖြစ်ပြီး ကျန်ရှိနေတဲ့ လူမှုဖူလုံရေးကြေးတွေကိုလည်း အမြန်ဆုံး ရှင်းပေးရပါမယ်။ လစာမပေးခင်မှာ အပြစ်မပေးဖို့ တောင်းဆိုတဲ့ စာတွေကိုပဲ အရင်တင်ခိုင်းနေတာမျိုးကို လုပ်နေတာပါ”လို့လည်း သူတို့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ သူတို့က “ကုမ္ပဏီရန်ပုံငွေ ဝမ်သန်းပေါင်းများစွာကို Cha Ga-won ရဲ့ ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် တခြားလက်အောက်ခံ ကုမ္ပဏီတွေဆီ ပြောင်းရွှေ့ခဲ့တယ်လို့ နားလည်ထားပါတယ်။ ဒီပျက်စီးဆုံးရှုံးမှုအားလုံးကို Cha Ga-won နဲ့ ကုမ္ပဏီကို ယုံကြည်ခဲ့တဲ့သူတွေပဲ ခံစားနေရတာပါ။ ဝန်ထမ်းတွေ လစာမရကြသလို အနုပညာရှင်တွေကလည်း အချိန်ကြာမြင့်စွာ ပိုက်ဆံမရတာကြောင့် အေဂျင်စီကနေ ထွက်ခွာသွားကြပါတယ်။ ပိုက်ဆံမရသေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ အဝတ်လျှော်ဆိုင်လိုမျိုး လုပ်ငန်းငယ်လေးတွေလည်း အများကြီး ပါဝင်နေပါတယ်”လို့ ပြောပါတယ်။

“နစ်နာသူတွေကြားထဲမှာ ‘Cha Ga-won ရဲ့ Ferrari တစ်စီးလောက် ရောင်းလိုက်ရင်တောင် အဝတ်လျှော်ဆိုင်အကြွေးတွေ အကုန်ကျေသွားမှာပါ’ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်စနောက်တဲ့ စကားတွေတောင် ရှိနေပါတယ်။ အခုထိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရရင် နောင်အနာဂတ်မှာ ပျက်စီးဆုံးရှုံးမှုတွေက ပိုပြီး ကြီးမားလာဦးမယ်လို့ ထင်ပါတယ်”လို့ သူတို့က ဆိုပါတယ်။

တစ်ဖက်မှာလည်း ဆိုးလ်မြို့ ရဲတပ်ဖွဲ့ရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနကတော့ ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ ရှေ့နေတွေကတော့ စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ တောင်းဆိုကာ ပယ်ချခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ Cha Ga-won ဟာ ကုမ္ပဏီအနုပညာရှင်တွေရဲ့ IP စီးပွားရေးနဲ့ ပတ်သက်ပြီး ကြိုတင်ငွေကြေး အမြောက်အမြား ရယူခဲ့ပေမဲ့ စာချုပ်ပါအတိုင်း မလုပ်ဆောင်ခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source : SBS Star

21/06/2026

■ Lee Kwang-soo ရဲ့ အလွဲအချော်တွေ

- - - tvN ရဲ့ “GBRB: Farm Operation – Go Go Farm” အစီအစဉ်အသစ်မှာ Lee Kwang-soo တစ်ယောက် နွားချေးတွေ သန့်ရှင်းရေးလုပ်ရင်း သတိလစ်မတတ် ဖြစ်ခဲ့ရတဲ့အကြောင်းကို ရယ်စရာကောင်းအောင် ပြန်ပြောပြသွားလို့ ပရိသတ်တွေ ဟားတိုက်ခဲ့ရပါတယ်။

ဇွန်လ (၁၉) ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဒီအစီအစဉ်မှာတော့ Lee Kwang-soo၊ Kim Woo-bin နဲ့ Doh Kyung-soo တို့ (၃) ယောက်ဟာ Jeju ကျွန်းမှာ မွေးမြူရေးလုပ်ငန်းကို စိန်ခေါ်မှုတစ်ခုအနေနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ သူတို့ (၃) ယောက်ဟာ စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ၊ ချစ်စရာကောင်းတဲ့ နွားငယ်လေးတွေကို စိတ်ကူးယဉ်ပြီး ရောက်လာခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

သူတို့ရဲ့ ပထမဆုံး အလုပ်ကတော့ နွားတင်းကုပ်ကို သန့်ရှင်းရေးလုပ်ပြီး ကြမ်းပြင်မှာ ပေကျံနေတဲ့ နွားချေးတွေကို ဖယ်ရှားရတာပါ။ နွားချေးတွေပေါ် နင်းမိတဲ့အခါမှာတော့ “ဒါ တကယ်ပဲ နွားချေးဟုတ်ရဲ့လား၊ ခံစားချက်က အရမ်းထူးဆန်းတယ်”ဆိုပြီး မျက်နှာပျက်ခဲ့ကြပါတယ်။ Doh Kyung-soo ကလည်း “ကျွန်တော်တို့ အစီအစဉ်က အစားအသောက်အကြောင်း မဟုတ်ဘူးလား၊ တစ်နေ့ကုန် ဒီနွားချေးတွေပဲ သန့်ရှင်းရေးလုပ်နေရမှာလား”ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောဆိုခဲ့ပါသေးတယ်။

အလုပ်လုပ်နေရင်းနဲ့မှ ဗိုက်မကောင်းတတ်တဲ့ Lee Kwang-soo ကတော့ ခေါင်းတွေကို တခါတခါ ခါလိုက်၊ မနိုင်မနင်း ဖြစ်လိုက်နဲ့ ပင်ပန်းနေပါတယ်။ “ကျွန်တော့်ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အနံ့ပဲ။ ပရိသတ်တွေက ကိုယ်တိုင်လာမှပဲ နားလည်မှာပါ”လို့ သူက ဝန်ခံခဲ့ပါတယ်။ သူတို့ သန့်ရှင်းရေး လုပ်ပြီးသား နွားချေးပုံတွေပေါ်ကို ရိုက်ကူးရေးဝန်ထမ်းတွေ နင်းမိတာကို မြင်တော့လည်း “ဘယ်လိုပဲဖြစ်ဖြစ် ပြန်ပုံလာမှာပဲဆိုရင် ဘာလို့ သန့်ရှင်းရေး လုပ်နေရတာလဲ”လို့ အော်ဟစ်လိုက်တာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရယ်မောသံတွေ ပဲ့တင်ထပ်သွားပါတယ်။

အခြေအနေက ပိုဆိုးသွားတာကတော့ Doh Kyung-soo က နွားချေးခဲတစ်ခုကို Kim Woo-bin ဘက်ကို လှမ်းပစ်လိုက်တဲ့ အချိန်ပါပဲ။ “ငါ့ဇစ်ပေါ်မှာ နွားချေးတွေ ပေကုန်ပြီ”လို့ Kim Woo-bin က ညည်းတွားရင်း အဝတ်အစားတွေကို ခါထုတ်ခဲ့ပါတယ်။ သူက Doh Kyung-soo ကို ဒေါသထွက်တဲ့ပုံစံနဲ့ “ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်” လို့ နောက်ပြောင်ပြောလိုက်တာကလည်း ရယ်စရာ အခိုက်အတန့်လေးတစ်ခု ဖြစ်ခဲ့တာပါ။

ပင်ပန်းတဲ့ အလုပ်တွေပြီးလို့ ညစာစားဖို့ စုမိကြတဲ့အခါမှာတော့ Lee Kwang-soo က မပြောပြချင်ဘဲ ဖွင့်ဟလိုက်တဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ “ဒီအကြောင်း ပြောသင့် မပြောသင့်တောင် မသေချာဘူး။ ခုနတုန်းက ဆီးသွားတဲ့အခါ သတိလစ်မတတ် ဖြစ်သွားတယ်။ နံရံကိုတောင် မှီထားလိုက်ရတယ်။ ဒါ နွားချေးကြောင့် အဆိပ်သင့်တာလား ဘာလားတော့ မသိဘူး”လို့ သူက ပြောလိုက်တာကြောင့် အားလုံး ရယ်မောခဲ့ကြပါတယ်။

အဲဒီလို ရယ်မောနေရင်းနဲ့မှ ထုတ်လုပ်သူ Na Young-seok က Doh Kyung-soo ကို လှည့်ကြည့်ပြီး “နေဦး၊ မင်းရော လက်ရော ဆေးခဲ့ရဲ့လား” လို့ မေးလိုက်ပါတယ်။ အားလုံး အံ့အားသင့်သွားရတာကတော့ Doh Kyung-soo က “မဆေးရသေးဘူး ထင်တယ်” လို့ ဖြေလိုက်တဲ့ အချိန်ပါပဲ။ ထုတ်လုပ်သူက “ခုချက်ချင်း သွားဆေးတော့” လို့ ပြောလိုက်တော့မှပဲ သူက အိမ်သာဘက်ကို အပြေးလေး ထွက်သွားပါတော့တယ်။

အလွဲအချော်တွေ၊ အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ သူတို့ (၃) ယောက်လုံး နွားချေးတွေကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခဲ့ပါတယ်။ အလုပ်ပြီးသွားလို့ အားအင်ကုန်ခမ်းနေတဲ့ သူတို့ရဲ့ မျက်နှာတွေကို မြင်လိုက်ရတာက ပရိသတ်တွေအတွက်တော့ ဒီအစီအစဉ်ရဲ့ အရယ်ရဆုံး အပိုင်းတွေထဲက တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။

Sources: Nate

21/06/2026

■ Jang Won Young ရဲ့ Butterfly Effect

- - - IVE အဖွဲ့ဝင် Jang Won Young ရဲ့ လေဆိပ်လုံခြုံရေး စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှုဟာ အခုတော့ တောင်ကိုရီးယားလေဆိပ်တွေရဲ့ လုပ်ငန်းစဉ်တွေကို ပြောင်းလဲသွားစေခဲ့ပါပြီ။

ဇွန်လ (၂၀) ရက်နေ့မှာ ကိုရီးယားလေဆိပ်ကော်ပိုရေးရှင်း (KAC) ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ပြည်တွင်းလေကြောင်း လမ်းညွှန်ချက်ထဲက “Boarding Gate မှာ ကိုယ်ပိုင်အထောက်အထား စစ်ဆေးခြင်းနဲ့ လက်မှတ်စစ်ဆေးခြင်း” အပိုင်းမှာ စည်းကမ်းချက်အသစ် တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။

အဲဒီအသစ်ထပ်ထည့်လိုက်တဲ့ စာသားမှာတော့ “အထောက်အထား စစ်ဆေးဖို့နဲ့ မျက်နှာချင်းဆိုင် အတည်ပြုဖို့အတွက် မျက်နှာဖုံး၊ ဦးထုပ်နဲ့ နေကာမျက်မှန်တွေကို ခေတ္တခဏ ဖယ်ရှားပေးပါ”လို့ အတိအလင်း ရေးသားထားတာပါ။ အရင်တုန်းကတော့ လုံခြုံရေးဝန်ထမ်းတွေက နှုတ်နဲ့ပဲ ပြောဆိုခဲ့တဲ့ ဒီလုပ်ငန်းစဉ်ကို အခုတော့ စည်းကမ်းချက်အဖြစ် တရားဝင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီလို စနစ်တကျ ပြောင်းလဲမှုဟာ မေလ (၃၀) ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ ပြုလုပ်မယ့် အစီအစဉ်တစ်ခုကို သွားဖို့ Gimpo အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတဲ့ Jang Won Young ရဲ့ ဗီဒီယိုဖိုင်ကနေ စတင်ခဲ့တာပါ။

အဲဒီဗီဒီယိုထဲမှာ Jang Won Young ဟာ လုံခြုံရေး စစ်ဆေးသူရှေ့မှာ မျက်နှာဖုံးကို အနည်းငယ်ပဲ လျှော့ချခဲ့ပြီး ဦးထုပ်ကို ဆောင်းထားဆဲ ဖြစ်တာကို တွေ့ခဲ့ရပါတယ်။ အဲဒီဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ “ဒါဟာ နာမည်ကျော်မို့လို့ အထူးအခွင့်အရေးပေးတာလား” ဆိုတဲ့ မေးခွန်းတွေနဲ့ “လေဆိပ်မှာ ခွဲခြားမှုမရှိဘဲ အားလုံးကို တူညီတဲ့ လုံခြုံရေး စံနှုန်းတွေနဲ့ပဲ စစ်ဆေးရမယ်”ဆိုတဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။

အငြင်းပွားမှုတွေ ပိုမိုကြီးထွားလာတဲ့အတွက် ဇွန်လ (၁၅) ရက်နေ့မှာတော့ Gimpo လေဆိပ် လုပ်ငန်းလည်ပတ်ရေးဌာနရဲ့ လုံခြုံရေး စီမံခန့်ခွဲမှုဌာနဆီကို အထောက်အထား စစ်ဆေးတဲ့ စံနှုန်းတွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ တရားဝင်တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။

အဲဒီအပေါ်မှာ ကိုရီးယားလေဆိပ်ကော်ပိုရေးရှင်းက ဇွန်လ (၁၆) ရက်နေ့မှာ “ဒီနာမည်ကျော်ကို အထူးအခွင့်အရေး ပေးတာမျိုး လုံးဝမရှိပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ခရီးသည်တွေကို မျက်နှာဖုံးပစ္စည်းတွေ ဖယ်ရှားဖို့ နှုတ်နဲ့ ပြောဆိုမှုကို ပိုမိုတင်းကျပ်သွားမှာဖြစ်ပြီး အထောက်အထား ခွဲခြားရခက်ခဲနေမယ်ဆိုရင်တော့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အဲဒီအငြင်းပွားမှုကို အခွင့်ကောင်းယူပြီး လေဆိပ်ကော်ပိုရေးရှင်းက သူတို့ရဲ့ဝက်ဘ်ဆိုဒ် အပါအဝင် တခြားလမ်းကြောင်းတွေကနေတစ်ဆင့် အထောက်အထား စစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိအောင် ပိုမိုကြိုးပမ်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

နာမည်ကျော်တစ်ဦးရဲ့ လုပ်ရပ်ကနေတစ်ဆင့် လေဆိပ်လုံခြုံရေးလုပ်ငန်းစဉ်တွေကို အသေးစိတ်ပြောင်းလဲသတ်မှတ်လိုက်တဲ့ အပေါ်မှာတော့ Netizen တွေက “အများပြည်သူရဲ့ ထောက်ပြမှုကနေ ရလာတဲ့ တည်ဆောက်မှုဆိုင်ရာ အပြောင်းအလဲပါ”လို့ ချီးကျူးခဲ့ကြပြီး “ရှေ့လျှောက် ခရီးသည်တိုင်းကို ဒီစည်းကမ်းတွေနဲ့အညီ တရားမျှတပြီး တင်းတင်းကျပ်ကျပ် အသုံးပြုသွားမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ကြပါတယ်။

Source: AKP

21/06/2026

■ ဖခင်တစ်ယောက် ဖြစ်လာပြီးနောက် ဘဝပြောင်းလဲသွားပုံကို ဝန်ခံခဲ့တဲ့ Kim Mu-yeol

- - - ဖခင်ဘဝဆိုတာ Kim Mu-yeol အတွက် ဘယ်ဇာတ်လမ်း၊ ဘယ်ရုပ်ရှင်နဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ ထူးခြားတဲ့ အခန်းကဏ္ဍသစ်တစ်ခု ဖြစ်ခဲ့တာပါ။

Kim Mu-yeol ဟာ ဇနီးဖြစ်သူ Yoon Seung-ah နဲ့အတူ ၂၀၂၃ ခုနှစ်မှာ သားဦးလေးကို ပိုင်ဆိုင်ခဲ့ပြီးနောက်မှာတော့ သူရဲ့ဘဝဟာ နာမည်ကျော်ကြားမှုထက် မိသားစုကို ဗဟိုပြုပြီး လည်ပတ်လာခဲ့ပါတယ်။ အရင်တုန်းက သူ့ရဲ့ ပြင်းထန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ သိခဲ့ကြတဲ့ ပရိသတ်တွေက အခုတော့ သူရဲ့ နူးညံ့တဲ့ ဘက်ကို ပိုမြင်တွေ့လာရပါတယ်။

သားလေးရဲ့ လက်ကို ဆုပ်ကိုင်ထားတာ၊ မိသားစုနဲ့ အပြင်သွားတာ၊ ရိုးရှင်းတဲ့ အချိန်လေးတွေကို အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းတာမျိုးတွေပေါ့။ လက်ထပ်ပြီး (၈) နှစ်ကြာမှ မိဘဖြစ်လာခဲ့ရတာမို့ သူတို့သားလေးရဲ့ မွေးဖွားခြင်းဟာ သူတို့အတွက်တော့ တကယ့်ကို ထူးခြားတဲ့ အဓိပ္ပာယ်တွေ ရှိနေတာပါ။

Kim Mu-yeol က သူ့ကလေးနဲ့ ပတ်သက်တဲ့ ပျော်စရာအကြောင်းလေးတွေကို အမြဲပြောပြလေ့ရှိပါတယ်။ မိသားစုနဲ့ အချိန်ကုန်ဆုံးနေရတာဟာ အပျော်ရွှင်ဆုံးဖြစ်ပြီး ဘာထက်မဆို ဖခင်ဘဝက သူ့ကို ဘဝရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့တယ်လို့လည်း Kim Mu-yeol က ဝန်ခံခဲ့ပါတယ်။

21/06/2026

■ ဟောင်ကောင်ဘီလျံနာသူဌေးသားနဲ့ Naran လက်ထပ်တော့မယ်ဆိုပြီး သတင်းထွက်

- - - “Creation of the Gods” ရုပ်ရှင်ကားထဲက Daji ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ မင်းသမီး Naran ဟာ လာမယ့် နိုဝင်ဘာလမှာ ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင် Eric Fok နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ QQ ရဲ့ ဖော်ပြချက်အရ မင်းသမီးနဲ့ မော်ဒယ် Naran ဟာ တရုတ်နိုင်ငံ၊ Hainan မှာ နိုဝင်ဘာလအတွင်း Eric Fok နဲ့ လက်ထပ်မယ့် သတင်းကြောင့် လူတွေရဲ့အာရုံစိုက်ခြင်း ခံနေရတာပါ။ အသက် (၄၃) နှစ်အရွယ် Eric Fok ဟာ Naran ထက် (၁၄) နှစ် ပိုကြီးပြီး ဟောင်ကောင်ရဲ့ နာမည်အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ အရင်တုန်းကလည်း မင်းသမီး Zhang Ziyi၊ လူမှုရေးသမား Laurinda Ho တို့အပါအဝင် နာမည်ကျော်တွေနဲ့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့ဖူးသူပါ။

Eric Fok နဲ့ Naran တို့ရဲ့ ဆက်ဆံရေးဟာ Naran ဟောင်ကောင်ကို ပြောင်းရွှေ့ပြီး Genesis Model Agency မှာ ပါဝင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။ အဲဒီကုမ္ပဏီကိုတော့ CEO နဲ့ အဓိကရှယ်ယာရှင်အဖြစ် Eric Fok က ဦးဆောင်နေတာပါ။ အဲဒီအချိန်တုန်းက Naran ဟာ နာမည်မကြီးသေးတဲ့ မော်ဒယ်တစ်ဦးသာ ဖြစ်ပြီး Eric Fok ကတော့ ကြွယ်ဝတဲ့ နောက်ခံနဲ့ သြဇာကြီးတဲ့ မိသားစုကြောင့် ဟောင်ကောင်ရဲ့ လူပျိုကြီးတွေထဲမှာ အလိုချင်ဆုံးသူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။

Naran ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Creation of the Gods I” ရုပ်ရှင်ကားထဲက Daji ဇာတ်ကောင်နဲ့ နာမည်ကြီးလာခဲ့တာပါ။ ပရိသတ်တွေက သူ့ရဲ့ သရုပ်ဆောင်မှုကို ချီးကျူးခဲ့ကြပြီး တချို့ဆိုရင် သူဟာ ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်း ဖန်သားပြင်ပေါ်က အလှဆုံး Daji လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီစုံတွဲဟာ ၂၀၂၄ ခုနှစ်မှာ တရားဝင်စတင်တွဲခဲ့ကြပြီး အဲဒီအချိန်မှာ Naran ဟာ ဟောင်ကောင်ကို မကြာခဏ သွားရောက်ကာ Cantonese စကားကိုလည်း သင်ယူခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

Sources: k14

Photos from Next In's post 21/06/2026

■ လက်ထပ်ပြီး (၁၉) နှစ်ကြာမှ ပထမဆုံးအကြိမ် အတူတူဓာတ်ပုံရိုက်ဖြစ်တဲ့ နာမည်ကျော်စုံတွဲ

- - - ကိုရီးယားရဲ့ အချစ်ခံရဆုံးစုံတွဲတစ်တွဲဖြစ်တဲ့ Han Ga In နဲ့ Yeon Jung Hoon တို့ဟာ လက်ထပ်ပြီး (၁၉) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အတူတူ ဓာတ်ပုံရိုက်ခဲ့ကြတာကြောင့် အွန်လိုင်းမှာ တော်တော်လေး ရေပန်းစားနေပါတယ်။

မင်းသမီး Han Ga In က သူနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် Yeon Jung Hoon တို့ရဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ပေးခဲ့တာပါ။ အဲဒီပုံတွေက ပရိသတ်တွေနဲ့ Netizen တွေကြားမှာ တော်တော်လေး စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

“ကျွန်မတို့ လက်ထပ်ပြီး (၁၉) နှစ်ရှိပြီ၊ အဲဒီအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်မရဲ့ အချစ်ဦးနဲ့အတူ ဓာတ်ပုံရိုက်ထားပါတယ်”လို့ Han Ga In က ရေးသားထားပါတယ်။ Han Ga In နဲ့ Yeon Jung Hoon တို့ဟာ သာမန်ဝတ်စုံလေးတွေနဲ့တင် သူတို့ရဲ့ အလှတရားတွေကို ပေါ်လွင်စေပြီး အရမ်းကို လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲပုံစံလေး ဖြစ်နေတာပါ။

တစ်ယောက်ကိုတစ်ယောက် ချစ်ရည်ရွှန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ ပုံတွေက သူတို့ရဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ အချစ်ခရီးလမ်းကို သက်သေပြနေသလိုပါပဲ။ ဒီဓာတ်ပုံတွေက အခုဆိုရင် ကိုရီးယားမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်နေပြီး NAVER မှာတောင် ကြည့်ရှုသူ အများဆုံးသတင်းတွေထဲမှာ ဒုတိယနေရာအထိ ရောက်နေပါတယ်။ ပရိသတ်တွေကလည်း “(၁၉) နှစ်ကြာပေမဲ့ အခုထိ လှနေတုန်းပဲ”၊ “အရမ်းကို ချစ်ဖို့ကောင်းတယ်”၊ “မျက်စိပသာဒ ဖြစ်လိုက်တာ” ဆိုပြီး မှတ်ချက်တွေ ပေးနေကြတာပါ။

သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Yellow Handkerchief” ဇာတ်လမ်းတွဲမှာ အတူတွဲရိုက်ရင်း သိကျွမ်းခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့ လက်ထပ်ခဲ့ကြတာပါ။ Han Ga In ဟာ အသက် (၂၀) ကျော်အရွယ် အောင်မြင်နေတဲ့ အချိန်မှာပဲ လက်ထပ်ခဲ့တာဖြစ်လို့ အဲဒီတုန်းက မီဒီယာတွေမှာ တော်တော်လေး သတင်းကြီးခဲ့ပါသေးတယ်။

အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ကတော့ နှစ်တွေကြာလာလေ ပိုခိုင်မြဲလာလေပါပဲ။ ၂၀၁၄ ခုနှစ်က ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အဖြစ်အပျက်ကို ကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ သမီးလေးတစ်ယောက်၊ ၂၀၁၉ ခုနှစ်၊ မေလမှာတော့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီး မိသားစုဘဝလေးကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။

Photos: /Instagram

20/06/2026

■ Lee Hi နဲ့အချစ်ပုံပြင်ကို ဖွင့်ဟခဲ့တဲ့ Rapper Dok2

- - - Rapper Dok2 ဟာ အဆိုတော် Lee Hi နဲ့ သူတို့ရဲ့ လူသိရှင်ကြား ချစ်သူတွေဖြစ်နေတဲ့ အကြောင်းကို ကိုယ်တိုင်ပြောပြလာခဲ့ပါတယ်။ သူဟာ YouTube အစီအစဉ်တစ်ခုမှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး သူတို့ ဘယ်လိုမျိုး စတင်တွဲဖြစ်ခဲ့လဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို ဝေမျှခဲ့တာပါ။

“ကျွန်တော်တို့မှာ ကြာရှည်တဲ့ ဆက်ဆံရေးသမိုင်းကြောင်း ရှိပါတယ်။ ၂၀၁၄ ဒါမှမဟုတ် ၂၀၁၅ လောက်မှာ အသိမိတ်ဆွေတွေကတစ်ဆင့် ဆုံခဲ့ကြတာပါ။ ကျွန်တော့်အယ်လ်ဘမ်အတွက် အလုပ်လုပ်ရင်းနဲ့ ရင်းနှီးလာခဲ့ပြီး တွဲဖို့တောင် နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းနေမကောင်းဖြစ်နေခဲ့ပြီး Lee Hi ကိုတော့ မပြောခဲ့မိပါဘူး” လို့ Dok2 က ဆိုပါတယ်။

အဲဒီအချိန်တုန်းက သူဟာ ကျန်းမာရေးပြဿနာတွေကြောင့် L.A. ကို ပြောင်းရွှေ့ခဲ့ရပြီး ကိုရိုနာကပ်ရောဂါ ဖြစ်ပွားလာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ သဘာဝအတိုင်းပဲ ဝေးကွာသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ လန်ဒန်မြို့မှာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။

“လန်ဒန်မှာ ကျွန်တော့်ရဲ့ ရှိုးပွဲတစ်ခု ရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အဆက်အသွယ်တွေ ပြန်လုပ်ဖြစ်ခဲ့ပါတယ်။ အရာအားလုံးက သဘာဝအတိုင်းပဲ ဖြစ်ပျက်နေသလို ခံစားခဲ့ရပါတယ်။ ကျွန်တော် အနုပညာလောကထဲ စဝင်ကတည်းက သူ့ရဲ့ ပရိသတ်အကြီးစားတစ်ယောက်ပါ။ သူတွေကိုတောင် ‘အဲဒါ Lee Hi မဟုတ်လား’ လို့ မေးလေ့ရှိပြီး သူ့နဲ့အတူ သီချင်းဆိုဖို့ အမြဲတမ်း ဆန္ဒရှိခဲ့ပါတယ်”လို့ Dok2 က ပြောဆိုခဲ့ပါတယ်။

သူတို့ရဲ့ အသက်အရွယ်ကွာဟမှုနဲ့ ဝေးကွာနေတဲ့ အကွာအဝေးကတော့ လက်တွေ့ကျတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။ “ကျွန်တော်က (၃၆) နှစ်၊ သူက (၂၉) နှစ်ပါ။ ကျွန်တော်က L.A. မှာ၊ သူက ကိုရီးယားမှာပါ။ ကျွန်တို့ရဲ့ အချစ်ဇာတ်လမ်းကို ချက်ချင်း မစတင်နိုင်ခဲ့တာကြောင့် အတူတူ သီချင်းဖန်တီးကြဖို့ အကြံရခဲ့ပါတယ်”လို့ Dok2 က ပြောပါတယ်။ အဲဒီလိုနဲ့ပဲ သူတို့ဟာ ချစ်သူတွေဖြစ်ခဲ့ကြပြီး အခုတော့ “858 High Recordings” ဆိုတဲ့ တေးသံသွင်းကုမ္ပဏီကို ပူးတွဲထူထောင်ထားပါတယ်။

Source: insight

20/06/2026

🎇 Kim Mu-yeol နဲ့ Yoo Seung-ah ဘယ်လိုစတွေ့ခဲ့လဲ ?

- - - Teach You A Lesson ဇာတ်လမ်းတွဲနဲ့ အောင်မြင်နေတဲ့ မင်းသား Kim Mu-yeol ဟာ မိသားစုကို အရမ်းချစ်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ချစ်ဇနီး Yoo Seung-ah တို့ ဘယ်လို စတွေ့ခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင် ပြောပြထားတာက ...

Disclaimer — This video and its content do not belong to me. All rights and credits go to the original creator. It is entertainment purpose only. I only translate this video.

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11221