Yangon Express

Yangon Express

Share

Anything and everything in Myanmar and beyond! Your access to all the interesting and timely news here in Myanmar and around the world.

Your access to all interesting and timely news here in Myanmar and around the world. Be it in music, sports, current affairs, celebrity gossips, technology, promos and many more! Your one stop place for everything that's cool. Yangon Express is here to give you the best ride of your life!

Photos 14/06/2016

မြန်မာနိုင်ငံသား ကယ်ဗင်ရန်းဟာ ၂၀၁၄ ခုနှစ် ကတည်းက စတင် ကျင်းပခဲ့တဲ့ မြန်မာဂီတပွဲတော်မှာ နှစ်စဉ် ပါဝင်တင်ဆက်ခဲ့ပါတယ်။ ယခုဆိုရင် ကယ်ဗင်ရန်း ဟာ အမေရိကန်နိုင်ငံ Missouri Western University မှာ ပထမနှစ် တက်ရောက်ပညာသင်ကြားနေပြီး မကြာသေးမီက ကျင်းပခဲ့တဲ့ ကျောင်းတွင်း Concert ပြိုင်ပွဲမှာ ပထမဆုနဲ့ အနိုင်ရရှိခဲ့ပါသေးတယ်။ ငယ်စဉ်ကတည်းက စန္ဒယားတီးခတ်တာကို ၀ါသနာပါခဲ့တဲ့ ကယ်ဗင်ရန်းဟာ မန္တလေးဇာတိဖြစ်ပါတယ်။ ယခုလို နိုင်ငံတကာမှ နာမည်ကျော်ဂီတပညာရှင်တွေနဲ့တန်းတူ ပါဝင်ဆင်နွှဲမယ့် ကယ်ဗင်ရန်း အကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ အူရီဒူးမြန်မာမှ ဖော်ပြပေးလိုက်ရပါတယ်။

High Jump ဒုတိယပတ်ပြိုင်ပွဲဝင်ဓာတ်ပုံများ 14/06/2016

ဒီ Album ထဲက ပုံများကို Like လုပ်ခြင်းဖြင့် vote ပေးနိုင်ပါတယ်။ Like အများဆုံးရရှိသော ဓာတ်ပုံများထဲမှ အကောင်းဆုံး (၃) ပုံအား အူရီဒူးမြန်မာမှ အပတ်စဉ် ရွေးချယ်ဆုချီးမြှင့်ပေးသွားမှာပါ။

Photos 10/06/2016

High Jump ဓာတ်ပုံပြိုင်ပွဲကို ဝင်ရောက်ပါဝင်ဆင်နွှဲကြသူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆုရရှိသူများကို ပေးပို့ထားသော အူရီဒူးဖုန်းနံပါတ်များအတိုင်းဆက်သွယ်ပြီး Samsung J2 ဖုန်းကို အူရီဒူးရုံးချုပ်မှာလာရောက်ထုတ်ယူဖို့အတွက် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
ဒုတိယအကြိမ် High Jump ဓာတ်ပုံပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်တဲ့အတွက် အကောင်းဆုံး High Jump ဓာတ်ပုံတွေကိုရိုက်ယူပေးပို့နိုင်ပါတယ်။ ပြိုင်ပွဲအသေးစိတ်အကြောင်းအရာတွေကို ဇွန်လ ၁၁ ရက်၊ တနလာင်္နေ့မှာထုတ်ပြန်ကြေညာပေးသွားပါဦးမယ်။

media.giphy.com 06/06/2016

media.giphy.com

Photos 06/06/2016

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များတရားမ၀င်ကုန်သွယ်မှုများကို ထိရောက်စွာအရေးယူသွားမည်ဟု သမ္မတပြော
==============================================
ပြည့်သက်ဖြိုး

ကမ္ဘာကြီး၏ အနာဂတ်ကို ခြိမ်းခြောက်နေသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များတရားမ၀င်ကုန်သွယ် မှုများကို ထိရောက်စွာ အရေးယူရမည်ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ဇွန်လ ၅ရက်နေ့က ပြောကြား လိုက်သည်။

အဆိုပါ တရားမ၀င်ကုန်သွယ်မှုကို သတိထားမိစေရန် အလေးပေးဆောင်ရွက်ရမည်ဖြစ်သည်ဟု ၎င်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တကယ်လုပ်ရမယ်၊ အရေးယူရမယ် ” ဟု ဦးထင်ကျော်က အခမ်းအနားအပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အထိမ်းအမှတ်ဓါတ်ပုံမှတ်တမ်းများ ကြည့်ရှုနေစဉ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိ သူများကို
မှာကြားခဲ့သည်။

ဇီဝမျိုးစုံမျိုးကွဲများကို ပျောက်ကွယ်စေသည့် သဘာဝအမွေအနစ်များနှင့် မျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်စေနိုင်သော တောရိုင်းနှင့် သဘာဝအပင်များ တရားမ၀င် ကုန်သွယ်မှုနှိမ်နင်းရေးကို အထူးအလေးပေးနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ တောရိုင်းတိရစ္ဆာန်များ တရားမ၀င်သတ်ဖြတ်ခြင်းနဲ့ မှောင်ခိုရောင်းဝယ်ခြင်းတွေဟာ စီးပွားရေးဂေဟစနစ် ကို ယိုယွင်းစေပြီး အုပ်စုဖွဲ့ရာဇ၀တ်မှုတွေကို အားပေးကာ အကျင့်ပျက် ခြစားခြင်းနဲ့ မလုံခြုံမှုတွေကို ကမ္ဘာတစ်ဝန်းမှာ တိုးပွားစေပါတယ်၊ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေ တရားမ၀င်ကုန်သည်မှုရဲ့ သဘာဝပတ်ဝန်းကျင် ၊ စီးပွားရေးနဲ့ လူ့အသိုင်းအ၀ိုင်းကို ထိခိုက်စေမှု ယခင်ဆယ်စုနှစ်အထိ ကျွန်တော်တို့ နည်းနည်းပဲ သိခဲ့ပါတယ်၊ ဒီနေ့မှာတော့ တိုးတက်လာတဲ့ နည်းပညာ၊ အသိပညာတွေကြောင့် အခြေအနေကို သုံးသပ်အကဲဖြတ်စွမ်းရှိလာပါပြီ၊ စိတ်ပူစရာကောင်းတဲ့ အချက်အလက်တွေကြောင့် ကျွန်တော်တို့ဟာ ခိုင်ခိုင်မာမာဆောင်ရွက်ဖို့လိုနေပြီ ဖြစ်ပါတယ် ” ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောသည်။

တောရိုင်းတိရစ္ဆာန်များ တရားမ၀င်ရောင်းဝယ်ဖောက်ကားမှုအခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတကာလေ့ လာတွေ့ရှိမှုများအရ နှစ်စဉ်နှစ်တိုင်း ကြံ့ကောင်ရေတစ်ထောင်ကျော်နှင့် အာဖရိကဆင် သုံးသောင်းခွဲကျော်
သည် အမဲလိုက်သတ်ဖြတ်ခြင်းကို ခံရကြောင်း၊ ယခုအခါ ဂမ်ဘီယာ၊ ဘိုကီနာဖာဆို၊ ဘီနင်နှင့် တိုဂိုနိုင်ငံများ တွင် ချင်ပန်ဇီမျောက်များ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ပြီး ၀က်ဝံသုံးထောင် ခန့် နှစ်စဉ်ဆုံးရှုံးနေကြောင်း၊ အာရှနိုင်ငံအချို့၏ ဈေးဆိုင်ခန်းများတွင် ကျားအရေခွံများ၊ ဧရာမပင်လယ်လိပ်ခွံကြီးများကို တွေ့မြင်နေရ ကြောင်း၊ ထိုပုံရိပ်များက တောရိုင်းတိရစ္ဆာန်များ တရားမ၀င်ကုန်သွယ်မှုသည် ကမ္ဘာမြေ၏ အဖိုးတန်လှသည့် ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးခြင်းနှင့် မျိုးသုဉ်းခြင်းအခြေအနေရောက်ရှိနေသည်ကို သတိပေးနေကြောင်း ၎င်းက ပြောကြားသည်။

“ အာရှမှောင်ခိုဈေးကွက်မှာ ဆင်စွယ်တစ်ကီလိုဟာ
ဒေါ်လာနှစ်ရာ့ နှစ်ဆယ်လောက်ပေါက်ပြီးတော့ ကြံ့ချို တစ်ကီလိုကို ဒေါ်လာခြောက်သောင်းလောက်ပေါက်နေတော့ ရွှေတို့၊ ပလက်တီနမ်တို့ထက် အများကြီး ပိုဈေး ကြီးပါတယ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေတရားမ၀င်ကူးသန်းရောင်ဝယ်နေမှုအတွက် တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ
တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်ဆယ်ဘီလီယံရှိပြီး မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှုစတဲ့ လုပ်ငန်းတွေပြီးရင် ကမ္ဘာ့စတုတ္ထမြောက် အကြီးမားဆုံးတရားကုန်သွယ်မှုလုပ်ငန်းဖြစ်နေပါတယ် ” ဟု ဦးထင်ကျော်က ပြောကြားခဲ့သည်။

Photos 05/06/2016

တတိယနေရာလုပွဲအတွက် မြန်မာဘောလုံးအသင်းကို အားပေးလိုက်ကြရအောင်

ဇွန်လ ၆ ရက်နေ့ ညနေ ၃:၁၅ သုဝဏ္ဏကွင်းမှာ AYA Bank Cup 2016 တတိယနေရာလုပွဲကို ဟောင်ကောင်အသင်းနဲ့ ကစားတော့မှာဖြစ်တဲ့ မြန်မာဘောလုံးအသင်းကို အားပေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ မြန်မာအသင်းကိုအားပေးဖို့အတွက် သုဝဏ္ဏဘောလုံးကွင်းရှိ အူရီဒူး အရောင်းဆိုင်မှ အူရီဒူးဆင်းမ်ကဒ်နဲ့ ငွေဖြည့်ကဒ် ဝယ်ယူသူတိုင်း မြန်မာဘောလုံးအသင်းအင်္ကျီ၊ အူရီဒူးဦးထုပ်၊ အူရီဒူးဖုန်းအိတ် စတာတွေကို ဘာပဲဝယ်ဝယ်အခမဲ့လက်ဆောင်အဖြစ် ရယူနိုင်တယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါရစေ။
အူရီဒူးမြန်မာက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ Official Partner အဖြစ် ကူညီပံ့ပိုးပေးထားပါတယ်။

Photos 01/06/2016

မြန်မာဘောလုံးအသင်းကို သွားရောက်အားပေးကြပါစို့ ဒုန်း ... ဒုန်း

AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းအပါအဝင် အသင်း ၄ သင်းပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအသင်းနဲ့ စင်ကာပူအသင်းတို့ ဇွန်လ ၃ ရက်နေ့ ညနေ ၆:၁၅ သုဝဏ္ဏကွင်းမှာကစားတော့မှာဖြစ်ပါတယ်။ အူရီဒူးမြန်မာက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ Official Partner အဖြစ်ကူညီပံ့ပိုးပေးထားပါတယ်။ ဘောလုံးဝါသနာရှင်ပရိသတ်များအားလုံး မြန်မာဘောလုံးအသင်းကို အားပေးကြပါစို့ ဒုန်း ... ဒုန်း

Photos 30/05/2016

You asked for our secrets to great public speaking, so we collected them all in a new book, "TED Talks: The Official TED Guide to Public Speaking.” We hope you enjoy it! http://t.ted.com/XTWlWXQ

Ask for the thanks you want to hear 30/05/2016

Ask for the thanks you want to hear In this deceptively simple 3-minute talk, Dr. Laura Trice muses on the power of two magic words.

30/05/2016
ကွတ်ခိုင်မြို့မှ ကျပ် ၄၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးအမှု တရားခံ ၂ ဦး မမိသေး 30/05/2016

ကွတ်ခိုင်မြို့မှ ကျပ် ၄၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးအမှု တရားခံ ၂ ဦး မမိသေး မေလ ၂၈ ရက်နေ့ ကောင်းခါးဘက်မှ ကွတ်ခိုင်မြို့သို့ မောင်းနှင်လာသော ၁၂ ဘီးယာဉ် UD Nissan ယာဉ်အား စစ်ဆေးရာတွင် ဆာလာအိတ် ၁၀၅ အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ပေါင်း ၂၁,၀၅၀,၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဒေသပေါက်ဈေးအရ ကျပ်သိန်းပေါင်း ၄၂၁,၀၀၀

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Website

Address

China Town
Yangon