Transform With Me

Transform With Me

Share

Implementation of Sustainable Development Goals and Youth Empowerment Processes.

19/12/2025

𝑴𝒆𝒅𝒊𝒂 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔𝒉𝒊𝒑 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕
MYEO 🤝🏻 Transform With Me

MYEO ရဲ့ AI Bus Training (Mon & Kayin) မှာ Transform With Me ကလည်း National Media Partner အနေနဲ့ ပါဝင်ထားကြောင်း ဝမ်းမြောက်ဝမ်းသာဖြင့် ကြေညာလိုက်ပါတယ်။

ဒီနေ့ခေတ်မှာက အလုပ်၊ ကျောင်း၊ နေ့စဉ်ဘဝတွေမှာပါ AI က အရေးပါလာပါပြီ။

အဲ့လို AI ကို လူတိုင်းနီးပါး အသုံးပြုလာကြတဲ့အချိန် AI အကြောင်းကို မသိရင်၊ အသုံးမချတတ်ရင် နောက်မှာကျန်ခဲ့မှာပါ။

ဒါကြောင့် မြန်မာနိုင်ငံကလူတွေအနေနဲ့ AI အကြောင်း များများသိကြစေဖို့ လူတိုင်းကို ဒီ AI Bus Training မှာ သင်ပေးသွားပါမှာ ဖြစ်ပါတယ်။

အဓိကကတော့ လူငယ်တွေသာမက ဆရာ/မတွေနဲ့ မိဘတွေပါ AI ကို သုံးတတ်စေချင်ပါတယ်။

ပြီးတော့ ဒီ Training မှာသင်ပေးသွားမယ့် အကြောင်းအရာတွေက
- Fundamental of Generative AI
- AI Prompts 101 – How to Talk to AI
- Work Smarter not Harder – Maximize Productivity with AI
- AI in Combating Fake News, Hoax & Misinformation
- Ethical AI Usage – Plagiarism & Copyright Issues
စတာတွေမို့လို့ AI နဲ့ပတ်သက်ပြီး လုံးဝအခြေခံကနေ ရသွားမှာပါ။

နောက်တစ်ခုက ဒီ Training ကနေ ASEAN ဒေသတစ်ခွင်လုံးမှာ AI စာတတ်မြောက်ရေး (AI Literacy) အတွက် အရေးတကြီးလိုအပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားနေတာပါ။
- AI နည်းပညာ အမြန်တိုးတက်မှုနဲ့ လူထုထဲက ကျွမ်းကျင်မှုနည်းပါးမှုကြားက Skill Gap တွေကို ဖြည့်ဆည်းပေးမယ်။
- AI သုံးပြီး Productivity တိုးတက်အောင် သင်ပေးမယ်။
- AI ကနေပေးတဲ့ အန္တရာယ်ရှိ အကြောင်းအရာတွေ (သတင်းမှားတွေ၊ အတုအယောင်ဗီဒီယိုတွေ) ကို တိုက်ဖျက်နည်း သင်ပေးမယ်။
- မူပိုင်ခွင့်နဲ့ စာပေအတုအယောင်ပြုမှု ပြဿနာတွေအတွက် လမ်းညွှန်ချက်တွေပေးမယ်။

ဒီ Training က AI ကျင့်သုံးမှုကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပေးပြီး AI Ready ASEAN ရည်မှန်းချက်တွေနဲ့ တိုက်ရိုက်ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတဲ့ ဗျူဟာကျတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ပြီးတော့ ဒီ Training က ASEAN Foundation နဲ့ Google.org တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ AI Ready ASEAN training ဖြစ်ပါတယ်။

ဒါကြောင့် သင်ပေးမယ့် သင်ခန်းစာတွေ၊ အကြောင်းအရာတွေကို တကယ်ကို ယုံကြည်ရတယ်ဆိုတာ အာမခံနိုင်ပါတယ်။

ဒါကြောင့်မို့လို့ လူတိုင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

AI Bus (Mon & Kayin ) Online Training ကို ပြုလုပ်သွားမယ့်နေ့ရက်တွေက…
Dec 19, Dec 20, Dec 21 ဖြစ်ပါတယ်။

အချိန်ကတော့
10 am to 12 pm
2 pm to 4 pm ဆိုပြီး တရက်ကို (၂)ချိန်လုပ်သွားပါမယ်။

AI အတွေ့အကြုံတွေ အများကြီးရသွားမယ့်အပြင် Tool တွေ သုံးတာ၊ အဖွဲ့လိုက်လုပ်တာလည်း ပါမှာမို့လို့ ပျော်ပျော်ရွှင်ရွှင် လေ့လာရမှာပါ။

မွန်နဲ့ကရင် ကလူတွေအကုန်လုံးကို အောက်က Link မှာ အခမဲ့ စာရင်းပေးထားတော့နော်။

https://m.me/myeo.hub?ref=mon_karen_myeo_aibus

(တကယ်လို့ Link ကနေ နှိပ်လို့အဆင်မပြေရင် MYEO Messenger CB မှာ mon karen myeo aibus လို့ စာပို့ပြီးတော့လည်း စာရင်းပေးလို့ရပါတယ်။)

နောက်ထပ်လာမယ့် AI Bus နဲ့ပတ်သက်တဲ့ Update တွေကို သိချင်ရင်တော့ အောက်က Tele Link ကို Join ထားလိုက်နော်။

https://t.me/myeochannel



&Kayin
#လူငယ်တွေအတွက်_AIBus

Photos from Transform With Me's post 12/12/2025

အနုပညာနဲ့ နှလုံးသားတို့ပေါင်းစည်းမှုကို အထူးအလေးထားတဲ့ "Hearts in Harmony" Art Exhibition နှလုံးသားတို့နီးကြဖို့ အနုပညာပြပွဲဟာ ၂၀၂၅ ခုနှစ်အတွက် အောင်မြင်စွာ ကျင်းပပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဒီပြပွဲမှာ တက်ရောက်လာသူ တစ်ဦးချင်းစီရဲ့ အာရုံငါးပါးနဲ့ ခံစားမှုတွေ၊ ပါဝင်ကူညီစီစဉ်ပေးသူ တစ်ဦးချင်းစီရဲ့ စိတ်စေတနာအပြည့်နဲ့ အားထုတ်မှုတွေက ပြပွဲရဲ့ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းအဓိပ္ပာယ်ရှိအောင် ဖော်ပြပေးနိုင်ခဲ့ကြပါတယ်။

Together With Me Group အောက်ရှိ Treat With Me၊ Talk With Me၊ Transform With Me တို့နဲ့အတူ မိတ်ဖက်အဖွဲ့ Future Bridge Initiative တို့ပူးပေါင်းပြီး စီစဉ်ခဲ့တဲ့ ဒီပြပွဲဟာ စားသုံးသူရေးရာ၊ မျိုးဆက်ပွားကျန်းမာရေး၊ ဂျဲန်ဒါတန်းတူညီမျှမှု၊ စိတ်ကျန်းမာရေး၊ မိဘအုပ်ထိန်းမှုနယ်ပယ်များအပေါ် အနုပညာနဲ့ လူမှုရေးအမြင်တွေကို တပြိုင်တည်း ဖော်ပြနိုင်ခဲ့ကြပါတယ်။

Together With Me Group အဖွဲ့အစည်းအနေနဲ့ ပြပွဲအောင်မြင်မှုအတွက် ပါဝင်အားဖြည့်ပေးသူတိုင်းကို နွေးထွေးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် Transform With Me က လှုပ်ရှား လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအပါအဝင် သက်ဆိုင်ရာ လူ့အခွင့်အရေးကဏ္ဍတိုင်းမှာ ပိုမိုအားထည့် ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိကိုလဲ တရားဝင်ထပ်လောင်းအတည်ပြုပြောကြားရင်း ပကတိပန်းတိုင်များဆီသို့ ဆက်လက်ချီတက်လျက်ရှိကြကြောင်း အသိပေးအပ်ပါတယ်။


#နှလုံးသားတို့နီးကြဖို့





#တသားတည်း

06/12/2025

"Hearts in Harmony" Art Exhibition🖌️
"နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲ

ဒီအနုပညာပြပွဲဟာဆိုရင်တော့ With Me Foundation အောက်ကနေ သီးခြားရပ်တည် လည်ပတ်နေကြတဲ့ Treat With Me - ကိုယ်ကျန်းမာရေး ကူညီပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်း၊ Talk With Me - စိတ်ကျန်းမာရေး ကူညီပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်း၊ Transform With Me - ငြိမ်းချမ်းရေးနှင့် ရေရှည်ပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်းတို့ကနေ နှစ်စဉ် ပူးပေါင်းစီစဉ် ပြုလုပ်ကျင်းပတဲ့ နေကျအနုပညာပြပွဲ တစ်ခုပဲဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ မိတ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Future Bridge Initiative အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းစီစဉ်ပြုလုပ်ဖြစ်ပါတယ်။

ကျွန်မတို့ လူသားတွေမှာ နှလုံးသားတွေကိုယ်စီရှိကြပါတယ်။ ဒီနှလုံးသားလေးတွေ တစ်ခုနှင့်တစ်ခု နီးစပ်ကြမယ်ဆိုရင် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေဟာ အထိုက်အလျောက် လျော့ပါးသွားမှာဖြစ်ပြီး လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝကို ရရှိပိုင်ဆိုင်‌နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နှလုံးသားချင်း နီးဖို့အတွက် ကျွန်မတို့ စီစဉ်တဲ့ အခုပြပွဲလေးက တံတားလေး တစ်စင်း ဖြစ်ပါရစေ။

ဒီလို အဓိပ္ပာယ်လေးနဲ့ပဲ ကျွန်မတို့ ပြပွဲရဲ့ အမည်ကို "နှလုံးသားတို့ နီးကြဖို့ - Hearts in Harmony "လို့ အမည်ပေးထားပါတယ်။
ဒီတစ်ခေါက် အနုပညာပြပွဲလေးရဲ့ Themes အနေနဲ့ ပြသသွားမဲ့ နယ်ပယ်တချို့ကို ဖော်ပြပါရစေ။ ဒီနယ်ပယ်တွေကတော့
✓စားသုံးသူရေးရာတရားမျှတမှုနှင့် အကာအကွယ်ရရှိမှု (Consumers Justice and Protection)
✓မျိုးဆက်ပွားကျန်းမာရေးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ နယ်ပယ် (CSE and HIV/AIDS)၊
✓ဂျဲန်ဒါ ရေးရာ တန်းတူညီမျှမှုနှင့် လူမှုရေးရာ ထည့်သွင်းပါဝင်မှုဆိုင်ရာ နယ်ပယ် (Gender Equality and Social Inclusion)၊
✓စိတ်ကျန်းမာရေးဆိုင်ရာ နယ်ပယ် (Mental Health)၊
✓မျိုးဆက်ကွာဟမှု (Generation Gap) နှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ နယ်ပယ် (Parenting) တို့ကို အဓိကထား ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဒီအနုပညာပြပွဲမှာ သက်ဆိုင်ရာ ပြပွဲရဲ့ Themes များအောက်ကနေ မတူညီသော ပန်းချီ အနုပညာလက်ရာများ၊ ပေါင်းစပ် ပုံဖော်ထားသော ရုပ်ဝတ္ထု အနုပညာ လက်ရာများ၊ ကဗျာနှင့် သံချပ်ရွတ်ဖတ်မှုများ၊ စကားဝိုင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်သွားမှာ ဖြစ်တဲ့အတွက် မတူညီတဲ့ အနုပညာလက်ရာတွေကို မိမိရဲ့ အာရုံငါးပါး အပြည့်အဝ အသုံးချပြီး လာရောက် ခံစားဖို့အတွက် နွေးထွေး လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ရပါတယ်။

လာရောက်ကြည့်ရှုခံစားရန် စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါ စိတ်ဝင်စားမှုဖော်ပြချက်ဖောင်ကို ကြိုတင်ဖြည့်ထားနိုင်ကြောင်း အသိပေးအပ်ပါတယ်။ ဖောင်ဖြည့်စွက်ထားခြင်းကြောင့် ပြပွဲနီးကပ်ချိန်မှာ ဖုန်းSMS ဖြင့် သတိတရလှမ်းအသိပေးနိုင်ခြင်း၊ နောင်ပြပွဲများအတွက် Email မှတဆင့် အကြောင်းကြားဆက်သွယ်ချိတ်ဆက်နိုင်ခြင်းတို့ကို ပြပွဲစီစဉ်သူများဘက်မှ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

💥ပြပွဲတက်ရောက်ရန် စိတ်ဝင်စားဖော်ပြခြင်းဖောင် -
https://docs.google.com/forms/d/e/1FAIpQLSfeygLdoMLdNnQKXOcGKvepcgdMpko8Ou5S4_uWP4e3awVjag/viewform?usp=publish-editor

🔗Event Name - "Hearts in Harmony" Art Exhibition (နှလုံးသားတို့နီးကြဖို့)

🔗Event Date - 10.12.2025 (Wednesday)

🔗Event Time - 9:30 AM to 12:30 PM

🔗Event Location - PBS Training Center, G 103&105, Ground Floor, Diamond Tower, Corner of Pyay Road and Nar Nat Taw Road, Kamaryut Tsp, Yangon, Myanmar.


#နှလုံးသားတို့နီးကြဖို့






#တသားတည်း

06/12/2025

"Hearts in Harmony" "နှလုံးသားတို့ နီးကြဖို့" အနုပညာပြပွဲ ၂၀၂၅ ခုနှစ် အတွက် အနုပညာဖန်တီးမှုအား ဖိတ်ခေါ်ခြင်း 🎨

ဒီအနုပညာပြပွဲဟာဆိုရင်တော့ With Me Foundation အနေနဲ့ အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ် ပြုလုပ်ကျင်းပနေကျ အနုပညာပြပွဲ တစ်ခုဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ Future Bridge Initiative နဲ့အတူ ပူးတွဲစီစဉ်တင်ဆက်တာဖြစ်ပါတယ်။

ဒီပြပွဲမှာ ပြပွဲရဲ့ ဆိုလိုရင်းနဲ့ လိုက်ဖက်ကိုက်ညီတဲ့ အနုပညာဖန်တီးမှုလက်ရာတွေကို မေတ္တာနဲ့ ပြသဖို့အတွက် အနုပညာရှင် Artist များကို လေးစားချစ်ခင်စွာ ဖိတ်ခေါ်ချင်ပါတယ်။

ကျွန်မတို့ လူသားတွေမှာ နှလုံးသားတွေကိုယ်စီရှိကြပါတယ်။ ဒီနှလုံးသားလေးတွေ တစ်ခုနှင့်တစ်ခု နီးစပ်ကြမယ်ဆိုရင် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေဟာ အထိုက်အလျောက် လျော့ပါးသွားမှာဖြစ်ပြီး လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝကို ရရှိပိုင်ဆိုင်‌နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နှလုံးသားချင်း နီးဖို့အတွက် ကျွန်မတို့ စီစဉ်တဲ့ အခုပြပွဲလေးက တံတားလေး တစ်စင်း ဖြစ်ပါရစေ။

အထက်ဖော်ပြပါ အဓိပ္ပာယ်ဂုဏ်သတ္တိများနဲ့အတူ ကျွန်မတို့ ပြပွဲရဲ့ အမည်ကို "နှလုံးသားတို့ နီးကြဖို့ - Hearts in Harmony "လို့ အမည်ပေးထားပြီး လူသားတွေမှာ ကိုယ်စီရှိကြတဲ့ နှလုံးသားတွေတစ်ခုနဲ့တစ်ခု နီးနီးစပ်စပ်ရှိကြခြင်းအားဖြင့် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပွတ်တိုက်မှု‌တွေ၊ မပြေလည်မှုတွေ အထိုက်အလျောက် လျော့ပါးစေဖို့နဲ့ မည်သည့်လုပ်ငန်းနယ်ပယ်မှာမဆို စားသုံးသူကို ဗဟိုပြုတဲ့ ကိုယ်ချင်းစာတရားအခြေခံသော အခင်းအကျင်းကို ပေါ်ပေါက်စေလိုတဲ့ အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။

အထူးသဖြင့် အောက်ပါနယ်ပယ်များမှာ နှလုံးသားချင်း နီးစပ်ခြင်းဖြင့် လူသားတစ်ယောက်ချင်းစီရဲ့ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံတဲ့ နေပျော်တဲ့ဘဝဖန်တီးပုံဖော်နိုင်စေချင်တာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက် အနုပညာပြပွဲလေးရဲ့ Themes အနေနဲ့......
✓စားသုံးသူရေးရာတရားမျှတမှုနှင့် အကာအကွယ်ရရှိမှု (Consumers Justice and Protection)
✓မျိုးဆက်ပွားကျန်းမာရေးနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ နယ်ပယ် (CSE and HIV/AIDS)၊
✓ဂျဲန်ဒါ ရေးရာ တန်းတူညီမျှမှုနှင့် လူမှုရေးရာ ထည့်သွင်းပါဝင်မှုဆိုင်ရာ နယ်ပယ် (Gender Equality and Social Inclusion)၊
✓စိတ်ကျန်းမာရေးဆိုင်ရာ နယ်ပယ် (Mental Health)၊
✓မျိုးဆက်ကွာဟမှု (Generation Gap) နှင့် မိဘအုပ်ထိန်းမှုဆိုင်ရာ နယ်ပယ် (Parenting) တို့ကို အဓိကထား ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဒီအနုပညာပြပွဲမှာ သက်ဆိုင်ရာ ပြပွဲရဲ့ Themes များအောက်ကနေ မတူညီသော ပန်းချီ အနုပညာလက်ရာများ၊ ပေါင်းစပ် ပုံဖော်ထားသော ရုပ်ဝတ္ထု အနုပညာ လက်ရာများ၊ ကဗျာနှင့် သံချပ်ရွတ်ဖတ်မှုများ၊ စကားဝိုင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းစီစဥ်သွားမှာ ဖြစ်တဲ့အတွက် မတူညီတဲ့ အနုပညာလက်ရာတွေကို လူငယ်များနဲ့ လူတန်းစာအလွှာအစုံ ကြည့်ရှုခံစားနိုင်စေဖို့ အနုပညာဖန်တီးမှုများဖြစ်တဲ့ ပန်းချီ၊ ပေါင်းစပ်ပုံဖော်ထားတဲ့ ရုပ်လုံးကြွအနုပညာများကို အဓိကထား လာရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးရင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ရှင်။

ပေးပို့ရန် နောက်ဆုံးရက်အနေနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကို သတ်မှတ်ထားပြီး ပွဲအချက်အလက်များကိုလည်းဖော်ပြလိုက်ရပါတယ်။

🔗Event Name - "Hearts in Harmony" Art Exhibition (နှလုံးသားတို့နီးကြဖို့)

🔗Event Date - 10.12.2025

🔗Event Time - 9:30 AM to 12:30 PM

🔗Event Location - PBS Training Center, G 103&105, Ground Floor, Diamond Tower, Corner of Pyay Road and Nar Nat Taw Road, Kamaryut Tsp, Yangon, Myanmar.


ပါဝင်ပြသမည့် အနုပညာဖန်တီးသူများအနေဖြင့် စိတ်ဝင်စားမှုနှင့် သဘောတူညီမှုဖောင်ကို ဖြည့်သွင်းပေးရန် လိုအပ်မှာဖြစ်ပြီး အောက်ပါ အချက်အလက်များကိုလည်း ကြိုတင်အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

၁။ ပြပွဲတွင် ပြသမည့် အနုပညာဖန်တီးမှုများသည် ဖန်တီးသူများဘက်မှ မေတ္တာဖြင့် (အခမဲ့) ကူညီပြသသွားရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်စေအပ်ပါသည်။

၂။ အောက်ပါ အချက်များသည် ပြပွဲစီစဉ်သူများဘက်မှ အနုပညာဖန်တီးသူများအပေါ် လုပ်ဆောင်ပေးမည့်အရာများဖြစ်ကြောင်း ရှင်းလင်းစွာသိရှိပြီး ဖြစ်စေအပ်ပါသည်။

- ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊
- ပြပွဲအတွင်း ရိုက်ကူးသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများကို ပြန်လည်ပေးခြင်း၊
- ရုပ်သံမှတ်တမ်းတွင်း ကျေးဇူးတင်လွှာတွင် အမည်ထည့်သွင်းရေးသားဂုဏ်ပြုခြင်း၊
- အနုပညာရှင်အမည်များအား စင်မြင့်ထက်မှတဆင့် ကျေးဇူးတင်လွှာ ဖတ်ကြားကြေညာဂုဏ်ပြုခြင်း တို့အားစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ ပါဝင်ပြသမည့် အနုပညာဖန်တီးမှုတစ်ခုချင်း အတွက် ဖန်တီးမှု အမည်၊ ဖန်တီးမှုအမျိုးအစား (ဥပမာ-ပန်းချီ၊ ကာတွန်း၊ သုံးဘက်မြင်ရုပ်စုံ စသည်)၊ အရွယ်အစား၊ ရောင်းချပါက ဈေးနှုန်း၊ အသေးစိတ်ဖော်ပြချက် တို့ကို ရေးသားပေးပါရန် မေတ္တာရပ်ခံပါသည်။
(အသေးစိတ်ဖော်ပြချက် မပါဝင်ပါက ပြပွဲစ္စဉ်သူများဘက်မှ "ကြည့်ရှုသူ၏ခံစားမှုဖော်ပြချက်" ဖြင့် Details Description ကိုဖော်ပြသွားမည်ဖြစ်ကြောင်း ခွင့်တောင်းအပ်ပါသည်။)

၄။ ပြပွဲလာရောက်ကြည့်ရှုသူများအား ရောင်းချလိုပါက မိမိကိုယ်ပိုင်ဈေးနှင့်တကွ ရောင်းချနိုင်ပြီး ဖန်တီးမှု ပစ္စည်းအား ပြပွဲပြီးမှသာ ယူဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရှိပြီးဖြစ်ပါသည်။

အထက်ပါအချက်များကို သဘောတူညီပြီးပါက အောက်ပါဖောင်အတွင်း ဖြည့်သွင်း၍ အနုပညာဖန်တီးသူများ၏ ဖန်တီးမှုများအား ပြပွဲအတွင်း အကောင်းဆုံးထားရှိပြသနိုင်ဖို့ ချိတ်ဆက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

💥Open Call Form for Artists (Hearts in Harmony Art Exhibition 2025)

https://docs.google.com/forms/d/e/1FAIpQLSdj5LHllzExWnMQxCmF-I7mwxgBarLYakofWnIbENQmaUvxug/viewform?usp=dialog

💥အသေးစိတ်ဆက်သွယ်မေးမြန်နိုင်ရန် တာဝန်ခံအမည်နှင့် ဖုန်းနံပါတ် - မနော်မိုးပြည့်ပြည့်အောင် (09766259795)

💥ပေးပို့ရန်လိပ်စာ - အမှတ်(၆၆၄/ခ)၊ ဒုတိယထပ်၊ ဝရုဏာ(၄)လမ်း(အထက် ဘလောက်)၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

အနုပညာဖန်တီးသူတဦးချင်းစီမှ ပေးပို့လာမည့် အနုပညာဖန်တီးမှုလက်ရာ တစ်ခုချင်းစီသည် ပြပွဲဖြစ်မြောက်ရေးနှင့် ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင့် ပြပွဲစီစဉ်သူများဘက်မှ အပြည့်အဝယုံကြည်ပါသည်။ တချိန်တည်းမှာလည်း အနုပညာဖန်တီးမှုလက်ရာ တစ်ခုချင်းစီကို တန်ဖိုးထားမြတ်နိုး ဂုဏ်ယူစွာပြသသွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

အနုပညာဖန်တီးသူများအား ပါဝင်ပူးပေါင်းကူညီပေးပါရန် နွေးထွေးစွာဖိတ်ခေါ်လျက်......


#နှလုံးသားတို့နီးကြဖို့






#တသားတည်း

03/12/2025

Together With Me Group နှင့် Transform With Me ၏ Founder နှင့် Chief Visionary Officer ဖြစ်သူ ကိုမျိုးမင်းသူ၏ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် အထူးအမှာစကား။
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။)

Special Message from Mr. Myo Min Thu, Founder and Chief Visionary Officer of Transform With Me and Together With Me Group, on the occasion of the International Day of Persons with Disabilities
(3 December 2025)

28/11/2025

📢 Event Announcement 📢
(ပါဝင်သူ လူဦးရေ In-Person ၁၀ ဦးသာ လက်ခံမည်ဖြစ်ပါသည်၊ အွန်လိုင်းမှလည်း Zoom ဖြင့် Hybrid တက်ရောက်နိုင်ပါသည်။)

မင်္ဂလာပါခင်ဗျာ🙏🏻
Travel With Me ရဲ့အစီအစဉ်တွေကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 💙

တချိန်တုန်းက ခရီးသွားလုပ်ငန်းမှာ စိတ်အားထက်သန်ခဲ့ကြတဲ့ လူငယ်တွေကို ပြန်လည်စုစည်းဖို့၊ ပြန်လည်ရှင်သန်နိုးထဖို့နဲ့ အဘက်ဘင်ကကျပ်တည်းနေကြတဲ့ကာလမှာ အလုပ်အကိုင်အခွင့်အလမ်း‌တွေ ရှာဖွေနိုင်ကြစေဖို့ အခုဆွေးနွေးပွဲလေးကို စီစဉ်ထားတာဖြစ်ပါတယ်။
အပြင်မှာ မတွေ့ရတာ နှစ်နဲ့ချီသွားပြီ။ အခုတော့ ပြန်လည်ဆုံတွေ့ဖို့ အချိန်ရောက်လာပါပြီ။

ဒီတခေါက်မှာတော့ ရန်ကုန်မြို့ S-Point Business Center မှာ
“အပန်းဖြေ ခရီးသွား သင်တန်းပွဲမှ ဝန်ဆောင်မှုနယ်ပယ်များအကြောင်း ဆွေးနွေးပွဲ” မှာ ခရီးသွားနယ်ပယ်က အတွေ့အကြုံရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကိုဝင်းမောင်သန့် ကနေ မျှဝေသွားမှာဖြစ်ပါတယ်။

✨ကိုဝင်းမောင်သန့် ရဲ့ ကိုယ်ရေးအကျဉ်းကိုဖော်ပြပါရစေ။

​🇲🇲 ပြည်တွင်း ခရီးသွားလုပ်ငန်း (၂၀၁၇-၂၀၂၂) - လိုင်စင်ရ ဧည့်လမ်းညွှန်

​၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းသို့ စတင်ဝင်ရောက်ပြီး လိုင်စင်ရဧည့်လမ်းညွှန် အဖြစ် လုပ်ကိုင်ခဲ့ပါသည်။

​ အမျိုးသားပြတိုက် (ရန်ကုန်) တွင် ပြတိုက်ဆိုင်ရာ ဧည့်လမ်းညွှန် အဖြစ် တာဝန်ယူခဲ့ပါသည်။

​အမေရိကန်နိုင်ငံ အ‌ခြေစိုက်ခရီးသွားကုမ္ပဏီ၏ Vintage Adventure ဧရာဝတီမြစ်ကြောင်းခရီးစဉ်တွင် History and Culture Guide အဖြစ် ဝန်ဆောင်မှုများပေးခဲ့ ပါသည်။

​ကိုရီးယားနိုင်ငံ EBS Documentary Channel ၏ မြန်မာပြည်တောင်ဖက်ပိုင်း ခရီးစဉ်များတွင် Educational and Culture ဧည့်လမ်းညွှန် အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

​
ကိုဗစ်ကာလအတွင်း ခရီးသွားလာခြင်းများ ကန့်သတ်ချိန်တွင် ရန်ကုန်မြို့ လမ်းလျှောက်ခရီးစဉ်များကို Myanmar Walks အမည်ဖြင့် အကောင်အထည်ဖော်ပြီး History and Culture ပိုင်းဆိုင်ရာ Guide အဖြစ် ဦးဆောင်ခဲ့ပါသည်။

ဧည့်လမ်းညွှန်အဖြစ် ဝန်ဆောင်မှုပေးခဲ့စဥ်အတွင်း ပြည်တွင်းပြည်ပ နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း ၄ထောင်ကျော်အား ဝန်ဆောင်မှုများပေးနိုင်ခဲ့ပါသည်။

​🚢 နိုင်ငံတကာ ခရီးသွားလုပ်ငန်း (၂၀၂၂ - ယနေ့ထိ)

​၂၀၂၂ ခုနှစ် မှစတင်ပြီး Foreign Tourism Industry သို့ ကူးပြောင်းဝင်ရောက်ခဲ့ပါသည်။

Cruise လုပ်ငန်း အတွေ့အကြုံ အဖြစ် Carnival Corporation & PLC လက်အောက်ရှိ AIDA Cruise တွင် Cabin Steward position ဖြင့် Career ပြောင်းလဲလုပ်ကိုင်ခဲ့ပါသည်။

✨အပန်းဖြေ ခရီးသွား သင်တန်းပွဲမှ ဝန်ဆောင်မှုနယ်ပယ်များအကြောင်း ဆွေးနွေးပွဲ” အချက်အလက်များ

📍 နေရာ – S-POINT BUSINESS CENTER (SUCCESS POINT)
အမှတ် (၁၁၀)၊ သံသုမာလမ်း၊ (၁၄/၃)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
(မြင်သာဘတ်စ်မှတ်တိုင်အနီး၊ လမ်းလျှောက်ချိန် ၁ မိနစ်ခန့်)

🗓️ နေ့ရက် – နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၅ (စနေနေ့)
🕙 အချိန် – မနက် ၁၀:၀၀ မှ ၁၁:၄၅ ထိ

📌 ပွဲတွင် ဆွေးနွေးမေးမြန်းရာတွင် ပါဝင်မည့် အကြောင်းအရာများ
- ခရီးသွားလုပ်ငန်း (Tourism)
- စိတ်ကျန်းမာရေး (Mental Health)
- ကိုယ်ရေးကိုယ်တာကျန်းမာရေး (Physical Health)
- ဆက်ဆံရေး (Relationship)
- အလုပ်အကိုင်လမ်းကြောင်း (Career Pathway)

ဒီလိုခေါင်းစဉ်စုံစုံလင်လင် ပါဝင်သွားမှာဖြစ်တဲ့အလျောက် Travel With Me Tourism Enterprise အဖွဲ့အစည်းအပြင် Treat With Me Public Health Support Organization, Talk With Me Psychosocial Support Organization, Transform With Me Education for Peace and Sustainable Development Organization တွေဖြစ်ကြတဲ့ သွေးချင်း အဖွဲ့အစည်းတွေကလဲ ဝန်းရံပါဝင်သွားကြမှာပဲဖြစ်ပါတယ်။

Together With Me, Boundless As We. Together We Make, Great Stories Await.
ဆိုတဲ့ စကားလုံးတွေလိုက်ဖက်‌အောင် အတူတကွ စည်းလုံးတက်ကြွစွာ ပါဝင် သွားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

📥 စာရင်းပေးသွင်းရန်
Transform With Me Page Chat Box မှတဆင့် အောက်ပါအချက်အလက်များကို ဖြေဆို၍ ပေးပို့ပေးရန်လိုအပ်မှာဖြစ်ပါတယ်။

Registration
- Name
- Phone No
- Email
- Age
- Address (Township Only)
- Organization Name (Optional)
- ပါဝင်လိုသည့် အကြောင်းအရင်း
- ပွဲအကြောင်း သိရှိခဲ့ပုံ
- Online or In-person

လူဦးရေ ကန့်သတ်ထားတဲ့အတွက် စိတ်ပါဝင်စားသူများအနေဖြင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းအပ်ပါတယ်။
အတူတကွ ဆုံတွေ့ဖို့၊ ပါဝင်ဆွေးနွေးဖို့၊ ပြန်လည်မျှဝေဖို့ ဝမ်းမြောက်ဝမ်းသာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

03/11/2025

🌾Food Systems Forum 2025 | Memorable After Video🎥

​"Building Resilience for Uncertainties" ဆောင်ပုဒ်နဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ Food Systems Forum 2025 ရဲ့ အမှတ်တရ After Video လေးကို မျှဝေလိုက်ပါတယ်။
​ဒီ Forum မှာ ကျွန်မတို့ Transform With Me အနေနဲ့ Myanmar Consumers Union (MCU) ရဲ့ ဦးဆောင်မှုနဲ့အတူ "AI is enhancement, not replacement" ခေါင်းစဉ်နဲ့ Dialogue Workshop တစ်ခု ပါဝင်ဆွေးနွေးခွင့်ရခဲ့ပါတယ်။
​အစားအစာ ဘေးကင်းရေး၊ Food Traceability နဲ့ AI နည်းပညာအကြောင်း ဆွေးနွေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ session က မြင်ကွင်းတချို့နဲ့ ပွဲတစ်လျှောက် အမှတ်တရများကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

​[English Language]

Food Systems Forum 2025 | After Video Highlights
​Sharing the official After Video from the Food Systems Forum 2025, successfully held under the theme “Building Resilience for Uncertainties.”
​We were honored that "Transform With Me," under the leadership of the Myanmar Consumers Union (MCU), facilitated a Dialogue Workshop titled, "AI is enhancement, not replacement."
​Catch glimpses of our session—where we discussed Food Safety, Food Traceability, and AI—along with other memorable moments from the forum in this video.
​
​

Photos from Transform With Me's post 27/10/2025

Home Education က ကြီးမှူးစီစဉ်ကျင်းပတဲ့ ကူရင်းယူ Networking Fair 2025 Event မှာ အစီအစဉ်တစ်ခုအဖြစ်ပါဝင်ခဲ့တဲ့ 7 Mins Talk Group Presentation Competition အတွက် Transform With Me အဖွဲ့အစည်းရဲ့ Founder and Chief Visionary Officer ကိုမျိုးမင်းသူကနေ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီပွဲအခမ်းအနားကို၂၆ ရက်နေ့၊ အောက်တိုဘာလ ၂၀၂၅ ခုနှစ်မှာ Kings International School (Thuwana Campus) ၌ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး လူငယ်များအတွက် ၂၁ ရာစုအရည်အချင်းများ ရရှိစေဖို့အပြင် ရရှိလာတဲ့ အကျိုးအမြတ်များကို သဘာဝဘေးဒဏ်သင့်နေရာဒေသမှ ပြည်သူများကို ကူညီပေးဖို့ ရည်ရွယ်စီစဉ်ပြုလုပ်တဲ့ပွဲတစ်ခုလဲဖြစ်ပါတယ်။
(သတင်းမှတ်တမ်းဓာတ်ပုံများ - အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်)

24/10/2025

🇺🇳 Acknowledging 80 Years of the United Nations 🌐

Today marks 80 years since the founding of the United Nations, a global institution built on the principles of peace, dignity, and shared responsibility.

At Transform With Me, we take this moment to sincerely acknowledge the UN’s enduring presence in shaping inclusive development worldwide. We extend our heartfelt appreciation to UNESCO Myanmar for their continued support and solidarity with our grassroots efforts in youth empowerment, public health education, and ethical advocacy.

UNESCO, as a specialized agency of the UN, plays a vital role in advancing education, science, and culture. Their collaboration strengthens our commitment to participatory learning and community-led change.

We remain humbly committed to this shared journey, one rooted in compassion, resilience, and the belief that every voice matters.

(Content and image created with the support of AI)

Photos from Transform With Me's post 24/10/2025

🌤️Myanmar Climate Action Week 2025 (MCAW2025) ၏ တစိတ်တပိုင်းအဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သော "Cooling Down the Consumer" virtual workshop တွင် "Transform With Me" အဖွဲ့အနေဖြင့် Myanmar Consumers Union ၏ဖိတ်ကြားမှုနဲ့ ပါဝင်ဆွေးနွေးမှုနှင့် လုပ်အားပံ့ပိုးမှုများပြုခွင့်ရခဲ့သည့် အတွက် အထူးဂုဏ်ယူမိပါသည်။

လူငယ်ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နှင့် မသန်စွမ်းသူများဆိုင်ရာ ကိုယ်စားပြုအဖွဲ့အစည်းများ အပါအဝင် တက်ရောက်သူ ၄၀ ကျော်တို့ တက်ရောက်ခဲ့ကြသော အဆိုပါဆွေးနွေးပွဲမှာ 'Consumer Champion Climate Actors' များအဖြစ် ပါဝင်လာသူများအဖြစ် သန္နိဋ္ဌာန်ချမှတ်မှုများကို တွေ့မြင်ရခြင်းကြောင့် Transform With Me ရဲ့ ပါဝင်မှုကို ပိုမို အဓိပ္ပာယ်ပြည့်စုံစေကာ အလွန်အားတက်ဖွယ်ရာ ဖြစ်စေခဲ့ပါသည်။

ဤဆွေးနွေးပွဲတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ကူညီခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပြီး စားသုံးသူအခွင့်အရေးနှင့် ရာသီဥတုဆိုင်ရာလုပ်ဆောင်မှုများကို ပေါင်းစပ်လုပ်ဆောင်နိုင်ရေးအတွက် နိုင်ရာကဏ္ဍမှ ဆက်လက်ပံ့ပိုးကူညီသွားလုပ်ဆောင်သွားရန် ကျွန်ုပ်တို့ ကတိပြုပါသည်။



[English Language]

🌤️"Transform With Me" was truly honored to support the "Cooling Down the Consumer" virtual workshop, held as part of Myanmar Climate Action Week 2025.
We were proud to contribute to this important initiative, which was co-hosted by our colleagues at "Together with Me" in partnership with the Myanmar Consumers Union (MCU) and UN-Habitat Myanmar.
It was inspiring to join over 40 participants, including youth leaders, grassroots CSOs, and organizations representing people with disabilities in this vital discussion. Witnessing their commitment to becoming 'Consumer Champion Climate Actors' was a powerful reminder that inclusive, community-led advocacy is key.
We are grateful to have been part of this space and remain committed to supporting the integration of consumer rights and climate action.

Photos from Transform With Me's post 24/10/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ Wyndham Grand ဟိုတယ်မှာ Food Systems Forum 2025 ကို Myanmar Innovative Life Sciences ကကြီးမှူးပြီး သက်ဆိုင်ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များနဲ့အတူ အောင်မြင်စွာ ပြုလုပ်ကျင်းပပြီးစီးခဲ့ကြတဲ့ မှတ်တမ်းပုံရိပ်များပဲဖြစ်ပါတယ်။

ဒီ Forum တွင် အစားအစာဘေးကင်းရေး၊ အာဟာရပြည့်ဝရေးနှင့် ရာသီဥတုဒဏ်ကြံ့ကြံခံနိုင်သော စားနပ်ရိက္ခာစနစ်များအကြောင်း တစ်နေ့တာ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လေ့လာသင်ယူခြင်းများအတွက် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ အစားအစာ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ နှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ ယခုနှစ် Forum ၏ ဆောင်ပုဒ်ဖြစ်သော “Building Resilience for Uncertainties” အခင်းအကျင်းအောက်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲမှာ Transform With Me အဖွဲ့အစည်းအနေနဲ့လဲ Myanmar Consumers Union MCU ရဲ့ ဦးဆောင်ခင်းကျင်းပေးမှုနဲ့အတူ MCU ရဲ့ လှုပ်ရှားမှုတစိတ်တပိုင်းအဖြစ် "AI is enhancement, not replacement: Extending human capabilities to make conscious choice for consumers" ခေါင်းစဉ်နဲ့အတူ Breakout Room တစ်ခုအဖြစ် Dialogue Workshop ပုံစံနဲ့ ပါဝင်ဖြစ်ခဲ့ကြပါတယ်။

ပြည်တွင်း နှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူ ခေါင်းဆောင်များ၊ သုတေသန ပညာရှင်များ၊ တီထွင်ဖန်တီးသူများ အားလုံးပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရပြီး လူငယ်ရှု့ထောင့်၊ စားသုံးသူရှု့ထောင့်၊ နည်းပညာရှု့ထောင့်တို့ကနေ Food Traceability and AI အကြောင်းများကို တင်ပြဆွေးနွေးခွင့်ရရှိခဲ့တဲ့အတွက် များစွာ ဂုဏ်ယူကျေနပ်အားရမိပါတယ်။

[English Languag]

🌾 The Food Systems Forum 2025 was successfully convened on October 22, 2025, at the Wyndham Grand Hotel in Yangon. Organized by Myanmar Innovative Life Sciences, the forum brought together relevant domestic and international organizations and experts.
​Under this year's theme, “Building Resilience for Uncertainties,” the forum provided a full day of discussion, collaboration, and learning. It united stakeholders from Myanmar’s private sector, including food producers and entrepreneurs, with development partners and Civil Society Organizations (CSOs). The sessions focused on critical issues such as food safety, nutrition security, and climate-resilient food systems, facilitating a collective search for solutions.
​"Transform With Me" was honored to contribute by facilitating a Breakout Room session structured as a Dialogue Workshop. This session was conducted under the leadership of the Myanmar Consumers Union (MCU) as part of MCU's ongoing initiatives. Our session was titled, "AI is enhancement, not replacement: Extending human capabilities to make conscious choice for consumers."
​We are immensely proud and satisfied to have participated in this significant forum, which gathered expert leaders, researchers, and innovators from Myanmar and the international community. We were privileged to present on the topics of Food Traceability and AI, offering insights from the youth, consumer, and technological perspectives.
​
​

Photos from Transform With Me's post 19/09/2025

၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်ရေး ရက်သတ္တပတ်၏ အစီအစဉ်များထဲမှ တစ်ခုသို့ ဖိတ်ကြားလွှာ🇲🇲

🌍Myanmar Climate Action Week 2025🌍

စားသုံးသူများရဲ့ စနစ်ကျတဲ့ တွန်းအားနဲ့အတူ ကျန်းမာသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေး ရည်ရွယ်လျက် “Cooling Down the Consumer - Creating a Healthy Environment" အမည်ဖြင့် ပြုလုပ်ကျင်းပသော အွန်လိုင်းဆွေးနွေးမျှဝေပွဲသို့ တက်ရောက်နိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါအစီအစဉ်ကို ​၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်ရေး ရက်သတ္တပတ် Myanmar Climate Action Week (MCAW)2025 ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာစားသုံးသူများ သမဂ္ဂ Myanmar Consumers Union က ဦးစီးပြုလုပ်ကျင်းပတာဖြစ်ပြီး Transform With Me အဖွဲ့အစည်း၏ တည်ထောင်သူနှင့် ဗျူဟာရေးဆွဲချမှတ်ရေး တာဝန်ခံ ကိုမျိုးမင်းသူက စကားဝိုင်းဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်သွားမည်ဖြစ်ပါသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ကိုမျိုးမင်းသူအနေဖြင့် Transform With Me အဖွဲ့အစည်း ကိုယ်စားပြုပြီး ၂၀၁၈ ခုနှစ်ကတည်းက တစိုက်မတ်မတ်ဆောင်ရွက်လာခဲ့သော ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်များအား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွေ့အကြုံများကို အခြေခံလျက် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်မှုလုပ်ငန်းများ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော စားသုံးသူဗဟိုပြု ချဉ်းကပ်မှုနှင့် လူငယ်ရေးရာပါဝင်လှုပ်ရှားဆောင်ရွက်မှုများအကြောင်းကို အခြားနယ်ပယ်အသီးသီးမှ အတွေ့အကြုံရင့် ဆရာ၊ ဆရာမများနှင့်အတူ ဆွေးနွေးဟောပြောသွားမှာဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

🔗​စကားဝိုင်း‌ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်

✓​နေ့ရက် - ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် (စနေနေ့)။
✓​အချိန် - နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ (မြန်မာစံတော်ချိန်)။
✓​ကျင်းပမည့်ပုံစံ - Microsoft Teams Platform ကို အသုံးပြု၍ အွန်လိုင်းမှတဆင့် Virtual အဖြစ်။

​🔗​Microsoft Teams Platform - အွန်လိုင်းတက်ရောက်ရန်လင့်ခ်

✓​Meeting ID: 328 972 665 959 2
✓Passcode: p5iJ9MF6

#ရာသီဥတုပြောင်းလဲမှု #စားသုံးသူအခွင့်အရေး #တသားတည်း

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address

Kyan Mar Yay Seik Kan Compound, Corner Of Pansodan Road And South Of Kannar Road, Seikkan Township
Yangon
11182