Pen23

Pen23

Share

𝐄𝐦𝐩𝐨𝐰𝐞𝐫 𝐘𝐨𝐮𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐫𝐞𝐬𝐞𝐧𝐜𝐞 𝐖𝐢𝐭𝐡 𝐔𝐬 !

31/05/2026

𝗥𝗲𝗺𝗼𝘁𝗲 𝗝𝗼𝗯 တွေလျှောက်ဖို့စဉ်းစားနေတာလား ?

အဲ့ဒီတော့ "CV တစ်စောင် ပို့လိုက်ရင် ပြီးရော" ဆိုတဲ့ အတွေးကိုတော့ ချက်ချင်း ဖျောက်လိုက်ဖို့ အကြံပေးချင်ပါတယ်။ 𝗥𝗲𝗺𝗼𝘁𝗲 𝗝𝗼𝗯 လျှောက်တဲ့သူ အတော်များများ ကျရှုံးနေရတဲ့ အဓိကအချက်က အလုပ်လျှောက်ဖို့ပဲ အချိန်ပေးနေပြီး၊ ကိုယ့်ကိုယ်ကိုယ် Professional ဆန်အောင် ဘယ်လို တင်ပြမလဲဆိုတာကို လုံးဝ လျစ်လျူရှုထားမိလို့ပါ။

အမှန်တရားကတော့... Remote အလုပ်ရှင်တွေက သင့်ရဲ့ အလုပ်အတွေ့အကြုံ (Experience) တစ်ခုတည်းကို ကြည့်ပြီး ခန့်အပ်တာ မဟုတ်ပါဘူး။ သင့်ရဲ့ "Professional Presence" (လုပ်ငန်းခွင်ဆိုင်ရာ ပုံရိပ်) တစ်ခုလုံးကို အကဲဖြတ်တာပါ။ အင်တာဗျူးမခေါ်ခင်မှာ Recruiter တွေက သင့်ရဲ့ ဒီအချက် ၄ ချက်ကို အရင်ဆုံး စစ်ဆေးလေ့ ရှိပါတယ်။

📄 𝗥𝗲𝘀𝘂𝗺𝗲 / 𝗖𝗩
✉️ 𝗖𝗼𝘃𝗲𝗿 𝗟𝗲𝘁𝘁𝗲𝗿
📂 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼
💼 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗿𝗼𝗳𝗶𝗹𝗲

ဒီအချက် ၄ ချက်က အလုပ်ရှင်မျက်လုံးထဲမှာ သင့်ရဲ့ ပုံရိပ်တစ်ခုလုံးကို ဖော်ဆောင်ပေးနေတာပါ။ တစ်ခုခု လိုအပ်နေရင်တောင်မှ Shortlist ဖြစ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။

---

1. CV တစ်စောင်က အလုပ်ရှင်ရဲ့ အာရုံကို ဖမ်းစားနိုင်ရမယ်

သင့် CV က ဒီမေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ဖြေပေးနိုင်ရမယ် -
✔ သင် ဘာတွေ လုပ်တတ်လဲ?
✔ သင့်မှာ ဘာ Skill တွေ ရှိလဲ?
✔ ဘာတွေ အောင်မြင်အောင် လုပ်ပြနိုင်ခဲ့လဲ?
✔ အလုပ်ရှင်က သင့်ကို ဘာကြောင့်ခန့်အပ်သင့်တာလဲ

2. Portfolio ဆိုတာ သက်သေအထောက်အထားပါ

ဘယ်သူမဆို "ငါ ဒါတွေ တတ်တယ်" လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ Portfolio ကတော့ သင် တကယ် လုပ်တတ်တယ်ဆိုတာကို လက်တွေ့ပြနိုင်တဲ့ အထောက်အထားပါ။ သင် လုပ်ခဲ့တဲ့ Project တွေ၊ Design တွေ၊ အစီရင်ခံစာတွေနဲ့ အောင်မြင်မှုမှတ်တိုင်တွေက သင် ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာကို အလုပ်ရှင်ကို မြင်အောင် ပြပေးပါလိမ့်မယ်။

3. Cover Letter က သင့်အကြောင်း ပိုသိအောင် ပြောပြပေးတယ်

အလုပ်ရှင်တော်တော်များများက Cover Letter ကို ဂရုမစိုက်ဘူး ထင်နေကြတာပါ။ ဒါပေမဲ့ Cover Letter က -
• ဒီအလုပ်ကို ဘာကြောင့် စိတ်ဝင်စားတာလဲ?
• သင့်ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
• ကုမ္ပဏီအတွက် သင် ဘာတွေ ထည့်ဝင်ပေးနိုင်မလဲ?..ဆိုတာကို သေချာ ပုံဖော်ပေးနိုင်ပါတယ်။ တခြားသူတွေ မလုပ်ကြတဲ့ ဒီအဆင့်ကို သင်လုပ်လိုက်တဲ့အခါမှာတော့ Recruiter တွေရဲ့ အာရုံစိုက်မှုကို ပိုရလာမှာပါ။

4. LinkedIn က ယုံကြည်မှုကို တည်ဆောက်ပေးတယ်

Remote အလုပ်တွေ၊ International အလုပ်တွေမှာဆိုရင် Recruiter တွေက သင့်ကို ဆက်သွယ်ခင် LinkedIn ကို အရင်ဆုံး ရှာဖွေကြည့်တတ်ကြပါတယ်။ Professional ဆန်တဲ့ LinkedIn Profile တစ်ခု ရှိနေခြင်းက သင့်ရဲ့ Credibility (ယုံကြည်စိတ်ချရမှု) ကို မြှင့်တင်ပေးပြီး၊ သင် အလုပ်မရှာတဲ့အချိန်မှာတောင် အခွင့်အလမ်းကောင်းတွေ လာနိုင်အောင် ဖန်တီးပေးပါတယ်။

အလုပ်ရှင်တွေက Skill ကိုပဲ ငှားတာ မဟုတ်ပါဘူး။ သူတို့ ယုံကြည်ရတဲ့သူကို ငှားတာပါ။ အဲဒီ ယုံကြည်မှုကိုတော့ သင့်ရဲ့ စနစ်တကျ ပြင်ဆင်ထားတဲ့ Application profile တွေကတစ်ဆင့် တည်ဆောက်လို့ ရပါတယ်။

---

Pen23 မှာတော့ Remote job ရှာနေတဲ့သူတွေအတွက်ပဲ အထူးသီးသန့် ဝန်ဆောင်မှုတွေကိုရယူနိုင်ပါတယ်။

Generic ဖြစ်တဲ့ စာရွက်တွေ မဟုတ်ဘဲ၊ Remote နဲ့ International အခွင့်အလမ်းတွေအတွက်ပဲ Tailor-made ဖြစ်တဲ့ Profile တွေကို တည်ဆောက်ပေးပါတယ်။

✅ 𝗥𝗲𝗺𝗼𝘁𝗲 𝗝𝗼𝗯 အတွက် 𝗥𝗲𝘀𝘂𝗺𝗲 / 𝗖𝗩 ရေးသားခြင်း
✅ 𝗥𝗲𝗺𝗼𝘁𝗲 𝗝𝗼𝗯 အတွက် 𝗖𝗼𝘃𝗲𝗿 𝗟𝗲𝘁𝘁𝗲𝗿 ရေးသားခြင်း
✅ 𝗥𝗲𝗺𝗼𝘁𝗲 အလုပ်အတွက် 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 ပြုပြင်ခြင်း
✅ 𝗥𝗲𝗺𝗼𝘁𝗲 𝗖𝗮𝗿𝗲𝗲𝗿 အတွက် 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗿𝗼𝗳𝗶𝗹𝗲 𝗢𝗽𝘁𝗶𝗺𝗶𝘇𝗮𝘁𝗶𝗼𝗻

ဒါကြောင့်သင်က -
🌍 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗥𝗲𝗺𝗼𝘁𝗲 𝗝𝗼𝗯𝘀
🏠 𝗪𝗼𝗿𝗸 𝗙𝗿𝗼𝗺 𝗛𝗼𝗺𝗲
💻 𝗙𝗿𝗲𝗲𝗹𝗮𝗻𝗰𝗲 𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀
🚀 𝗚𝗹𝗼𝗯𝗮𝗹 𝗖𝗼𝗺𝗽𝗮𝗻𝗶𝗲𝘀 တွေမှာ လျှောက်မယ့်သူဆိုရင်တော့ Pen23 က သင့်ကို အကောင်းဆုံး ထောက်ပံ့ပေးဖို့ အသင့်ရှိပါတယ်။

ကိုယ်တိုင်ယုံကြည်မှုရှိရှိနဲ့ အလုပ်လျှောက်လှမ်းနိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

📞 𝗩𝗶𝗯𝗲𝗿: 𝟬𝟵𝟵𝟳𝟲𝟭𝟯𝟭𝟯𝟴𝟱
📧 𝗘𝗺𝗮𝗶𝗹: 𝗽𝗲𝗻𝟮𝟯.𝘀𝗲𝗿𝘃𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

28/05/2026

အခုကျွန်တော်ရေးတဲ့စာကို အဆုံးထိဖတ်ကြည့်လိုက်ပါ

တကယ်လို့ အဆုံးထိသေချာလေးဖတ်နိုင်တယ်ဆိုရင် သင် brain rot မဖြစ်ပါဘူး

ဒါပေမဲ့ အဆုံးထိမဖတ်နိုင်ဘဲ ကျော််ပြီးဖတ်တာလုပ်မိတယ်ဆိုရင်

သေချာပါတယ် သင် brain rot ဖြစ်နေတာပါ။

ဒီနေ့ခေတ်မှာ လူတော်တော်များများရဲ့ အားလပ်ချိန်တွေဆိုတာ TikTok scroll လိုက်၊ Reels တွေကြည့်လိုက်နဲ့ပဲ အချိန်ကုန်နေကြတာ များပါတယ်။ တခါတလေ ၅ မိနစ်လောက်ပဲ ကြည့်မယ်ဆိုပြီး ဖုန်းဖွင့်လိုက်တာ၊ မသိလိုက်တဲ့ကြားထဲမှာပဲ ၁ နာရီ၊ ၂ နာရီလောက် ကုန်သွားတာမျိုး ကြုံဖူးကြမှာပါ။

ဒါပေမဲ့ ဒီလို Short-form content တွေကို အလွန်အကျွံ ကြည့်နေတဲ့အခါ ကိုယ်တောင် မသိလိုက်ဘဲနဲ့ .....

1. အာရုံစိုက်နိုင်စွမ်း (Attention Span) ကျလာတာ
2. အလုပ်တစ်ခုကို အာရုံစူးစိုက်လုပ်ဖို့ ခက်ခဲလာတာ
3. စာရှည်ရှည် မဖတ်နိုင်တော့တာ
4. လေးလေးနက်နက် စဉ်းစားတွေးခေါ်မှု (Deep Thinking) လုပ်ဖို့ ပျင်းလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
________________________________________

အင်တာနက် လောကမှာတော့
ဒီအခြေအနေကို "Brain Rot" လို့ ခေါ်ကြပါတယ်။ Brain rot ဆိုတာ ဦးနှောက်ပျက်စီးသွားတာမျိုး မဟုတ်ပေမဲ့၊ အနှစ်သာရမရှိတဲ့ ဖျော်ဖြေမှုတွေကို အလွန်အကျွံ စားသုံးမိရာကနေ မိမိရဲ့ စဉ်းစားတွေးခေါ်မှု၊ အလုပ်လုပ်နိုင်စွမ်းနဲ့ စိတ်အာရုံစူးစိုက်မှုတွေ ကျဆင်းသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။

အခုနောက်ပိုင်းမှာ -

❌ ဘာပဲလုပ်လုပ်၁၀ မိနစ်ထက်ပိုပြီး အာရုံမစိုက်နိုင်တော့တာ

❌ Long-form ဗီဒီယိုတွေ ကိုထိုင်မကြည့်နိုင်တော့တာ

❌ စာအရှည်ကြီး‌တွေဆိုရင် ဖတ်ရမှာကိုပျင်းလာတာ

❌ ဖုန်း notification‌ တွေတက်လာရင် မကြည့်ရရင် မနေနိုင်ဖြစ်လာတာတွေဟာ

ဆိုရှယ်မီဒီယာတွေရဲ့ အလွန်အကျွံ လှုံ့ဆော်မှု (Overstimulation) ကြောင့် ဖြစ်လာတဲ့ ရလဒ်တွေပါပဲ။
________________________________________

Short content တွေက ဖျော်ဖြေမှုပေးတာ မှန်ပေမဲ့၊ အလွန်အကျွံ ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်ရဲ့ Productivity၊ Discipline၊ Creativity နဲ့ Attention Span တွေကို ထိခိုက်လာနိုင်ပါတယ်။

ဒါတွေကကိုယ်က ငယ်ရွယ်နေတဲ့အချိန်မှာ ဖြစ်နေရင် ဆိုးကျိုးကအများကြီးမသက်ရောက်ဘူးလို့ထင်နေနိုင်ပေမဲ့

ကိုယ်ကအရွယ်ရောက်လာတဲ့အချိန် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာတော့ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ အာရုံမစိုက်‌နိုင်တော့တာ၊ အိုင်ဒီယာအသစ်အဆန်းတွေကို မစဉ်းစားမတွေးခေါ်နိုင်တော့ပဲနဲ့ ဘဝတိုးတက်မယ့်လမ်းတွေကို ကြီးကြီးမားမား နှောင့်နှေး‌သွားစေနိုင်ပါတယ်
________________________________________

ဒါဆို "Brain Rot" ကို ဘယ်လိုလျှော့ချမလဲ

အဓိကအချက်ကတော့ ဖျတ်ခနဲ စိတ်ကျေနပ်မှုပေးတဲ့ (Short dopamine) အရာတွေကို လျှော့ပြီး၊ စိတ်အေးအေးနဲ့ အာရုံစိုက်ရတဲ့ (Deep-focus) အလုပ်တွေကို ပြန်လေ့ကျင့်ပေးဖို့ပါပဲ။

နည်းလမ်းကောင်းတွေကတော့......

🎬 ရုပ်ရှင်ကားရှည်တွေ ကြည့်ပါ

တစ်နေ့လုံး Short video တွေကြည့်နေမယ့်အစား ရုပ်ရှင်ကားတွေ ကြည့်ပါ။ ရုပ်ရှင်တွေက ဇာတ်လမ်းကို နောက်ကလိုက်ရတယ်၊ ဇာတ်ကောင်တွေကို နားလည်အောင် လုပ်ရတယ်၊ ခံစားချက်တွေကို အချိန်ကြာကြာ အာရုံစိုက်ထားရတဲ့အတွက် ဦးနှောက်ကို Slow thinking နဲ့ Focus ပြန်လုပ်ဖို့ လေ့ကျင့်ပေးရာ ရောက်ပါတယ်။

📚 စာဖတ်ခြင်းအလေ့အကျင့်ကို ပြန်လေ့ကျင့်ပါ

အစပိုင်းမှာ စာရှည်ရှည် ဖတ်ရတာ ခက်နိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ ၁၀ မိနစ်လောက်ကနေ စပြီး တဖြည်းဖြည်းချင်း အချိန်တိုးဖတ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ အာရုံစိုက်နိုင်စွမ်းကို ပြန်မြှင့်တင်လို့ ရပါတယ်။

🧠 Deep Thinking လုပ်တဲ့ အလေ့အကျင့် ပြန်လုပ်ပါ

တစ်ခုခုကို တွေ့လိုက်တိုင်း ချက်ချင်း scroll ပြောင်းမသွားပါနဲ့။ ခဏရပ်ပြီး စဉ်းစားကြည့်ပါ၊ ဝေဖန်ပိုင်းခြားကြည့်ပါ၊ ကိုယ်တွေ့မြင်တာတွေကို မှတ်စုလေးတွေ ရေးပါ။ ဒီအလေ့အကျင့်က ဦးနှောက်ကို အလွန်အကျွံ လှုံ့ဆော်မှုတွေထဲကနေ ပြန်ထုတ်ပေးနိုင်ပါတယ်။

🚶‍♂️ Screen time ကို လျှော့ချပါ

ဖုန်းကြည့်နေမယ့်အစား လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ ဒါမှမဟုတ် သဘာဝတရားထဲမှာ အချိန်ကုန်ဆုံးတာမျိုးက စိတ်ကို Refresh ဖြစ်စေပါတယ်။

🎯 Skill အသစ်တွေ သင်ယူပါ

ဗီဒီယိုတွေပဲ ထိုင်ကြည့်နေတာထက် တစ်ခုခုကို တကယ် သင်ယူနေတာက ဦးနှောက်ကို ပိုတက်ကြွစေပြီး၊ အလိုလိုနေရင်း ဖုန်းကြည့်ချင်တဲ့ စွဲလမ်းမှုကိုလည်း လျော့ကျစေပါတယ်။

ဖျော်ဖြေမှုတွေ ကြည့်တာ၊ ရုပ်ရှင်ကြည့်တာဟာ ကောင်းပါတယ်။ ဒ
ါပေမဲ့ တစ်နေ့လုံး algorithm ပေးသမျှ ဗီဒီယိုတွေကိုပဲ ထိုင်ကြည့်နေမယ့်အစား၊ ကိုယ့်ဦးနှောက်ကို ကိုယ်တိုင်ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ (Take Control) အချိန်တန်ပါပြီ။
________________________________________

ဒီ content ကိုအဆုံးထိဖတ်တဲ့အတွက် ဂုဏ်ယူပါတယ်ခင်ဗျ 🎉

နောက်လဲဒီလိုမျိုးပဲ စာတစ်ခုကိုသေချာလေးအာရုံစိုက်ပြီးထပ်ဖတ်နိုင်ဖို့အတွက် အားပေးလိုက်ပါတယ်

Photos from Pen23's post 25/05/2026

𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 ကိုအလုပ်ရှာဖို့အတွက်ပဲ အခုထိသုံးနေတုံးလား ?

အလုပ်ရှာဖို့အတွက်ပဲသုံး‌နေတယ်ဆိုရင်
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 ဆိုတာက Cv ထည့်တဲ့
mail box ❎သာသာပဲဖြစ်နေမှာပါ။

အလုပ်တွေရှာစရာမလိုပဲနဲ့ တိုက်ရိုက်အလုပ်ကမ်းလှမ်းခံရတာတွေ၊
အတွေ့အကြုံနဲ့ဝင်ငွေတွေ ရရှိနိုင်မယ့်အခွင့်အလမ်းတွေ
ကိုယ့်ဆီဝင်ရောက်လာတာမျိုးတွေကြုံချင်တယ်ဆိုရင်.....

အောက်မှာ ကျွန်တော်အကြံပေးသလိုမျိုးစလုပ်ကြည့်လိုက်ပါခင်ဗျ 💡

Photos from Pen23's post 18/05/2026

English skills ကို တိုးတက်‌စေနိုင်မယ့်
ရုပ်ရှင်နဲ့စီးရီးကောင်းများ
အတန်းတွေတရစပ်တက်၊
စာအုပ်အထူကြီးတွေဖတ်ပြီး
အချိန်နဲ့ငွေတွေ အများကြီးကုန်ဆုံးရမှ
အင်္ဂလိပ်စာ တိုးတက်မယ်လို့ ထင်နေတုန်းပဲလား?

အခုခေတ်မှာ အင်္ဂလိပ်စာလေ့လာရတာ အဲ့ဒီလောက်အထိ ပျင်းစရာကောင်းပြီး ပင်ပန်းဖို့မလိုတော့ပါဘူး။ အမြဲတမ်း စာကြည့်စားပွဲပေါ်မှာပဲ အချိန်ကုန်နေမယ့်အစား နည်းလမ်းလေး နည်းနည်းပြောင်းပြီး ကိုယ်ကြိုက်တဲ့ ရုပ်ရှင်နဲ့ Series ကားကောင်းတွေကို အေးအေးဆေးဆေး ကြည့်ရင်း Skill တွေကို Level မြှင့်တင်ကြည့်ရအောင်။

ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်စာ Intermediate အဆင့်ကနေ Advanced Level အထိ ရောက်အောင် ရုပ်ရှင်တွေ၊ Series တွေကိုပဲ ထိထိရောက်ရောက် အသုံးချပြီး လေ့လာခဲ့တာမို့ ဒီနည်းလမ်းရဲ့ ထိရောက်မှုကို ရဲရဲကြီး အာမခံပါတယ်! 💯

ဇာတ်လမ်းတွေကြည့်ရင်း လေ့လာတာဟာ စာအုပ်ထဲမှာမပါတဲ့ အပြင်လောကက သဘာဝကျတဲ့ စကားပြောဟန်တွေ၊ အသံထွက် (Accent) တွေနဲ့ လက်တွေ့သုံး ဝေါဟာရတွေကို ရေရှည်မှတ်မိစေဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

ဒီ Post မှာ သင့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို သိသိသာသာ တိုးတက်လာစေမယ့် Series ကောင်းတွေကို ကဏ္ဍအလိုက် အသေးစိတ်စုစည်းပေးလိုက်ပါတယ်။

13/05/2026

မြန်မာနိုင်ငံမှာ အလုပ်လျှောက်သောအခါ.....

Photos from Pen23's post 11/05/2026

သင်ကအခုမှ ကျောင်းပြီးခါစသူပဲဖြစ်ဖြစ်၊
လုပ်ငန်းခွင်ဝင်ရောက်နေသူပဲဖြစ်ဖြစ်၊
ရာထူးကြီးပြီးလက်အောက်ငယ်သားတွေကို စီမံခန့်ခွဲနေသူပဲဖြစ်နေရင်တောင်

လက်ရှိအခြေအနေထက် နောက်တစ်ဆင့်တိုးတက်နိုင်ဖို့အတွက် အမြဲတမ်းသင်ယူလေ့လာနေရအုံးမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က skills အသစ်တွေ၊ ပညာရပ်အသစ်တွေကို လေ့လာသင်ယူနိုင်ဖို့အတွက် အကောင်းဆုံးဖြစ်စေမယ့် ဆရာကြီးလေးပါးအကြောင်းကို အတိုချုံးပြီးရှင်းပြချင်ပါတယ်။

09/05/2026

အလုပ်ပဲလျှောက်လျှောက်
ကျောင်းပဲလျှောက်လျှောက်

မဖြစ်‌မနေလိုအပ်တဲ့ portfolio တွေကို ဘယ်လိုမျိုးလုပ်ကြမလဲ ? 🤔

ဒီ video မှာတော့ portfolio တစ်ခုကို အရိုးရှင်းဆုံး ဘယ်လိုလုပ်ရမလဲဆိုတာကို အတိုချုံးပြီး ရှင်းပြပေးထားပါတယ်ခင်ဗျ

06/05/2026

နေ့တိုင်းအလုပ်တွေရှာလိုက်၊ CV တွေတရစပ်ပို့လိုက်နဲ့ လုပ်နေရတာ စိတ်ပင်ပန်းနေပြီလား?

ကိုယ့်ဘက်ကချည်းပဲ အလုပ်တွေ လိုက်ရှာပြီး အပင်ပန်းခံမနေပါနဲ့တော့
အခုလိုခေတ်မှာ အထာကျကျနဲ့နည်းလမ်းလေးတော့ ပြောင်းကြည့်ဖို့လိုနေပြီနော်။
အလုပ်တွေကို လိုက်ရှာနေမယ့်အစား "အလုပ်တွေက ကိုယ့်ဆီ လာရှာအောင်"
ကိုယ့်ရဲ့ Professional Brand ကို စနစ်တကျ ပြင်ဆင်ထားဖို့လိုအပ်နေပါပြီ။

အလုပ်ရှင်တွေနဲ့ HR/Recruiter တွေက ကိုယ့်ကို အလွယ်တကူ ရှာတွေ့သွားဖို့နဲ့
မြင်မြင်ချင်း စိတ်ဝင်စားသွားဖို့ဆိုရင် ဒီအချက်တွေကအဓိကပါပဲ 👇

𝟭. 𝗥𝗲𝘀𝘂𝗺𝗲/𝗖𝗩
ကိုယ့်ရဲ့ အရည်အချင်းတွေကို အထိရောက်ဆုံး ပေါ်လွင်စေပြီး အလုပ်ရှင်မျက်စိကျမယ့် Professional Resume တစ်စောင်က အစပြုရပါမယ်။

𝟮. 𝗖𝗼𝘃𝗲𝗿 𝗟𝗲𝘁𝘁𝗲𝗿
CV ထဲမှာ မပါနိုင်တဲ့ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးကို "မိတ်ဆက်စာ" ကနေတစ်ဆင့် အကောင်းဆုံး ချပြနိုင်ရပါမယ်။

𝟯. 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗿𝗼𝗳𝗶𝗹𝗲
အလုပ်ရှင်တွေက ဝန်ထမ်းတွေကိုရှာဖွေနေကြတဲ့အချိန်မှာ ကိုယ့်ရဲ့ LinkedIn Profile က ဖြစ်သလို professional မဆန်နေတာတွေ ဖြစ်မနေအောင် အဆင့်မြင့်ထားဖို့ လိုအပ်ပါတယ်။

𝟰. 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼
ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို စကားနဲ့တင် မဟုတ်ဘဲ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ visual ဆန်ဆန်သေချာလေးတင်ပြနိုင်ရပါမယ်။

ဒီအချက်တွေသာ ပြည့်စုံနေပြီဆိုရင် သင်အနေနဲ့ အလုပ်လိုက်ရှာနေစရာမလိုဘဲ
အလုပ်က သင့်ကိုလာရှာတဲ့အဆင့်ကို ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။

ဒါကြောင့်ကိုယ့်ရဲ့ Career Journey ကို ပိုပြီးလွယ်ကူထိရောက်သွားစေချင်တယ်ဆိုရင်
Pen23 က အစအဆုံး ကူညီပေးဖို့ အသင့်ရှိပါတယ်။

နည်းလမ်းဟောင်းတွေကို စွန့်လွှတ်ပြီး Professional ဆန်တဲ့ Brand တစ်ခုကို အတူတူ တည်ဆောက်လိုက်ရအောင်ဗျာ။ 🚀

အသေးစိတ် စုံစမ်းလိုပါက -
☎️ Viber Phone - 09976131385

04/05/2026

Bad Reviews လုံးဝမရှိတဲ့လုပ်ငန်းဆို... ရှောင်!

ဒီ‌နေ့လိုခေတ်ကြီးထဲမှာ တစ်ခုခုဆို အလုပ်လျှောက်တာ၊ သင်တန်းတက်တာ၊ ဆိုင်တစ်ဆိုင်မှာ မုန့်ထိုင်စားတာကအစ Review တွေကို အရင်ဆုံး ကြည့်ကြတာ ထုံးစံပါပဲ။
အထူးသဖြင့် အခုခေတ်လိုအလုပ်အကိုင်‌ကောင်းရှားပါးလာတဲ့အချိန်မှာ "မှားရွေးမိရင် ဒုက္ခ" ဆိုတဲ့ စိတ်နဲ့ လူတွေက ပိုပြီးတော့တောင် သတိထားလာကြပါတယ်။

ဒါပေမဲ့လို့ စဉ်းစားစရာတစ်ခုရှိတာက...
Bad Review လုံးဝမရှိတဲ့ လုပ်ငန်းတစ်ခုဆိုတာဟာ တကယ်ပဲ ယုံကြည်စိတ်ချလို့ ရနိုင်ပါ့မလား?

Bad review လုံးဝ မရှိတဲ့လုပ်ငန်းတစ်ခု (သို့) ၁၀၀% Perfect ဖြစ်နေတယ်ဆိုတဲ့ လုပ်ငန်းတစ်ခုကို ကြည့်လိုက်မယ်ဆိုရင်၊ အဲဒါက တကယ်ပဲ အားလုံးက ပြည့်စုံ‌ကောင်းမွန််နေလို့လား?
ဒါမှမဟုတ် ပြဿနာတွေကို ဖုံးထားလို့လား?
ဆိုတာကို သတိကြီးကြီးနဲ့ စဉ်းစားဆင်ခြင်ပြီး ရှောင်ရှားတတ်ဖို့လိုပါတယ်။

ဒီအကြောင်းအရာတွေနဲ့ဆက်စပ်ပြီး
ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေး တွေကိုပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေများစွာက ကျွန်‌တော်က GED တက်ဖို့အတွက် သင်တန်းကျောင်း‌ တွေလိုက်ရှာတော့ ထုံးစံအတိုင်း Review လဲကောင်း နာမည်လဲအတန်အသင့်ရှိပြီး Bad Review လုံးဝမရှိတဲ့ ကျောင်းတစ်ကျောင်းကို ရွေးလိုက်မိခဲ့တယ်။ ကြည့်လိုက်ရင်တော့ သူတို့ရဲ့ ပုံစံအနေအထား‌၊ ကြော်ညာချက်‌တွေက တကယ့်ကို လန်ပြန်ထွက်ပြီး တက်ချင်စရာကိုဖြစ်‌‌နေရောပါပဲ။

ဒါပေမဲ့ တကယ်တမ်း ကိုယ်တိုင်တက်ကြည့်တော့မှ အတွင်းမှာလုပ်‌‌နေတဲ့ကျတဲ့ပုံစံ‌တွေကို သိလာလိုက်ရတာပါ။ သူတို့လုပ်တဲ့ပုံစံ‌တွေကတော့ သင်ခန်းစာကို အမြန်ပြီးအောင်သင်မယ်၊ လိုက်မမှီတာမှီတာကို စိတ်မဝင်စားဘူး၊ အဲ့လိုအသည်းအသန်သင်ကြားပြီး‌တော့မှ နဂိုကတဲကထူးချွန်ပြီးသား စာတတ်ပြီးသားကျောင်းသားကိုပဲအဓိကထားပြီး၊ စာမလိုက်နိုင်တော့တဲ့ကျောင်းသားတွေကတော့ ပြတ်ကျကျန်ခဲ့ပါတော့တယ်
နောက်ပိုင်း Batch တစ်ခုပြီးဆုံးသွားတဲ့အခါမှာ အမှတ်ကောင်းတဲ့သူတွေကိုပဲ "Top Students" ဆိုပြီး သူတို့သင်တန်းရဲ့ Marketing အတွက်ဂုဏ်ဖော်တဲ့‌ နေရာမှာသုံးတယ်။ အမှတ်မကောင်းတဲ့သူ ဒါမှမဟုတ် ကျတဲ့သူတွေကိုတော့ ဖိအားပေးပြီး လူမသိအောင် နောက် Batch ထဲ တိတ်တိတ်လေး ပြောင်းပစ်လိုက်ပြီးမှ Public မှာကျ "တို့ကျောင်းမှာ ကျတဲ့သူ လုံးဝမရှိဘူး၊ ၁၀၀ ရာခိုင်နှုန်း အောင်မြင်တယ်" ဆိုပြီး ဒီလိုပုံစံမျိုးတွေ ဟန်ဆောင်ပြီးကြေညာတာပါ။

အဲဒီတော့မှ ကျွန်တော် သဘောပေါက်သွားတာက... အချို့လုပ်ငန်းတွေမှာ Bad Review လုံးဝ မရှိတာဟာ ပြဿနာမရှိ၊ အမှားမရှိလို့ မဟုတ်ဘဲ ပြဿနာကို မမြင်အောင် နည်းလမ်းအမျိုးမျိုးကိုကြံဖန်ပြီး ဖုံးထားလို့လဲ ဖြစ်နိုင်တာပဲဆိုပြီး စဉ်းစားမိလာပါတော့တယ်။

ဒီလိုပုံစံမျိုးက သင်တန်းကျောင်းတစ်ခုတည်း မဟုတ်ပါဘူး။ ယနေ့ Myanmar Job Market ထဲမှာလည်း အလားတူပဲ တွေ့ရတတ်ပါတယ်။

လုပ်သားရှားပါးလာတဲ့ အခြေအနေကြောင့် Company တွေကလဲ image ကိုပဲပိုဂရုစိုက်လာပြီး Negative Feedback တွေကို ဖုံးဖိလာကြတယ်။ ဝန်ထမ်းတွေရဲ့ အသံကို လုပ်ငန်းအများစုက နားမထောင်ကြတော့ပါဘူး။

အလုပ်မလုပ်ခင် အပြင်ပိုင်းမှာ မြင်ရတာက‌တော့—

Good salary
Great benefits & Allowances
Positive work environment

ဘာညာဆိုပြီး မက်လုံးတွေပေးတတ်ကြပေမဲ့လဲ
ဒါပေမဲ့ အတွင်းမှာ—

Work pressure များပြီး၊ အထက်အောက်နိုင်ထက်စီးနင်းမှုတွေရှိပါတယ်

ကျွန်တော်ကြုံခဲ့ဖူးတဲ့ company တစ်ခုဆိုရင်

ကိုယ်လုပ်ရမဲ့ခုနှစ်ကဘယ်အထိဆိုပြီး စာချုပ်နဲ့သွားတဲ့အပြင်၊ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ထွက်မိရင် ၆ လလျော်ကြေးဆိုပြီး ဒဏ်ခတ်တဲ့အပြင်ကိုမှ

ဒီအလုပ်လုပ်‌နေစဉ်ကာလအတွင်းမှာလဲ
အမျိုးမျိုးသော ဖိနှိပ်မှုတွေ၊ လိုအပ်ချက်တွေ အမှားတွေကိုပြင်ဆင်ဖို့ထောက်ပြမှုတွေကိုပါ ကိုယ့်ရဲ့အမှားပါဆိုပြီး gaslight ပြန်လုပ်တာပါခံရပါတယ်။ အမှားလုပ်မိပြီဆိုရင်ကို လက်မခံဘူး၊ သတ်မှတ်ထားတဲ့ Result မထွက်ရင် solution ရှာရမဲ့အစားလူကိုပဲ အစားထိုးပစ်လိုက်ကြတယ်။

နောက်ပြီး လုပ်ငန်းကနေထွက်ခွာမယ်ဆိုရင်လဲ
Company နဲ့ပတ်သက်ပြီးဝေဖန်တာ မကောင်းပြောတာမှန်သမျှ အရေးယူပါမယ်ဆိုပြီးပါ အသိပေးတာမျိုးတွေပါကြုံခဲ့ရပါတယ်။

ဒါကတော့အကြမ်းဖျင်းကိုပဲ ချုံပြီးကျွန်တော်ပြောပြလိုက်ပါတယ် ဒီထက်ပိုပြီးပြောရင်လဲ တော်တော်ကိုရှည်သွားနိုင်တာကြောင့်ပါ

ကျွန်တော်အခုပြောသွားတာတွေက လုပ်ငန်းရှင်တွေကိုတိုက်ခိုက်လိုတာလုံးဝမဟုတ်ပါဘူး။
လူတိုင်းရဲ့ဘဝမှာ တစ်‌ထောက်တစ်ခါတကယ်ကြုံရတတ်တဲ့ အဖြစ်အပျက်တွေကိုမျှဝေပေးရုံသာဖြစ်ပါတယ်ခင်ဗျ

ဒါကြောင့် ကျွန်တော့်အ‌နေနဲ့ သတိ‌‌ပေးချင်တာကတော့ Bad Review လုံးဝမရှိတဲ့ 'လုံးဝပြီးပြည့်စုံတဲ့' လုပ်ငန်းတစ်ခုကို တွေ့ရင် "လုံးဝပြီးပြည့်စုံတာ မဖြစ်နိုင်ဘူး" ဆိုတဲ့ သံသယနဲ့ သေသေချာချာ စုံစမ်းပြီးမှ အလုပ်လျှောက်တာက အကောင်းဆုံးဖြစ်တယ်ဆိုတာပါပဲ။

သင်ရော ကျွန်တော့်လိုမျိုး ဆင်တူတဲ့အဖြစ်အပျက်မျိုးတွေကြုံခဲ့ဖူးပါသလားခင်ဗျ

တကယ်လို့ရှိခဲ့တယ်ဆိုရင် comment မှာပြန်လည်မျှဝေသွားနိုင်ပါတယ်။

Photos from Pen23's post 28/04/2026

page လေးစစဖွင့်တဲ့အချိန်ကနေ
အခုအချိန်ထိ လုပ်ပေးခဲ့တဲ့ portfolio services ‌တွေထဲကမှ

ကျွန်တော် သဘောအကျဆုံးလက်ရာ (5) ခု ✨

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon