Code The X

Code The X

Share

Knowledge sharing

21/10/2024

The Wild Robot
// CTX - 8.5

ဒီလိုမျိုး ရင်ထဲ ထိတဲ့ Family type ကာတွန်း ကား တွေမကြည့်ရတာ ကြာရောပေါ့ဗျာ။ 2024 လက်ရှိအချိန်ထိ ထွက်သမျှ ကာတွန်းကားထဲမှာ အကြိုက်ဆုံးလို့ ပြောလို့ရတယ်ဗျ။ ကလေးက အစ လူကြီး အဆုံး ကြည့် ပျော် စေတဲ့ animation ကားတစ်ခုပဲလို့ပြောပါရစေ။ DreamWorks ရဲ့ ကြိုးစားထားမှုတွေတွေ့ရတယ်။ စာအုပ်ကို ပြန်ရိုက်ထား‌တာ‌‌ေပါ့။animation ကားတွေရဲ့ အသက် visual အပိုင်းလေးကိုစပြောကြည့်ရအောင်။

Visual --

ထူးထူးဆန်းဆန်းပဲဗျ။ Oil paper ပေါ်မှာ illustration လုပ်ထားတဲ့ art style နဲ့ ထွက်လာတာဗျ။ တကယ်ကို ကြည့်ရဆန်းပြီးတော့ အရောင်အသွေး ဆိုပြေတဲ့ အပြင် မျက်စိ ပသာဒ ‌ဖြစ်စေတယ်ဗျ။

Sound track --

အသံ(music) အပိုင်းမှာလဲ တကယ်အားထုတ်ထားတာကိုတွေ့ရတယ် သဘာဝ အသံတွေကို ခံစားရတဲ့ အပြင် ost သီချင်းလေးကလဲ နားထောင်လို့ သာယာတဲ့ထဲပါတာအမှန်ပါပဲ။

Review --

Roz စက်ရုပ်ဟာ တောရိုင်းထဲ ကို ပြုတ်ကျလာ ပြီး စက်ရုပ်တစ်ရုပ်အနေနဲ့ လူသားတွေကြားထဲ မှာမဟုတ်ပဲ ဘာတွေ ဘယ်လို လုပ်မလဲဆိုတဲ့ ဇာတ်လမ်းလေးပေါ့။ တကယ်ကို ကြည်နူး စေတဲ့ အပြင် ချစ်ခြင်းမေတ္တာတွေ စည်းလုံးညီညွတ်ခြင်းတွေ အကြောင်း ဖော်ကြူးထားတာပေါ့။

animation တွေ ကောင်းတဲ့ ဆိုတဲ့ နေရာ မှာ voice actor/actress တွေက အဓိကကျတယ်ဗျ။ ဇာတ်လမ်းကို carry on လုပ်ပေးထားတဲ့ Fin နေရာမှာ last of us actor Pedro Pascal ရဲ့ voice acting ကလဲ ကောင်းတယ်ဗျ။

" sometimes to survive we must become more than we were programmed to be"

ဒီ diagous လေးကိုအတော်လေးကြိုက်မိတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ဘာလုပ်ရမယ် ဆိုတာထက် ကျော်ပြီး လုပ်ဆောင်သင့်တယ်လို့ အတွေးဝင်လာမိတယ်။

အများကြီးမပြောတော့ဘူးဗျာ။ ကြည့်ရကြိုးနပ်စေမယ့် ကားကောင်းလေးတစ်ကောင်းဖြစ်လို့ ကိုယ်ချစ်ရသူနဲ့ enjoy ပြီး အမြင်လေးတွေလဲ ဝေမျှခဲ့လို့ရပါတယ်နော်။

12/04/2024

// သင်္ကြန်မိုး(၁၉၈၅)
// မြန်မာရုပ်ရှင်

// တစ်နှစ်တစ်ခေါက်တော့ ရောက်လာပြီပေါ့။ ရုပ်ရှင်ကြည့်ရတာကြိုက်တဲ့ လူတစ်ယောက်အနေနဲ့ သင်္ကြန်ရောက်ပြီဆိုတာနဲ့ ပထမဆုံး သတိရမိတဲ့ ရုပ်ရှင်ကတော့ သင်္ကြန်မိုးပဲပေါ့။

သင်္ကြန်မိုး ရုပ်ရှင်ကြည့်လိုက်မှ တန်ခူးလရဲ့ အနှစ်သာရ ကိုခံစားရတယ်လို့တောင်ပြောလို့ရတယ်။ ရှေးခေတ် မြန်မာကားဆိုတဲ့ အတိုင်း အဖြူအမဲ ဖြစ်သော်လည်း သရုပ်ဆောင်ကောင်းမှု ရိုက်ကွက်ကောင်း မှုတွေက ကြည့်ရှုသူတွေ‌အပေါ် ခေတ်တွေ ဘယ်လိုပြောင်း‌ေပြာင်း ၊ သင်္ကြန်နဲ့ ပတ်သက်‌တဲ့ ရုပ်ရှင်တွေဘယ်လောက် ပေါ်လာ‌ေပါ်လာ သင်္ကြန်မိုး က တော့ ဂန္ဓဝင် ကားတစ်ကားပဲလို့ ထင်မိတယ်။

ရုပ်ရှင် ကြည့်ရင်း ခေတ်လူငယ်‌တစ်ယောက်အနေနဲ့ ရှေးက မြန်မာတွေ ဘယ်လို သင်္ကြန်ကို ဆင်နွှဲခဲ့ပုံတွေ ၊ ယခုခေတ်နဲ့မတူတဲ့ ယဉ်ကျေးမှုတွေ က ကြည့်ရတာ တကယ့်ကို စိတ်ချမ်းသာမိတယ်။ ထိုကားထဲ က ဇာတ်ဝင်တေး တွေက လည်း မရိုးမအီ မငြီးမငွေ့ သင်္ကြန် ရောက်တိုင်း နားထောင်လို့ သစ်လွင်နေတဲ့ တေးသီချင်းတွေပါပဲ။ နောက်ပြီး မန္တလေ‌းမြို့ရဲ့ ချစ်စရာ သင်္ကြန်ဓလေ့ကိုပါ ခံစားမိစေပါတယ်။

ဆိုတော့က အနည်းဆုံး မကြည့်ဖူးရင် တစ်ခါလောက်ပဲ ဖြစ်ဖြစ် အချိန်ပေးပြီး ကြည့်ကြပါလို့နော်။ မြန်မာနိုင်ငံ ရဲ့ ရုပ်ရှင် အရည်အသွေးလည်း ယခင်ကဲ့သို့ ပြန်လည်မြင့်မားလားပါလို့ ဆုတောင်းရင်း ဖတ်ရှုသူအားလုံးပဲ နှစ်သစ်မှစ ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

03/04/2024

3 Body Problem 2024
(series)
//Total | Ep-8
//Sci-fi
CTX // 8/10

ခုတစ်ခေါက်ကတော့ သင်္ကြန် ပိတ်ရက်‌ေတွလဲ နီးပြီ ဆိုတော့က ပိတ်ရက်မှာ Sci-fi ပရိတ်သက်တွေကြည့်ဖို့ 3 body problem ဆို့တဲ့Netflix ကရုပ်ရှင်လေးအကြောင်းပြောပြပေးပါ့မယ်။ရုပ်ရှင်ဇာတ်လမ်းအကြောင်း၊ science အတွေးအမြင်ကို ဝေဖန်လေကန် မှာထက်စာရင် ဒီ series ကို ကြည့်သင့်လားဆိုတာ ပြောပြပေးပါ့မယ်။

🛑Spoiler မပါဝင်ပါ။

Worth to watch?
တိုတိုနဲ့ လိုရှင်းပြောရမယ်ဆိုရင်တော့ ကြည့်လို့ တော်တော် ကောင်းတဲ့ showတစ်ခုလို့ပဲပြောပါရစေ။ ပထမဆုံး ep 1,2 မှာတော့ sci Fi ရုပ်ရှင်တွေရဲ့ သဘောအတိုင်းမရှင်းမရှင်း နဲ့ပါ။ ဒါပေမယ့် ep 3 လောက်က စပြီး အဆုံးထိ ကြည့်ခြင်အောင် ဖြစ်သွားပါလိမ့်မယ်။ အဆုံးထိ လို့တာပြောရပေမယ့် အဆုံးသတ်က ဇာတ်လမ်း အဆုံးမဟုတ်ပါဘူး။တရုတ် စာရေးသူ Liu Cixin ရေးထားတဲ့ စာအုပ်ကို ရိုက်ထားတဲ့ ကားဖြစ်ပါတယ်။စာအုပ်အနေနဲ့ သုံးအုပ်ထွက်ရှိထားတာဖြစ်ပြီး -Three body problem, -The Dark Forest, -Death's End. ဆိုပြီးတော့ပါ။ အဲ့ထဲကမှ ပထမဆုံးစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်တာပါ။

ကဲ ရုပ်ရှင်အကြောင်း ပြန်ဆက်ရအောင်၊ ဒီရုပ်ရှင်မှာ အကြိုက်ဆုံးကတော့ character development and relationshipပါ။ scientist သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားတာအတော်ကောင်းတယ်လို့ထင်မိတယ်။ visual အပိုင်းမှာတော့ သာမန်အဆင့်ထက်မပိုပါဘူး။ dialogue တွေမှာတော့ ကောင်းတာသွားတွေ့ရပါတယ်။ ရုပ်ရှင်ကပေးတဲ့ လူတွေအကြောင်းကိုသိပြီး ဟုတ်သားမှန်သား လို့တောင် ထင်မိအောင်ပါပဲ။ ကြည့်ရင်းကြည့်ရင်း 3 body problem ဆိုတာဘာလဲဆိုတဲ့အကြောင်းကို နားလည်သွားပါလိမ့်မယ်။ Sci-Fi ရုပ်ရှင်ဆိုပေမယ့် drama တေ‌ွ ပါခံစားရပါလိမ့်မယ်။ everything about science မဟုတ်တဲ့ Sci-Fi ကားပါ။တစ်‌ေယာက်ထဲအမြင်အရ Dark ထက်တောင်ကြိုက်ပါသေးမယ်။

ဆိုတော့ အချုပ်အနေနဲ့ သွားသာကြည့်လိုက်ပါလို့ ပဲပြောပါရစေ။Netflix အနေနဲ့ sequel ထပ်ထွက်ဖို့ ပဲ ဆုတောင်းနေရပါတယ်။ သိတဲ့အတိုင်း nf က လုပ်ချင်တာလုပ်နေတာဆိုတော့ပေါ့။

06/03/2024

First love(2022)
-Drama
CTX: 8/10
ပုံမှန်ဆို drama တွေသိပ်မကြည့်ဖြစ်ပါဘူး။ breaking bad လို GOT လိုမျိုး ခပ်ကြမ်းကြမ်းရုပ်ရှင်‌ေတွပဲကြည့်ဖြစ်တာပါ။ကြည့်ရင်လည်း K Drama လောက်ပါပဲ။တစ်နေ့ပျင်းတာနဲ့ Netflix ထဲမှာဟိုရှာဒီရှာ ရင်းကြည့်ဖြစ်သွားတယ့်series လေးပေါ့။

ဒီ series မှာထူးခြားတာက ပုံမှန် Drama တွေလိုမျိုး MCရဲ့ အဖြစ်အပျက်တွေကိုပဲ သရုပ်ဖော်ထားတာမဟုတ်ပဲနဲ့ side story ဖြစ်တဲ့ မိဘတွေရဲ့ အချစ်/မောင်နှမအချစ်/လင်မယားကြားကပြဿနာတွေ နဲ့ တကယ့် main story ကိုပါ မပျင်းရလေအောင် တင်ပြသွားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။သီချင်းကို inspired ယူထားတဲ့ ဇာတ်လမ်းတစ်ခုပါ။

သရုပ်ဆောင်မှု အပိုင်းမှာလည်းကောင်းတယ်လို့ပြောလို့ရပါတယ်။သစ်ရွက်ကြွေတာတောင်ရင်ခုန်တဲ့ အရွယ်မှာ အချစ်ကိုထိတွေခံစားခဲ့ ရတဲ့ yae နဲ့

Visual အပိုင်းမှာ လဲ တကယ်လှပတဲ့ cinematography တွေ နဲ့ လှပလွန်းပါတယ်။ (First Love)OST ဖွင့်တဲ့ sense တွေ ကလည်း တကယ့်ကို ထိမိပါတယ်။ဒါ ကြည့်ပြီးရင် နားထောင်ဖို့ သီချင်းတွေ ကျန်ခဲ့မှာ သေချာပါတယ်။

ဆိုတော့ကာ ခဏလောက်လေးဖြစ်ဖြစ် အချိန်ပေးပြီးကြည့်သင့်တယ်လို့ ထင်မိပါတယ်။ဒီဇာတ်လမ်းလေးကိုကြည့် ပြီး ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ဖို့၊ ဖွင့်ပြောဖို့ ၊ အကောင်းဆုံးခံစားချက်တွေဖွင့်ပြဖို့ အပြင် အချစ်ဦးဟာ ကျွန်တော်တို့ဘဝ မှာ အတိုင်းအတာ တစ်ခုအထိ ရင်ထဲမှာထင်ကျန်နေမယ်ဆိုတာ ခံစားမိလိုက်ရပါတယ်။

29/02/2024

Orion And The Dark(Review)
CTX: 6.5/10
-Comedy/Adventure

Orion and the dark ကို အကျဉ်းချုပ်ပြောပြရမယ်ဆိုရင်တော့ အရွယ်၃ပါးလုံးကြည့်လို့ အဆင်ပြေမယ့် animation တစ်ကားဖြစ်တယ်လို့ပြောလို့ရပါတယ်။

ဆိုတော့ သိပ်ကောင်းလွန်းတဲ့ကားလား။ကျွန်တော့်အနေနဲ့တော့ မဟုတ်ဘူးလို့ပဲပြောရပါလိမ့်မယ်။‌ ဒီ ကာတွန်းကားကို
ကြည့်ပြီးခံစားမိတာကတော့ အတွေးလွန်ခြင်း(overthinking)
ပါပဲ။အတွေးလွန် တာမကောင်းဘူးဆိုတဲ့ဟာကို ပြသပေးသွားတယ်လို့ထင်မိတယ်။

ကျွန်တော်တို့ တော်တော်များများ ငယ်ဘဝတုန်းက အမှောင်ဆိုတဲ့ဟာကြီးကို ကြောက်ခဲ့ကြတယ်။ ဗီရိုထဲက သရဲများထွက်လာမလား ဒါမှမဟုတ် ကုတင်အောက်မှာများ တစ်ခုခုရှိနေမလားစသဖြင့်ပေါ့။ ဒီရုပ်ရှင်ကိုကြည့်ပြီး ကလေးတွေကို အဲ့အတွေးတွေ မရှိတော့အောင်လုပ်ပေးနိုင်တယ်လို့ထင်တယ်။

Animation ဆိုတဲ့အတိုင်း ကာတွန်း ရုပ် visual အပိုင်းနည်းနည်းပြောရအောင်။ visual အပိုင်းကတော့ ပုံမှန်ထက်မပိုဘူးလို့ပဲပြောချင်တယ်။ ကြည့်လို့ရုပ်ဆိုးမနေဘူး ဆိုတာထက်မပိုဘူးလို့ပဲထင်တယ်။

Overall ပြောရမယ်ဆိုရင်တော့ အပျော်မိသားစုနဲ့ အပန်းဖြေကြည့်ရုံကလွဲပြီး ထူးခြားမူပေးနိုင်တယ့် ကာတွန်းကား ထဲတော့မပါဘူးလို့ပဲပြောပါရစေ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon