HTdigital

HTdigital

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTdigital, Marketing Agency, 6. 5 miles, Yangon.

14/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနစ် ၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယမှ စတင်ပြီး မြန်မာပြည်သူပြည်သားအပေါင်း ဘေးဒုက္ခအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်ပြီး ကြံစည်သမျှလုပ်ငန်းကိုင်ငန်းများလည်း အစစအရာရာအဆင်ပြေကြပါစေလို့ HT Digital မှ ဆုတောင်းစကားပေးပို့လိုက်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏

As we welcome the Myanmar New Year 1388, HT Digital sends our warmest wishes to all.

May everyone in Myanmar be free from all dangers and misfortunes, and may every endeavor you pursue be met with success and smooth progress.

Wishing you a happy and healthy New Year filled with peace and prosperity.

25/12/2025

Merry Christmas from all of us at HT Digital! 🎅✨
Thank you for trusting us with your digital growth this year. Wishing you joy, success, and new opportunities in the year ahead. 🎁🎄

25/12/2025

Merry Christmas from all of us at HT Digital! 🎅✨
Thank you for trusting us with your digital growth this year. Wishing you joy, success, and new opportunities in the year ahead. 🎁🎄

20/12/2025

လူတွေက ဘာကြောင့် သင့်ရဲ့ ကြော်ငြာတွေကို ကျော်သွားကြတာလဲ? 🤔

လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက်က ကြော်ငြာတစ်ခုကို တွေ့လိုက်တဲ့အချိန်မှာ—

🔹 ချက်ချင်း ဝယ်ဖို့ အဆင်သင့် ဖြစ်တဲ့လူက 3% ပဲ ရှိပါတယ်။
🔹 ကျန်တဲ့ 7 % က ဝယ်ဖို့အလားအလာရှိတဲ့ အဆင့်မှာရှိနေပါတယ်
🔹 30% က လောလောဆယ် စိတ်မဝင်စားသေးဘဲ
🔹နောက်ထပ် 30% က လုံးဝ စိတ်မဝင်စားကြပါဘူး
🔹 နောက်ဆုံး 30% ကတော့ အလကားပေးရင်တောင် မယူချင်ကြပါဘူး
အဓိပ္ပါယ်ကတော့
👉 လူအများစုဟာ ကြော်ငြာတွေကို မြင်တာနဲ့ တန်းဝယ်မယ့်သူတွေ မဟုတ်ပါဘူး ဒါကြောင့်ကြော်ငြာတဲ့အခါမှာ ဒီလို မဖြစ်ဖို့ အရေးကြီးဆုံးအချက်က—

🎯 Target Customer ကို သေချာသတ်မှတ်ဖို့ပါ

Target Customer ကို သေချာသိအောင်အရင်လုပ်ပြီးမှမိမိ ရောင်းချင်တဲ့ ပစ္စည်းကို Target Customer စီကို ပြပြီးရောင်းရပါမယ်။
ဉပမာ -Target ကို မသိဘဲ တကယ်ဝယ်နိုင်ခြေ ရှိ၊ မရှိ မသိတဲ့ လူအယောက် 1000 ကို ဒေါ်လာ 1000 သုံးပြီး ကြော်ငြာတာထက် တကယ်ဝယ်နိုင်ခြေရှိတဲ့ လူအယောက် 100 ကိုဒေါ်လာ 1000 သုံးတာက ရောင်းရနိုင်ခြေ ပိုမြင့်ပါတယ်။

Online မှာ
❌ ကြော်ငြာတွေ ကျော်သွားခံရတာ
❌ လူမကြည့်တာ
❌ မရောင်းရဘူး ဆိုတာတွေဟာ တစ်ခြားအကြောင်းအရင်းများစွာကြောင့်ဖြစ်နိုင်သလို Target Customer ကို မှန်ကန်စွာ မသတ်မှတ်ထားတာ ‌ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့်
✔️ ကိုယ့်ကြော်ငြာတွေ ကျော်သွားမခံရဖို့
✔️ ကြော်ငြာလိုက်တိုင်း ရောင်းရဖို့

ဘာတွေ လုပ်ရမလဲ သိချင်တယ်ဆိုရင် HT Digital မှာလာရောက် ဆွေးနွေးနိုင်ပါတယ်ရှင့် 🤝

17/12/2025

Facebook မှာ Engagement ကျနေပြီလား?

ဒီနေ့မှာ HT Digital ကနေ Engagement ပြန်တက်စေမယ့် နည်းလမ်းတွေကို Sharing လုပ်ပေးချင်ပါတယ်။

*နံပါတ် (၁) အချိန်မှန် တင်ပါ

Content ပဲဖြစ်ဖြစ်၊ Video ပဲ ဖြစ်ဖြစ် တင်လိုက် ၊ မတင်လိုက် မလုပ်ဘဲ ပုံမှန်လေးနဲ့ အချိန်မှန်လေး တင်ပေးဖို့ပါပဲ။ Post တွေတင်တဲ့အခါမှာ ကိုယ့်ရဲ့ Customer တွေ ဘယ်အချိန် လိုင်းပေါ်မှာ အများဆုံး ရှိတတ်လဲ သိထားဖို့လိုပါတယ် လေ့လာတွေ့ရှိချက်တွေအရတော့ ညပိုင်း (၆) နာရီကနေ (၉) နာရီအတွင်းတင်တာက Customer တွေ ပိုမြင်နိုင်ပြီး Engagement ပိုတက်စေနိုင်ပါတယ် ၊၊page Insights ကနေလည်း ကိုယ့်Customer တွေ ဘယ်အချိန် post တင်တာကို ကြိုက်ကြလဲ၊ ဘယ်အချိန်တင်တာ ပိုပြီး Engagement ဖြစ်လဲ ကြည့်လို့ရပါတယ် ပိုပြီး လူသိချင်တယ်ဆိုရင်တော့ post တွေကို ပုံမှန်လေး Media Buying လုပ်ပေးသင့်ပါတယ်၊၊

*နံပါတ် (၂) Knowledge Sharing Content တင်ပါ
Audience အတွက် အသုံးဝင်မယ့် အသိပညာရစေတဲ့ Content တွေ၊ Video တွေက Engagement မြန်မြန်တက်စေပါတယ်။

*နံပါတ် (၃) Live လွှင့်ပါ
စမ်းသပ်ကြည့်ရသလောက် Live Video တွေက သာမန် Video တွေထက် Engagement ပိုကောင်းတာကို တွေ့ရပါတယ်။Live လွှင့်တဲ့အခါ ကိုယ်တစ်ယောက်တည်း ပြောနေတာမဟုတ်ဘဲ Customer တွေနဲ့ အပြန်အလှန် Q&A ပုံစံနဲ့ လုပ်ပေးမယ်ဆိုရင် Engagement သိသိသာသာ တက်စေပါတယ်။

*နံပါတ် (၄) Follow / Like / Share ဆိုတဲ့ စကားလုံးတွေ မသုံးပါနဲ့

လေ့လာကြည့်ရသလောက် Facebook မှာ ဒီလိုစကားလုံးတွေသုံးရင် Reach တွေ Engagement တွေကျနိုင်တာတွေ့ရပါတယ် ၊၊
အစားထိုးအနေနဲ့ “ဆက်လက်စောင့်ကြည့်ပေးပါနော်”ဆိုတဲ့ စတဲ့စကားလုံးတွေကို သုံးလို့ရပါတယ်။

*နံပါတ် (၅) Reels တွေ တင်ပါ
Facebook Algorithm အရ လက်ရှိမှာတော့ Reels တွေက ပိုပြီး reach ရောက်တာကို တွေ့ရပါတယ်၊၊
ဒါကြောင့် reels တွေများများတင်ပါ။Reels တွေတင်တဲ့အခါမှာ
−Video ကိုတိုရမယ်
−Video ကို ကျော်မသွားဖို့ အစပိုင်းမှာ Hook ပါရမယ်
−အဆုံးထိကြည့်ချင်အောင် စိတ်ဝင်စားစရာ သို့မဟုတ် အကျိုးရှိတာ ပါရပါမယ်
_နောက်တစ်ခု သတိထားရမှာက ပုံတွေမှာ စာတွေ အရမ်းမထည့်ဖို့ပါ။ စာများလွန်းရင် ကြည့်သူတွေ စိတ်ဝင်စားမှု လျော့သွားနိုင်ပါတယ်။

ဒီအချက်လေးတွေပြင်လိုက်မယ်ဆိုရင်တော့ Facebook မှ Engagement တွေပြန်တက်လာစေမှာပဲဖြစ်ပါတယ်။

မိမိ လုပ်ငန်းအတွက် Marketing Service လိုအပ်နေတယ် ဆိုရင်တော့ HT Digital မှာလာရောက်စုံစမ်းနိုင်ပါတယ်ရှင်။

13/12/2025

Facebook မှာပဲ Digital Marketing လုပ်နေတုန်းလား ?

Facebook မှာပဲ Digital Marketing လုပ်နေတယ်ဆိုရင် အရင်လိုReachကျတာတွေ Engagementမရောက်တာမျိုးတွေကြုံရနိုင်ပါတယ်၊၊ဒါကြောင့် Facebook မှာပဲ Digital Marketing လုပ်နေတာထက် TikTok ကိုပါတွဲလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ် ၊၊

-TikTok မှာ သေချာလေး Digital Marketing လုပ်မယ်ဆိုရင် တစ်လအတွင်းမှာတင် Follower 10K အသာလေး ရနိုင်ပြီး View ကိုလည်း Million နဲ့ချီအောင် ရနိုင်ပါတယ်၊၊ဒါဆို TikTok မှာဘယ်လို Grow ဖြစ်အောင်လုပ်ရမလဲဆိုရင်တော့

နံပါတ် (၁)တိုတိုနဲ့ထိထိရောက်ရောက်ဖြစ်တဲ့ Content တွေတင်ပေးပါ။
* TikTok Algorithm က video အတိုတွေတင်ရင် reach ပိုရောက်တယ်ဆိုတာတွေ့ရပါတယ်၊၊
* တတ်နိုင်သမျှ video လေးတွေကိုအတိုပဲတင်ပေးပါ။

နံပါတ် (၂) မကြော်ငြာပါနဲ့
* TikTok က တိုက်ရိုက်စျေးရောင်းတာ၊ ကြော်ငြာတာတွေ မကြိုက်ပါဘူး။ reach ချတတ်ပါတယ်
* ဒါကြောင့် ကြော်ငြာမယ်ဆိုရင်တောင် “ထမင်းဆိုင်မှာ ဒီဟင်းတွေရပါတယ်” ဆိုပြီး တိုက်ရိုက်ကြော်ငြာတာထက် “ဒီဟင်းတွေကို ဘယ်လိုချက်သလဲဆိုတာ ပြမယ်” ဆိုတဲ့ ပုံစံမျိုးနဲ့သွားပေးတာမျိုးလေးတွေတင်ပေးပါ။

နံပါတ် (၃) လူတွေ Save လုပ်ထားလောက်တဲ့ Content မျိုးတင်ပါ
* မျက်မှန်ဆိုင်အနေနဲ့ဆို ကိုယ်နဲ့လိုက်တဲ့မျက်မှန်ကိုင်းဘယ်လိုရွေးမလဲဆိုတာမျိုး။
* ဒီလို Video ဆို Save လုပ်ထားတဲ့သူတွေများတာကြောင့် ကိုယ့် Video လေးက Reach များများရောက်စေပါလိမ့်မယ်။

နံပါတ် (၄) ပထမ ၅ စက္ကန့်ကို ဂရုစိုက်ပါ
* ပထမဆုံး ၅ စက္ကန့်က အရေးအကြီးဆုံးပါပဲ
* ဒီ ၅ စက္ကန့်မှာ သူတို့ video ကို ဆက်ကြည့်စေမယ့် သူတို့စိတ်ဝင်စားမယ့် အကြောင်းအရာကို ပြောရပါမယ်
* ဥပမာအားဖြင့် သင်ဒါတွေလုပ်နေလို့ ဖုန်းအားမခံတာ စသည်တို့ပါ ၊၊

နံပါတ် (၅) Headline သေချာရေးပါ
* Headline က လူတွေစိတ်ဝင်စားမယ့်အရာ လူတွေအတွက် အကျိုးရှိစေမယ့် Keywords လေးတွေပါရပါမယ်။
* ဒါမှသာ လူစိတ်ဝင်စားပြီး ကြည့်မှာဖြစ်သလို TikTok ကလည်း စိတ်ဝင်စားတဲ့လူတွေဆီကို သေချာပြပေးနိုင်မှာ ဖြစ်ပါတယ်၊၊
* ဥပမာ ဆီးချိုရောဂါ ဘာကြောင့် ဖြစ်ရတာလဲ စသည်တို့ ကိုပြောပါ၊၊

ကဲဒီလိုဆို Facebook မှာပဲ Digital Marketing လုပ်မနေပါနဲ့ TikTok မှာလည်း Digital Marketing လုပ်ပါလို့ မှာချင်ပါတယ်ရှင်။

မိမိတို့ Brand အတွက် Digital Marketing လိုအပ်နေတယ်ဆိုရင် HT Digital ကိုဆက်သွယ်လိုက်ပါ။

10/12/2025

📱 Social Media သုံးတဲ့လူတွေက နောကျေလာတယ်လို့ ပြောရမလား?? အခုခေတ်က ပစ္စည်းတစ်ခုကို ကိုယ်လိုချင်တော့မှ 📱 ရိုက်ရှာကြတာများတယ်။ ဒီတော့ အရောင်းပို့စ်တွေချည်း မတင်နဲ့ ⛔ ကိုယ်ရောင်းတာကို လိုအပ်တဲ့ Customer/ Client တွေအပြင် တခြား Audience တွေကိုပါ ဖိတ်ခေါ်ဖို့ကြိုးစားပါ ၊၊
ဘာတွေတင်လို့ရမလဲဆိုရင်.......

၁) ဗဟုသုတ ✨
ကိုယ်ရောင်းနေတဲ့ Product နဲ့ ဆက်စပ်တဲ့ အသုံးဝင်တဲ့ ဗဟုသုတလေးတွေကို မျှဝေပေးတာဟာ Product ကို ချက်ချင်း မဝယ်ဖြစ်သေးတဲ့ Customer တွေကို စိတ်ဝင်စားအောင်၊ သိမ်းထားချင်အောင်ဆွဲဆောင်နိုင်ပြီး Viewer တစ်ယောက် အနေနဲ့လည်း ဗဟုသုတတစ်ခုခုရသွားတယ် လို့ခံစားရမယ်ဆိုရင် Post ကို Save/Engage/Share လုပ်နိုင်ပါတယ်။

ဥပမာ—

☕ ကော်ဖီဆိုင်ဆိုရင် — “ကိုယ်တိုင် ကော်ဖီ နှပ်နည်း ၃ မျိုး”

✨ Skincare Product လုပ်ငန်းဆိုရင် — “ပိုက်ဆံကုန်တာပဲ အဖတ်တင်တဲ့ Skincare ယုံတမ်းများ” ဆိုတာမျိုးလေးတွေနဲ့ တင်ပေးတာမျိုး၊၊

၂) နောက်ကွယ်မှ မြင်ကွင်းများ ✨
Product တစ်မျိုးကို Customer ရှေ့ မရောက်လာခင် ⭐ နောက်ကွယ်ကနေ ကြိုးပမ်းကြသူတွေ ⭐ အဆင့်ဆင့်အားထုတ်ခဲ့ကြပုံတွေ ⭐ နဲ့ ဒီလိုအရောက်ပို့နိုင်တဲ့အထိ ဖြစ်လာအောင် ကြုံရတဲ့ အခက်အခဲတွေ ⭐ စတာတွေကို လိုရင်းတိုရှင်းလေး မျှဝေပါ။ ဒါဆို Customer/ Client နဲ့ Product/ Brand ကြားမှာ ယုံကြည်မှုနဲ့ စစ်မှန်မှုကို တည်ဆောက်နိုင်မယ် 💯

၃) Testimonials များ (သို့) Customer လက်ထဲရောက်သွားတဲ့ နောက်ဆုံးအနေအထား ✨
အွန်လိုင်းကနေ တစ်ဆင့်ဝယ်ရတဲ့ Product တွေဆိုရင် “ငါ့လက်ထဲရောက်လာရင် ကောင်းပါ့မလား” ဆိုတဲ့ စိုးရိမ်စိတ်က 💭 Customer/ Client တွေစိတ်ထဲမှာ 💭 အမြဲရှိတယ်။ အဲဒီ Worry ကို ဖြေရှင်းပေးနိုင်တာက ⭐ Customer/ Client ရဲ့ Testimonials နဲ့ Customer လက်ထဲရောက်သွားတဲ့ နောက်ဆုံးအနေအထားကို ⭐ အထူးအလေးထား Highlight လုပ်ပေးပါ။

📢 အခုပြောပြပေးတာက ၃ မျိုးပဲရှိပါသေးတယ် ⭐ လုပ်ငန်းအမျိုးအစားအလိုက် အရောင်းပို့စ်အပြင်တင်လို့ရမယ့် Content အမျိုးအစားမျိုးစုံ ⭐ ရှိတာကိုတော့ ပြောပြစရာမလိုလောက်ပါဘူး

📢 HT Digital ကတော့ သင့်ရဲ့ လုပ်ငန်းအမျိုးအစားနဲ့ Target Audience ရဲ့ Behavior ကိုလေ့လာပြီး One stop service ပေးနေတဲ့ အေဂျင်စီတစ်ခုပဲဖြစ်ပါတယ်ရှင် 📢

06/12/2025

စျေးသက်သာတဲ့ ပစ္စည်းကို ဘာကြောင့် စျေးသက်သာတယ်လို့ ပြောပြီး မကြော်ငြာသင့်တာလဲ..?

03/12/2025

လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ အချက်(၃) ချက်

📢 လုပ်ငန်းရှင်တွေက Agencies တွေအပ်ပြီး Content အမျိုးမျိုးတင်ရင်း သန်းပေါင်းများစွာကို အပြိုင်ဆွဲဆောင်ကြချိန် ကိုယ့် Idea နဲ့ ကိုယ် တစ်နိုင်တစ်ပိုင် ဖြည်းဖြည်းချင်း သွားချင်တဲ့ SME လုပ်ငန်းရှင်တွေက ဘာလုပ်ရမလဲ ❓

🔴 ဘာသုံးမှာလဲ?
Social Media Platform တိုင်းကို မသုံးပါနဲ့ ။ Porsche၊ Ferrari၊ Lamborghini တို့လို ကား Brand ကြီးတွေက “သူတို့ Customer တွေဟာ တီဗီရှေ့ထိုင်တဲ့လူတွေမဟုတ်ဘူး”ဆိုပြီး တီဗီကြော်ငြာမသုံးဘဲ မဂ္ဂဇင်းတွေ Billboard တွေ သတင်းစာတွေ ပွဲတွေကနေတစ်ဆင့် စသဖြင့် ကြော်ငြာတယ်။ ဒီလိုပဲ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့် Product တွေကို ဘယ်သူတွေက ဝယ်ပြီး ဘယ်သူတွေအတွက် အသုံးဝင်မှာလဲအပေါ်မူတည်ပြီး Platform နှစ်ခုလောက်ကိုပဲ အဓိက သုံးသင့်တယ်လို့ အကြံပေးချင်တယ်။

🔴 ဘာတင်မှာလဲ?
ဘာပဲတင်တင် အရေအတွက်ထက် အရည်အသွေးကို အားပေးပါ။ ကိုယ့် Customer တွေရှေ့မှာ တဝဲလည်လည်ဖြစ်နေစေချင်တာနဲ့ပဲ တစ်လ အပုဒ် ၃၀ တင်တာက လုပ်ငန်းရှင်တိုင်းအတွက် အလုပ်မဖြစ်ဘူး။ အရည်အသွေးကောင်းပြီး ကိုယ်လည်းစိတ်ကြိုက်တွေ့တဲ့ Content အမျိုးအစားကိုပဲ ကိုယ်လုပ်ငန်းပေ့ချ်ပေါ် တင်ပြီး အဲဒီ Content တွေကို တဝဲလည်လည်ပြန်တက်လာစေမယ့် နည်းလမ်းတွေကို သုံးသင့်ပါတယ်။

🔴 ဘာထွက်လာလဲ?
ရလဒ်ကို စောင့်ကြည့်ရမယ် ❗ ရေရှည်မှ ရလာတဲ့ ရလဒ်ရှိတယ်။ ရေတိုအတွင်း ရတဲ့ ရလဒ်ရှိတယ်။ ဘယ်လိုရလဒ်ဖြစ်ပါစေ စောင့်ကြည့်ပါ။ စောင့်ကြည့်ပြီးမှ ရှေ့ဆက်ဖို့ ဆုံးဖြတ်ရမယ်။ တစ်ပုံစံတည်း တစ်သမတ်တည်းသွားနေမယ့်အစား ပြောင်းလွယ်ပြင်လွယ်အနေအထားမျိုးမှာ ထိန်းထားပါ။ Agencies အပ်သည်ဖြစ်စေ မအပ်ဘဲ ကိုယ်တိုင်လုပ်သည်ဖြစ်စေ ဒါက လုပ်ငန်းရှင်တိုင်းလုပ်သင့်တဲ့ အချက်ပါ။

🟨ဘာသုံးမှာလဲ? ဘာတင်မှာလဲ? ဘာထွက်လာလဲ? ဒါတွေကြောင့် ဦးနှောက်အစားမခံချင်ဘူးဆိုရင် -
📢 အားလုံးကို ဆွေးနွေးတိုင်ဖို့ လိုအပ်နေပြီ ဆိုရင် HT Digital ရဲ့ ကျွမ်းကျင်တဲ့ Professional တွေက အသင့်ရှိနေပါတယ်နော်။

29/11/2025

လူတွေ ကိုယ့် Brand ကို စွဲစွဲမြဲမြဲ အသုံးပြုစေချင်တယ်ဆိုရင်...

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

6. 5 Miles
Yangon
11061