Always

Always

Share

Tarot

21/09/2024

Relationship Tarot Reading

October 1st မှ စတင်ပြီး
အချစ်ရေး၊ အိမ်ထောင်ရေး { သီးသန့် }
Special Package ကို
ကံကြမ္မာဖတ်ကြားပေးသွားမှာဖြစ်ပါတယ်

အခုမှသာ သီးသန့် Package တခု
စလုပ်ဖြစ်တာ ဖြစ်ပါတယ်

ရန်ကုန်မြို့တွင်းဆိုလျှင်
အသေးစိတ် ကံကြမ္မာဖတ်ကြားမှုများကို
Delivery ဖြင့် အိမ်အရောက်ပို့ဆောင်ပေးပါတယ်
(Delivery အဖိုးအခ ပေးရန်မလိုပါ။)

အချစ်ရေး Special Package အတွက်
Fees - 10,000 MMK ကောက်ခံပါတယ် ခင်ဗျာ

K pay no. - 09254846339
Myat Thu Aung သို့

ငွေလွှဲ Ss ကို Messenger မှာ ပြပြီး
ကြိုတင်၍ Booking ယူထားနိုင်ပါပြီ။

မှတ်ချက်။ ။ အဆောင်၊ ယတြာ များပါ
တပါတည်း ရယူလိုလျှင်တော့ ‌
နာမည် အပြည့်အစုံ နှင့် မွေးသက္ကရာဇ် ကို
Messenger မှာ ပို့ပေးထားပါခင်ဗျာ

Tarot တွင် ယတြာ မရှိပါ။


[ မှော်ဆရာ ]

11/06/2024

2024 June 11 မှ June 17 ထိ

တပတ်တာ အတွင်း
၁၂ ရာသီခွင်များအတွက်
ကံကြမ္မာ ဟောစာတမ်း

Aries ♈ (Mar 21 - Apr 19)
တပတ်အတွင်း မှာ ငွေ ဝင်လာမည်။
ကိုယ်ရနိုင်လောက်တဲ့ ငွေ ပမာဏကို အာရုံပြုပြီး
၁၀ မိနစ် ခန့် မျက်လုံးမှိတ်ပြီး ငြိမ်သက်စွာ ထိုင်ပါ။

လုပ်ငန်းခွင်အတွင်း
ရာထူးတိုးဖို့ တောင်းဆိုရင် ရရှိအောင်မြင်နိုင်မယ့်
ရက်သတ္တပတ် ဖြစ်ပါတယ်။

ပိုကောင်းတဲ့ အလုပ်သစ် ရရှိနိုင်တဲ့အတွက်
စီးပွားရေးလုပ်ငန်း‌ တိုးချဲ့ဖို့ စတင်သင့်ပါတယ်။

Ta**us ♉ (Apr 20 - May 20)
ကိုယ့်ကိုယ့်ကို ဆန်းစစ် မေးခွန်းထုတ်ရမယ့်
တပတ်တာ ဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝမယ့် လမ်းစတွေ ရရှိဖို့
ရေရှည်အစီအစဉ်တွေ ကို အနီးကပ်လေ့လာသင့်တဲ့
အချိန်ကာလ ဖြစ်ပါတယ်။

Gemini ♊ (May 21 - Jun 21)
အချစ်...
အချစ်.....
အချစ်........ ဆိုတဲ့ ရက်သတ္တပတ် ဖြစ်ပါတယ်
ဘဝရဲ့ ကြည်နူးစရာ အမှတ်တရလေးတွေကို
ဖန်းတီးဖို့ ရောက်ရှိလာတဲ့ ကာလ ဖြစ်ပါတယ်။

ချစ်သူမရှိသေးရင် ချစ်သူအသစ် ရရှိနိုင်တဲ့
အချိန်ပါ။

ဖန်တီးမှု အမြင် တွေ ဆန်းသစ်နေတဲ့
အချိန်ကာလလည်း ဖြစ်ပါတယ်။

Cancer ♋ (Jun 22 - Jul 22)
"ရှေးထုံးလည်း မပယ်နဲ့
ဈေးသုံးလည်း မလွယ်နဲ့" ဆိုတဲ့အတိုင်း
ရှေးရိုးစွဲ အမြင်တွေထဲက ဖောက်ထွက်ဖို့ မကြိုးစားသင့်တဲ့ ကာလ ဖြစ်ပါတယ်။

သင့်ရဲ့ Comfort Zone ထဲမှာဘဲ နေသင့်တဲ့
အချိန် ဖြစ်ပါတယ်။

Leo ♌ (Jul 23 - Aug 22)
ပြောင်းလဲခြင်း ကာလ။
စီးပွားရေး လုပ်ငန်းသစ် ကို ပြောင်းလဲ
လုပ်ကိုင်ရမယ့် အချိန်ဖြစ်ပါတယ်။

ညင်သာတဲ့ အကူးအပြောင်းလေးတွေ ကြုံရမယ်။

မွန်းကြပ်လာတဲ့ အချစ်ရေးရှိတယ်ဆိုရင်
ရဲရဲဝံ့ဝံ့ သာ ပြောင်းလဲ သင့်ပါတယ်။

Virgo ♍ (Aug 23 - Sep 22)
ကိုယ့်ကိုယ်ကို ဆုချရမယ့် အချိန် ဖြစ်ပါတယ်။
စားချင်တာစား၊ သွားချင်ရာသွား၊
လုပ်ချင်တာ လုပ်သင့်ပြီး
စိတ်သွားတိုင်းကိုယ်ပါနေတဲ့ အခြေအနေ
ဖြစ်ပါတယ်။

သင် တတ်နိုင်တဲ့ စိတ်ချမ်းသာမှုတွေ
ရှာဖွေခွင့်ရမယ့် အချိန် ဖြစ်ပါတယ်။

Libra ♎ (Sep 23 - Oct 22)
ရက်ရက်ရောရော လှူဒါန်းမှု လုပ်ရမယ့် ကာလ
ဖြစ်ပါတယ်။
ဆင်းရဲသူတွေကို ငွေလှူပါ။
မိတ်ဆွေတွေကို ကူညီနိုင်သလောက်
ကူညီပေးကြည့်ပါ။

သင် မလိုအပ်တဲ့ ပစ္စည်းတွေကို
အခက်အခဲ ရှိသူထံ ပေးကမ်းစွန့်ကြဲပါ။

Scorpio ♏ (Oct 23 - Nov 21)
အလုပ်တခုပြီးမြောက်ပြီး
အလုပ်သစ်တခုကို ပြန်စတင်ရမယ့်
အချိန်ကာလ ဖြစ်ပါတယ်။

ကိုယ့်အတွက် ကံကောင်းစေမယ့်
ခေတ်တခုထဲကို သွားရမယ့် ကာလ ဖြစ်ပါတယ်။

Sagittarius ♐ (Nov 22 - Dec 21)
စိတ်စွမ်းအား (Mind Power) အားကောင်းဖို့အတွက်
အဓိဌာန်ပြုရမယ့် အချိန် ဖြစ်ပါတယ်။

ဘဝအတွက် လိုအပ်တဲ့ အရာတွေနဲ့
လိုချင်တဲ့ Life Style ကို အာရုံပြုပြီး

တဆင့်ချင်း အောင်မြင်‌ဖို့
အားစိုက်ထုတ်ရမယ့် အချိန် ဖြစ်ပါတယ်။

Capricorn ♑ (Dec 22 - Jan 19)
လူမသိ သူမသိ ကြိုးစားခဲ့ဖူးတဲ့
အလုပ်ကိစ္စလေးတွေ အောင်မြင်လာမယ့်
အချိန်ကာလထဲကို ရောက်ရှိပါပြီ။

သင့်ရဲ့ ကံကောင်းမှုက ပုန်းကွယ်နေရာကနေ
ထွက်ပေါ် လာမယ့် ရက်သတ္တပတ် ဖြစ်ပါတယ်။

Aquarius ♒ (Jan 20 - Feb 18)
ဒီတပတ်အတွင်း သင်ဟာ
အခြားသူကို ကူညီဖို့ စိတ်ရော ကိုယ်ပါ
နှစ်မြုပ်ထားနေတဲ့ အချိန်ဖြစ်ပါတယ်။

သင့် ရဲ့ ခွန်အားနဲ့
ချစ်ခြင်းမေတ္တာကို မျှဝေချင်တဲ့ ဆန္ဒ ရှိနေနိုင်တဲ့
အချိန်ကာလ ဖြစ်ပါတယ်။

Pisces ♓ (Feb 19 - Mar 20)
လုပ်ငန်းကိစ္စကို မိတ်ဆွေတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖန်တီးသင့်တဲ့ အချိန် ဖြစ်ပါတယ်။

သင့်ရဲ့ စိတ်ကူးတွေကို
မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စွာ
အကောင်အထည်ဖော် ရမယ့်
၇ ရက်တာ အချိန်ကာလ ဖြစ်ပါတယ်။

Remark : General Reading ဖြစ်တဲ့အတွက်
Energy မကိုက်ညီမှုလေးတွေ ရှိနိုင်ပါတယ်။

Personal Tarot Reading ကို သိချင်ရင်တော့
Always ရဲ့ Chat Box ကနေ
ကံကြမ္မာ အကြောင်းကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Fees ကတော့ - 5000 MMK ဖြစ်ပါတယ်။

{ ယခုလောလောဆယ် Booking လက်မခံသေးပါ။ }


[ မှော်ဆရာ ]
11 June 2024

18/10/2023

(မေးခွန်း ၄ ခု ကို ၁၅၀၀ ကျပ်)

Yes or No အပြင် Appropriate Answer များကို လက်ခံနိုင်ဖို့တော့ လိုအပ်ပါမယ်။

Tarot မှာတော့ ယတြာမရှိပါ။

ယတြာလိုချင်လျှင် ပေးပါမည်။
ယတြာကြေး (လုံးဝ) မကောက်ခံပါ။

K pay No.
09256582980
Ami Myint သို့

ငွေလွှဲပြီးကြောင်း Screenshot ပြ၍
Messenger (Chat Box) မှ လာ မေးနိုင်ပါပြီ။

ည ၈ နာရီမှ ည ၁၁ ထိ

P. S - အချစ်တွေဝန်းရံသောကာလဖြစ်သောကြောင့် ဗေဒင် ပူဇော်ခ (၁၅၀၀) ကျပ်သာ ဖြစ်ပါသည်။

08/08/2023

ထူးထူးခြားခြား ဒီလိုနေ့မျိုးမှာ

သင့်ရဲ့ Crush ကို ချောကလက်တခု
လက်ဆောင်ပေးခြင်းဖြင့်

သင့် Crush ရဲ့ စိတ်ဝင်စားမှု (သို့) Attention ကို
အလျှင်အမြန် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။


[မှော်ဆရာ]
8 August 2023

12/07/2023

ဒီနေ့တော့ Zero နဲ့ပတ်သက်ပြီး နည်းနည်း ပြောပြချင်ပါတယ်.....

ကမ္ဘာ့အကြီးကျယ်ဆုံး သင်္ချာပညာရှင် တစ်ယောက်ဖြစ်တဲ့ Aryabhatta က Zero ကို တီထွင်ခဲ့ပါတယ်......
ရှေးခေတ် လက်ရေးစာမူတွေမှာတော့ Zero ကို ထင်ရှားတဲ့ ကွက်လပ်တစ်ခုနဲ့သာ ဖော်ပြခဲ့ပါတယ်......
Aryabhatta က ကမ္ဘာကြီးအား Zero Digit တစ်ခုပေးလိုက်တဲ့အတွက် သူက ထာဝရရှင်သန်ပြီ(နာမည်ကျန်ခဲ့မယ်)လို့ ယုံကြည်ထားပါတယ်......
သူက Zero နဲ့အတူ ဒသမကိန်း(Decimal) တွေကို ပါ ပထမဆုံး အဓိပ်ပါယျ ဖွင့်ဆိုခဲ့ပါတယ်....

Zero ဟာ Minus Infinity ရဲ့အဆုံးဖြစ်သလို Plus Infinity ရဲ့ အစလည်း ဖြစ်ပါတယ်......
ကိန်းအားလုံးရဲ့ အလယ်ဗဟိုချက်လို့ ယူဆနိုင်ပါတယ်......
နောက်ပြီး Tarot Card တွေထဲမှာလည်း Card No. Zero (The Fool)ဟာ အစွမ်းထက်ဆုံး Card ဖြစ်နေပါတယ်.....
အဆုံးသတ်ခြင်းတစ်ခုနဲ့ အစပြုခြင်းတစ်ခုရဲ့ လေးနကျတဲ့အဓိပ်ပါယျကို ရည်ညွှန်းပါတယ်....

Zero ဟာ ထူးဆန်းတဲ့ကိန်းတစ်ခုဖြစ်ပြီး လူသားတွေအတွေးထဲက အကြီးဆုံး ဝိရောဓိတစ်ခုလည်း ဖြစ်ပါတယ်....
Zero ဟာ အရာအားလုံးရှိခြင်း (သို့) ဘာမှမရှိခြင်းကို ဆိုလိုပါတယ်...
Zero မရှိရင်သင်္ချာလည်း ရှိမလာနိုင်ပါဘူး.....
Zero ကို ခိုင်မာတဲ့ရပ်တည်မှု ကိန်းဂဏန်းတစ်ခုအနေနဲ့ အသုံးပြုပါတယ်.....
Zero ကိုသာမတီထွင်ခဲ့ရင် Binary System နဲ့ ကွန်ပြူတာတွေလည်း ရှိမလာနိုင်ပါဘူး....
တွက်ချက်မှုတိုင်းအတွက် ကြီးမားတဲ့ တီထွင်မှုဟာလည်း Zero အပေါ်မှာမှီခိုပါတယ်....

***Zero ဟာ အလွန်သေးငယ်တဲ့ နံပါတ်တစ်ခုပါပဲ...
ဒါပေမယ့် သူ့ကို ဘယ်တော့မှ လစ်လျူရှုလို့ မရပါဘူး........

Ref: :wiki


[မှော်ဆရာ]

30/09/2022

Card Of The Day

The Hierophant

ကောင်းသတင်းနဲ့ နာမည် ကျော်ကြားမယ်။

ကိုယ်၊ စိတ်၊ ဝိဉာဏ် ကို
အကောင်းဆုံး ထိန်းချုပ်နိုင်မယ်။

တပည့် တပန်း တွေရဲ့ ယုံကြည်လေးစားမှု ရရှိမယ်။

ဉာဏ်ပညာ တိုးပွားမှုအတွက်
အသစ် အသစ် တွေ သင်ယူရရှိမယ်။

သန့်စင်တဲ့ စိတ်ဝိဉာဏ်နဲ့
အရာရာကို ထိုးဖောက်မြင်နိုင်မယ်။


[မှော်ဆရာ]
30 September 2020

26/07/2022

The Hanged Man

ဒီနေ့ ရေးသားတဲ့ ကတ်ကတော့
Tarot card No.12 (The Hanged Man)
ဖြစ်ပါတယ်။

Description
T ပုံသဏ္ဌာန် ရှင်သန်နေတဲ့သစ်ပင် မှာ ဇောက်ထိုး ချိတ်ဆွဲခံထားရတဲ့ လူတယောက်ပုံ ဖြစ်ပါတယ်။
အဲဒီလူက ကမ္ဘာလောကကြီးကို အများနဲ့ မတူတဲ့
ရှုထောင့်ကနေ ကြည့်ရှုနေပါတယ်။
သူ့ရဲ့ မျက်နှာကတော့ အေးချမ်းမှု၊ တည်ငြိမ်မှုတို့
နဲ့သာ ပြည့်နှက်နေပါတယ်။
ဇောက်ထိုးချိတ်ဆွဲ ခံထားရခြင်းကလည်း သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါတယ်။

မြင့်မြတ်စင်ကြယ်မှုကို ပြတဲ့ စက်ဝိုင်းကိုလည်း
သူ့ရဲ့ ဦးခေါင်းမှာ ဖော်ပြထားပါတယ်။
အနီရောင်ဘောင်းဘီက
လူသားရဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ ခန္ဓာကိုယ် ကြံခိုင်မှုကို ဖော်ပြပြီး အပြာရောင်ကိုယ်ကျပ် အင်္ကျီကတော့ အသိပညာကို ကိုယ်စားပြုပါတယ်။

Hanged man ကတ်က ယုတ်မာသူတဲ့ မယှဥ်ပြိုင်ခြင်း၊ သူရဲကောင်းရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့
ပိုကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို
ရည်ညွှန်းပါတယ်။

Hanged man ကတ်ကို အတည့်ကျရင်တော့ ရပ်နားခြင်း၊ အရှုံးပေးခြင်း၊ ခွင့်လွှတ်ခြင်း နဲ့ အတွေးအမြင်သစ်တွေကို ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

Hanged man ကတ်ကို ပြောင်းပြန်ကျရင်တော့ နှောင့်နှေးမှု၊ ခုခံမှု နဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုမျိုး ဖြစ်တတ်ပါတယ်။

Note: Rider Waite Tarot ကတ်ပေါ်တွင် အခြေခံပြီး
ရေးသားပါသည်။

Translated by Always

ဘာသာပြန်အမှား ခွင့်လွှတ်ပါ။


[မှော်ဆရာ]
26 July 2022 (15:37)

25/07/2022

Justice XI

ဒီနေ့ ဖော်ပြမယ့် ကတ်ကတော့
Justice ဖြစ်ပါတယ်။

Description
အနီရောင် နောက်ခံ ကန့်လန့်ကာ ရှေ့မှာ
အနီရောင် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦး
ထိုင်နေပုံ ဖြစ်ပါတယ်။

ညာဘက်လက်မှာ ဒါးတချောင်းကိုင်ထားပြီး
ဘယ်ဘက်လက်မှာတော့ ချိန်ခွင်တခုကို
ကိုင်ထားပါတယ်။
မှန်ကန်တိကျတဲ့ အမိန့် နဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို ချရတော့မယ့် နိမိတ်ပဲ ဖြစ်ပါတယ်။

ညီညွတ်မျှတမှု နဲ့ တဆင့်ပြီးတဆင့် ဘယ်လို သွားမယ် ဆိုတာကို ချိန်ခွင်က ရည်ညွှန်းထားပါတယ်။
အသွားနှစ်ဖက်ပါတဲ့ ဒါးကတော့ ဆောင်ရွက်ချက်တွေက အမြဲတမ်း အကျိုးတရားတွေကို သယ်ဆောင်လာတယ် လို့ ဖော်ပြထားပါတယ်။

သရဖူနဲ့ အစိမ်းရောင် လည်ဆွဲကတော့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေနဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

Upright
Justice ကတ်ကို အတည့်ကျရင်တော့
ကံကြမ္မာက တရားမျှတမှု၊ အမှန်တရား၊ အကြောင်းအကျိုး ဆက်စပ်မှု နဲ့ ကောင်းမွန်တဲ့ ဥပဒေအတိုင်း ဖြစ်ပါတယ်။

Reversed
Justice ကတ်ကို ပြောင်းပြန်ကျရင်တော့
တရားမမျှတမှု၊ လိမ်လည်မှု၊ မရိုးသားမှုနဲ့
တာဝန်ခံမှု မရှိခြင်း တို့နဲ့ ကြုံတွေ့ရမှာပဲ
ဖြစ်ပါတယ်။

မှတ်ချက်။ ။ Rider Waite Tarot ကတ်အပေါ် အခြေခံပြီး ရေးသားထားခြင်း ဖြစ်ပါသည်။

Translated by Always

ဘာသာပြန်အမှား ခွင့်လွှတ်ပါ။


[မှော်ဆရာ]
25 July 2022 (15:26)

27/06/2022

Tarot နဲ့ ပတ်သက်ပြီး ရေးချင်နေတာကြာပါပြီ.....
အခုမှ ရေးဖြစ်ပါတယ်.....

Tarot က ဟောသူနဲ့မေးသူ တိုက်ရိုက်ထိတွေ့မှ အသက်ဝင်တယ်လို့
ကျွန်တော်ယုံကြည်ထားပါတယ်......

ပြီးတော့ Tarot ဟောသူက လူပျို ၊ အပျိုနဲ့ စိတ်တည်ငြိမ်အောင် လေ့ကျင့်ထားသူ ဆိုလျှင် အလွန်မှန်ကန်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်.......

#ကျွန်တော်သိတဲ့Tarot

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က
Tarot ကို ဂျစ်ပစီတွေ တီထွင်ခဲ့ကြပါတယ်...

အနာဂတ် ကံကြမ္မာကို တွက်ချက်ဖို့ အတွက်ပါ......
(ဂျစ်ပစီတွေက ဟီဘရူးလူမျိုးတွေထဲက ပေါ်လာတယ်လို့ ယူဆရပါတယ်)

Tarot Cards တွေက
စုစုပေါင်း ၇၈ ကတ် ရှိပါတယ်.....
၂၂ ကတ်က Major Arcana Cards ဖြစ်ပြီး
၅၆ ကတ်က Minor Arcana Cards ဖြစ်ပါတယ်....
နောက်ပိုင်းခေတ်မှာတော့ Major ၂၂ ကတ်ကိုပဲ အသုံးပြု ပြီး ကံကြမ္မာကို ဟောလာကြပါတယ်.....
(Tarot ကို ၇၈ ကတ်နဲ့ဟောနိုင်တာ ကျေကျေညက်ညက် ကျွမ်းကျင်သူမှသာ ဖြစ်နိုင်ပါလိမ့်မယ်....)

ဂျစ်ပစီတွေက Minor ၅၆ ကတ်ကို
ပျောက်ပျက်မှာ စိုးတဲ့အတွက်
ဖဲချပ်တွေ အနေနဲ့ ဖန်တီးထားခဲ့ပါတယ်......
(Minor ကတ်တွေမှာ အမျိုးအစား ၁ ခုကို
၁၄ ကတ်စီ ရှိနေပါတယ်)

ောတဲ့အခါ

တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းတစ်ခု
လိုအပ်ပါတယ်....
(ပတ်ဝန်းကျင်ဆူညံနေလျှင် Tarot မမှန်နိုင်ပါ)

Tarot ကတ် တွေကို ကတ္တီပါအခင်းအချပ်တစ်ခုပေါ် မှာ တင်ထားရပါတယ်......

ဟောမယ့်သူက စိတ်ရှင်းလင်းနေဖို့
အရေးကြီးပါတယ်....

ဟောမယ့်သူက ကတ်တွေကို မကိုင်မီ
လက်နှစ်ဖက်ကို အမွှေးအကြိုင်၊ အမွှေးဆီ တခုခုနဲ့
ပွတ်လိမ်းထားရပါမယ်....
ဆံပင်များကိုလည်း ဟောသူကိုယ်တိုင်
ထိုလက်နှစ်ဖက်ဖြင့် သပ်ရပါမယ်....

၄င်းနောက် ကတ်တွေကို ကတ္တီပါ အခင်း ပေါ်တွင် မွှေနှောက်ရပါမယ်.....
ကတ်တွေကို မွှေနှောက်ပြီး
ပြန်၍စီထပ်ထားရပါမယ်......
စီထပ်ထားသော ကပ်များအား Tarot မေးသူ၏ ညာဘက်လက်ဖြင့် တစ်ချက်သာချိုးရပါမယ်.....

ချိုးပြီး ကျန်သော Tarot ထပ်၏ အပေါ်ဆုံး အချပ်ကို ဘေးတိုက်လှန်ရပါမယ်.....
(ကတ် အတည့်ကျရင် ဟောတာနဲ့ ဇောက်ထိုးကျရင် ဟောတာနဲ့က နိမိတ်ချင်း ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်)

အပေါ်ဆုံးကတ်အား လှန်ပြီးမှ မေးသူ သိချင်သော အကြောင်းအရာ (စီးပွားရေး၊ အချစ်ရေး စသဖြင့်) ကို ဟောသူက မေးရပါတယ်.....

ထို့နောက် ကတ်အားကြည့်ပြီး မေးသူ သိချင်သော အကြောင်းအရာအား ဟောရမှာ ဖြစ်ပါတယ်.....

နောက်ထပ်လည်း အချိန်ရရင် ကတ်တစ်ခုချင်းရဲ့ အဓိပ်ပါယျတှကေို ရေးပါဦးမည်.....


(၂၀၁၈ မှ Post အဟောင်း)


(just for fun) 😜

05/02/2022

Quickening Free Tarot Reading

(၁) ဦး လျှင် မေးခွန်း (၁) ခု စီ ကို
Random Tarot (၁) ကတ် ဆွဲပြီး
ဖြေကြားပေးမှာ ဖြစ်ပါတယ်။

သိလိုရာမေးခွန်း (၁) ခု ကို Chat Box မှာ
ယခုပဲ ပို့ပေးလို့ရပါတယ် ခင်ဗျာ။

ဟောပေးမယ့် အချိန်ကတော့
6 February 2022 (Sunday)
(19:00 - 21:00) အချိန်အတွင်း ဖြစ်ပါတယ်။

Thank you!


[မှော်ဆရာ]

02/02/2022

အိပ်မက်ဆိုး မက်သောသူများ
(၇ ရက် အတွင်း) ကံကောင်းတတ်ပါတယ်။

တနင်္လာ၊ ကြာသပတေး၊ သောကြာ။


[မှော်ဆရာ]

01/02/2022

2 February 2022 အတွက်
Tarot Reading ရှိပါတယ်။

ဒီနေ့ Comment Box မှာ
စာရင်းပေးလို့ရပါတယ်။

(၄) ဦး သာ လက်ခံပြီး
တားရော့ဖတ်ပေးမှာ ဖြစ်ပါတယ်။

ထို (၄) ဦးထဲမှ (၁) ဦး ကို
Free ဟောပေးမှာ ဖြစ်ပါတယ်။
(ကံကောင်းသူကို မဲနှိုက် ရွေးပါမည်။)

(၁) ဦးလျှင် (၁၀၀၀) ကျပ် ဖြစ်ပါတယ်။

ဟောပေးမယ့် အချိန် ကတော့
ည (၇) နာရီ မှ ည (၉) နာရီ အတွင်း


[မှော်ဆရာ]

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Than Street
Yangon