FW Digital
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FW Digital, Business service, Yangon.
13/02/2022
ဒီနေ့ခေတ်မှာတော့ Digital Marketing ဟာ လုပ်ငန်းတိုင်းမှာ လိုအပ်နေပြီး လူတော်တော်များများကလည်း Digital Marketing မဖြစ်မနေအသုံးချဖို့လိုလာပြီပဲဖြစ်ပါတယ်။ Digital Marketing ကို ကောင်းစွာအသုံးချခြင်းဖြင့် လုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေပါတယ်။အခုတစ်လောမှာလည်းမြန်မာနိုင်ငံတွင်းမှာ Digital Marketing နဲ့ပါတ်သတ်လို့ Social Media ကိုအသုံးချပြီး ကြော်ငြာတွေထင်သလောက်မပေါက်လာကျတာတွေလည်းတွေ့နေမြင်နေရပါတယ်။ ဒီအတွက်ကြောင့် မိမိ အသုံးချနေတဲ့ နည်းလမ်းတွေလာတွေဆန်းသစ်လေ့လာဖို့လိုမလဲ သိရအောင် Digital Marketing လေ့လာဖို့ Website ကောင်း (၁၀) ခု ကို တင်ဆက်လိုက်ပါတယ်။
၁။ Content Marketing Institute
https://contentmarketinginstitute.com/
Digital Marketing, Content Marketing နှင့် ပတ်သက်သော နေ့စဉ်သတင်းများ လေ့လာနိုင်မည့် Website ဖြစ်သည်။
၂။ Contently
https://contently.com/strategist/
Content Marketing Strategy ချမှတ်နည်းများကို တစ်နေရာထဲတွင် စုံလင်စွာလေ့လာနိုင်မည့် Website ဖြစ်သည်။
၃။ HubSpot
https://blog.hubspot.com/
Content Marketing,Marketing တို့ လေ့လာရန်အတွက် HubSpot သည်လည်း အကောင်းဆုံး Website များထဲတွင် ပါဝင်သည်။
၄။ MOZ – The Moz Blog
https://moz.com/blog
SEO Beginner များအတွက် လေ့လာရန်သင့်တော်သော Website တစ်ခုဖြစ်သည်။
၅။ Four Dots
https://fourdots.com/
SEO, link building, digital and content marketing တို့ကို စုံလင်စွာ လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၆။ Neil Patel
https://neilpatel.com/blog/
Digital Marketing လေ့လာနေသူများအတွက် တစ်ဆင့်ချင်းစီ သင်ကြားပေးသော Website ဖြစ်သည်။
၇။ Social Media Examiner
https://www.socialmediaexaminer.com/
Video Guide, Infographic များဖြင့် အမျိုးအစားစုံလင်စွာ လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၈။ Social Media Explorer
https://socialmediaexplorer.com/
Digital Marketing Tips များဖြင့် လွယ်ကူစွာ လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၉။ Buffer
https://buffer.com/resources/
ယနေ့ Digital Marketing အကြောင်းကို up to date လေ့လာနိုင်မည့် Website တစ်ခုဖြစ်သည်။
၁၀။ Google Inside AdWords
https://blog.google/products/ads-commerce/
Google ၏ တရားဝင် Blog ဖြစ်ပြီး Google Advertising Program များ၊ Update သတင်းများကို လေ့လာနိုင်မည့် နေရာဖြစ်သည်။
Ref: Digital Grads
24/02/2017
*****Mobile Phone ပြုပြင်ခြင်းသင်တန်(Software+Hardware) ကို ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့ တွင် ဖွင့်လှစ်သင်ကြားမည်၊*****
"Certificate in Mobile Phone Repairing " သင်တန်းဆင်းလက်မှတ်ရရှိမည်ဖြစ်ပြီး (Software+Hardware) တက်ရောက်ရုံဖြင့် -Computer Basic,A+,
Customer Service သင်တန်းများကိုပါအခမဲ့သင်ကြားပေးမည်ဖြစ်သည်၊
*****Mobile Phone ပြုပြင်ခြင်းသင်တန်(Software+Hardware) ကို ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့ တွင် ဖွင့်လှစ်သင်ကြားမည်၊*****
"Certificate in Mobile Phone Repairing " သင်တန်းဆင်းလက်မှတ်ရရှိမည်ဖြစ်ပြီး (Software+Hardware) တက်ရောက်ရုံဖြင့် -Computer Basic,A+,
Customer Service သင်တန်းများကိုပါအခမဲ့သင်ကြားပေးမည်ဖြစ်သည်၊
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊နမ့်စန်မြို့ တွင် Mobile Phone ပြုပြင်ခြင်းသင်တန်း ကို နမ့်စန်မြို့ SSK Mobile နှင့်တောင်ကြီးမြို့ Future Winner Mobile Phone သင်တန်း တို့ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးမည်။
Software+Hardware ကို အခြေခံမှ အဆင့်မြင့်ထိတတ်မြောက်အောင်သင်ကြားပေးမည်ဖြစ်သည်။နယ်မြို့များတွင် လိုအပ်လျက်ရှိသော သင်တန်းကို တစ်ဖက်တစ်လှမ်းမှကူညီ သောအားဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီးလူဦးရေကန့်သတ်ထားပါသည်။
တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းသွင်းအပ်နှံထားရန်လိုအပ်ပါသည်။
သင်တန်းတက်ရောက်ရန်အတွက် - SSK Mobile၊ဈေးအနောက်လမ်း၊မြို့မကျောင်းဘေး၊ဓမ္မပါလရှေ့ ၊နမ့်စန်မြို့ တွင် အသေးစိတ်ကို စုံစမ်း ၍စာရင်းပေးသွင်းအပ်နှံနိုင်ပါသည်။
*သင်တန်းချိန်-8:00 AM - 5:00PM
*သင်တန်းနေ့ရက်-စနေ၊တနင်္ဂနွေ
*သင်တန်းစတင်မည့်နေ့ - ၃ လပိုင်းနောက်ဆုံးအပါတ်၊
*သင်တန်းကြေး-(Software+Hardware)-၃သိန်းကျပ်
အသေးစိတ်သိရှိလိုပါက Ph- ၀၉၇၉၅၆၅၃၉၂၂၊၀၉၄၂၈၃၁၇၁၀၄၊၀၉၄၄၄၁၁၈၅၂၀
✉SSK Mobile၊ဈေးအနောက်လမ်း၊မြို့မကျောင်းဘေး၊ဓမ္မပါလရှေ့ ၊နမ့်စန်မြို့
✉ အမှတ်(၁၀)၊၂၁၂တိုက်တန်း၊အနောက်မြို့ပါတ်လမ်း၊ တောင်ကြီးမြို့
🎓သင်တန်းတွင် အပိုင်း(၄)ပိုင်းဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
1. Theory
2. Practicals
3. Practice
4.OJT ဖြင့် Mobile Phone များအား အကောင်းဆုံး ပြုပြင်နိုင်အောင် သင်ကြားပေးမည့်အပြင် IT လမ်းကြောင်းပေါ်သို့ ကျွမ်းကျင်ပညာရှင်အနေဖြင့် တက်လှမ်းနိုင်အောင် သင်ကြားပေးမည်ဖြစ်သည်။အခြေခံမှစတင်ပြီး ခက်ခဲ၍ Firmware ရှာမရသော ဖုန်းများ Power မလာသောဖုန်းများကို အဖြေရှာပြုပြင်နိုင်အောင် သင်ကြားပေးမည်ဖြစ်သည်။
✒သင်ကြားမည့် Course Syllabus
Hardware :
• Basics of Mobile Communication.
• GSM & CDMA Structure & Generation of Mobile Phone
• Frequency & Channels
• GPRS, Bluetooth, Infrared
• Wi-Fi, SIM, & IMEI
• Tools & instruments used in mobile phone repairing.
• Various components used in mobile phones.
• Basic parts of mobile phones (mic, speaker, buzzer, LCD, antenna, etc).
• Use of Multi-meter and Digital Meter
• Use of Battery Booster.
• Basic Circuit Board/ Motherboard Introduction.
• Assembling & disassembling of different mobile phones.
• Soldering & Desoldering Components Using Different Soldering Tools.
• Hardware Repairing
• Section of Mobile Phones
• Circuit Diagram Reading
• Names of Different ICs.
• Work of Different ICs.
• Working on SMD/ BGA ICs and the PCB.
• Fault finding & Troubleshooting.
• Jumpering Techniques.
• Troubleshooting through circuit diagrams.
• Repairing procedure for repairing different hardware faults.
• GSM Mobile Phone Troubleshooting
• Chinese Mobile phone Troubleshooting
• CDMA Mobile phone Troubleshooting
Software :
• Parts of Mobile Phone Operating System
• Computer Operating Driver Installation
• Software Repairing
• Mobile Phone Repairing Using Computer Software
• Mobile Phone S/W training with coding
• Chinese Mobile Phone Repairing
• Flashing
• Formatting
• Unlocking
• Use of secret codes
• Downloading
• Bluetooth/ infrared
• Official Firmware Restore
• Custom Firmware Restore
• Firmware Back Up and Restore #
ဆက်လက်သိရှိလိုပါက ၀၉၇၉၅၆၅၃၉၂၂၊၀၉၄၂၈၃၁၇၁၀၄၊၀၉၄၄၄၁၁၈၅၂၀
✉SSK Mobile၊ဈေးအနောက်လမ်း၊မြို့မကျောင်းဘေး၊ဓမ္မပါလရှေ့ ၊နမ့်စန်မြို့
✉ အမှတ်(၁၀)၊၂၁၂တိုက်တန်း၊အနောက်မြို့ပါတ်လမ်း၊ တောင်ကြီးမြို့
23/02/2017
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်း Software +Hardware ဖွင့်လှစ်သင်ကြားမည်။အသေးစိတ်ကို ၀၉၇၉၅၆၅၃၉၂၂,၀၉၄၂၈၃၁၇၁၀၄ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်
20/02/2017
အခမဲ့ ပညာဒါန Computer Basic သင်တန်းများ တောင်ကြီးမြို့တွင်ဖွင့်လှစ်သင်ကြားပေးမည်။
သင်တန်းအချိန်-
တန်းခွဲ A--- (Mon-Tue )
8:00 AM -10:00AM
တန်းခွဲ B---(Mon-Tue) 10:30AM-12:30AM
တန်းခွဲတစ်ခုလျင် 10 ယောက်သာလက်ခံသင်ကြားပေးမည်ဖြစ်ပြီး တစ်လပြတ် တတ်မြောက်အောင်သင်ကြားပေးမည်ဖြစ်သည်။သင်တန်းပြီးဆုံးလျင် သင်တန်း မှ အသိအမှတ်ပြု Certificate ထုတ်ပေးမည်ဖြစ်ပါသည်။အမှန်တကယ် ပညာလိုလားပြီးစိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်သင်ကြားနိုင်ပါသည်။ပညာဒါနအခမဲ့အတန်းများတွင် တက်ရောက်သူများအနေဖြင့်
သင်ရိုးစာအုပ် + Certificate -5000 ကျပ်
ပေးသွင်းရန်လိုအပ်ပါသည်။သင်တန်းကြေးကောက်ခံမဟုတ်ပါ ပညာဒါနဖြင့် သင်ကြားပေးခြင်းဖြစ်ပါသည်။
ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ပါသည်။အသေးစိတ်မေးမြန်းလိုပါက Ph - 09795653922,09444118520 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်းတည်နေရာ -အမှတ် ၁၀၊၂၁၂ တိုက်တန်း၊အနောက်မြို့ပါတ်လမ်း ၊၂၁၂ စစ်တပ်အနီး
အခမဲ့ ပညာဒါန Computer Basic သင်တန်းများ တောင်ကြီးမြို့တွင်ဖွင့်လှစ်သင်ကြားပေးမည်။
သင်တန်းအချိန်-
တန်းခွဲ A--- (Mon-Tue )
8:00 AM -10:00AM
တန်းခွဲ B---(Mon-Tue) 10:30AM-12:30AM
တန်းခွဲတစ်ခုလျင် 10 ယောက်သာလက်ခံသင်ကြားပေးမည်ဖြစ်ပြီး တစ်လပြတ် တတ်မြောက်အောင်သင်ကြားပေးမည်ဖြစ်သည်။သင်တန်းပြီးဆုံးလျင် သင်တန်း မှ အသိအမှတ်ပြု Certificate ထုတ်ပေးမည်ဖြစ်ပါသည်။အမှန်တကယ် ပညာလိုလားပြီးစိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်သင်ကြားနိုင်ပါသည်။ပညာဒါနအခမဲ့အတန်းများတွင် တက်ရောက်သူများအနေဖြင့်
သင်ရိုးစာအုပ် + Certificate -5000 ကျပ်
ပေးသွင်းရန်လိုအပ်ပါသည်။သင်တန်းကြေးကောက်ခံခြင်းမဟုတ်ပါ ပညာဒါနဖြင့် သင်ကြားပေးခြင်းဖြစ်ပါသည်။
ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ပါသည်။အသေးစိတ်မေးမြန်းလိုပါက Ph - 09795653922,09444118520 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်းတည်နေရာ -အမှတ် ၁၀၊၂၁၂ တိုက်တန်း၊အနောက်မြို့ပါတ်လမ်း ၊၂၁၂ စစ်တပ်အနီး
30/01/2017
အလုပ် ကြိုးစားရုံနဲ့ မအောင်မြင်ဘူး
အောင်မြင်ဖို့အတွက် အလုပ် ကြိုးစားဖို့ မလိုဘူးလားလို့မေးရင်တော့ လိုပါတယ်။ ဒါပေမယ့်အလုပ်ကြိုးစားတိုင်းတော့ မအောင်မြင်နိုင်ပါဘူး။ ပါးနပ်မှုမပါရင်တော့ အလုပ်ကြိုးစား
လည်းအလကားပါပဲ။ ပါးနပ်မှုမရှိရင်ကြိုးစားထားသမျှက အရာထင်လာမှာမဟုတ်ပါဘူး။ ဒါမှမဟုတ်အရာထင်ကောင်းတော့ထင်လာမယ်၊ဒါပေမယ့် အချိန်အကြာကြီးယူရမှာပါ။ အလုပ်ကို အချိန်အဆမရှိနင်းကန်လုပ်ရင် ဖိအားများလာတတ်ပါတယ်။ ကျန်းမာရေးလည်းထိခိုက်လာတတ်ပါတယ်။ လှုမှုဆက်ဆံရေးမှာလည်း ထိခိုက်လာတတ်ပါတယ်။
တကယ်တော့ အချိန်အဆမျှတအောင်လုပ်ဆောင်တတ်ရပါမယ်။ လက်ဝှေ့ပွဲတစ်ပွဲ သို့မဟုတ်
ဘောလုံးပွဲတစ်ပွဲသို့မဟုတ် အပြေးပြိုင်ပွဲတစ်ပွဲကိုပဲ ဥပမာယူကြည့်ပါ။ ပွဲစကတည်းက အားအင်ကို
အကုန်သုံးရင် ပွဲမပြီးခင်အားအင်ကုန်ခန်းပြီး ကျရှုံးသွားပါလိမ့်မယ်။ ဘဝဆိုတာခရီးရှည်ကြီးပါ။ ဦးနှောက်ကိုမသုံးပဲသွားရင်တချိန်မောပန်းပြီး ချော်လဲကျန်ခဲ့မှာပါပဲ။ ဒီတော့ ဘယ်လိုအချိန်အဆ
ကိုညှိကြမလဲ? ကျွန်တော်သိသလောက်အကြံပေးပါရစေ။
တစ်နေ့မှာ ၈နာရီအပိုင်းအခြား(၃)ခုရှိပါတယ်။ ပထမ(၈)နာရီမှာလူတွေအိပ်ကြတယ်။ ဒုတိယ(၈)နာရီမှာအလုပ်လုပ်ကြတယ်။ တတိယ(၈) နာရီက အောင်မြင်သူနဲ့ ကျရှုံးသူကိုအဆုံးအဖြတ်ပေးပါတယ်။
ပထမ(၈)နာရီ
အိပ်ကြတယ်ဆိုပေမယ့် သင်တကယ်ရော(၈)နာရီအပြည့်အိပ်ရဲ့လား? ဂိမ်းဆော့မယ်၊ Facebook သုံးယ်Chatting ထိုင်မယ်၊ ရုပ်ရှင်ကြည့်မယ်။ ဘယ်နှ နာရီလောက်အိပ်ဖြစ်ပါသလဲ? တကယ်တော့ လူတစ်ယောက်အတွက်အိပ်ချိန်ကအရမ်းအရေးကြီးပါတယ်။အိပ်ချိန်ကလူတစ်ယောက်ရဲ့တစ်နေ့တာကို
အဆုံးအဖြတ်ပေးပါတယ်။
လူတစ်ယောက်ရဲ့တစ်နေ့တာကလူတစ်ယောက်ရဲ့တစ်သက်တာကိုအဆုံးအဖြတ်ပေးပါတယ်။အိပ်ရေးပျက်တဲ့အချိန်တွေဆို စိတ်လည်းမကြည်တတ်ပါဘူး။ လုပ်သမျှအ ရာတော်တော်များများအလွဲတွေချည်းဖြစ်တတ်ပါတယ်။ အလွဲတွေဖြစ်လာတဲ့အခါ အိပ်ချိန်မပြည့်ဝတာကို သတိမမူတတ်ကြပါဘူး။ ပတ်ဝန်းကျင်ကိုပဲအပြစ်တင်တတ်ကြပါတယ်။ဒါပေမယ့်တကယ်တော့အိပ်ချိန်မပြည့်ဝခြင်းရဲ့အကျိုး
ဆက်တွေပါ။
ဒုတိယ(၈)နာရီ
SPRING LINE
အလုပ်လုပ်ကြတယ်ဆိုပေမယ့် သင်(၈)နာရီလုံးတကယ်ရော မခိုမကပ်ပဲအလုပ်လုပ်လေ့
ရှိပါသလား?ငါ့ကုမ္ပဏီမှမဟုတ်တာ ငါလုပ်လည်းဘာမှမထူးပါဘူးဆိုတဲ့ စိတ်ဓာတ်မွေးဖူးပါသလား? ဒါဆိုရင်တော့အောင်မြင်ဖို့မလွယ်ပါဘူး။ ဘယ်အလုပ်ဖြစ်ဖြစ်စေတနာထားလုပ်မှ သင်ကိုယ်တိုင်လည်း တိုးတက်တာပါ။
သင်စေတနာထားသလိုသင့်ကိုပြန်မသိတတ်တဲ့ ကုမ္ပဏီတွေရှိကောင်းရှိမှာပါ။ ဒါပေမယ့် အဲ့ဒါကသူတို့ကိစ္စပါ။ သင်ကြိုစားတဲ့အတွက်(၁) သင့်ရဲ့အရည်အချင်းတိုးတက်လာတယ်။ (၂) သင်အလုပ်လုပ်ရတာလိပ်ပြာလုံတယ်။ သူတို့သင့်ကိုအသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကြိုးစားတာကိုဘယ်တော့မှမရပါနဲ့။ ဒါပေမယ့် ပါးနပ်ပါစေ။
တတိယ(၈)နာရီ
တတိယ(၈)နာရီမှာရော သင်ဘာလုပ်လေ့ရှိပါသလဲ? သင့်မှာလိုနေတဲ့အရည်အချင်းတစ်ခုခုကိုဖြည့်စွက်ဖို့ကြိုးစားဖူးပါသလား? အလုပ်မှာချည်းပဲကြိုးစားလို့မရပါဘူး။ သင့်ရဲ့ကိုယ်ပိုင်အချိန်မှာလည်း သင့်အတွက်လိုနေတဲ့အရည်အချင်းတွေကို ဖြည့်စွက်ဖို့ကြိုးစားနေရမှာပါ။ ဒါမှသာ တိုးတက်လာမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုခုလုပ်သင့်ပါတယ်။ စိတ်ဓာတ်ကျန်းမာဖို့အတွက်လည်းစာအုပ်စာပေတွေ အားလပ်ချိန်မှာဖတ်သင့်ပါတယ်။ English စကားပြောတတ်ချင်ရင်လည်း တတိယ(၈)နာရီမှာ အကြိုးစားသင့်ဆုံးပါပဲ။ သငအတွက် အပန်းဖြေချိန်ကိုလည်း တတိယ(၈)နာရီထဲကပဲထုတ်ယူသင့်ပါတယ်။
အချိန်ကိုတော့အစီအစဉ်တကျအသုံးချတတ်သွားပြီဆိုရင် နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုရှိပါသေး
တယ်။ အဲ့ဒါကတော့ ဇွဲပါ။ဖွဲမီးလိုခဏလေးတောက်သွားပြီး သိပ်မကြာခင်မှာ ပြာဖြစ်သွားတာမျိုး
မဖြစ်သင့်ပါဘူး။ ဒါကြောင့်အလုပ်ကိုမဆင်မခြင် ကြိုးစားတာထက် ဇွဲနဲ့ပါးနပ်မှုကိုပါပေါင်းစပ်ပြီး ပုံမှန်ကြိုးစားသင့်ပါတယ်။
Work hard, but be smart!
Credit: မိုးရှင်း(I.M.T)
အောင်မြင်မှု ဘဝအောင်မြင်ရေး
Click here to claim your Sponsored Listing.