မြနမာဘောလုံးအေးဂျင့်

မြနမာဘောလုံးအေးဂျင့်

Share

𝐈𝐛𝐞𝐭𝟕𝟖𝟗 / 𝟓𝟓𝟓𝐌𝐢𝐱 / 𝕭𝖆𝖙𝖒𝖆𝖓𝟔𝟖𝟖 /အပြင်ကြေး (ဘော်ဒီ) 𝐕𝐢𝐛𝐞𝐫-𝟎𝟗-𝟗𝟓𝟗𝟏𝟎 𝟗𝟖𝟎𝟎 // 𝟎𝟗- 𝟗𝟓𝟗𝟏𝟎 𝟗𝟕𝟎𝟎 📞 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 - 🚫𝕬𝖌𝖊𝖓𝖙 လက်ခွဲလုံးဝလုံးဝမပေးပါခင်ဗျာ။

22/05/2026

မိုင်နူးကတော့ ၂၀၂၆ ကမ္ဘာ့ဖလားကို သွားရောက်ဆင်နွှဲမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းထဲမှာ တရားဝင် ပါဝင်ခွင့်ရရှိတော့မှာပါ ဒါဟာ လူငယ်ကစားသမားလေးတစ်ဦးအတွက်တော့ ကစားသမားဘဝ အမြင့်ဆုံးစင်မြင့်ထက်ဆီ တက်လှမ်းခွင့်ရမယ့် အခမ်းနားဆုံး အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်

ယူနိုက်တက်အသင်းရဲ့ ပျိုးထောင်မှုအောက်ကနေ ထွက်ပေါ်လာခဲ့တဲ့ မိုင်နူးဟာ အသက်အရွယ်နဲ့မမျှအောင် တည်ငြိမ်ရင့်ကျက်လှတဲ့ ကစားဟန် ထက်မြက်တဲ့အမြင်နဲ့ အသင်းအပေါ် ပေးဆပ်ကစားပုံတွေကြောင့် အင်္ဂလန်နည်းပြအဖွဲ့ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိသွားခဲ့တာ ဖြစ်ပါတယ်

လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရမယ့် ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ အင်္ဂလန်ဂျာစီကို ဝတ်ဆင်ပြီး မိုင်နူးတစ်ယောက် ဘယ်လိုမျိုး ခြေစွမ်းတွေနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်ပြဦးမလဲဆိုတာက တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်နေရပါတယ်

22/05/2026

အာတီတာဟာ အသက် (၄၄) နှစ်အရွယ်နဲ့တင် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးစင်မြင့်ထက်ကို အောင်မြင်စွာ တက်လှမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ်ရဲ့ ကာလရှည် သမိုင်းတစ်လျှောက်မှာတော့ အာတီတာထက် ပိုမိုငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ အမှတ်ပေးဖလားကို အရယူထားနိုင်တဲ့ နည်းပြဟောင်းတစ်ဦး ရှိနေပါသေးတယ်။ အဲ့ဒီလူကတော့ ဂန္ထဝင်နည်းပြ ဂျိုဆေး မော်ရင်ဟို ဖြစ်ပြီး သူဟာ အသက် (၄၃) နှစ်အရွယ်နဲ့တင် ဒီရွှေဖလားကြီးကို ဆွတ်ခူးကာ အသက်အငယ်ဆုံး ချန်ပီယံနည်းပြအဖြစ် သမိုင်းဝင်စံချိန် တင်ထားခဲ့တာပါ

လက်ရှိမှာ အာတီတာဟာ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရတဲ့ အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ပြီး ခေတ်သစ်ဘောလုံးသမိုင်းရဲ့ အသက်အငယ်ဆုံး ချန်ပီယံနည်းပြတွေထဲက တစ်ဦးအဖြစ် ကမ္ပည်းတင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ သို့သော်လည်း မော်ရင်ဟို စိုက်ထူထားခဲ့တဲ့ အသက် (၄၃) နှစ် စံချိန်ဟောင်းကိုတော့ ကျော်ဖြတ်ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပါဘူး

ခေတ်သစ်ဘောလုံးလောကရဲ့ နည်းဗျူဟာပိုင်းမှာ ထူးချွန်ပြောင်မြောက်ပြီး ပါရမီပါလှတဲ့ အာတီတာအနေနဲ့ လာမယ့်ရာသီပွဲစဉ်တွေမှာရော အာဆင်နယ်အသင်းကို ဦးဆောင်လို့ ဘယ်လိုမျိုး သမိုင်းဝင် မှတ်တမ်းကောင်းတွေကို ထပ်မံရေးထိုးပြဦးမလဲဆိုတာကတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်

22/05/2026

ဆာဒီယိုမာနေးအတွက်တော့ ၂၀၂၆ ဟာ အမှတ်တရတွေများတဲ့နှစ်တနှစ်ဖြစ်လာခဲ့ပါပြီ ။ အာဖရိကဖလားပြိုင်ပွဲမှာလည်း မော်ရိုကိုအသင်းကိုနိုင်ပြီး ချန်ပီယံဖြစ်ခဲ့သလို ( လက်ရှိမှာတော့ ဆုဖလားပြန်ပေးဖို့ ဆုံးဖြတ်ခံထားရပါတယ် ) အယ်လ်နက်ဆာအသင်းနဲ့ ဆော်ဒီပရိုလိဂ် အမှတ်ပေးချန်ပီယံဆုကိုလည်းရယူနိုင်ခဲ့ပါတယ် ။

"အယ်လ်နက်ဆာနဲ့ အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဖြစ်တယ်ဆိုတာက ကျွန်တော့ဘောလုံးသမားဘဝရဲ့ အရေးအကြီးဆုံးအရာတွေထဲက တခုဖြစ်လာခဲ့တာပါ ။ ကျွန်တော့ဘဝမှာ ဆုဖလားတွေအများကြီး ရယူခဲ့ဖူးပါတယ် ။ ဒါပေမယ့် ဒီပြည်တွင်းအမှတ်ပေးဖလားလေးက တကယ်ကို့ ထူးခြားခဲ့တာပါ ။ ဒီချန်ပီယံဆုကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တာပါပဲ"
Sadio Mane

Congratulations!

22/05/2026

ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဒါမက်အသင်းနဲ့ ကစားရမယ့် ချန်ပီယံဆု အဆုံးအဖြတ်ပွဲစဉ်မတိုင်ခင်မှာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ အပြင်းထန်ဆုံးနဲ့ စိတ်ဓာတ်အလှုံ့ဆော်နိုင်ဆုံး မိန့်ခွန်းတစ်ခုကို အသင်းဖော်တွေကို ပြောကြားခဲ့ပါတယ်

အခုတော့ အယ်လ်နာဆာတို့ ဒါမက်အသင်းကို ဂိုးပြတ်အနိုင်ယူပြီးတော့ လိဂ်ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ

အသက် ၄၁ နှစ်အရွယ် ကစားသမားကြီးဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ထောင့်ချိုးအကွက်ကနေ ဖရီးကစ် တိုက်ရိုက်ကန်သွင်းပြီး ရလဒ်ကို ၃-၁ ဖြစ်စေခဲ့သလို၊ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ်ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးပေးလိုက်ပြီ ဖြစ်ပါတယ်

ရော်နယ်ဒိုတစ်ယောက် အာရှချန်ပီယံလိဂ်တူးမှာ စိတ်ပျက်ခဲ့ရသမျှ ဆော်ဒီပရိုလိဂ်ဖလားကြီးနဲ့အတူ အကောင်းဆုံး ပြန်လည်သက်သေပြလိုက်နိုင်ပြီ ဖြစ်ပါတယ်

21/05/2026

အက်စတွန်ဗီလာကတော့ ၂၀၂၆ ခုနှစ်ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကြီးမှာ ဖရိုင်းဘာ့ဂ်ကို ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူပြီး ဥရောပစင်မြင့်ထက်က ချန်ပီယံဆုဖလားကြီးကို တရားဝင် သိမ်းပိုက်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်

ဒီအောင်ပွဲဟာ အက်စတွန်ဗီလာအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ရုံတင်မကဘဲ အူနိုင်း အမ်မရီ အတွက်လည်း ယူရိုပါလိဂ်ဆုဖလားကြီးကို သူ့ရဲ့နည်းပြဘဝသက်တမ်းတစ်လျှောက် ၅ ကြိမ်မြောက်အဖြစ် စံချိန်တင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ် ဒါကြောင့်မို့လို့ အမ်မရီဟာ ယူရိုပါလိဂ်ရဲ့ ဘုရင်တစ်ပါးအဖြစ် သူ့ရဲ့အရှိန်အဝါကို ထပ်မံသက်သေပြသလိုက်သလိုပါပဲ

တကယ်တော့ အမ်မရီဟာ အက်စတွန်ဗီလာကို စတင်တာဝန်ယူခဲ့စဉ်တုန်းက အသင်းဟာ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရုန်းကန်နေရတဲ့ အခြေအနေဆိုးကြီးမှာ ရှိနေခဲ့တာ ဖြစ်ပါတယ် ဒါပေမဲ့ သူရောက်ရှိလာပြီး ၃ နှစ်တာ ကာလအတွင်းမှာတင် ဗီလာကို ဥရောပစင်မြင့်ထက်မှာ ပုံမှန်ခြေချနိုင်တဲ့ ထိပ်တန်းအသင်းတစ်သင်းအဖြစ် အောင်မြင်စွာ အခြေချပေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်

21/05/2026

ယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ အသင်းရဲ့ အားနည်းချက်ဖြစ်နေတဲ့ ကွင်းလယ်ပိုင်းတစ်ခုလုံးကို အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် ပေါင် သန်း ၁၅၀ အထိ ရှိမယ့် ကြီးမားတဲ့ ဘတ်ဂျက်တစ်ခုကို အဆင်သင့် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်

ယူနိုက်တက် ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ ထိပ်တန်းပစ်မှတ်တွေကတော့ အန်ဒါဆန် ချူအာမေနီနဲ့ ဘာလေဘာတို့လို အရည်အချင်းရှိ ကစားသမားတွေ ဖြစ်ကြတဲ့အပြင် ပေါ်တူဂီမြေက မာသီယပ်စ် ဖာနန်ဒက်စ်ကလည်း အသင်းရဲ့ အလိုချင်ဆုံး စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေတာ တွေ့ရပါတယ်

အထူးသဖြင့် ပစ်မှတ်ထားတဲ့ အဆိုပါ ကစားသမားအချို့ဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အပြီးသတ်လူစာရင်းကနေ မမျှော်လင့်ဘဲ ချန်လှပ်ခြင်း ခံခဲ့ရတာကြောင့် ယူနိုက်တက်အသင်းအတွက်တော့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ကြားညှပ်ပြီး ပိုမိုလွယ်ကူ လျင်မြန်စွာနဲ့ ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာခဲ့ရပါတယ်

21/05/2026

အင်္ဂလန်အသင်းမှာ အားထားရမယ့် ဗီလာက သူရဲကောင်း

ဗီလာအသင်းတိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်က
ဖရိုင်းဘတ်အသင်းနဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ တစ်ဂိုးသွင်း၊
တစ်ဂိုးဖန်တီးပြီး သူရဲကောင်းဖြစ်ခဲ့ပြန်တယ်။

လက်ရှိရာသီမှာ မော်ဂန်ရော်ဂျာစ်က ဗီလာအသင်းအတွက်
၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ထားပါတယ်။

ဗီလာအသင်းနဲ့အတူ ပြသနေတဲ့စွမ်းဆောင်ရည်ကြောင့်
မော်ဂန်ရော်ဂျာစ်က လာမယ့်၂၀၂၆ ကမ္ဘာ့ဖလားမှာ
အင်္ဂလန်အသင်းအတွက် အားထားရသူဖြစ်လာနိုင်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူဟယ်လ်က
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ No 10 role နေရာအတွက်
ကစားသမားနှစ်ဉီးပဲရွေးချယ်မယ်လို့
အတည်ပြုထားတယ်။

အဲဒီနေရာအတွက် ပါလ်မာ၊ ဖိုဒန်၊ မော်ဂန်ရော်ဂျာစ်တို့အပြင် ဘယ်လင်ဟမ်၊ အက်ဇီးတို့လည်းရှိနေတာပါ။
လက်ရှိအချိန်မှာ မော်ဂန်ရော်ဂျာစ်က
တူဟယ်လ်အကြိုက်ဆုံးကစားသမားဖြစ်နေတာပါ။

20/05/2026

ဒုက္ခတွေတော့ ရောက်ကုန်တော့မယ် လုပ်ကြပါဦး😆

20/05/2026

ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲကနေဆောက်သမ်တန်အသင်းထုတ်ပယ်ခံရ

ဆောက်သမ်တန်အသင်းတာဝန်ရှိသူတစ်ဦးဟာ မစ်ဒယ်ဘရော့အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကိုခိုးကြောင်ခိုးဝှက်သွားရောက်ဓာတ်ပုံရိုက်ခဲ့တာကြောင့်ပလေးအော့ဖ်ဗိုလ်လုပွဲကနေ ထုတ်ပယ်ခံခဲ့ရသလို နောက်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာပါ 4 မှတ်အနုတ်ခံရမှာဖြစ်ပါတယ်။

ဖိုင်နယ်ကိုတော့မစ်ဒယ်ဘရော့အသင်းကကစားခွင့်ရမှာဖြစ်ပါတယ်။✍️

20/05/2026

ချယ်လ်ဆီးတို့အတွက် ဒီဒါဘီနိုင်ပွဲက ဥရောပပြိုင်ပွဲ၀င်ခွင့်အတွက် အရေးပါခဲ့သလို တဖက်မှာ စပါးစ်တို့ကတော့ နောက်ဆုံးအချိန်အထိ တန်းဆင်းဇုံတိုက်ပွဲ ဆင်နွှဲသွားရဦးမှာဖြစ်ပါတယ် ။

20/05/2026

အာဆင်နယ်တို့ ပရီးမီးယားလိဂ်ရတာ ရှယ်အောင်ပွဲခံနေကြပါပြီ

နောက် ၂ ပတ်အကြာမှာ ကစားမယ့် ချန်ပီယံလိဂ် ဖလားကြီးကိုသာ ထပ်ရသွားရင်တော့ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအတွက် နေစရာမရှိ ဖြစ်ကုန်ပါတော့မယ်

ဒါကြောင့် တစ်ကမ္ဘာလုံးကို ကယ်တင်ပေးနိုင်တာ PSG ပ​ြ ရှိပါတော့တယ်

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon