Coding For All
Sharing Is Caring
19/03/2026
56K Followers ရှိတဲ့ Page လေးကျသွားလို့ ဒီ Page လေးမှာပဲ Knowledge Sharing Content တွေကို တင်ပေးသွားပါမယ်ခင်ဗျာ။
Page အဟောင်းက Customer များလည်း အဆင်မပြေတာ၊ အခက်အခဲ တစုံတရာ ဖြစ်ခဲ့ရင် ဒီ Page မှာပဲ လာပြီး ပြောပေးလို့ရပါတယ်။
ကော်ဆယ်ရာနဲ့ လင့်အင် အကောင့်တွေကိုလည်း ဒီ Page မှာပဲ ဆက်ရောင်းပေးသွားမှာဖြစ်လို့ လိုအပ်ခဲ့ရင် လာရောက်စုံစမ်းနိုင်ပါတယ်။
ဝယ်ယူအားပေးခဲ့တဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏
16/03/2026
စင်ကာပူမှာ အလုပ်ရဖို့ဆိုတာ ကံတရားထက် နည်းလမ်းမှန်ဖို့က ပိုအရေးကြီးပါတယ်။ လူတော်တော်များများက CV တစ်စောင်တည်းနဲ့ နေရာတကာ လျှောက်နေကြပေမဲ့ တကယ်တမ်း အလုပ်ရသွားတဲ့သူတွေကတော့ Platform တစ်ခုချင်းစီရဲ့ အားသာချက်ကို ကောင်းကောင်းအသုံးချတတ်ကြတာပါ။
စင်ကာပူမှာ အလုပ်လျှောက်ချင်တယ်ဆိုရင် အဓိကသုံးတဲ့ Platform ကြီး ၃ ခု ရှိပါတယ်။
📌 LinkedIn
စင်ကာပူမှာ လူသုံးအများဆုံးနဲ့ powerful အဖြစ်ဆုံး Job Platform တစ်ခုပါ။ ဒါဟာ အလုပ်ရှာတဲ့ ဝက်ဘ်ဆိုက်သက်သက်မဟုတ်ဘဲ Professional Network ကြီးတစ်ခုဖြစ်ပါတယ်။ စင်ကာပူက HR တွေနဲ့ Headhunter တွေဟာ လူတစ်ယောက်ရဲ့ CV ကို မကြည့်ခင် LinkedIn Profile ကို အရင်ဝင်စစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Profile မှာ Professional ကျတဲ့ ဓာတ်ပုံတင်ထားဖို့၊ ကိုယ်လုပ်ခဲ့တဲ့ Project တွေကို အချက်အလက်ကျကျနဲ့ ရေးထားဖို့ လိုပါတယ်။
အထူးသဖြင့် "Easy Apply" ဆိုတဲ့ ခလုတ်လေးကိုပဲ နှိပ်နေမယ့်အစား ကိုယ်စိတ်ဝင်စားတဲ့ ကုမ္ပဏီက Manager တွေကို တိုက်ရိုက် Connection တောင်းပြီး မိတ်ဆက်စာ (Intro Message) ယဉ်ယဉ်ကျေးကျေး ပို့တာမျိုးက အခွင့်အလမ်း ပိုများစေပါတယ်။
📌 JobStreet
စင်ကာပူရဲ့ အလုပ်အကိုင်ရှာဖွေရေး အင်ဂျင်လို့ ပြောလို့ရပါတယ်။ ဒီ Platform ကတော့ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ အရောင်းနဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အလုပ်အကိုင်တွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ JobStreet ရဲ့ အားသာချက်က "Salary Matching" ပါ။
ကိုယ်လိုချင်တဲ့ လစာပမာဏနဲ့ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီမယ့် အလုပ်တွေကို Filter ကောင်းကောင်းသုံးပြီး ရှာလို့ရပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ Tip တစ်ခုကတော့ ကိုယ့်ရဲ့ Profile ကို အမြဲတမ်း Update ဖြစ်နေအောင် လုပ်ထားဖို့ပါ။ "Updated in 24 hours ago" လို့ ပြနေတဲ့ Profile တွေဟာ HR တွေရဲ့ Search Result မှာ အပေါ်ဆုံးကို ရောက်နေတတ်လို့ အလုပ်ကမ်းလှမ်းမှု ရဖို့ ပိုနီးစပ်ပါတယ်။
📌 MyCareersFuture
ဒီ Platform ကိုတော့ အစိုးရက တိုက်ရိုက်စီမံပါတယ်။ ဒါက မြန်မာနိုင်ငံကနေ တိုက်ရိုက်လျှောက်မယ့်သူတွေအတွက် နည်းနည်း စိန်ခေါ်မှု ရှိနိုင်ပေမဲ့ စျေးကွက်အခြေအနေကို လေ့လာဖို့ အကောင်းဆုံးနေရာပါ။ ဒီ Platform မှာ မြင်ရတဲ့ အလုပ်ခေါ်စာတွေကနေတစ်ဆင့် အခုလက်ရှိ စင်ကာပူမှာ ဘယ်လို Skill တွေကို အလိုအပ်ဆုံးလဲဆိုတာကိုကြည့်ပြီး ကိုယ့်ရဲ့ skill ကို ပြင်ဆင်နိုင်ပါတယ်။
ဥပမာ - အခုနောက်ပိုင်း Software Development နဲ့ Healthcare ပိုင်းတွေမှာ S Pass နဲ့ EP ပေးဖို့ ပိုဦးစားပေးနေတာမျိုးကို ဒီမှာ ကြည့်ပြီး သိနိုင်ပါတယ်။ ဒါ့အပြင် Indeed Singapore ကလည်း တခြား Platform တွေက အလုပ်ခေါ်စာတွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတာမို့ အချိန်ကုန်သက်သာချင်ရင် တွဲသုံးသင့်ပါတယ်။
အလုပ်လျှောက်တဲ့အခါ CV ကို တစ်မျက်နှာ သို့မဟုတ် နှစ်မျက်နှာထက် ပိုမရှည်ပါစေနဲ့။ စင်ကာပူအလုပ်ရှင်တွေက "ဘာတွေလုပ်ခဲ့လဲ" ဆိုတာထက် "ဘာတွေအောင်မြင်အောင် လုပ်ပေးနိုင်ခဲ့လဲ" ဆိုတဲ့ Data (ဥပမာ - ရောင်းအား ၁၀% တက်အောင် လုပ်ပေးနိုင်ခဲ့သည်) မျိုးကိုပဲ စိတ်ဝင်စားကြတာပါ။
ဒါ့အပြင်စင်ကာပူမှာ အလုပ်ဗီဇာ (EP သို့မဟုတ် S Pass) ရဖို့အတွက် သတ်မှတ်ထားတဲ့ လစာနှုန်းထားတွေနဲ့ COMPASS လိုမျိုး အမှတ်ပေးစနစ်တွေကိုလည်း ကြိုတင် လေ့လာထားသင့်ပါတယ်။
အလုပ်ရဖို့ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ နေ့တိုင်း ဒီ Platform တွေပေါ်မှာ အချိန်ပေးပြီး မှန်မှန်ကန်ကန် ကြိုးစားသွားမယ်ဆိုရင် မကြာခင်မှာ ကိုယ်မျှော်လင့်နေတဲ့ "Congratulations" ဆိုတဲ့ အီးမေးလ်လေး ရောက်လာမှာ အသေအချာပါပဲ။
LinkedIn သုံးပြီး အလုပ်လျှောက်တယ်ဆိုရင်တော့ LinkedIn Premium သုံးဖို့ recommend ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ Premium သုံးခြင်းအားဖြင့် ကိုယ်လျှောက်မယ့်အလုပ်မှာ တခြားဘယ်သူတွေ လျှောက်ထားလဲ၊ ကိုယ့်ရဲ့ အရည်အချင်းက သူတို့ထက် ဘယ်လောက်သာလဲဆိုတဲ့ Competitive Data တွေကို မြင်ရသလို Hiring Manager တွေဆီကိုလည်း တိုက်ရိုက် InMail ပို့ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခွင့်ရမှာပါ။
ဒါ့အပြင် LinkedIn Learning မှာပါဝင်တဲ့ Professional Course တွေကနေတစ်ဆင့် လုပ်ငန်းခွင်မှာ လိုအပ်နေတဲ့ ခေတ်မီ Skill တွေကိုပါ အခမဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။
LinkedIn ပရီမီယမ်ကိုတော့ Page မှာ လာယူလို့ရပါပြီ။
Click here to claim your Sponsored Listing.