MyanmarParty.com

MyanmarParty.com

Share

မွေးနေ့၊Party၊မင်္ဂလာပွဲများအတွက် One-Stop Service

05/07/2021

ရာသီခွင်အလိုက် ကိုယ့်ချစ်သူက ဘယ်လိုပုံစံမျိုးဖြစ်လာမလဲ ?

Aries – မိဿ ရာသီဖွား ( မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက် )

မိဿ ရာသီဖွား တို့သည် အပြင်ပန်း အသွင်အပြင် တွင် ကြမ်းတမ်းသည် ဟု ထင်ရလင့်ကစား အတွင်းစိတ် သဘော မှာ နှုးညံ့ကြ သူများ ဖြစ်သည်။ မေတ္တာရေးတွင် ရယူခြင်းထက် ပေးဆပ်မှု ကို လိုလားသူဖြစ်သည်။ သံယောဇဉ် တနွယ်နွယ် ဖြစ်တတ်သည်။ စိတ်သဘောထား ကြီးမြှင့်သည်။ ထို့ ပြင် သနားချစ်၊ အားနာချစ် ကိုလည်း ဦးစားပေးတတ်သည်။ ထိုရာသီဖွားတို့သည် ပညာတတ်ပြီး စိတ်ကောင်းရှိသော်လည်း ဘုခွ ပြောတတ်သော ပျော်ပျော် နေတတ်သည့် သူနှင့် ဖူးစာဆုံမည်။

Ta**us – ပြိဿ ရာသီဖွား ( ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက် )

ပြိဿ ရာသီဖွား တို့သည် သံယောဇဉ်ကြီးသည်။ အချော့ကြိုက်၊ အပျော့ကြိုက်များဖြစ်သည်။ ချစ်ခဲသည်။အချစ်မြဲသည်။ ကိုယ်တိုင် ဆုံးဖြတ်ချက် ကို ဦးစားပေးသည်။ အချစ်အတွက် ဆိုလျှင် ပတ်ဝန်းကျင်နှင့် သော်၎င်း၊မိသားစုနှင့် သော်၎င်း၊ ဆန့်ကျင်ရန် ဝန်မလေး၊ သစ္စာ ရှိသူကိုလိုလားသည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထား သူများ ဖြစ်သည်။ ထိုရာသီဖွား တို့သည် ဆံပင် ထူထူ၊ အရပ် သွယ်သွယ်၊ နှာတံပေါ် ပြီး နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့) ပါးတွင် မှဲ့ပါသူ နှင့် ဖူးစာဆုံမည်။

Gemini – မေထုန်ရာသီဖွား ( မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက် )

မေထုန်ရာသီဖွား တို့သည် ပညာရှိပြီး ဉာဏ်ရည်မြှင့်သောသူကို နှစ်သက်သည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ်
ရပ်တည်တတ်သော သူကို ဦးစားပေး၊ ရွေးချယ်တတ်သောသဘာဝရှိသည်။ မိမိထက် အသက်အရွယ် ၊အနေအထား၊
ဆက်ဆံရသော ဝန်းကျင် မတူခြားနားသော သူကို ရွေးချုယ်မေတ္တာ မျှတတ်သည်။ ထိုရာသီဖွားတို့သည် နှုးညံ့စွာ ပြောဆိုတတ်သော မျက်လုံးအိမ် အနည်းငယ်နက်ရှိုင်း၊ မျက်ဝန်းလှပလင်းလက်သော နဖူး၊ မျက်ခုံး၊ နှာတံ ဆက်စပ်မှု အလွန်တင့်တယ်သော သူနှင့် ဖူးစာဆုံမည်။

Cancer – ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် – ဇူလိုင် ၂၂ ရက် )

ကရကဋ် ရာသီဖွား တို့၏ နှလုံးသားသည် အငြိုးကြီးသည်။ အမှတ်သည်းခြေကြီးသည်။ စိတ်ကြီးသည်။ တစ်စုံတစ်ရာ မိမိနှလုံးသားကို နာကျင် ထိခိုက်အောင် တစ်ဖက်သူမှ လုပ်လျှင် ချက်ချင်းမုန်တီး အရွဲ့တိုက်တတ်သော သဘောသဘာ၀ ပိုင်ဆိုင်သည်။ ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူ တစ်ဦး၊ နှလုံးသားက လက်ခံသူ တစ်ဦး ကြား ရွေးချယ်ရန် အခက်ကြုံရတတ်သည်။ ထိုသို့ ကြုံရပါက မိမိမေတ္တာထား သလို ထားနိုင်သောသူကို ဦးစားပေး ရွေးချယ် သင့်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုယ်ထည် တောင့်တင်း၊ မျက်နှာဝိုင်းကာ အသားလတ်ပြီး နှုတ်ခမ်းလှ၊ သွားစွယ်သွားတက် ရှိသောသူနှင့် ဖူးစာဆုံမည်။

Leo – သိဟ် ရာသီဖွား ( ဇူလိုင်လ ၂၃ ရက် – သြဂုတ်လ ၂၂ ရက် )

သိဟ် ရာသီဖွား တို့သည် အလွန် သံယောဇဉ်ကြီးသည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ အလွန်မျက်နှာပွင့်သောသူ ဖြစ်ပေရာ
တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားမိတတ်သည်။ ချစ်သူများခြင်းသည် ဘဝ၏ အနှောက်အယှက်တစ်ခု ဖြစ်လာတတ်သည်။
အထူးသတိပြုရန်မှာ အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ လက်ထပ်ရသူက တစ်ယောက် ဖြစ်တတ်သည်။ ထိုရာသီဖွားတို့သည်
အသားဝါဝင်း ပြီး အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်းမာန ရှိပြီး ပြတ်သားသော ပညာဉာဏ်ရှိသူ နှင့် ဆုံစည်းရတတ်သည်။

Virgo – ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် – စက်တင်ဘာလ ၂၂ ရက် )

ကန်ရာသီဖွား တို့သည် အလွန် စိတ်ထိခိုက် လွယ်သည်။ နှုးညံ့ သိမ်မွေ့လွန်းသော နှလုံးသား ကို ပိုင်ဆိုင်သည်။ အချော့ကြိုက်၏ မာမာပြောဆို ဆက်ဆံလာလျှင် အကျိုးရှိသောစကား ပင် ဖြစ်စေလက်ခံတတ်ခြင်းမရှိ၊ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင် တားဆီးလာပါက မုန်းတီးဆန့်ကျင်ရန် ဝန်မလေး၊ ထိုရာသီဖွားများသည် ပိန်ပိန်သွယ်သွယ်၊ ပါးပါးလှပ်လှပ် အေးတိအေးစက် နေတတ်ပြီး မျက်လုံး၊ မျက်ခုံးကောင်းကာ နှုတ်ခမ်းပါးပါး စကားတတ်သော ဖူးစာရှင် နှင့် တွေ့မည်။

Libra – တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက် )

တူ ရာသီဖွား တို့သည် မျှတသော သဘာဝ၊ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ အချစ်ဆုံးသူများဖြစ်သည်။ ချစ်ခဲပြီး အချစ်မြဲသောသူများဖြစ်သည်။ ထူးခြားချက်မှာ ဉာဏ်မြင့်သော ပညာတတ် ထူးချွန်သောသူကို ဦးစားပေးချစ်တတ်သည်။မျှတစွာ တွေးခေါ်တတ် ၍ သိမ်မွေ့အေးချမ်းသူဖြစ်သည်။ နီးစပ်မှုကို အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်။ ပညာတတ်၊ ဉာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအဝါကောင်း၊ ဟန်ကောင်း၊ မျက်နှာ လေးထောင့်နှာတံပေါ် မျက်ရစ်မပါသော (သို့) မျက်လုံးမှေး ၍ အမြဲပြုံးနေသောသူနှင့်ဖူးစာဆုံမည်။

Scorpio – ဗြိစ္ဆာ ရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် – နိုဝင်ဘာလ ၂၁ ရက် )

ဗြိစ္ဆာ ရာသီဖွား တို့သည် ခံစားချက်၊ ခံယူချက် ကို ဦးစားပေးသော သူများဖြစ်သည်။ လျှိုဝှက်သိုသိပ် ၍ မဖြစ်မနေဆောင်ရွက် တတ်သော သဘာဝရှိသည်။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ဆုံးဖြတ်ချက်ချရန်အတွက် အလွန် အချိန်ယူတတ်သည်။ ဆုံးဖြတ်ပြီးပါကလည်း လုံးဝမပြင်တတ်။ ဝေဖန်မှုကို ဂရုမစိုက်တတ်၊ ဥပက္ခာ နှလုံးသားပိုင်ရှင်များဖြစ်သည်။ ထိုရာသီဖွားတို့သည် အေးချမ်းရိုးသားစွာ နေတတ်သော မျက်လုံးဝိုင်းစက်လှပသော နှုးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော ဖူးစာရှင် နှင့်ဆုံဆည်းမည်။

Sagittarius – ဓနု ရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက် )

ဓနု ရာသီဖွား တို့သည် ဘဝတွင် အရာရာ အောင်ပွဲခံနိုင်သလောက် အချစ်စစ် မျက်နှာတွင်မူ အမြဲအလံဖြူ၊ ဝှေ့ရမ်းအရှုံးပေးရသူများ
ဖြစ်သည်။ ချစ်သူများတတ်သည်။ အချစ်ရေးတွင် အမြဲခွင့်လွတ် အရှုံးပေး၊ အနစ်နာခံတတ်သည်။ တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုရင် စူးစူးစိုက်စိုက် ချစ်တတ်သောသဘာဝရှိသည်။ ထိုရာသီဖွားတို့သည် အသားလတ်၊ နှာတံပေါ် ခန္ဒာသွယ်လျ၊ မျက်နှာသွယ်
စကားပြောမြန် ၍ ခေါင်းမာတတ်သော သူနှင့် ဖူးစာဆုံမည်။

Capricorn – မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၁၉ ရက် )

မကာရ ရာသီဖွား တို့သည် အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှား မှုများအပေါ် အမြဲ ဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားများကို ပို၍ စာနာ၊ မေတ္တာထားတတ်သည်။ ပေးဆပ်မှုကို ဦးစားပေးသူဖြစ်သည်။ ချစ်သူကို အလိုလိုက်လွန်း ၍သော် ၎င်း၊ အသာစီးပေးလွန်း ၍ သော်၎င်း၊ တစ်စုံတစ်ရာ မြင့်မားလာသောအခါ ချစ်သူကပင် မိမိအား
ပစ်ခွာသွားခြင်းကြုံတတ်သည်။ ထိုရာသီဖွားတို့သည် မေးရိုးပါးရိုးမြင့်သော၊ အသားလတ်ပြီး၊ ဆံပင် ဖြောင့်ကာ သွက်လက် သောအမူအရာ ရှိသော သူနှင့် ဖူးစာဆုံမည်။

Aquarius – ကုံ ရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် – ဖေဖော်ဝါရီလ ၁၈ ရက် )

ကုမ် ရာသီဖွား တို့သည် အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်း များကြောင့် နှလုံးသားရေးရာတွင် ချစ်ဒုက္ခ ကြုံတတ်သည်။သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင်
ဖန်တီးမည်။ သူ့အပေါ် အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက် ရောက်သွားတတ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။

Pisces – မိန် ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀ ရက် )

မိန် ရာသီဖွား တို့သည် အလွန် အေးချမ်း မြင့်မြတ်သော နှလုံးသာပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူ အပေါ် နားလည်ခွင့်လွတ်တတ်သောသူဖြစ်သည်။ အခိုင်အမာဆုံးဖြတ် ၍ လေးလေးနက်နက် ချစ်တတ်သောသူဖြစ်သည်။ အရှက်အကြောက်
ကြီးခြင်း၊ တစ်ပါးသူက ဝေဖန်မည်ကို စိုးရိမ်ခြင်း ကြောင့် အမှန်တကယ် ချစ်သူအပေါ် ဖွင့်မပြောရဲ၊ လက်မတွဲ ရဲတတ်ခြင်းသည် ပကတိ
အားနည်းချက်ဖြစ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်အေးချမ်ပြီး ဉာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်။

Credit: ဝေဒင်္ဂ FB Page

19/01/2021

ကိုယ့်ရဲ့ မင်္ဂလာဆောင်နှစ်ပတ်လည် အထိမ်းအမှတ်နေ့လေးကို ခမ်းခမ်းနားနားလေး ကျင်းပဖို့အတွက် One-Stop Service ဆောင်ရွက်ပေးနိုင်တဲ့ Myanmar Party ရှိနေပြီနော်။

ဆန်းသစ်တဲ့ အပြင်အဆင်တွေနဲ့ ကိုယ့်ရဲ့ အိမ်သူသက်ထားလေး ဘဝမှာ အမှတ်တရဖြစ်သွားအောင် Surprise တိုက်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

Contact Us - 09689474444

Photos from MyanmarParty.com's post 14/01/2021

မွေးနေ့ပွဲတွေမှာတော့ မွေးနေ့ကိတ်က မပါမဖြစ် ပါရမယ့် ကိတ်ပဲဖြစ်ပါတယ်။ မွေးနေ့ကိတ်တွေက အရသာလည်း ကောင်းရုံသာမက ပြင်ဆင်ထားပုံလေးတွေကလည်း အရမ်းကို လှပကြပါတယ်။

အရမ်းလှပစွာပုံဖော်ထားနိုင်တဲ့ မွေးနေ့ကိတ်လေးများကို ဝေမျှချင်ပါတယ်။

ဒီလို လှပတဲ့ မွေးနေ့ ကိတ်လေးတွေကို MyanmarParty မှာလည်း မှာယူနိုင်ပြီနော်။

12/01/2021

“၂ဝ၂၁ ခုနှစ်အတွက် ၁၂ ရာသီဖွားတို့ရဲ့ အချစ်ရေးဟောကိန်းများ”

မိဿရာသီဖွား ( မတ် ၂၁ - ဧပြီ ၁၉ အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ လာမယ့်နှစ်မှာ သင့်အချစ်ရေးက အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါလိမ့်မယ်။ ဒီနှစ်အတွက် သင့်အချစ်ရေးကတော့ အလွန်ငြိမ်သက်နေပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ဧပြီလမှ ဇွန်လအတွင်း၊ သြဂုတ်လမှ စက်တင်ဘာလအတွင်းမှာ သင့်အချစ်ရေးက အဆင်ပြေမှုတွေ ရှိနိုင်ပါတယ်။ သင်ချစ်တဲ့သူ ရှိနေရင် ဒီနှစ်ကုန်ခါနီးမှ သူ့ဆီက သဘောတူညီချက် သို့မဟုတ် အဖြေတစ်ခုခုကို သင်ရရှိနိုင်ပါတယ်။ ၂ဝ၂၁ ခုနှစ် နှစ်ကုန်ခါနီးတွင် ချစ်ခြင်းနဲ့လက်ထပ်ခြင်း ထပ်တူကျတဲ့လူမျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိပါတယ်။

ပြိဿရာသီဖွား ( ဧပြီ ၂ဝ - မေ ၂ဝ အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် အချစ်ရေးက ဘဝမှာ အရေးအပါဆုံးအရာတစ်ခု ဖြစ်ပါလိမ့်မယ်။ သင့်လက်တွဲဖော်နဲ့ သင်ဟာ အပြန်အလှန်လေးစားမှု ရှိနိုင်ပြီး နားလည်မှုရှိကြမှာပါ။ ချစ်တဲ့သူနဲ့ ခရီးအတူတူသွားရနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်နိုင်ပါမယ်။ သင်ချစ်မြတ်နိုးတဲ့သူအတွက် ဘာပဲ ပေးဆပ်ရ၊ ပေးဆပ်ရ သင်က ပေးဆပ်ဖို့ အဆင်သင့်ရှိနေမယ့်သူတစ်ယောက်ပါပဲ။ သင်ချစ်ရသူက သင့်အပေါ်မှာ ယုံကြည်အားကိုးလိုတဲ့စိတ်များ ရှိအောင် သင်က အရာရာမှာ အလိုက်သိတဲ့သူပါ။

မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂ဝ အတွင်းမွေးဖွားသူများ)
၂ဝ၂၁ ခုနှစ် ဟောကိန်းအရ သင့်အတွက် အချစ်ဇာတ်လမ်းတွေ များပြားနိုင်တဲ့နှစ်ပါပဲ။ စိတ်ကူးယဉ်ဆန်တဲ့အချစ်တွေ တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သင့်ကို တန်ဖိုးထားနားလည်တဲ့သူတစ်ဦးနဲ့ပဲ ဆုံစည်းခွင့်ရဖို့ သင်မျှော်လင့်နေပါလိမ့်မယ်။ ဒီအချိန်က သင့်အတွက် နှလုံးသားနဲ့ ခံစားပြီး ဆုံးဖြတ်လို့ရမယ့် အချိန်ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ သင့်ကို ချစ်ကြိုက်တဲ့သူများ ပေါများနိုင်တဲ့နှစ်မို့ ရွေးချယ်ရလည်းခက်နိုင်ပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းများက အစ သင့်ကို ချစ်ခင်တဲ့စိတ်နဲ့ ကူညီမှုတွေ ရနိုင်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ - ဇူလိုင် ၂၂အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ပြောရမယ်ဆိုရင် သင်တို့ ရာသီဖွားတွေဟာ အချစ်နဲ့ပတ်သက်ရင် ခံစားလွယ်တတ်သူများဖြစ်ပါတယ်။ စာနာစိတ်ရှိတာကတော့ အားသာချက်တစ်ခုပါ။ သင်နဲ့ သင်ချစ်ရတဲ့သူ နှစ်ဦးသား ပေါင်းဖက်ပြီး ငြိမ်းချမ်းတဲ့ဘဝတစ်ခု တည်ဆောက်ဖို့ စိတ်ကူးတွေ ရှိပါလိမ့်မယ်။ ချစ်ရသူနဲ့ ပေါင်းဖက်နိုင်ဖို့အတွက် အလုပ်တွေ ကြိုးစားနေတတ်ပါတယ်။ သင့်အချစ်ရေးက အမြဲအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုနဲ့ ကတောက်ကဆဖြစ်မှုလေးတွေလည်း ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ။ သင်က ချစ်ရတဲ့သူကို ပျော်ရွှင်အောင်ထားချင်တဲ့သူတစ်ယောက်ပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၂အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ဒီရာသီဖွားတွေရဲ့ အချစ်ရေးက ရိုလာကိုစတာ စီးနေရသလိုပါပဲ။ အချစ်ရေး ကံကောင်းပေမဲ့ ချစ်သူနဲ့ ပတ်သက်ပြီး နားလည်မှု၊ ယုံကြည်မှုတွေ တည်ဆောက်တဲ့အခါမှာ သင့်အတွက် နားလည်ရခက်တဲ့ စိန်ခေါ်မှုလေးတွေ ရှိနိုင်ပါတယ်။ လူတချို့က သင့်အချစ်ရေးကို ဆန့်ကျင်လာတာမျိုး ရှိနိုင်ပါတယ်။ သင့်အချစ်ရေးက ပထမနှစ်ဝက်အစပိုင်းမှာ အခက်အခဲတွေ ရှိနိုင်ပေမယ့် သင်က စေ့စပ်တိကျတဲ့သူ တစ်ယောက်မို့ ပြဿနာတွေကို ကျော်ဖြတ်နိုင်မှာပါ။ ချစ်သူရှိပါက နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ လက်ထပ်မယ်ဆိုရင် အချိန်ကောင်းပါပဲ။

ကန်ရာသီဖွား ( သြဂုတ် ၂၃ - စက်တင်ဘာ ၂၂အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ကန်ရာသီဖွားတွေရဲ့ အချစ်ရေးဟာ အနည်းငယ်ရှုပ်ထွေးနိုင်ဖွယ် အခြေအနေရှိပါတယ်။ သင်ဟာ တစ်ကိုယ်တည်းသမား ဖြစ်နေခဲ့ရင် ဘဝထဲကို တစ်စုံတစ်ယောက်ဝင်ရောက်လာနိုင်ပါတယ်။ အဲ့ဒီတစ်စုံတစ်ယောက်က သင့်ကို အလွန်ချစ်မြတ်နိုးမယ့်သူဖြစ်ပြီး အချိန်တိုအတွင်း သူနဲ့ သံယောဇဉ်နှောင်တွယ်သွားနိုင်ပါတယ်။ ချစ်ခြင်းတရားနဲ့ပတ်သက်ပြီး လောကကြီးက သင့်ကို စမ်းသပ်မှာမို့ စမ်းသပ်တဲ့ဒဏ်ကို မခံနိုင်ရင် ခွဲခွာရခြင်းဆိုတာကို သင်ကြုံနိုင်ပါတယ်။ ဇွန်၊ ဇူလိုင်လနဲ့ ဒီဇင်ဘာလတွေမှာ ငြင်းခုံရန်ဖြစ်တဲ့ကိစ္စများ ရှောင်ရှားစေချင်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး သည်းခံမှုရှိဖို့လည်း သတိရပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၂အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ နှစ်စကတည်းက သင့်အချစ်ရေးကံတရားက ကောင်းမွန်နေပါလိမ့်မယ်။ သင့်စိတ်ကူးအိပ်မက် ထဲက ရင်ဖိုစိတ်လှုပ်ရှားဖွယ်အချစ်တွေနဲ့ ကြုံတွေ့ကောင်း ကြုံတွေ့ နိုင်ဖွယ်ရှိပါတယ်။ သင့်အပေါ် အပြန်အလှန်လေးစားမှု ရှိတဲ့ ချစ်သူမျိုးကြောင့် အမှတ်ရစရာကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ပြီးတော့ ချစ်သူအံအားသင့်ပျော်ရွှင်သွားအောင် ခရီးအတူတူသွားဖို့လည်း တိတ်တိတ်လေး စီစဉ်ချင်တာမျိုး၊ ဒါမှမဟုတ် ချစ်သူကို လက်ဆောင်ပေးဖို့ စီစဉ်နေတဲ့အတွေး ရှိနိုင်ပါတယ်။ ဒီနှစ်မှာ သင်ချစ်ရတဲ့သူနဲ့ အိမ်ထောင်ပြုမယ် ဆိုရင် သင့်အနေနဲ့ ပိုပြီးသာယာပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖန်တီးနိုင်မှာပါ။

ဗြိစ္ဆာ ရာသီဖွား (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ဒီရာသီဖွားတို့ရဲ့ အချစ်ရေးတွေက ထင်သလောက်တော့ အဆင်ပြေချောမွေ့နေတာ မဟုတ်ဘဲ အဖုအထစ်လေးတွေ ရှိနိုင်ပါတယ်။ သင့်အချစ်ရေးက စိတ်လှုပ်ရှားစရာကောင်းသော်လည်း စိတ်အပြောင်း အလဲမြန်တဲ့ ချစ်သူကြောင့် သင့်အနေနဲ့ စိတ်အနှောင့်အယှက်လေးတွေ ရှိနိုင်ပါတယ်။ တစ်ခါတလေမှာ နှစ်ဦးကြား ညှိမရတဲ့ ကိစ္စအချို့ကြောင့် ပြဿနာတက်ပြီး နားလည်မှုလွဲမှားစေတဲ့အခြေအနေတွေ ပေါ်ပေါက်နိုင်ဖွယ်ရှိပါတယ်။ နှစ်ဦးသားကြားမှာ တစ်ဦးက အလျှော့ပေးပြီး သည်းခံမှသာ ရေရှည်တည်မြဲဖို့ အဆင်ပြေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာ ဆိုတဲ့ကြိုးကို သင့်အနေနဲ့ အလျှော့အတင်းမှန်အောင် ထိန်းညှိတတ်ပါစေ။

ဓနု ရာသီဖွား ( နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ဓနုရာသီဖွားတွေရဲ့အချစ်ရေးက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတဲ့ နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။ သင့်လက်တွဲဖော်ကို အပြန်အလှန်လေးစားမှုရှိသလို နားလည်မှု ရှိပေးပါ။ ဖေဖော်ဝါရီလရဲ့ ချစ်သူများနေ့မှာ သင့်အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကိစ္စလေးတွေ တွေ့ကြုံနိုင်ပါတယ်။ ချစ်သူမရှိတဲ့သူများ ကလည်း ကိုယ်ချစ်တဲ့သူတွေဆီက အချစ်ကို ရဖို့အတွက် ရင်ထဲက အချစ်ကို ထုတ်ဖော်ပြသသင့်ပါတယ်။ ဧပြီလ၊ ဇူလိုင်လနဲ့ စက်တင်ဘာလတို့က ချစ်ခြင်းမေတ္တာတရားတွေ ပြည့်လျှံနေတဲ့ လတွေမို့ အဲ့ဒီလတွေမှာ အချစ်နဲ့ ပတ်သက်ပြီး သင်ပိုစန်းပွင့်နိုင်ပါတယ်။ ချစ်သူရှိတဲ့သူများအနေနဲ့ ဒီနှစ်အကုန်မှာ အိမ်ထောင်ကျကိန်းရှိပါတယ်။

မကာရ ရာသီဖွား ( ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၁၉အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ မကာရ ရာသီဖွားတွေ ပျော်ရွှင်နိုင်စေဖို့ ချစ်ခြင်းမေတ္တာက သယ်ဆောင်လာပေးလာပါလိမ့်မယ်။ အချစ်နဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှုတွေ ရှိနေတဲ့နှစ်တစ်နှစ်မို့ လူရွေးမှန်ခဲ့တယ်ဆိုရင် သင့်အချစ်ရေးဟာ ပျော်ရွှင် ရပါလိမ့်မယ်။ သင့်ကို ချစ်တဲ့သူအများစုက သင့်ကို အထင်ကြီးလေးစားပြီး စချစ်တတ်ပါတယ်။ သင့်လက်တွဲဖော် ဖြစ်လာမယ့်သူ ကလည်း သင့်လိုပဲ အကျင့်စရိုက်တူညီတတ်ပြီး ပျော်ပျော်နေတတ်တဲ့သူ ဖြစ်နိုင်ပါတယ်။ ဦးနှောက်နဲ့ နှလုံးသားကို ချင့်ချိန်ပြီး ချစ်တတ်ပါစေ။

ကုမ်ရာသီဖွား ( ဇန်နဝါရီ ၂ဝ - ဖေဖော်ဝါရီ ၁၈အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ အချစ်ရေးကနေ သင့်အတွက် အကျိုးအမြတ်တွေ ရနိုင်ပါတယ်။ မြင်မြင်ချင်း ချစ်တဲ့အချစ်မျိုး ကြုံတွေ့နိုင်ဖွယ်ရှိပါတယ်။ ဘယ်လောက်ပဲ အနေအေးတဲ့ ရေခဲတုံးဖြစ်နေပါစေ။ တကယ်ချစ်တဲ့သူနဲ့ ဆိုရင် နီးစပ်ဖို့အတွက် ကြိုးစားမယ့်လူဖြစ်သွားနိုင်ပါတယ်။ ချစ်သူကို စိတ်ချမ်းသာအောင် ထားချင်တဲ့သူတွေထဲမှာ ကုမ်ရာသီဖွားတွေလည်း အပါအဝင်ဖြစ်ပါတယ်။ သင်ချစ်တဲ့သူ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်က ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေကြားကာလထဲမှာ အလုပ်ကိစ္စနဲ့ ခရီးဝေးသွားရနိုင်ပါတယ်။ သင့်အနေနဲ့ ချစ်သူကို အနေနီးနီး၊ ဝေးဝေး ဂရုစိုက်ဖို့ မမေ့ပါနဲ့။ အပြန်အလှန်နားလည်မှု ရှိပါစေ။

မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၁၉ - မတ် ၂ဝအတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ မိန်ရာသီဖွားတို့ရဲ့ အချစ်ရေးကံကြမ္မာက နိမ့်နေပါတယ်။ တစ်ကိုယ်တည်းသမား တွေကတော့ အချစ်ကြောင့် ခံစားခဲ့ရတဲ့အချိန်ကာလတွေကို တွေးပြီး ချစ်ဖို့ကြောက်နေတတ်ပါတယ်။ ဘဝအတက် အကျတွေကြားမှာ တခြားသူတွေကို ချစ်ဖို့မပြောနဲ့။ သင့်ကိုယ်သင် ချစ်ဖို့တောင် မေ့နေတတ်ပါလိမ့်မယ်။ ချစ်သူရှိတဲ့သူတွေအနေနဲ့လည်း အဆင်မပြေတဲ့ အချိန်တွေ ရှိသလို အဆင်ပြေတဲ့အချိန် တွေလည်း တစ်လှည့်စီ ရှိနိုင်ပါတယ်။ တကယ်သည်းခံပြီး နားလည်မှု ရှိတဲ့ချစ်သူမျိုးနဲ့ မှသာ ရေရှည်အဆင်ပြေနိုင်ပါလိမ့်မယ်။

05/01/2021

ကိုယ်ချစ်ရတဲ့ January Born လေးတွေရဲ့ ဘဝမှာ မှတ်မှတ်ရရ ဖြစ်သွားစေဖို့အတွက် ပျော်ရွှင်စရာ မွေးနေ့ပဲလေး ဖန်တီးပေးဖို့ လိုအပ်နေပြီလား ?🤔🤔

January Born တွေအတွက် အထူးခြားဆုံးနဲ့ အခမ်းနားဆုံးဖြစ်စေမယ့် မွေးနေ့ပွဲလေးကို ဖန်တီးပေးဖို့ Myanmar Party က အသင့်ပါပဲနော်။❤️❤️

Contact Us - 09689474444

29/12/2020

AB သွေး တဲ့လေ
ကိုယ်ကလွဲပြီး ကျန်တဲသုံးယောက် က AB တဲ့လေ ။ ။ ။

(Unicode)-ရှားပါတဲ့ သွေးအမျိုးအစားမို့အရေးပေါ်အခြေအနေတိုင်းမှာ အခက်တွေ့နေရတဲ့သွေး အမျိုးအစားဖြစ်ပါတယ်။ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့… မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံး၀ မရှိသလောက်ပါတဲ့…ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်… ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်…ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့..အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့..ဒါပေမယ့်လည်း ဝီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှာဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်… လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှအတား အဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်.. ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူး။အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကိုလက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ် အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေတွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်။မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်.. ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့…အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလိုတော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့…ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ဲ့စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်…

Photos from MyanmarParty.com's post 19/12/2020

သင့်လက်ကောက်ဝတ်ပေါ် မှာ ဘယ်နှစ်ကြောင်းပါလဲ ပြီးရင် ဘာတွေဖြစ်တတ်သလဲ…

လက်ဝါးပြင်က လမ်းကြောင်းတွေ လိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေကနေလည်း သင့်ရဲ့ ကံကြမ္မာကို ကောင်းကောင်း သိနိုင်ပါတယ်။ လက္ခဏာ ပညာတတ်စရာမလိုဘဲ အလွယ်တကူနဲ့ လူတိုင်းကြည့်ြ့ပီးတော့ နားလည်နိုင်တဲ့ နည်းလေးကိုသုံးပြီး…..

ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ကျွန်တော် တို့တွေ အခုပဲ ကြည့်လိုက်ရအောင်။ ပုံမှန် ဆိုရင်တော့ သာမန်လူတစ်ယောက် မှာ လက်ကောက်ဝတ် မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် လမ်းကြောင်း ၃ ကြောင်းရှိတတ်ပါတယ်။ ထိုလမ်းကြောင်းတွေကတော့….

လမ်းကြောင်း ၁
အပေါ်ဆုံးလမ်းကြောင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေး ကို ပြပါတယ်။ လမ်းကြောင်းထင်ရှားပြီး တစ်ဆက်တည်းရှိမယ်ဆိုရင် ကျန်းမာရေးအရမ်းကောင်းတယ်ဆိုတာကို ပြပါတယ်။

လမ်းကြောင်းက တကယ်လို့ မှိန်းဖျော့နေမယ်၊ အပြတ်တွေများနေမယ် ဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို ပြောင်းပြီးတော့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ် ဆိုတာကို ပြပါတယ်။

လမ်းကြောင်း ၂
ဒုတိယမြောက် လမ်းကြောင်းက ပျော်ရွှင်မှု နဲ့ အောင်မြင်မှုကို ပြပါတယ်။ ပထမ လမ်းကြောင်းလိုပဲ ဒီလမ်းကြောင်းကလည်း ထင်းပြီး ဖြောင့်တန်းနေမယ်ဆိုရင် အောင်မြင်တွေ ပျော်ရွှင်မှုတွေ ရမယ်…..

စည်းစိမ်၊ဥစ္စာတွေရမယ် ဆိုတာကို ပြပါတယ်။ တကယ်လို့ ဒီလမ်းကြောင်းညံ့တယ် ဆိုရင် ငွေကြေးအခက်အခဲ အမြဲကြုံရတတ်တယ် ဆိုတာကို ပြပါတယ်။

လမ်းကြောင်း ၃
လူတိုင်းနီးပါးမှာ လမ်းကြောင်း ၂ ကြောင်းပုံမှန် ရှိတတ်ပေမယ့် လမ်းကြောင်း ၃ကြောင်း ရှိတဲ့ သူတွေလည်း ရှိပါတယ်။ တတိယလမ်းကြောင်း ရှိတဲ့သူတွေက အရမ်းခိုင်မာ အားကောင်းတဲ့စိတ်ဓာတ်ရှိပြီး….

လူအများကတောင် ကြောက်ရွံံ့ရတဲ့ အစွမ်းရှိပါတယ်။ တကယ်လို့ လမ်းကြောင်း က ထင်ရှားလေ ပိုပြီးတော့ အင်အားကောင်းလေပဲ ဖြစ်ပါတယ်။

လမ်းကြောင်း ၄
ဒီလမ်းကြောင်းကတော့ အလွန် ကိုတွေ့ရခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး သက်တမ်း နဲ့ လည်းဆိုင်ပါတယ်။ ဒီလမ်းကြောင်းသာ တကယ်လို့ ရှားရှားပါးပါးရှိပြီဆိုရင် အသက် အရမ်းရှည်ပြီး သားသမီးကံလည်း ကောင်းပါတယ်။

အားလုံးပဲ လိုရာဆန္ဒတွေပြည့်ကြပါစေ။

18/12/2020

သားသား၊ မီးမီးလေးတွေနဲ့ ချစ်ရတဲ့ သူတွေရဲ့ မွေးနေ့ဆိုတာ တစ်နှစ်မှတစ်ခါသာ ကျရောက်တတ်တာမို့ အလေးထားဖို့လိုပါတယ်နော်။🎉

ချစ်ခြင်းမေတ္တာတွေနဲ့အတူတူ တစ်နှစ်တာပတ်လုံး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ မွေးနေ့ပွဲလေး ကျင်းပပေးဖို့လိုအပ်တာပေါ့။

တစ်နှစ်မှာတစ်ခါပဲ ကျရောက်တဲ့ 🎉မွေးနေ့ရက်မြတ်မင်္ဂလာ🎉မှာ ပျော်ရွှင်စရာအမှတ်တရများစွာအဖြစ်ကျန်ရှိနေဖို့အတွက်
ဆန်းသစ်သော🎂 Cake Design များနှင့် Birthday
အခမ်းအနားစတဲ့ ဝန်ဆောင်မှုအမျိုးအမျိုးကို MyanmarParty.com က ဖန်တီးဆောင်ရွက်ပေးနေပါပြီ။

🎂အသက်သားဆုံး ကုန်ကျစရိတ်နဲ့ ဘဝမှာ အမှတ်တရဖြစ်စေမယ့် မွေးနေ့ပွဲလေးကျင်းပနိုင်ဖို့ အခုပဲဆက်သွယ်လိုက်တော့နော်။..☎️

☎️Contact Us -09689474444

14/12/2020

မျက်နှာနှင့်နှုတ်ခမ်း တစ်ဝိုက်မှာ” မှဲ့” ရှိခဲ့ရင်

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူ အများစုဟာ သနားစရာ၊ ချစ်စရာ အလွန် ကောင်းကြပါတယ်။

သူတို့တွေဟာ အပြင်ပန်းမှာ ခက်ထန် ကြမ်းတမ်းတယ် ထင်ရပေမယ့် အတွင်းစိတ် သဘောထားကတော့ အလွန် နူးညံ့ သိမ်မွေ့ပါတယ်။

ပွစိပွစိလုပ်တာကတော့ ဝါသနာပါ သူများကို ကူညီလိုက်လို့ ကိုယ့်မှာ သုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိ ဖြစ်နေတတ်တဲ့ သူတွေပါ။

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့ သူတွေပါ။

သူတို့ဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ်။

စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန် ဆောင်နေတတ်ပါတယ် ။ချော့မယ့်သူ မရှိရင်တော့ သူ့အလိုလို ပျော့သွားရော။

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူဟာ ချစ်သူအပေါ်မှာလည်း ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြပါတယ်။

အချစ်လည်း အရမ်းကြီးပါတယ်။ ဒါပေမယ့် အချစ်စိတ်ကြီးတော့ ဘယ်လောက်ကြီးတဲ့ အပြစ်ဖြစ်ဖြစ် စိတ်ရှည်သည်းခံပြီး နားလည်ခွင့်လွှတ် ပေးနိုင်တဲ့ သူတွေပါ။

ဒါပေမယ့် စိတ်ထဲမှာတော့ မတင်မကျနဲ့ အမြဲသံသယ ဖြစ်နေတတ်တယ်။ ဖြစ်ခဲ့သမျှ အတိတ်တွေကိုတော့ အမြဲ မမေ့ဖျောက်နိုင်ပဲ အမှတ်ကြီးတဲ့ သူတွေပါ။

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့ သူတွေဟာ အများအားဖြင့် ကိုယ့် ဘဝကိုစိတ်ညစ်စရာ ကောင်းတယ်လို့ ထင်နေတတ်ပါတယ်။

သူများ အကြည့်တွေကိုလည်း သည်းမခံနိုင်သလို သူ့ကို သူများတွေက စိတ်ထဲမှာဘယ်လိုထင်နေမလဲ ဆိုတာကို အမြဲ သိချင်နေသူတွေပါ။နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို တောင် ယုံကြည်ဖို့ ခက်ခဲနေတတ်တယ်။

သူ့မှာ အတွေးအခေါ်ကောင်းတွေ ရှိနေတာတောင် သူများစကားကို ယုံပြီး လက်ခံတတ်တဲ့အတွက် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင်လည်း စဉ်းစားနေတာနဲ့ပဲ အချိန်ကုန်သွားတတ်တယ်။

လုပ်လိုက်တဲ့ ကိစ္စတစ်ခုဟာ အများအားဖြင့် ပြသနာဖြစ်မယ်၊ဆုံးရှုးံမယ် ဆိုပြီး မကောင်းတဲ့ဘက်ကပဲ အများအားဖြင့် တွေးလေ့ရှိတယ်။နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ ငြိမ်းချမ်းခြင်းကို မြတ်နိုးသူတွေပါ။

ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းပဲ ငြိမ်းချမ်းစွာ သာသာယာယာ နေသွားချင်ကြတဲ့ သူတွေပါ။ငြိမ်းချမ်းရေးကို မြတ်နိုးပေမယ့်လည်း တောင်းပန်ရမှာကိုတော့ သေလောက်အောင် မုန်းတယ်။

သူအမှားတစ်ခု လုပ်မိပြီ ဆိုရင်လည်း နောင်တရမဆုံး ဖြစ်နေတတ်တာ နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့ သူတွေပါနှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့ သူတွေဟာ သူတစ်ပါးအပေါ် မှာကျတော့ ဦးစားပေးတတ်တယ်။ သနားတတ်တယ်။

အားနာတတ်တယ်။ဒါပေမယ့် ကိုယ့်မိသားစု အပေါ်မှာတော့ အနိုင်ယူချင်တယ်။

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့ သူတွေကို ချစ်သူခင်သူလည်း ပေါသလို အပေါင်းအသင်းလည်း များပေမယ့် အများအားဖြင့် တစ်ယောက်တည်း နေရတာကိုပဲ

သဘောကျပြီး တစ်ယောက်တည်းပဲ ဖြစ်နေတတ်ပါတယ်..နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေက ဒေါသကလည်း အရမ်းကြီးတတ်တယ်။ ဒါပေမယ့် တော်ရုံတန်ရုံ စိတ်မဆိုး တတ်ပါဘူး။

စိတ်ကလည်း အရမ်းမြန်တယ်။ သူမှန်တယ် ထင်ရင် ဘယ်သူ့ကိုမဆို ရင်ဆိုင်ရဲတယ်။ ဘာမဆို လုပ်ရဲတယ်။ကိစ္စတစ်ခုကို လုပ်ချင်ပြီဆိုရင်လည်း ဇွတ်လုပ်တတ်တယ်။ သူ့ကို မခံချင်အောင်၊ ဒေါသထွက်အောင် မထိတထိ သွားလုပ်တဲ့သူတွေဆို အရွဲ့ပြန်တိုက်ရမှကို ကျေနပ်တယ်။

စိတ်တိုနေပြီဆိုရင်တော့ မျက်နှာထားက တင်းတင်းနဲ့ တစ်လောကလုံး သူ့လုပ်စာကိုပဲ ထိုင်စားနေရသလို ဘယ်သူနဲ့မှကို စကား မပြောချင်တော့ဘူးနှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ သူများအပေါ်မှာလည်း ကိုယ့် သိက္ခာ အကျခံပြီးတော့ကို ကူညီပေးတတ်တဲ့ သူတွေပါ။

မိသားစုနဲ့ ပတ်သတ်ရင်လည်း သံယောဇဉ်အရမ်းကြီးပြီး ခင်တွယ်တတ်တယ်။

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့ သူတွေဟာ ချစ်သူအပေါ်မှာလည်း ကိုယ့်ရဲ့ စိတ်ကူးထက် ချစ်သူရဲ့ စိတ်ကူးကို ပိုပြီး ဦးစားပေး တတ်ကြပါတယ်။

ကိုယ်ချစ်တဲ့သူကိုလည်း လိုတာထက် ပိုပြီးတော့ သဝန်တို တတ်ကြတယ်။ ပြီးတော့ စိတ်ထဲမှာ ရှိတာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့ သူတွေဟာ ချစ်သူကို အရမ်းချစ်သလောက် မြတ်နိုးသလောက် ဂရုစိုက်သလောက် ကြင်နာ သလောက် တွယ်တာသလောက် အလေးထားသလောက် နားလည်မှု တွေခွင့်လွှတ်မှုတွေရှိသလောက် အများအားဖြင့် သူ့ချစ်သူအပေါ် သူပေးနိုင်သလောက် ပြန်မရတတ်ကြပါဘူး။

နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့ သူတွေဟာ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်ပါပဲ။

ဘူးဆို ဖရုံမသီးတတ်ပါဘူး စိတ်ခံစားမှုကလည်း အရမ်းပြင်းထန်တဲ့အတွက် ချစ်သူနဲ့ ပတ်သတ်ပြီး ဘာမဟုတ်တာ လေးကအစ စိတ်ထဲမှာ ဝမ်းနည်း ခံစားတတ်ပါတယ်။

11/12/2020

စိန်ပွင့်လေးတစ်ခု ရွေးပြီး သင့်အချစ်ရေးသာယာဖို့ ပြင်ရမယ့်အချက်တစ်ချက်ကို ပြောပြပေးမယ်

စိန်ပွင့်လေးတစ်ခု ရွေးပြီး သင့်အချစ်ရေးသာယာဖို့ ပြင်ရမယ့်အချက်တစ်ချက်ကို ပြောပြပေးမယ်

(၁) ငွေရောင်စိန်ပွင့်

အချစ်ရေးမှာသာယာပျော်ရွှင်ဖို့ဆိုရင်တော့ သင့်အနေနဲ့ ရင့်ကျက်မှရပါလိမ့်မယ်။ ရင့်ကျက်တယ်ဆိုတာ အနေအထိုင်အပြုအမူကို ဆိုလိုတာမဟုတ်ဘဲ စိတ်ဓာတ်ကိုပါ။ သင့်ချစ်သူက သူ့ရဲ့ ဘဝတစ်ခုလုံးကို ရင့်ကျက်တည်ငြိမ်တဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ကို လက်တွဲပြီး ဘဝရဲ့ပန်းတိုင်တွေကို အတူတူပန်းဝင်ချင်တာပါတဲ့နော်။

(၂) မိုးပြာရောင်စိန်ပွင့်

သင်တို့နှစ်ယောက်ကြားမှာ ဖော်ရွေမှုလိုအပ်နေပါတယ်။ တရင်းတနှီးရှိမှုတွေ၊ အချိန်ပေးဖို့တွေ၊ ကြင်ကြင်နာနာဆက်ဆံဖို့တွေ စသဖြင့်ပေါ့။ လွယ်လွယ်ပြောရရင် သမီးရည်းစားလိုဆက်ဆံပေးပါ။ လူတစ်ယောက်ဟာ သူများအတွက်ကြီးပဲ အချိန်ပေးရမယ်လို့မဆိုလိုပေမယ့် ကျွန်တော်တို့ဟာ ဒီလူသားနဲ့အတူတူရှိနေဖို့ ရွေးချယ်ခဲ့ပြီးမှတော့ သူတို့ကို ချစ်ခင်ကြင်နာယုယရပါတော့မယ်မဟုတ်လား။

(၃) အစိမ်းရောင်စိန်ပွင့်

အချစ်ရေးလေးသာသာယာယာဖြစ်စေချင်ရင်တော့ သင့်ရဲ့သဝန်တိုမှုတွေကို လျှော့ပေးဖို့ပဲလိုအပ်ပါတယ်။ ချစ်သူချင်းကတော့ သဝန်တိုတာတွေဘာတွေရှိမှာပဲ။ ဒါပေမဲ့ အလကားနေ အလကား အလွန်အကြူး သဝန်တိုတာကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။ တစ်ဖက်လူက အနေမှန်ပြီး လူကြီးဆန်နေရင် ပိုလို့တောင်ဆိုး။ ကြာလာရင် အကြီးအကျယ်ပေါက်ကွဲပြီး သင့်ကိုထားသွားလိမ့်မယ်နော်။

(၄) ပန်းရောင်စိန်ပွင့်

အတိတ်ကဖြစ်ရပ်တွေကြောင့် သင်ဟာ ခဲမှန်ဖူးတဲ့စာသူငယ်ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး၊ ချစ်လို့လည်းမရတော့ဘူး၊ လူတစ်ယောက်နဲ့ ရည်ရှည်ချစ်သူတော်ဖို့ဆိုတာ ဝန်လေးနေလိမ့်မယ်။ ဒီလိုစိတ်တွေကြောင့် အခုသူမှ မဟုတ်ဘူး၊ ဘယ်သူနဲ့ပဲ တွဲတွဲ သင့်အချစ်ရေးဟာ အလုံးစုံပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အကောင်းဆုံးက စိတ်ကိုသေချာပြင်ဆင်ပါ။ လူတိုင်းဟာ အရင်တစ်ယောက်လိုမဟုတ်ဘူးဆိုတာ နှလုံးသွင်းပါ။ သင့်အနေနဲ့ တကယ်လိုလိုလားလား ချစ်သူထားချင်မှ လူတစ်ယောက်ကို ဘဝထဲကို ခေါ်သွင်းပါ။ မဟုတ်ရင် သူရောကိုယ်ပါ မပျော်မရွှင်ဖြစ်နေရပါလိမ့်မယ်။

Want your business to be the top-listed Event Planning Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mya Khwar Nyo Housing
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00