Auto MTZ

Auto MTZ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Auto MTZ, Business service, Pyay, Yangon.

ယခု Page သည် Fb ကားပွဲစားတန်းမှ ဆင်းသက်လာသော Page ဖြစ်ပါတယ်။ ကျွန်တော်မောင်သန့်ဇင်မှ ပြောင်းလဲထားသော်လဲ ကားနှင့်ပတ်သက်သည့်အကြောင်းအရာများသာ အများနှင့်သက်ဆိုင်သည့်သတင်းများ သာတင်ပေးမည်ဖြစ်ပါတယ်ခင်ဗျာ
09785140079 သို့မေးမြန်းနိုင်ပါတယ်။

မောင်သန့်ဇင်

Photos from Auto MTZ's post 31/12/2023

နှစ်သစ်မှာ

စိတ်သစ်လူသစ်နဲ့

ခရီးဆက်ရဦးမယ်

ပြုပြင်စရာရှိတာ ပြုပြင်မယ်

ရှေ့ဆက်လျောက်မယ့်ခရီးမှာ ဘာကြီးဖြစ်နေနေ

ရှေ့ဆက်လျောက်မယ် …….

Happy new Year နော်

01/12/2023

Sweet December မနေကြနဲ့ဦးဆီစျေးက ၃၀၀ ကျော်တောင်ခုန်တက်သွားပီ ။

25/12/2022

ကားအပိုပစ္စည်းများလိုအပ်လျှင်

08/12/2022

ကျွန်တော်တို့

08/12/2022

World Cup ဖိုင်နယ် မှာ Goat ကြီး ၂ ပါး တွေ့ရင် ဘယ်အသင်းကိုအားပေးမှာ လဲ

01/12/2022

Audi Power

14/07/2022

https://fb.watch/efKuKj7KuW/

New Logo …………Your Trusted Partner

AUTOMOTO

Mg Thant Zin

15/06/2022

ကားစျေးတွေက ဆက်တက်ဖို့ရှိနေလား

ခဏရပ်တန့်ဦးမလား

ကားစျေးတွေက တက်လာတာ ကြောက်ခမန်းလိလိပဲ ကိုယ်တွေဒီနေ့ရောင်းပီးနောက်နေ့ပြန်ဝယ်မရတော့တဲ့စျေးတွေဖြစ်ကုန်တယ်။ ကျွန်တော်တို့တောင်ညနယ်တွေဘက်က ကားတွေလိုက်မေးနိုင်လို့ သာ ကားကုန်ကြမ်းတွေရနေသလိုဖြစ်နေတာ

ကားဝယ်ရောင်းတွေမေးကြည့်လိုက်ရောင်းပီး ပြန်ဝယ်မရကြတာများနေတယ် ။

၂၀၁၁ ခုနှစ်ထိ ထင်ကောက်တစ်စီး သိန်း ၁၀၀၀ ဝန်းကျင်ရှိရာကနေ ရွှေငါး၁ စီးသိန်း ၁၅၀၀ ဝန်းကျင်ရှိရာကနေ

ကားစျေးက က ၂၀၁၂ လောက်မှာ တင်သွင်းခွင့်ပြန်ပေးခဲ့တဲ့အတွက်

ပထမကတော့ ယာဉ်အ်ုဟောင်းစလစ်ကပ်အနေနဲ့စပီးဖွင့်ပေးခဲ့တယ်။နောက်ပိုင်းမှသဘော်သားပါမစ် နိုင်ငံခြားငွေရှိသူတွေကို ၁၃၅၀စီစီ တင်သွင်းခွင့်ပေးခဲ့တယ်။
အဲ့နောက်မှာတော့ ၁၈ နှစ်ပြည့်သူမည်သူမဆိုကားတင်သွင်းခွင့်ပေးခဲ့တယ်။

အဲ့နောက်မှာတော့ ၂၀၁၅ ထိ ကားစျေးများဟာအကျဘက်ကိုသာဦးတည်ခဲ့တာပါ။ ဘယ်လောက်ထိကျခဲ့လဲဆိုရင်

Honda Fit ၂၀၁၂ တစ်စီး သိန်း ၉၀
Probox တစ်စီး သိန်း ၈၀
Alphard 2003 တစ်စီး သိန်း ၁၇၀
Crown 2009 တစ်စီး သိန်း၄၀၀
Land Cygnus 2007 တစ်စီး ၆၅၀

ထိ ရောက်ခဲ့တာပါ။ နံပါတ်အနေနဲ့က J-K လောက်ထိပါ နောက်ပိုင်းမှာ တော့ ကားတွေကြပ်လာမူနဲ့အတူ ယာဉ်တင်သွင်းခွင့်လျော့ချဖို့ကြိုးစားလာတဲ့အတွက် အစိုးရအပြောင်းအလဲမရောက်ခင်မှာ ကားပါကင်တွေနဲ့ထိန်းချုပ်မူတွေလုပ်ခဲ့တာပါ။ L နံပါတ်တန်းလောက်က နေစပီး ပါကင်ပါမစ်တွေလိုအပ်လာခဲ့တာဖြစ်ပီးတော့

စလစ်လိုအပ်ချက်တွေကတော့ လိုအပ်စမြဲပါ ရန်ကုန်လိုင်စင်လိုချင်ရင်
ပါကင်ပါမစ် ၁၅ သိန်းထိ ရောက်ခဲ့ပီး
ယာဉ်အိုဟောင်းကတော့ ၁၀၀-၁၂၀ ပတ်လည်မှာ လုပ်ရှားနေကြတာပါ။

နောက်ပိုင်း၂၀၁၇ နောက်မှာတော့ ပါမစ်တွေနဲ့ ညာမောင်းတင်သွင်းခွင့်တွေကန့်သတ်လိုက်တာကနေစပီး ကားစျေးတွေကတရိပ်ရိပ်တက်လာပီးနောက်မှာ သီလဝါကာကားတွေကလဲ မရောင်းရလို့ ပြန်ထွက်မယ့်အခြေအနေကနေခုတော့စင်ပေါ်ရောက်လာတဲ့အခြေအနေကိုရောက်လာတော့တာပါ။ နောက်ပိုင်း ညာမောင်းကိုပတ်ပင်တော့ တရုတ်ကားတွေတင်သွင်းမူ SKD စနစ်ကြီးက ကြီးစိုးလာပြန်တာပေါ့ ။

အရင်က ဗန်ဒါ ပင်အောက်ကကားထုတ်လုပ်မူကနေ
၁ ဧကလောက်ရှိရင် ကားစက်ရုံလုပ်နိုင်တဲ့အခြေအနေကို တရုတ်ကားစက်ရုံတွေပေါ်ပေါက်လာတာပါ ခုထိ တော့ တရုတ်ထဲ မယ် Jetour နဲ့ BAIC စက်ရုံလောက်သာအထင်ကြီးမိပါသေးတယ် ။ တရုတ်က ကားစက်ရုံ ဂျပန်ကကားစက်ရုံတွေရောက်ဖူးတဲ့ကျွန်တော့်အဖို့တော့ အဲ့လောက်သာမြင်မိတာပါ ကျန်တာကတော့ ဘာဘာညာညာပဲ မရောက်ဖူးသေးလို့လဲဖြစ်နိုင်။

ဆက်ရရင် ၂၀၁၈-၂၀၂၀ လောက်က ကားစျေးတွေကတက်နဲ့ ကြောက်စရာကောင်းလာပါသေးတယ် ဒါပေမယ့် မော်ဒယ်မြင့်တွေစီးရတယ်ဆိုလို့ပျော်မိသေးတာပေါ့ ကြားထဲ ပေါတောတောနဲ့ COE ဆိုတာကလဲ ထွက်မလိုလို နဲ့ ၃ နှစ်လောက်ကြာလိုက်ပါသေးတယ်။

Malibu တစ်စီး သိန်း ၆၀၀
Crv 2018 တစ်စီး သိန်း ၁၀၀၀
GMC တစ်စီး သိန်း ၉၀၀ ကျော် ဘာညာဆိုပီးရောက်ခဲ့သေးတာပါ။

၂၀၂၀ နောက်ပိုင်ရမှာတော့ အစိုးရက အခွန်တွေ လျော့
ပေါ့ပေးလိုက်ရာကနေ Covid 19 ဆိုတဲ့ခေါင်းစဉ်နဲ့ Custom duty 30% to 20% 40%to 30%
ကညန all 50% discount ပေးရာကနေတင်သွင်းမူတွေများလာတာက

Malibu 280-400
Equinox 300-450
Crv 400-550
Nx300 600-800
RX 1000-1400
Land brand new 2500-
LX570 brand new 3200-
Velar 1100 -
Corolla Cross brand new 430-

ဆိုပီးဖြစ်လာတာပါ ကျန်တဲ့ကားတွေကတော့ရှည်နေမှာဆိုးလို့ သိချင်လာမေးနိုင်ပါတယ် အချက်အလက်တွေအကုန်သွင်းထားလို့သိရတာပါ။

အဲ့လိုသွင်းလာရာက ဘယ်လိုဖြစ်မှန်းမသိ အခွန်တက်မယ်ဆိုတဲ့ ကောလဟာလလဲထွက်လာပါတယ် နောက်တော့ ၂၀၂၁ နောက်ပိုင်းကတော့ အတက်ဘက်ကိုရောက်လာပါရောလားဘာမဆိုင်ညာမဆိုင် ၁၃၀၀ ဝန်းကျင် ရှိတဲ့ငွေစျေးတွေ ၁၄ သိန်းလောက်ရှိတဲ့ရွှေတွေက ခုလို ၂၀၀၀ ကျော် သိန်း၂၀ ကျော်ပေါက်လာရတဲ့ထိဖြစ်လာရာက

ကားစျေးကတော့ ခုဆို

Crv 550 နဲ့ Touring တစ်စီးရရင် ခုဆို ၁၃၀၀ ဝန်းကျင် နဲ့ Corolla cross 430 နဲ့ brand new ရရာကနေ ခုဆို ၁၃၀၀ ဝန်းကျင်နဲ့ အဲ့တုန်းက Cross ကိုအသစ်စရံချထားတဲ့အမတစ်ယောက်ကိုသတိရမိပါရဲ့ အတွင်းခန်း Leather ကြီးက အပေါစားဆန်လို့ စရံပြန်တောင်းလိုက်တဲ့အမတစ်ယောက်ပါ ။ အဲ့လိုစျေးဖြစ်လာတယ်ဆိုတော့ တော်တော်လေးကိုတက်လာတယ်ပြောရမှာပါ။ အရင်က ရုံးခန်းထဲငြိမ်ငြိမ်ထိုင်ရောင်းနေလို့ရတဲ့ ကျွန်တော်တို့ဘဝတောင် အိမ်အရောက်ပို့ပေးဝယ်ပေးနေရတဲ့အခြေအနေထိရောက်လာခဲ့တာပါ။ ကွကိုယ်သွားချင်တယ်လို့တော့ မပြောပါနဲ့ ခြေထောက်လုပ်မှ ပါးစပ်လုပ်ရတော့မှ မလို့ လုပ်ရှားရတာပါ။

ကားစျေးကွက်ကြီးကဘယ်လိုဖြစ်လာဦးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်မျော်ရနေသေးတာပါ။ ဆက်ပီးဘာဖြစ်မယ်ဆိုတာကိုတော့ ဘယ်လူကြီးမှ မသိနိုင်သေးတဲ့အခြေအနေဖြစ်နေသေးတာဆိုတော့

ဆက်လက်စောင့်ကြည့်နေတဲ့

မောင်သန့်ဇင်

05/06/2022

ဘယ်အရာမဆို မြင်တတ်တဲ့သူနဲ့ဆိုင်တဲ့ ဒီတော့ အကောင်းဘက်က အပေါင်းဖြစ်အောင် မြင်ကြည့်ကြည့်ပါ။

04/06/2022

အသစ်အဆန်းလေးတွေနဲ့ကားအကြောင်းလေးတွေလာဦးမယ်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyay
Yangon
0095