SWINN

SWINN

Share

B@P@aceful @everyones

26/02/2026

14/01/2026

Garden

Photos from မိထော်'s post 14/01/2026

☁️☁️☁️

Photos from Maung's post 14/01/2026

🤍 💜

08/01/2026

🤍

သျှီ့ရဲ့ မိတ်ဆွေတို့ ဒီ postလေးကိုတွေ့ရင်
ဆုံးအောင်ဖတ်သွားပြီး commentလေး တစ်ကြောင်းလောက် ချန်ခဲ့ပေးစေချင်ပါတယ် ...


ဒီပုံလေးက 2025 December က ပုံလေးပါ ...
သျှီလက်ရှိနေထိုင်ရာ အရပ်မှာ ဒီပန်းလေးတွေပွင့်ပါတယ် ... ပန်းလေးနာမည်က #ဧကရာဇ် တဲ့ !

ဒီပန်းလေးတွေကို အိမ်နားကအပင်လေးကနေ ကောက်လာပြီး ဖက်ရွက်ခြောက်လေးနဲ့ ချစ်ရတဲ့ညီမလေးကထုပ်ပေးထားတာပါ ... ဒီပန်းထုပ်လေးကိုမြင်တော့ သျှီဖြင့် သိပ်နှစ်သက်မိတာပါပဲ ... အေးအေးလေးနဲ့သင်းပျံ့တဲ့အနံ့လေးရယ် ၊ ထုပ်ထားပုံရိုးရိုးရှင်းရှင်းလေးရယ် ဟာ သျှီ့အတွက် လှပတဲ့ပန်းချီကားတစ်ချပ် ၊ ချစ်မြတ်နိုးဖွယ်ကဗျာတစ်ပုဒ် ၊ အေးငြိမ်းတဲ့မြင်ကွင်းလေး တခုထဲကတိတ်ဆိတ်သိုသိပ်တဲ့အလှလေးကို မြင်ခွင့်ရတာပါပဲ ...

ဒီနေ့တော့ အေးမြမြမနက်ခင်းလေးမှာ ကိုယ့်လူတွေကို ဒီပုံလေးနဲ့ နှုတ်ဆက်ချင်လို့ ရွေးချယ်လိုက်တာပါ ...

နောက်တချက်ကလည်း အတိတ်လို့ သတ်မှတ်ထားတဲ့ 2025 ထဲက ပုံရိပ်လေးတခုကို 2026 ကို သယ်လာခဲ့တာပါ ... ဘာလို့ဆို အချိန်တွေဟာ ဆက်စပ်နေတာပဲ မဟုတ်လား ...

အတိတ်တွေရဲ့ တန်ဖိုးဟာ သူ့တန်ဖိုးနဲ့သူ ရှိခဲ့သလို
ပစ္စုပ္ပန်မှာလည်း ဆိုင်ရာတန်ဖိုးတွေရှိတာပါပဲ
ဒီလိုနဲ့ တဆက်တည်းမှာပဲ အနာဂတ်တွေဆီ တန်ဖိုးတွေကိုသယ်ဆောင်သွားကြရမှာပါ ... ဒါဟာ သဘာဝရဲ့ ပုံမှန်ဖြစ်စဉ်တခုပါ ...

ဒီလိုနဲ့ မဝေးသေးတဲ့အတိတ်တွေထဲ သူ့ဇာတ်ကွက်မှာ သူပေါ်လာဦးမယ့် ၊ ပေါ်မလာတော့မှာလည်း ဖြစ်နိုင်တဲ့ လူတွေ ၊ အဖြစ်အပျက်တွေကို မမေ့ရင်းက ဉာဏ်မီသလို ၊ အခြေအနေ ပေးသလို ဖြေရှင်းရင်း ရင်ဆိုင်ရင်း ဘဝကိုရှေ့ဆက်နေမိပါတယ် ... ( အကုန်မမေ့တာတော့မဟုတ်ပေမယ့် မေ့တာတွေလည်း မေ့ပါတယ် ... )


နွေဦးဟာ ၅နှစ်ပြည့်ဖို့ တလတောင် မလိုတော့ !
အကြောင်းအကျိုးများနဲ့လည်းရှေ့ဆက်နေဆဲ ...

တွေးမိတာတွေလည်းများသလို ၊ မတွေးတော့တာတွေလည်း ရှိတာပါပဲ ...

အရင်က သျှီဟာ အဆိုရှင်တယောက်ဖြစ်ခဲ့ပါတယ် ...
အခု သျှီက ရပ်တည်မှုတခုအတွက် အဖြေရှာရင်း တည်ဆောက်ရင်း ရှေ့ဆက်နေဆဲပါ ...
နောက် သျှီကတော့ အရင်ကသျှီ နဲ့ အခုသျှီရဲ့ အသီးအပွင့်တွေဖြစ်လာဦးမှာပါ ...

ဒီနေ့လည်း #နွေဦးဟာ_ရက်ပေါင်း၁၈၀၀ ပြည့်ခဲ့ပါတယ် ... ဒါကြောင့် ဒီပို့စ်လေးကိုရေးပါတယ် ...

ပြီးတော့ ဒီပို့စ်လေးရဲ့အစမှာပြောခဲ့သလို
သျှီ့အတွက် comment လေး တစ်ကြောင်းလောက်ကိုလည်း ဝင်ရေးပေးစေချင်ပါတယ် ...

သျှီနဲ့ပတ်သက်လို့ အမြင်ပဲဖြစ်ဖြစ်
အကြံပြုချင်တာပဲဖြစ်ဖြစ်

မိတ်ဆွေတို့ရဲ့စစ်မှန်တဲ့စေတနာကောင်းတွေနဲ့ မေတ္တာရှေ့
ထားလို့ ရေးလာမယ့် comment လေး တစ်ကြောင်းလောက် ဖတ်ချင်မိပါတယ် ...


လူ့ဘဝရဲ့ပြဇာတ်တပုဒ်မှာ အစုန် အဆန် ကူးခတ်ရင်း ၊အမှားနည်းဖို့ ရည်ရွယ်ရင်း ၊ ကိုယ်ဟာ ဘယ်သူဆိုတာ အမှန်မြင်နိုင်ဖို့လည်း ကြိုးစားရင်း
#မသိလမ်းတွေထဲဆက်လျှောက်နေရပါဦးမယ် ...

ချစ်ခင်ရတဲ့သျှီ့ရဲ့မိတ်ဆွေများလည်း
ဘေးကင်းကျန်းမာစိတ်ချမ်းသာစွာနဲ့ အမှန်မြင်နိုင်သောလမ်းတွေပေါ်ဖြတ်သန်းရင်း ကောင်းသောဆန္ဒတွေအကောင်ထည်ဖော်နိုင်ကြပါစေကြောင်းဆုမွန်တောင်းလျှက်ပါ ...

မေတ္တာဖြင့်

#သျှီ ☯️


#မသိလမ်းတွေထဲ 👣👣👣

📖🖋️

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon