Win Pyae Oo

Win Pyae Oo

Share

စေတနာကောင်းရင်ကံကောင်းပါတယ်

09/01/2024

💥ဖတ်ရတာနဲ့ တန်ပါတယ်
-----------------------------------
တော်ရုံနဲ့ပြိုလဲသွားတတ်ဖို့ မင်းမိဘတွေက
ပျိုးထောင်ပေးခဲ့တာမှ မဟုတ်ပဲ။
မျက်ရည်တွေခဏခဏကျပြပြီး လောကကြီးကို
စိတ်ကုန်နေရတဲ့အကြောင်း depressionတွေ
ခဏခဏ ဝင်ပြနေလို့ ဖြစ်ပါ့မလား။

မပျော့ညံ့ပါနဲ့ ။
မာကျောတတ်အောင် ကြိုးစားပါ။ ။

ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက် ၊
မနာလို စကားဒဏ်တွေ
အကဲ့ရဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် နေစေချင်တယ်
မင်းဘာပဲလုပ်လုပ် အကောင်းပြောမှာ မဟုတ်တဲ့
ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကြားမှာ
မင်း ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်စေချင်တာ။

ဟင့်အင်း . . . မလိုပါဘူး။
လူတိုင်းကို အမြဲပြုံးပြပေးနေဖို့ မလိုဘူး။
တစ်ချို့ လူတွေ အတွက်က ခပ်တည်တည်နေခြင်းနဲ့ပဲ
အဆင်ပြေတယ်။

အချစ်နဲ့ ပတ်သက်တဲ့ မင်းခံစားချက်ကိုလည်း
ထိရှ မလွယ်စေချင်ဘူး။
မင်းကို မချစ်တဲ့သူကို အတင်းအကျပ်
တွယ်ကပ်နေတော့ရော
ဘာတွေများ ပြောင်းလဲသွားနိုင်တာ မို့လို့လဲ ။
ဖြစ်နိုင်ရင် ခံစားချက်ကို ရှေ့တန်းမတင်ပဲ
ထိန်းချုပ်တတ်စေချင်တယ် ။

ဘယ်သူ့ကိုမှ အယုံမလွယ်ပါနဲ့။
(မင်းရဲ့ ဒူးကတောင် ယုံလို့မရဘူး)
ကိစ္စတိုင်းမှာ ပါးရည်နပ်ရည် ရှိတတ်အောင်
မင်းကို မပိန်းစေချင်ဘူး။

လူတွေအာရုံစိုက်လာအောင် လုပ်ယူနေဖို့မလိုဘူးကွာ။
ထိပ်ဆုံးကိုသာ ရောက်အောင်တက်ပြလိုက်။
မင်းကို လူတိုင်းမြင်မှာပါ ။

Credit : original writer

သားငယ်လေး မှ ပြန်လည်မျှဝေပါတယ်
#အမရပူရ

09/01/2024

သင့်ဘဝကအရမ်းလှပါတယ်
အမြင်ကျဥ်းတဲ့ မျက်လုံးတွေက
သင့်ဘဝကို အကျည်းတန်စေခဲ့တာပါ။

ဘဝမှာစိတ်ချမ်းသာချင်ရင် စာများများဖတ်နိူင်အောင်ကြိုးစားကြည့်ပါ။ လောကမှာ စာဖတ်တဲ့သူနဲ့
စာမဖတ်တဲ့သူရဲ့ မျက်လုံးချင်းတူပေမယ့်
အမြင်ချင်းမတူတာကို သင်စာဖတ်နိူင်တဲ့တစ်နေ့သိလာပါလိမ့်မယ်။

စိတ်ဓာတ်ကျတိုင်း စာဖတ်ပါ
ဝမ်းနည်းလာတိုင်း စာဖတ်ပါ
အသည်းကွဲတိုင်း စာဖတ်ပါ
ဘဝမှာ အဆင်မပြေတဲ့အခါတိုင်း
စာဖတ် ကြည့် ပါ
စာဖတ်ခြင်းက ပိုက်ဆံမရပေမယ့်
ပိုက်ဆံပေးဝယ်လို့မရတဲ့ အသိပညာ၊အသိညဏ်တွေ ၊ဗဟုသုတတွေကို ပေးစွမ်းနိူင်ပါတယ် ။

သင့်ဘဝမှာ အဆိုးဆုံးလို့ ထင်ထားတဲ့အရာတွေက စိတ်ဓာတ်ခွန်းအားတွေ ပေးစွမ်းနိူင်တဲ့စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရတဲ့အခါ သင်ကြုံတွေ့နေရတဲ့ပြဿနာက အသေးအမွှားလေး တစ်ခုဖြစ်နေမှာပါ။

ဒါကြောင့် စာဖတ်ဖို့မပျင်းပါနဲ့
လူတစ်ယောက် တစ်ရက်မှာ ၂၄နာရီ
ရတာချင်းတူပေမယ့် သင်ကတော့ ဘာမှ
ထူးခြားမှုမရှိပဲ နေ့တိုင်းလိုပဲ ဘဝကို
ဖြတ်သန်းနေရမှာလား? ???တွေးကြည့်ပါ။

ပြဿနာတွေ ကြုံတာချင်းတူကြပေမယ့်
တစ်ချို့က ဘာကြောင့် တည်ငြိမ်စွာဖြေရှင်းနိူင်တာလည်းဆိုတာ သင်သိချင်မှာပါ တစ်ကယ်တော့ Motivation ရှိပြီးသားလူတွေက ဘယ်တော့ပြဿနာကို ခေါင်းပူအောင်မဖြေရှင်းကြပါဘူး။ အေးဆေးစွာနဲ့ဖြေရှင်းကြပြီး ဒီနေ့ကဖြစ်တဲ့ပြဿနာ မနက်ဖြန်ထိသယ်မသွားပဲ
ဒီနေ့မှာပဲချန်ထားခဲ့ကြလို့ပါ။

ဒါကြောင့် ဘာပြဿနာတွေပဲ ကြုံလာပါစေ စာဖတ်တဲ့အလေ့အကျင့်ကို သင်လုပ်ကြည့်ပါ သို့ပေမယ့် သင်ခံစားနေတဲ့ အခက်အခဲနဲ့သက်ဆိုင်တဲ့
စာအုပ်တစ်အုပ် ဖြစ်ဖို့တော့လိုပါတယ်။

လေးစားစွာဖြင့်
#မေဆု(ရာမညမြေ )

09/01/2024
Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

No, 4 Gandermar Street
Yangon
598.8