Myanmar Pyi Channel
Football ⚽️ and Comedy
15/10/2024
Sarfira (2024)
မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့
အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။
ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။
အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က
သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊
လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က
သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။
သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့
အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။
ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။
ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊
သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က
ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့
ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
မှတ်ချက် ရုပ်ရှင်ကိုချစ်မြတ်သူအနေဖြင့်ပြန်လည်မျှဝေခြင်သာဖစ်ပါသည်
#ရုပ်ရှင် ဟာသများစုစည်းရာ
10/10/2024
VEDAA 2024
Vedaa (2024) “ဗေဒါပျံ အံကိုခဲ…”
Genre – Action, Drama, Thriller
IMDB – 6.6/10မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။
Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ
အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။
442
ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက်
အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့
ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။
တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။
ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့
ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို
အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ကြည့်ရှုရယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်လို့ အားပေးလိုက်ကြပါဦးခင်ဗျာ။
With respect to the original author
08/02/2024
RUMOR: Pirates of the Caribbean ကို မိန်းမဇာတ်ကောင်နဲ့ reboot ချဖို့ Disney ပြန်ကြိုးစားလျက်ရှိ
ဖေဖော်ဝါရီ ၇၊ ၂၀၂၄။
သရုပ်ဆောင် Johnny Depp ရဲ့ fantasy ရုပ်ရှင် franchise တစ်ခုဖြစ်တဲ့ Pirates of the Caribbean ဟာ ရုပ်ရှင်ငါးကားအထိထွက်ရှိပြီး အောင်မြင်မှုရရှိခဲ့ပေမယ့်လည်း Johnny Depp ရဲ့ ပုဂ္ဂလိကပြဿနာတွေကြောင့် Disney ဟာ Johnny Depp ကို Captain Jacksparrow နေရာကနေ ထုတ်ပယ်ခဲ့ပါတယ်။
အဲဒီနောက်မှာ Disney ဟာ Pirates of the Caribbean ကို Barbie သရုပ်ဆောင် Margot Robbie နဲ့ reboot ချဖို့ကြိုးစားခဲ့ပေမယ့် အထမြောက်ခဲ့ခြင်းမရှိပါဘူး။ သို့ပေမယ့် Disney ဟာ Pirates of the Caribbean ကို အမျိုးသမီးအဓိကဇာတ်ကောင်၊ အမျိုးသမီးသရုပ်ဆောင်နဲ့ reboot ချဖို့ နောက်တစ်ကြိမ်ပြန်လည်ကြိုးစားလျက်ရှိနေပုံပါပဲ။
Disney ဟာ Pirates of the Caribbean ကို The Bear သရုပ်ဆောင် Ayo Edebiri နဲ့ reboot ချ ရိုက်ကူးသွားဖို့ပြင်ဆင်နေကြောင်း ဟောလိဝုဒ်ကရုပ်ရှင်တွေနဲ့ပတ်သက်ပြီး ဟောလိဝုဒ် အတွင်းသတင်းတွေကို ချပြလျက်ရှိနေတဲ့ Daniel Ritchiman ဆိုသူက ၎င်းရဲ့ X လူမှုကွန်ယက်အကောင့်ကနေ ဖော်ထုတ်လာပါတယ်။ ၎င်းရဲ့သတင်းအရ Disney ဟာ Pirates of the Caribbean ကို လူငယ်ခြေတက်များနဲ့ reboot ချဖို့ပြင်ဆင်လျက်ရှိပြီး Golden Globes ဆုရှင် Ayo Edebiri ကို အဓိကဇာတ်ကောင်နေရာအတွက် မျက်စိကျနေကြောင်း သိရပါတယ်။
သို့ပေမယ့် Disney နဲ့ Ayo Edebiri ဘက်ကတော့ Pirates of the Caribbean နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာအတည်ပြုလာခြင်းမရှိသေးပါဘူး။ Ayo Edebiri ဟာ The Bear အပြင် Clone High, Spider-Man: Across the Spider-Verse နဲ့ Teenage Mutant Ninja Turtles: Mutant Mayhem တို့မှာလည်း ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလက The Last of Us နဲ့ Chernobyl ဇာတ်ညွှန်းဆရာ Craig Mazin ဟာ Pirates of the Caribbean ရုပ်ရှင်တွေရဲ့ မူရင်းဇာတ်ညွှန်းဆရာ Ted Elliot နဲ့ ပူးပေါင်းကာ နောက်ထပ် Pirates of the Caribbean ရုပ်ရှင်သစ်အတွက် ဇာတ်ညွှန်းရေးသားပြင်ဆင်မှုများရှိနေကြောင်း သတင်းအတည်ပြုချက်ရရှိခဲ့ပါသေးတယ်။ Ayo Edebiri ဟာ Craig Mazin ရဲ့ Pirates of the Caribbean မှာ ပါဝင်လာနိုင်ကြောင်း အချို့ကသုံးသပ်နေပါတယ်။
Pirates of the Caribbean ရုပ်ရှင်များစာရင်း
- Pirates of the Caribbean: The Curse of thr Black Pearl (2003)
- Pirates of the Caribbean: Dead Men's Chest (2006)
- Pirates of the Caribbean: At World's End (2007)
- Pirates of the Caribbean: On Stranger Tides (2011)
- Pirates of the Caribbean: Salazar's Revenge (2017)
မူရင်ရေးသားသူကိုလေးစာစွာဖြင့်
#ဟာသ #သတင်း #စာပေ story
01/02/2024
🏆
#ဟာသ #သတင်း
31/01/2024
02.02.2024 Friday
မန်ယူနဲ့ ဝုအသင်း ဘယ်သူနိုင်သွားမလည်း?
မန်ယူ အဆင့် ၉
ဝု အဆင့် ၁၁
#ဟာသ #သတင်း
25/11/2023
မက်ဆီနဲ့ ရိုဒရိုင်ဂိုတို့ စကားများရန်ဖြစ်ခဲ့တာ အားလုံးသိမှာပါ။
ပွဲမကစားဘဲ ကွင်းထဲကနေ မက်ဆီတို့ ထွက်ခဲ့တာကို သူရဲဘောကြောင်တယ်လို့ ရိုဒရိုင်ဂိုက ပြောခဲ့ပြီး မက်ဆီကလည်း သူတို့က ကမ္ဘာ့ချန်ပီယံဖြစ်ပြီး သူရဲဘောကြောင်စရာမရှိဘူးလို့ ပြန်တုံ့ပြန်ခဲ့တာပါ။
မက်ဆီက အဲဒီလိုပြောခဲ့ပြီးနောက်မှာ ရိုဒရိုင်ဂိုက "ကမ္ဘာ့ချန်ပီယံလား၊ ဟုတ်လား၊ မင်း အဲဒါကို ဘယ်လိုရခဲ့လဲဆိုတာ လူတိုင်းသိတယ်" ဆိုပြီး ပြန်တုံ့ပြန်ခဲ့တယ်လို့ ဘရာဇီးလ်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
#ဟာသ
Welcome
#ဟာသ
👋 Hello
#ဟာသ
ဟောင်းပေမဲ့ ကောင်းနေတဲ့ ဟာသလေး
#ဟာသ
Click here to claim your Sponsored Listing.