P BUILD-Myanmar
Home Service Provider
27/01/2026
တောင်ဉက္ကလာမှ ကာစတန်မာအမအိမ်ကလေးကို အဝတ်လျှော်စက်လေး ၁ လုံးကို ပြောင်စင်အောင် တစစီဖြုတ်ဆေးပေးခဲ့ပါတယ်ခင်ဗျာ
ကျတော်တို့ထင်နေကြတာက အဝတ်လျှော်စက်က အဝတ်တွေကို သန့်ရှင်းအောင်လုပ်ပေးလို့ စက်ကလည်း သူအလိုလို သန့်ရှင်းရေးလုပ်မှာပဲလို့ထင်ကြတယ်
တကယ်တော့ အဝတ်လျှော်စက်က အဝတ်အစားနားက ကပ်ပါလာတဲ့ အညစ်အကြေးတွေ၊ အစွန်းအထင်းတွေ၊ ဘက်တီးရီးယားတွေစုပုံနေတဲ့နေရာပဲ ဖြစ်ပါတယ်
အဝတ်လျှော်စက်ကို ပုံမှန် မဆေးဖြစ်ခဲ့ရင် ဘက်တီးယားများ ပိုမိုပေါက်ဖွားဖို့ အားပေးရာရောက်ပါတယ်ခင်ဗျာ......ဘက်တီးယားပေါက်ဖွားဖို့ အားပေးရာများကတော့ အစားအစာများ၊ အိမ်မွေး Pet အမွှေးများ၊ ဆပ်ပြာမှုန့်အကြွင်းအကျန်များဖြစ်ပါတယ်ခင်ဗျာ
ဒါတွေကို သန့်ရှင်းရေးမလုပ်ရင် ဘက်တီးယားပေါက်ဖွားရုံသာမက စက်ရဲ့ သ
က်တမ်းကိုလည်း တိုစေမှာဖြစ်ပါတယ်ခင်ဗျာ (စက်တစ်လုံးရဲ တန်ဖိုးကလည်း မသေးတော့ပါဘူးခင်ဗျာ)
ဒါကြောင့် အဝတ်လျှော်စက်ကလည်း ဂျီးတွေနဲ့ဆိုတော့ အဝတ်ကလည်း ပြောင်အောင်လျှော်လို့အဆင်မပြေတော့ရင် ကျနော်တို့ကို သတိရပေးပါခင်ဗျာ
𝐏 𝐁𝐮𝐢𝐥𝐝 ရဲ့ အဝတ်လျှော်စက်ဝန်ဆောင်မှုနှုန်းထားများကတော့
ရိုးရိုးဆေး (အပေါ်ဖွင့်အမျိုးအစား) - 35,000 ကျပ်
ရိုးရိုးဆေး (ရှေ့ဖွင့်အမျိုးအစား) - 50,000 ကျပ်
တစ်စစီဖြုတ်ဆေး (အပေါ်ဖွင့်အမျိုးအစား) - 50,000 ကျပ်
** အရှေ့ဖွင့် အမျိုးအစားလေးက တစစီဖြုတ်ဆေးပေးတဲ့ ဝန်ဆောင်မှုလေး မရနိုင်သေးပါဘူးခင်ဗျ
အဲကွန်းများကိုအနည်းဆုံး ၆လ တစ်ကြိမ် Servicing ပြုလုပ်ပေးခြင်းဖြင့် ဈေးကြီးတဲ့ မိမိအဲကွန်း ကိုကြာရှည်စွာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်နော်
မိမိအိမ်ရဲ့ အဲကွန်းမှာ ဒီအချက်လေးတွေ ဖြစ်နေပြီလားဆိုတာ စစ်ကြည့်ပါဦးနော် ?
ရေတွေတစက်စက်ကျနေခြင်း
လေပဲထွက်နေခြင်း
အေးလိုက်မအေးလိုက်ဖြစ်နေခြင်း
အအေးပေါ့နေပြီလို့ခံစားနေရခြင်း
မှိုနံ့ သို့မဟုတ် အနံ့အသက်တွေမကောင်းခြင်း
ဒါမျိုးလေးတွေဖြစ်နေရင် Aircon Servicing ပြုလုပ်ဖို့လိုအပ်နေပါပြီခင်ဗျာ......
အဲကွန်းပျက်နေပါကလည်း အာမခံဖြင့် ပြုပြင်ပေးပါတယ်ခင်ဗျာ
Aircon Servicing ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့
⚆ အဲကွန်းမအေးခြင်း
⚆ ရေကျခြင်း
⚆ Joinedဆက်များမှ Gasယိုစိမ့်ခြင်း များအတွက် ၃ လ အာမခံဖြင့် ပြန်လည်ကြည့်ပေးခြင်း................................................................................
Split Type Aircon Servicing စျေးနှုန်းများ
(1hp&1.5hp) =45,000 ks
(2hp) =55,000 ks......................................................................................................
ရရှိနိုင်တဲ့ဝန်ဆောင်မှုများကတော့
⚆ Aircon Servicing
⚆ Aircon များကိုအာမခံဖြင့်ပြုပြင်ပေးခြင်း
⚆ နေရာအပြောင်းအရွှေ့အတွက် ဖြုတ်တပ်ပြုလုပ်ပေး
ခြင်း
ပထမတစ်ကြိမ် Register ပြုလုပ်ထားရုံဖြင့် System မှာ Customer data လေးတွေသိမ်းထားပေးတဲ့အတွက် နောက်တစ်ကြိမ် ဆာဗစ်ယူချင်ရင် ဖုန်းနံပါတ်လေးပြောလိုက်ရုံနဲ့ အိမ်အရောက် ဆာဗစ်လာလုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ
ဆီဈေးတွေ တက်နေတာရယ် ဆီတန်းစီရတာတွေအတွက်ကြောင့် အားနာစွာနဲ့ပဲ ကားခလေးကတော့ မြို့နယ်အလိုက် ကောက်ခံခွင့်ပြုပါခင်ဗျာ
** အဲကွန်းနဲ့ အဝတ်လျှော်စက်အတွက် ဆာဗေးလေးအရင်ကြည့်ရမယ်ဆိုပါက
ရန်ကုန်မြို့တွင်းရှိ မြို့နယ်များကတော့ စစ်ဆေးခ 15,000 ကျပ် ကျသင့်မှာဖြစ်ပါတယ်ခင်ဗျ
https://www.facebook.com/pbuildmyanmar/posts/770760911745324
P BUILD: WE’VE GOT YOUR BACK
ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း
09-763 195 686
09-255 519 105
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
26/01/2026
🏠✨9’x51’ Steel Structure အိမ်လေးမှာ ဘာတွေပါဝင်မလဲဆိုတာလေးကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ
📅Project ကြာချိန် – 5 လ ဝန်းကျင်
🏢အိမ်ခြံမြေ အမျိုးအစား – လုံးခြင်း ( နှစ်ထပ် အမိုးနဲ့ )
💵ဈေးနှူန်း - သိန်း 827 ဝန်းကျင် (အထပ်ရေ ပိုပါက ဈေးလေးပိုပါမယ်ခင်ဗျ)
**ပုံလေးထဲကအတိုင်း ၃ ထပ်ခွဲလေးကို စလပ်အမိုးလေးနဲ့ ဆောက်မယ်ဆိုရင် ခန့်မှန်းဈေးနှူန်းလေးက သိန်း ၁၆၀၀ ဝန်းကျင်ပါခင်ဗျ
👷ကျတော်တို့ P Build မှအိမ်ဆောက်ပေးတဲ့ ဝန်ဆောင်မှုတွေပါ ရရှိနိုင်ပြီ ဖြစ်ပါတယ်ခင်ဗျ
✨အိမ်ကလေးစဆောက်ဖို့ စဉ်းစားနေပြီဆိုတာနဲ့ ဘာလေးတွေ အရင်ပြုလုပ်ပေးလဲဆိုတော့
• ဆောက်မဲ့ မြေနေရာကို ဆာဗေးလေးအရင်လာဆင်းပေးပါတယ်
• အိမ်ရှင်လိုအပ်ချက်ကို အသေးစိတ် မေးမြန်းပြီး နေထိုင်မဲ့ လူဦးရေအတွက် သင့်တော်မဲ့ အခန်းဖွဲ့ အနေအထားနဲ့ လေဝင်လေထွက် သဘာဝအလင်းရောင် ရရှိမှုတို့ အတွက် အတွေ့အကြုံရှိ Architect မှ 2D Plan Layout လေးဆွဲပေးခြင်း
• 3D Design ဆွဲပေးခြင်း
• အသုံးပြုမဲ့ ပစည်းအတိအကျနှင့် ကုန်ကျစရိတ် Quotation တင်ပေးခြင်း
• မြေတိုင်းခြင်း နှင့် Soil Test စစ်ဆေးပေးခြင်း
• စည်ပင်ဆောက်လုပ်မိန့် ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း
• မြေရှင်းပြီး Foundatation ချကာ စတင်တည်ဆောက်ပေးခြင်း
• Payment Plan အနေနဲ့လည်း ၅ ကြိမ် တစ်ရစ်ပြီး တစ်ရစ် ပေးဆောင်ခြင်းဖြင့် ဝန်ဆောင်မှုရယူနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ
အခန်းအရေအတွက်လေးကတော့ Floor Plan ပေါ်မူတည်ပြီး ညှိနှိုင်းလို့ရပါတယ်ခင်ဗျာ
✔️ ပါဝင်သော အသေးစိတ်အချက်အလက်များ
1. အိမ်အပြင်ပုံစံ 3D Design နှင့် အတွင်းပိုင်းအတွက် 2D Plan Layout Design များ Free ဆွဲပေးခြင်း
2. 4 Angle အမိုးပြားဖြင့် အမိုးမိုးပေးခြင်း
3. မျက်နှာကြက်များကို ဂျက်ဆင်ဘုတ် ဖြင့် Light Tray ပုံစံ တပ်ဆင်ပေးခြင်း
4. ကြမ်းခင်းများကို ရေစိုခံသော SPC 5.5 mm ဖြင့်ခင်းပေးခြင်း
5. အိမ်အပြင်ပိုင်းနဲ့ အတွင်းနံရံများအားလုံးကို ရာသီဥတုဒဏ်ခံနိုင်သော အရည်အသွေးမြင့်မားသော တာရှည်ခံ ထိုင်းနိုင်ငံထုတ် JBP အိမ်သုတ်ဆေးဖြင့် သုတ်ပေးခြင်း (ဆီလာ - ၂ ကုတ်၊ ပတ်တီး - ၂ ကုတ်၊ ဆေး၂ ကုတ်သုတ်ပေးခြင်း)
6. အိမ်တံခါးမကြီး နှင့် အိပ်ခန်းတံခါးများကို ကျွန်းတံခါးများတပ်ဆင်ပေးခြင်း
7. ပြတင်းပေါက်များအားလုံးကို PVC ပြတင်းပေါက်များတပ်ဆင်ပေးခြင်း
8. Overhead Tank(1000L) တစ်လုံးပါဝင်ခြင်း
9. မီးဖိုခန်းနှင်ဝရံတာကြမ်းခင်းတွင် ကြွေပြားခင်းပေးခြင်း (၁ပေ x ၁ပေ)
10. မီးဖိုခန်းတွင် အုတ်မီးဖိုခုံ (အလျား ၈ ပေ x အမြင့် ၄ ပေ)ကို ကြွေပြားအခင်းကပ်ပေးကာ စတီးဘေစင်တစ်ခု တပ်ဆင်ပေးခြင်း
11. ရေပိုက်လိုင်းလုပ်ငန်းများ
12. ရေချိုးခန်း/အိမ်သာခန်းများကို (1’x1’)ကြွေပြားခင်းပေးပြီး၊ နံရံများကို( 8"x12" )ကြွေပြား 5 ပေအမြင့် ကပ်ပေးခြင်း
13. အိမ်သာတွင် COTTO ဘိုထိုင်တပ်ဆင်ခြင်း
14. ရေချိုးခန်းတွင် ကြွေဘေစင် နှင့် shower များတပ်ဆင်ပေးခြင်း
15. အိမ်သာနှင့်ရေချိုးခန်း တံခါးများအား UPVC တံခါးများတပ်ဆင်ပေးခြင်း။
16. မီးကြိုးများကို Trunking လိုင်းများဖြင့် တပ်ဆင်ပေးခြင်း
17. အန္တရယ်မဖြစ်အောင် အဲကွန်းနှင့်ထမင်းဟင်းများချက်ရန်အတွက် Power line, Socket lineနှင့် Lighting line များခွဲခြားတပ်ဆင်ပေးခြင်း
🏠🏠မိသားစုအတွက် လုံခြုံနွေးထွေးတဲ့ အိမ်လေးဆောက်ဖို့ စဉ်းစားနေပြီဆိုရင်တော့ ကျတော်တို့ P Build ရုံးခန်းမှာ အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ
📍ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📞ဖုန်း
09-763 195 686
09-255 519 105
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
23/01/2026
ရေလုံဆေးသုတ်ဖို့ လိုနေပြီလား? 💦🏠
သွပ်မိုးတွေတင် ရေယိုတာမဟုတ်ပါဘူး ။ Slab အမိုးကလဲ ရေယိုတတ်တယ် 🏗️💧
သွပ်မိုးက ရေယိုတယ်ဆိုရင် ဘယ်နားမှာ အပေါက်ရှိလဲ လွယ်လွယ်ကူကူ သိမြင် ပြုပြင်နိုင်ပါတယ် 🔍🛠️
Slab အမိုးက ရေယိုတယ်ဆိုရင် ရှာရဖွေရ ခက်ပါတယ် 😓
ရေယိုနေတာက၊ ရေယိုနေတဲ့အပေါက်ရှိနေတာက စိုထိုင်းဆကို မြင့်လာစေတယ် 🌡️💦
မှိုတက်တာမျိုးဖြစ်လာနိုင်ခြေလဲများပါတယ် 🍄⚠️
ဒီအတိုင်းအကြာကြီး ပစ်ထားမယ်ဆိုရင် အဆောက်အဦရဲ့ structure ပိုင်းကိုထိတာမျိုးအထိ ဖြစ်လာနိုင်ပါတယ် 🏚️❌
ဒါ့ကြောင့် လူကြီးမင်းတို့မှာ ရေယိုတဲ့ ပြဿနာရှိနေတယ်ဆိုရင် အမြန်ဆုံး ဖြေရှင်းဖို့ လိုပါတယ် ⏳💪
ရေယိုတာခြင်းတူပေမယ့် Slab အမိုးပြဿနာကို သွပ်မိုးလိုမျိုး ဖြေရှင်းလို့ မရပါဘူး ❌🏗️
ကွန်ကရစ်ဖြစ်တဲ့အတွက် ဆီလီကွန်ထိုးတာမျိုး၊ တိပ်ကပ်တာမျိုးလည်း လုပ်လို့ မရပါဘူး 🚫🛠️
ဒီပြဿနာအတွက် အဖြေက ရေလုံဆေးသုတ် တာပဲဖြစ်ပါတယ် 💧✅
Slab အမိုးတွေတင်မဟုတ်ပါဘူး၊ နံရံက ရေစိမ့်တယ်ဆိုရင်လဲ ရေလုံဆေးသုတ် ဖို့ လိုပါတယ် 🏠💦
အခြေအနေပေါ်လိုက်ပြီး အက်ကွဲကြောင်းအလိုက် ရေလုံဆေးသုတ်တာမျိုး လုပ်လို့ရပေမယ့် တစ်ပြင်လုံးကို ရေလုံဆေးသုတ်တာ က ရေရှည်အတွက် အကောင်းဆုံးအဖြေပါ 🌟💧
ကျွန်တော်တို့ Pbuild မှာ ရေလုံဆေးသုတ်တဲ့ ဝန်ဆောင်မှု ပေးနေပါပြီ 🛠️
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လူကြီးမင်းတို့ရဲ့ နေအိမ်၊ တိုက်တာ အဆောက်အဦးမှာ ရေယိုနေတာကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့ အသင့်ရှိနေပါသည် 💪🏠
အပြင်ဘက်ကနေ ရေလုံဆေးသုတ်တာ, အတွင်းဘက်ကနေ ရေယိုတဲ့အပေါက်တွေကို ပိတ်ပစ်တာ မျိုးတွေအထိ ကျွန်တော်တို့ဘက်က အာမခံနဲ့ လုပ်ပေးနိုင်ပါတယ် ✅🔧
ရေလုံဆေးသုတ်တဲ့ နယ်ပယ်မှာ အတွေ့အကြုံ အများကြီးရှိထားတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ ကိုယ်တိုင် ဦးစီး ဦးဆောင်မှာဖြစ်တဲ့အတွက် 🔝
ကြည့်ရှု စစ်ဆေးတာအစ၊ ခန့်မှန်းတွက်ချက်တာအလယ်, ဝန်ဆောင်မှုပေးတာ အဆုံး လုပ်ငန်းစဉ်တစ်ခုလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ် 💯🛠️
ဒါ့ကြောင့် လူကြီးမင်းတို့ဆီမှာ Slab အမိုး၊ နံရံတွေကနေ ရေယိုတဲ့ ပြဿနာရှိနေတယ်ဆိုရင်
ကျွန်တော်တို့ Pbuild နဲ့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ 📞💬
လူကြီးမင်းတို့ရဲ့ အခက်အခဲအတွက် အကောင်းဆုံး ဆွေးနွေးတိုင်ပင် ပြင်ဆင်ပေးဖို့ ကျွန်တော်တို့ ရှိနေပါတယ် 🏡✨
အိမ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အိမ်ခေါင်မိုးဖြစ်တဲ့အတွက်
ကျွန်တော်တို့အနေနဲ့ ဆိုဒ်ကိုအရင်ဆုံးလာရောက် ကြည့်ရှုစစ်ဆေးဖို့ လိုပါတယ် 👀🏠
အခြေအနေ အကြောင်းအရာတွေကြောင့် ဆိုဒ်ကိုလာရောက်ကြည့်ရှုချိန်မှာ မြို့နယ်အလိုက် ကားခလေး ကောက်ခံခွင့်ပြုပါခင်ဗျ 🙏🚗
P BUILD: WE’VE GOT YOUR BACK
ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း
09-760 766 481
09-763 195 686
09-255 519 105
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
22/01/2026
မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းလေးကို Renovation လေး ပြုလုပ်ဖို့အတွက် အလုပ်လေးအပ်နှံပေးခဲ့တဲ့ အိမ်ရှင်အစ်ကိုနဲ့အစ်မတို့မိသားစုကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
တည်နေရာ – မရမ်းကုန်းမြို့နယ်
Project ကြာချိန် – ၁ လဝန်းကျင်
အိမ်ခြံမြေ အမျိုးအစား – တိုက်ခန်း
ကုန်ကျစရိတ် - ၁၂၀ သိန်းဝန်းကျင်
ပါဝင်တဲ့အသေးစိတ်လုပ်ငန်းလေးကတော့
• Painting Work (wall) Nippon Paint
• Painting Work (ceiling) Nippon Paint
• Gypsum Board Ceiling work
• ကျွန်းပါကေးအဟောင်းပေါလစ်သုတ်ခြင်း
• ဗမာထိုင်မှ ဗိုလ်ထိုင်ပြောင်းခြင်း
• 6mm SCG Smartboard ဖြင့်အခန်းဖွဲ့ခြင်း
• သံပန်းများဆီဆေးသုတ်ခြင်း
• မီးလိုင်းအသစ်ပြုလုပ်ခြင်း
• မီးဖိုခုံကြွေပြားအဟောင်းခွာခြင်း
• မီးဖိုခုံကို Granite ကြွေပြားကပ်ခြင်း
• ရေချိုးခန်းအိမ်သာတံခါးနှစ်ချပ် အဟောင်းပြုတ်ပြီး အသစ်ပြုလုပ်ခြင်း (လက်ခ)
• အိပ်ခန်းအသစ်အား Aluminum Slide window တပ်ခြင်း
• ကျွန်းတံခါးတစ် ပေါက်ကို ဆေးအဟောင်းများခွားပြီးပေါလစ်သုတ်ခြင်း
• အိပ်ခန်းအဟောင်းတွင် အပေါက်ဖောက်ခြင်း (လက်ခ)
• Slide door တံခါးများကို ပြုပြင်ပေးခြင်း (လက်ခ)
• ရေပိုက်လိုင်းများပြုလုပ်ခြင်း
ပုံတွေကို မပြုပြင်ခင်နဲ့ ပြုပြင်ပြီးနောက် ဘယ်လောက် လှပသွားလဲဆိုတာ ယှဉ်ကြည့်လို့ရအောင် အမြဲတင်ပေးပါမယ်နော်!
________________________________________
မိမိအိမ်နဲ့ စီးပွားရေးနေရာ ပြုပြင်လိုပါသလား?
ယနေ့မှာပဲ Messenger မှတဆင့် ဆက်သွယ်ပြီး အခမဲ့အကြံဉာဏ် တောင်းယူလိုက်ပါခင်ဗျာ
ကျတော်တို့၏ ဝန်ဆောင်မှုအသေးစိတ်ကလေးကတော့......
• အခန်းဖွဲ့တဲ့အခါမှာ လူဦးရေနဲ့ထည့်သွင်းမယ့် ပစ္စည်းတွေကိုလိုက်ပြီး အတွေ့အကြုံရှိအင်ဂျင်နီယာများမှ Free တိုင်ပင်ဆွေးနွေးပေးခြင်း
• Customer များမြင်သာအောင် 2D layout Design များရေးဆွဲပေးခြင်း
• 3D Concept များလိုအပ်ခဲ့ပါက ရေးဆွဲပေးခြင်း (Budget ပေါ်မူတည်ပြီး)
• Project အပ်ရမည့်နေ့အတိုင်း သေသပ်ကောင်းမွန်စွာ ပြီးစီးအောင်ဆောင်ရွက်ပေးခြင်း
• အရည်အသွေးပြည့်မှီဖို့အတွက် ရုံးပိုင်း Engineers အဖွဲ့မှ လုပ်ငန်းမအပ်နှံမှီစစ်ဆေးပေးပြီး Handover Form နှင့်တကွ အပ်နှံပေးခြင်း
• Banking ဖြင့် ငွေပေးချေနိုင်ခြင်း (KBZ, CB, Kpay )
အခန်းအလှဆင်ဖို့ရှိရင် P BUILD ကိုဆက်သွယ်ပြီး Engineer များနဲ့ ဖုန်းနဲ့အရင် တိုင်ပင်ဆွေးနွေးလို့ရပါပြီနော်
P BUILD: WE’VE GOT YOUR BACK
ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း
09-255 519 105
09-763 195 686
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
20/01/2026
မြောက်ဥက္ကလာမှ အခန်းလေးကို အိမ်ရှင်စိတ်ကြိုက် ပြင်ဆင်ပေးဖြစ်ခဲ့တဲ့ ပုံလေးများကို ဝေမျှခွင့်ပြုပါခင်ဗျာ
တည်နေရာ – မြောက်ဥက္ကလာပမြို့နယ်
Project ကြာချိန် – ၃၀ ရက် ဝန်းကျင်
အိမ်ခြံမြေ အမျိုးအစား – တိုက်ခန်း
ပါဝင်တဲ့အသေးစိတ်လုပ်ငန်းလေးကတော့
- အတွင်းနံရံ နှင့် ဆလပ်မျက်နှာကြက်ထောင့်များ ရေလုံအောင် ပြုလုပ်ခြင်း
- 𝐔𝐏𝐆 𝐎𝐫𝐢𝐞𝐧𝐭 ဖြင့်ဆေးသုတ်ခြင်းလုပ်ငန်း
- 𝟒.𝟓" အုတ်ရိုးဖြင့် အိပ်ခန်းနှစ်ခန်း အခန်းဖွဲ့ခြင်း
- 𝟔.𝟓𝐦𝐦 𝐒𝐏𝐂 𝐅𝐥𝐨𝐨𝐫 ခင်းခြင်း
- မီဖိုးခန်း ကြမ်းခင်းတွင် 𝟏' 𝐱 𝟏' ကြွေပြား ခင်းခြင်း
- ဆန်းရှိတ်အမိုး တပ်ဆင်ခြင်းလုပ်ငန်း
- ဂျပန်ကွက်သံပန်း တပ်ဆင်ခြင်းလုပ်ငန်း
- စတီးဘာဂျာ တပ်ဆင်ခြင်းလုပ်ငန်း
- မီးလုပ်ငန်း တပ်ဆင်ခြင်း
ပုံတွေကို မပြုပြင်ခင်နဲ့ ပြုပြင်ပြီးနောက် ဘယ်လောက် လှပသွားလဲဆိုတာ ယှဉ်ကြည့်လို့ရအောင် အမြဲတင်ပေးပါမယ်နော်!
________________________________________
မိမိအိမ်နဲ့ စီးပွားရေးနေရာ ပြုပြင်လိုပါသလား?
ယနေ့မှာပဲ Messenger မှတဆင့် ဆက်သွယ်ပြီး အခမဲ့အကြံဉာဏ် တောင်းယူလိုက်ပါခင်ဗျာ
ကျတော်တို့၏ ဝန်ဆောင်မှုအသေးစိတ်ကလေးကတော့......
• အခန်းဖွဲ့တဲ့အခါမှာ လူဦးရေနဲ့ထည့်သွင်းမယ့် ပစ္စည်းတွေကိုလိုက်ပြီး အတွေ့အကြုံရှိအင်ဂျင်နီယာများမှ Free တိုင်ပင်ဆွေးနွေးပေးခြင်း
• Customer များမြင်သာအောင် 2D layout Design များရေးဆွဲပေးခြင်း
• 3D Concept များလိုအပ်ခဲ့ပါက ရေးဆွဲပေးခြင်း (Budget ပေါ်မူတည်ပြီး)
• Project အပ်ရမည့်နေ့အတိုင်း သေသပ်ကောင်းမွန်စွာ ပြီးစီးအောင်ဆောင်ရွက်ပေးခြင်း
• အရည်အသွေးပြည့်မှီဖို့အတွက် ရုံးပိုင်း Engineers အဖွဲ့မှ လုပ်ငန်းမအပ်နှံမှီစစ်ဆေးပေးပြီး Handover Form နှင့်တကွ အပ်နှံပေးခြင်း
• Banking ဖြင့် ငွေပေးချေနိုင်ခြင်း (KBZ, CB, Kpay )
အခန်းအလှဆင်ဖို့ရှိရင် P BUILD ကိုဆက်သွယ်ပြီး Engineer များနဲ့ ဖုန်းနဲ့အရင် တိုင်ပင်ဆွေးနွေးလို့ရပါပြီနော်
P BUILD: WE’VE GOT YOUR BACK
ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း
09-255 519 105
09-763 195 686
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
💢အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ💢
အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။
လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။
ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။
အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'×60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'×60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'×60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'×60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'×60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။
ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20'×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။
မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'×60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။
အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'×60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။
ခြေရင်းဘက်ခြမ်း (20'×60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။
ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။
ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်းခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။
အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ “မောင်ကောင်းဖေ” တွေးမိတယ်ဗျာ။
ဒီတော့ “မောင်ကောင်းဖေ” အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။
Credit-လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
14/01/2026
💦 မမြင်တွေ့ရတဲ့ ကန်ထဲကရေတွေက အနည်အနှစ်တွေ အများကြီးနဲ့ဆိုတော့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူးနော်..မသန့်ရှင်းတဲ့ ရေနဲ့ နေ့တိုင်းမျက်နှာသစ် သွားတိုက် ထမင်းဟင်းချက်ရတာ အဆင်မပြေလှပါဘူးခင်ဗျာ။
ဂျီးတွေအများကြီးရှိတော့ အိမ်မှာရှိတဲ့ ရေဘီလူးခေါင်းတွေ ရေတင်တဲ့ ပန့်တွေ ရေသန့်စက်တွေ အဝတ်လျှော်စက်တွေ ဂျီးတွေပိတ်ပြီး ကုန်ကျစရိတ်ပိုများနိုင်ပါတယ်ခင်ဗျာ။
အိမ်ကရေကန်တွေကို ၆ လ သို့မဟုတ် ၁ နှစ်တခါတော့အနည်းဆုံးဆေးသင့်ပါတယ်။
မြေအောက်ကလာတဲ့ ရေထဲမှာ ထုံးဓာတ်နဲ့အနယ် 40% ကျော်ထိပါနိုင်ပါတယ်😪အဝီစိကန်မှာ စုနေတော့ ရေတွေကမသန့်တော့ပါဘူး😮
သုံးရေကန် အနယ်များလာတဲ့အခါ ဆေးရကြောရအလုပ်ရှုပ်ပါတယ်။ ရေကချွဲချွဲကြီးဖြစ်လာတဲ့အခါမှာလည်း Skin ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အသားအရည်မွဲခြောက်လာတာ၊ ဆံပင်တွေကျွတ်တာတွေက ရေမသန့်လို့ဖြစ်တဲ့ဒုက္ခတွေထဲက တစ်ခုပါ။ ကျန်းမာရေးအသိမကြွယ်ဝတဲ့လူအချို့တွေလည်း သောက်ရေအဖြစ်အသုံးပြုကြတဲ့အခါမှာတော့ ဝမ်းရောဂါတွေနဲ့အခြားရောဂါတွေဖြစ်ပွားနိုင်ပါတယ်။
ရန်ကုန်မြို့ကအိမ်ပိုင်ရှင်တွေ ကြုံတွေ့နေရတဲ့ပြဿနာတွေထဲက အဖြစ်အများဆုံးရေမသန့်တဲ့ပြဿနာကို ကူညီဖြေရှင်းပေးဖို့ Procedure အစဉ်လိုက်၊ ကိရိယာအစုံအလင်နဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို နားလည်ထားတဲ့ P Build Service ကအသင့်ရှိနေမှာပါ။
💯💯ရေလှောင်ကန်ဆေးကြောတဲ့အခါမှာတော့ ပြင်းတဲ့ကြွေဂျီးချွတ်ဆေးတို့၊ ပိုးသတ်ဆေးတို့ကို အသုံးမပြုဘဲ လူအားကိုသာ အသုံးပြုပြီးအကောင်းဆုံးလုပ်ဆောင်ပေးရတာဖြစ်တဲ့အတွက် နှစ်ရှည်လများ ဂျီးတွေတွယ်ငြိ နေတဲ့ကြွေပြားတွေကတော့ အသစ်လိုမတောက်ပြောင်နိုင်တာကိုတော့ နားလည်ပေးစေလိုပါတယ်ခင်ဗျာ🤩
ကိုယ်တိုင်သန့်ရှင်းဖို့ခက်ခဲလှတဲ့ အဝီစိကန်နဲ့ခေါင်မိုးပေါ်က ရေလှောင်ကန်မျိုးစုံကို ပုံထဲကလို မည်းညစ်နေတဲ့ ရေလှောင်ကန်လေးကို သန့်ရှင်းတောက်ပြောင်သွားအောင် စေတနာရှေ့ထားကာ ဆေးကြောပေးပါတယ်ခင်ဗျ။
💸၆ ထပ်တိုက် အဝီစိကန်ဂါလန် 2,000 အောက်အတွက်တော့ 60,000 ကျပ်ဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်လို့ ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ✨
ဂါလံ 500 တိုးတိုင်း +10,000 ကျပ်နဲ့ ဆေးကြောပေးနေပါပြီခင်ဗျာ
** မီးစက်လေးနဲ့ သုံးပြီး ဆေးရမယ်ဆိုရင် 10,000 လေးတော့ ပေါင်းပါတယ်ခင်ဗျ
P BUILD: WE’VE GOT YOUR BACK
📍ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📞ဖုန်း
09-763 195 686
09-255 519 105
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ #ရေကန်ဆေး
12/01/2026
တောင်ဥက္ကလာက တိုက်ခန်းလေးကို အချောသတ်ပြင်ဆင်ပြီး 🛠️ ကာစတန်မာထံ အပ်နှံပြီးပါပြီခင်ဗျ။
ကျွန်တော်တို့ကို Facebook ကတွေ့ပြီး ယုံကြည်ယုံကြည်နဲ့ 🤝 အလုပ်အပ်နှံတဲ့ ကာစတန်မာအစ်ကိုနဲ့ အစ်မကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🙏💖
ဒီပရောဂျက်လေးဟာ အိမ်အတွင်းကို အသေးစားပြုပြင်တာဖြစ်ပြီးတော့ 🏠
• SGC Gypsum Board နဲ့ အခန်းဖွဲ့ 🧱
• မီးဖိုချောင် နံရံ၊ ကြမ်းခင်း၊ ကောင်တာ ကြွေပြားကပ် 🍳
• အခန်းတံခါး၊ ပြတင်းပေါက် နဲ့ သံပန်းတပ်လုပ်ငန်း 🚪🪟
ကြွေပြားအရောင် 🎨၊ အခန်းဆေးအရောင် 🎨 အားလုံးကို ကာစတန်မာ စိတ်တိုင်းကျ ပြင်ဆင်ပေးထားတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ လက်ရာကို သဘောကျ 😍🥰တဲ့အတွက်လဲ ပီတီဖြစ် အမောပြေခဲ့ရပါတယ် 💪✨
အိမ်အတွင်းပိုင်းပြင်ဆင်မှုနဲ့ အလှဆင်လုပ်ငန်းတွေမှာ 🛠️🏡 နှစ်ပေါင်းများစွာ နာမည်ပျက်မရှိရပ်တည်လာတဲ့ ကျွန်တော်တို့ Pbuild ရဲ့ ဝန်ဆောင်မှုတွေကိုအသုံးပြုချင်တယ်ဆိုရင် 📞
• 09763 195 686
• 09255 519 105
ကိုဖြစ်ဖြစ် 📲 Page Messenger ကိုဖြစ်ဖြစ် 💌
ကျွန်တော်တို့ရုံးခန်း ဖြစ်တဲ့ - အမှတ် 136၊ 10 မိုင်ကုန်း၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
ကို လူကိုယ်တိုင် လာရောက်ပြီးပဲဖြစ်ဖြစ် ဆက်သွယ်တွေ့ဆုံဖို့ ဖိတ်ခေါ်ပါရစေခင်ဗျ ✨
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
10/01/2026
ဘာ့ကြောင့် အိမ်ကိုပြုပြင်မွမ်းမံသင့်တာလဲ? 🏠
ပြုပြင်မွမ်းမံခြင်းဆိုတာ အိမ်ပိုင်ရှင်တိုင်း ကျော်သွားလို့မရတဲ့ အကြောင်းအရာတစ်ခုပါ။ အိမ်အဟောင်းမှာပဲနေ နေ၊ အိမ်အသစ်ကိုပဲပြောင်းပြောင်း လိုအပ်တာလေးတွေပြုပြင်မွမ်းမံတာက အကျိုးမယုတ်စေတဲ့ အရာပဲဖြစ်ပါ တယ်။ ဘာလို့ဆိုပြုပြင်၊ ပြင်ဆင်ခြင်းက အိမ်ရဲ့တန်ဖိုးမြင့်တက်လာစေခြင်းကနေ 💰 အိမ်မှာနေတဲ့လူတွေအ တွက် စိတ်ကျေနပ်မှု၊ သက်တောင့်သက်သာရှိမှုအထိ အကျိုးကျေးဇူးတွေကို အများကြီးဖြစ်စေလို့ပါပဲ။ ဒီပို့စ် လေးမှာ အိမ်ပြင်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပါရစေ။
၁) တန်ဖိုး မြင့်တက်လာမှု 📈
ဒါက လက်တွေ့ခံစားရမယ့်အကျိုးကျေးဇူးတွေထဲက အသိသာဆုံးအချက်တစ်ခုပဲဖြစ်ပါတယ်။ ပြုပြင်ပြင်ဆင် တဲ့နေရာမှာ ငွေသုံးခြင်းက ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပြီးတော့ အိမ်အဝယ်တွေကို ပိုပြီးဆွဲဆောင်နိုင်ပါမယ်။ အိမ်ပြင်ဖို့ ငွေသုံးစွဲခြင်းဟာ နောင်တစ်ချိန်ကို ကိုယ်ပြန်ရောင်းဖို့လုပ်တဲ့နေရာမှာ သူများထက်ဈေးပိုခေါ်နိုင်တဲ့ အကျိုးအမြတ်ကို ပြန်လည်ရရှိမှာလည်းဖြစ်ပါတယ်။ ခေတ်နဲ့အညီ မွမ်းမံချယ်သထားတဲ့အိမ်ဟာ ဘယ်ဝယ်သူ ဆီမှာမှ မျက်နှာငယ်ရမှာလဲ မဟုတ်ပါဘူး။
၂) အိမ်ရဲ့အသုံးဝင်မှုနဲ့ သက်တောင့်သက်သာရှိမှု 🛋️
အိမ်ပြင်လိုက်တာက အိမ်ရဲ့အသုံးဝင်မှုနဲ့ သက်တောင့်သက်သာ၊ လိုက်လျောညီထွေရှိမှုကိုပါမြင့်လာစေပါတယ်။ မိသားစုဝင်တိုးလာရင်၊ လူနေမှုပုံစံတွေပြောင်းလာရင် အိမ်ရဲ့အခြေအနေကိုလဲ လိုက်ပြောင်းပေးဖို့ အရေးကြီး ပါတယ်။ ပြင်ဆင်ခြင်းက ကိုယ့်မိသားစုဝင်တွေနဲ့ ကိုက်ညီတဲ့ အခြေအနေကိုပြောင်းလဲပေးနိုင်ပါတယ်။ မိသားစု အခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ အိမ်ပုံစံဟာ မိသားစုဝင်အားလုံးအတွက် သက်တောင့်သက်သာ ဖြစ်မှုကို ဖန်တီးပေးနိုင်ပါတယ်။
၃) အထင်ကြီးအားကျမှု ✨
ကိုယ့်အိမ်ကို မြင်တဲ့လူတိုင်းက နှစ်ခါပြန်ကြည့်ရတဲ့အခြေအနေမျိုးကို ပြောချင်တာဖြစ်ပါတယ်။ အိမ်အပြင်ပိုင်း ကိုဆေးပြန်သုတ်လိုက်တာ၊ ပြတင်းပေါက်အသစ်လဲလိုက်တာမျိုးက ကိုယ့်အိမ်၊ကိုယ့်အခန်းနဲ့ပတ်သတ်ပြီး တခြားသူတွေရဲ့ အားကျမှုကိုမြင့်တက်လာစေပါတယ်။ အိမ်၊ တိုက်ခန်း လှလှလေးဟာ အိမ်ပိုင်ရှင်ရဲ့ လူနေမှုပုံစံ ကိုဖော်ပြနိုင်စွမ်းရှိတာကြောင့် အိမ်ရဲ့ဈေးနှုန်းကိုတင်မဟုတ်ဘဲ လူတွေရဲ့အမြင်ကိုပါ ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
၄) ကျန်းမာရေးနဲ့ ဘေး အန္တရာယ်ကင်းရှင်းရေး ⚠️
အချိန်ကြာလာတာနဲ့အမျှ အိမ်ရဲ့ မီးကြိုးတွေ၊ ရေပိုက်လိုင်းတွေနဲ့ တိုင်တွေ၊နံရံတွေဟာ အနည်းနဲ့အများ ပျက်ဆီး ယိုယွင်းမှုရှိလာနိုင်ပါတယ်။ ဒါဟာ အိမ်မှာနေတဲ့လူတွေအတွက် အန္တရာယ်ရှိပါတယ်။ ပြန်လည်ပြင်ဆင်ခြင်းက ဒီအခြေအနေကိုရှောင်ရှားနိုင်ပြီး ဘေးကင်းတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ပါတယ်။
၅) ကိုယ့်အကြိုက်ပုံဖော်နိုင်မှု 🎨
အိမ်ပြင်တာရဲ့နောက်ထပ်အားသာချက်တစ်ခုက ကိုယ်နေတဲ့နေရာ၊ ကိုယ့်ပိုင်တဲ့အိမ်ကို ကိုယ့်စိတ်ကြိုက် ပုံစံ အဖြစ်ပြောင်းလဲနိုင်ခြင်းပဲဖြစ်ပါတယ်။ ကိုယ်နေတဲ့၊ အနားယူတဲ့နေရာဟာ ကိုယ့်လူနေမှုပုံစံ၊ ကိုယ့်စိတ်ကူး၊ ကိုယ့်အယူအဆနဲ့ တစ်သားထဲဖြစ်နေတာမျိုးက အကြီးမားဆုံးစိတ်ချမ်းသာမှုတွေထဲကတစ်ခုဖြစ်ပြီးတော့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကိုပါ မြင့်တက်လာစေနိုင်ပါတယ်။
၆) နေရာပိုထွက်လာမှု 📐
ကိုယ့်အိမ်၊ ကိုယ့်တိုက်ခန်းက ကျဉ်းနေတယ်၊ မလုံလောက်ဘူးလို့ခံစားရတဲ့ခံစားချက်ကို ပြန်လည်ပြင်ဆင်ခြင်းနဲ့ ကုစားနိုင်ပါတယ်။ အခန်းထပ်ဖွဲ့လိုက်တာ၊ ထပ်ခိုးတင်လိုက်တာ၊ ဝရံတာထုတ်လိုက်တာမျိုးက နေရာလွတ် အသစ်တွေကိုဖြစ်စေနိုင်ပြီး မိသားစုဝင်တွေအတွက်လဲ ပိုကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်တစ်ခုကိုဖြစ်စေပါတယ်။
၇) စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး 🌿
အိမ်ပြင်ခြင်းကရလာမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း လျစ်လျူရှုလို့မရပါ ဘူး။ နေတဲ့အိမ်က ဟောင်းနေတာ၊ ယိုယွင်းနေတာ ဒါမှမဟုတ် လူနေမှုပုံစံနဲ့ ကိုက်ညီမှုမရှိတာမျိုးက စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်မျိုးစလုံးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အတွက်ပျော်စရာကောင်းတဲ့၊ သက်တောင့် သက်သာရှိတဲ့၊ ကိုယ့်နေရာလို အမှန်တကယ်ခံစားရနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ ဒါမှသာ ကိုယ့်အိမ်ဟာ ကိုယ့်အတွက် အားဖြစ်စေမယ့် နေရာလေးတစ်ခုဖြစ်လာပါမယ်။
ဒီလိုအကျိုးကျေးဇူးတွေအတွက် အိမ်ပြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ PBuild Myanmar ကိုအခုပဲ ဆက်သွယ် လိုက်ဖို့ ဖိတ်ခေါ်ရင်းနဲ့ ဒီပို့စ်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ 🙏
P BUILD: WE’VE GOT YOUR BACK
ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း
09-763 195 686
09-255 519 105
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
09/01/2026
⛑️⛑️အခုခေတ်ကာလကလည်း မလုံခြုံတော့ မိမိအိမ်လုံခြုံရေးအတွက် ခိုင်ခိုင်ခံ့ခံ့နဲ့ မလေးဘာဂျာတံခါးလေးတပ်ဆင်လိုက်ခြင်းအားဖြင့် မိမိချစ်သော မိသားစုနဲ့ စည်းစိမ်ပစ္စည်းများကို လူဆိုး သူခိုးရန်က ကာကွယ်လိုက်ပါနော်
မလေးဘာဂျာလေးက အကွက်လေးပိုစိပ်တဲ့အတွက် ပိုပြီးလုံခြုံတယ် ပိုပြီးလည်းလှပါတယ်ခင်ဗျာ...
Price List for 1 Sq.ft
*ရိုးရိုးဘာဂျာ- 23000ကျပ်
*မလေးဘာဂျာ-25000 ကျပ်
- တပ်ဆင်ချင်ပါက ကျတော်တို့အဖွဲ့မှ အိမ်အရောက် Survey လာတိုင်းပေးပါတယ်ခင်ဗျာ...
- အရောင်အနေနဲ့ အဖြူရောင်၊ အနက်ရောင် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်ခင်ဗျာ...
💯မလေးဘာဂျာကို ဘယ်လိုတပ်ဆင်ပေးမလဲဆိုတော့
• ဘောင် = 2လက်မအကျယ် ဟင်ကလန်းပြား
• အတွင်းချောင်း = 20mm ဗျက် အထူ 2-3mm
• အပြင်ချောင်း = 20mm ဗျက် 2-3 mm
• Channel ချောင်း အပြင်ချောင်း - 3လက်မခြား
• အတွင်းစံ အကွက်- 3 -4 ကွပ် တစု ( 24 -25လက်မ) ကို 10 လက်မခြား တခါ ထား ဘာဂျာ အမြင့် ပေါ်မူတည်ပြီး အတွင်းစံအကွပ်အရေအတွက်ပြောင်းနိူင်သည်။
• Red Oxide 1 ကုတ် နဲ့ သံပေါ်သုတ်ဆေးဖြစ်တဲ့ Enamel ဆီဆေး 2 ကုတ်သုတ်ပေးမှာဖြစ်ပါတယ် (မှုတ်ဆေး သို့မဟုတ် သုတ်ဆေး ကို လုပ်ငန်းပေါ်မူတည်ကာ ပြုလုပ်ပေးပါတယ်)
• ရရှိနိုင်သောအရောင် = အဖြူရောင်၊ မီးခိုးရောင်၊ အမဲရောင်
ကိုယ့်အိမ်လှလှလေးကို သံပန်းလေးနဲ့အလှဆင်ချင်တယ်ဆိုရင် P BUILD ကိုဆက်သွယ်ပြီး ဖုန်းနဲ့အရင် တိုင်ပင်ဆွေးနွေးလို့ရပါပြီနော်
ရန်ကုန်လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း -
09763195686,
09255519105
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
07/01/2026
အိမ်မပြင်ခင် ဘာတွေကြိုစဉ်းစားထားသင့်သလဲ? 🏡🤔
အိမ်ပြင်တာက လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး 😅။ အခန်းလေးတစ်ခန်းပဲပြင်တာဖြစ်ဖြစ် 🛋️၊ တစ်အိမ်လုံးကိုပဲ ပြင်တာဖြစ်ဖြစ် 🏠 ကြိုတင်ပြင်ဆင်ထားစရာတွေအများရှိပါတယ် 📋। ဒါမှသာ ⏳ အချိန်ကုန်၊ 💸 ငွေကုန်၊ 😮💨 လူပင်ပန်း၊ 🌀 စိတ်ရှုပ်ထွေးသက်သာမှာဖြစ်ပါတယ်။ အိမ်မပြင်ခင် ဒီအချက်လေးတွေ သိထားသင့်ပါတယ် 📌။
🔹 ဘာကိုပြင်မလဲဆိုတဲ့ job scope ကိုသတ်မှတ်ထားပါ 📝
အိမ်ရဲ့ဘယ်အပိုင်းကို ဘယ်လိုလေးပြင်မယ်ဆိုတာ အရင်ဆုံးဖြတ်ရပါမယ် 🎯။ ကိုယ်လိုချင်တဲ့ပုံစံတွေကို စာနဲ့ဖြစ်ဖြစ် 📖၊ ပုံကြမ်းလေးဖြစ်ဖြစ် 🖼️ ဖန်တီးထားမယ်ဆိုရင် ပိုအဆင်ပြေပါတယ် ✅။
🔹 ဘတ်ဂျက်တစ်ခု သတ်မှတ်ပါ 💰
အိမ်မပြင်ခင်မှာ ပစ္စည်းဖိုး 🧱၊ အလုပ်သမားခ 👷 စတာတွေကို အရင်ဆုံးစုံစမ်းထားသင့်ပါတယ် 🔍။ ဒါမှသာ ကိုယ်လိုချင်တဲ့ပုံစံအတွက် အနီးစပ်ဆုံးကုန်ကျစရိတ်တစ်ခု 💵 ခန့်မှန်းနိုင်မှာပါ။ ကြိုတင်မမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်တွေအတွက်လည်း ငွေကိုကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ် 💳। (ဈေးနှုန်းခန့်မှန်းဖို့အတွက် လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ Pbuild ကို 📞 အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်)
🔹 ယုံကြည်ရတဲ့ contractor အဖွဲ့တွေကို မှန်ကုန်စွာရွေးချယ်ပါ 🏗️
ဘတ်ဂျက်တစ်ခု ရှိလာပြီဆိုရင် ဘယ် company 🏢 ကို၊ ဘယ်အဖွဲ့ကို အလုပ်အပ်မလဲ ဆုံးဖြတ်ရပါမယ် ✔️။ လုပ်ကွက် တစ်ခုချင်းစီအတွက် ကျွမ်းကျင်တဲ့အဖွဲ့တွေနဲ့ ငှားရမ်းပြင်ဆင်နိုင်သလို 🤝၊ ကျွန်တော်တို့ Pbuild လို တစ်နေရာထဲမှာပဲ ပြင်ဆင်ရေး လုပ်ငန်းအားလုံးအတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ company မျိုးနဲ့လည်း လက်တွဲဆောင်ရွက်နိုင်ပါတယ် 💼။ ကိုယ်ငှားရမ်းမယ့် company အကြောင်းနဲ့ သူတို့အရင်ကလုပ်ခဲ့တဲ့ လုပ်ငန်းတွေကို 📂 အချိန်ပေးလေ့လာသင့်ပါတယ် 👀။ ရွေးချယ်ထားတဲ့ company က ကိုယ်လိုချင်တဲ့ပုံစံကို ရှင်းရှင်းလင်းလင်း သိတာ သေချာအောင်လည်း 🗣️ လုပ်ထားသင့်ပါတယ်။
🔹 လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ယူထားဖို့မမေ့ပါနဲ့ 📄✅
ကိုယ့်အိမ်ပြင်ဖို့ ခွင့်ပြုချက်လိုအပ်မှုရှိပါသလား အရင်စုံစမ်းပါ 🔍။ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်မှုတွေလုပ်တာက 💸 ဒဏ်ငွေဆောင်ရတာ၊ ⏳ လုပ်ငန်းနှောင့်နှေးတာ၊ 😣 စိတ်ရှုပ်ရတာတွေအပြင် နောက်ဆက်တွဲ ပြဿနာတွေကိုပါ ရှိလာစေနိုင်ပါတယ် ⚠️။
🔹 Timeline ဆွဲထားပါ 📅⏰
ဘယ်အချိန်မှာ လုပ်ငန်းစမယ် 🚀၊ ဘယ်အချိန်မှာ လုပ်ငန်းပြီးမယ်ဆိုတာကို ⏳ အနည်းဆုံး အကြမ်းဖျင်းလောက် သိထားအောင် လုပ်ပါ 🗂️။
🔹 အိမ်ပြင်နေချိန် ဘယ်မှာနေမလဲ ကြိုတင်စီစဉ်ထားပါ 🏠➡️🏨
နောက်ဆုံးတစ်ခုက ဒီအိမ်ကိုပြင်နေချိန် ကိုယ်နဲ့ မိသားစု 👨👩👧👦 ဘယ်မှာနေမလဲ ကြိုတင်စီစဉ်ထားဖို့ပါ။ ပြင်ဆင်မှုအကြီးအသေးပေါ်မူတည်ပြီးတော့ တခြားနေရာတစ်ခုကို ရွေ့ပြောင်းရတာ 🛻 ရှိနိုင်သလို၊ ပြင်တဲ့အိမ်မှာပဲ ဆက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ် 🏡။ ဘေးကင်းတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ 🛡️၊ ကိုယ့်ပစ္စည်း ပစ္စယတွေမပျက်စီးဖို့ 📦 နဲ့ မိသားစုဝင်တွေစိတ်အနှောင့်အယှက်ကင်းဝေးစေဖို့ ဒီအချက်ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ✅။
P BUILD: WE’VE GOT YOUR BACK
ဆက်သွယ်ရန်
လိပ်စာ - အမှတ် 136၊ 10 မိုင်ကုန်း ၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း
09-760 766 481
09-763 195 686
09-255 519 105
#အိမ် #အိမ်ပြင် #အိမ်ဆောက် #အခန်းအလှဆင် #မျက်နှာကြက်အလှဆင် #အခန်းဖွဲ့ #အခန်းကာ #ကြွေပြားကပ် #မီးအလှဆင် #ရေပိုက် #ဆေးသုတ် # အမိုးလဲ #ခေါင်မိုးပြင် #ခေါင်မိုးလဲ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11011
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |