Wathan - TV Advertising Creating Group
Contact us at : 09443087773, 09421115659, 095404849
Address : No.75, 2nd Street, Waiponla Quarter, North Oakkalapa Township, Yangon
တချိန်က ထက်ထက်မိုးဦးနဲ့
ကျွန်တော်ရိုက်ကူးခဲ့တဲ့
TTTဗလာစာအုပ်ကြော်ငြာပါ၊
"ကျောင်းမှာလဲTTT
ရုံးမှာလဲ TTT
မြို့တိုင်း ရွာတိုင်း TTT ပဲသုံးတာ
တကယ်ကောင်းလို့ပေါ့တဲ့" ။
ထက်ထက်ရဲ့ အပြောလေးနဲ့
အရုပ်ကလေးတွေအပေါ်
ပြည်သူများအသည်းစွဲ
ကြော်ကြားခဲ့တဲ့ ကြော်ငြာလေး
အမှတ်တရပါ။
နန္ဒာလှိုင် ၊လွင်မိုး
တေးဆို ဂရေဟန်
Paris ဆပ်ပြာကြော်ငြာပါ
ကျွန်တော်ကြော်ငြာများစွာရိုက်ကူးနေစဥ်အခါက
ပန်းချီဆရာအဖြစ် သရုပ်ဆောင်မဲ့ကိုလွင်မိုးအတွက်
နန္ဒာလှိုင်ပုံတူပန်းချီကားနဲ့နောက်ခံပန်းချီကားများကို ကူညီ ရေးဆွဲ ဖွဲ့စည်း တင်ပြထားပေးတာ
ပန်းချီကိုဝင်းမြင့်မိုး(မြန်မာ့ရုပ်မြင်)
ရဲ့ကူညီမှု အမှတ်တရ မှတ်တမ်းများပါ။
ရှေ့ပိုင်းမှာ ကြော်ငြာခေတ်ဦးမှာရိုက်ကူးခဲ့တဲ့
ဂရိတ်ဝေါဒဏ်ကျေဆေး
ပိုင်ဇေရဲထွန်း ကြည်လဲ့လဲ့ဦး
အမှတ်တရပါ။
မြန်မာ့ရှားပါးရတနာ ရွှေစိမ်းပြာ နဲ့
JUNEမှထုတ်လုပ်တဲ့
Provimin ဆေးကြော်ငြာကို
တွင်းတောင်ရှိရာဘုတလင်သို့
ကိုသိန်းတန်မြန်မာပြည်ကိုယ်တိုင်
အပင်ပန်းခံလိုက်ပါ
ရိုက်ကူးပေးခဲ့တဲ့ ဝသန်တို့ရဲ့
ကြိုးစားအားထုတ်မှု များစွာနဲ့
အမှတ်တရကြော်ငြာလေးပါ။
တေးသီချင်းကို တီးခတ်ပေးခဲ့သူ
ကိုဇော်မျိုးထွဋ် ကိုလည်း
အမှတ်တရ ပါ ။
ဖန်တည်းထားခဲ့ပြီး
ဖန်သားပြင်ပေါ်မရောက်ခဲ့သေးတဲ့
Royal Myanmar Tea Mix
ကြော်ငြာလေးပါ
မြန်မာ့လယ်ယာ စိုက်ကွင်း၊
မြန်မာ့ဓလေ့ သံစဥ် ၊အိုးစည်ဒိုးပတ်
အစုံအလင်နဲ့ အကောင်းဆုံး
ကြိုးစားရိုက်ကူး ထားတဲ့
JUNEမှထုတ်လုပ်တဲ့
ရွှေသြဇာ ဇီဝမြေသြဇာ
ကြော်ငြာမှတ်တမ်း မို့ အမှတ်တရပါ။
တချိန်က သရုပ်ဆောင်ကြီးများ
အကပညာရှင်များစွာနဲ့
ကြိုးစားအားထုတ်မှုများစွာနဲ့
ဖန်တည်းခဲ့တဲ့ အင်းဝဆေးကြော်ငြာအမှတ်တရပါ။
တချိန်လူကြိုက်များခဲ့တဲ့
ကေသီပန်ကြော်ငြာပါ၊
မင်းသမီးနှစ်လက်နဲ့ကိုဧရာ၊
မိခင်လက်ထက်မှသမီးလက်ထက်အထိ
ကေသီပန်ကိုအစဥ်အဆက်သုံးစွဲ
လာခဲ့ကြပုံ အခန်းဆက်
ဇာတ်လမ်းတွဲကြော်ငြာလေး
အမှတ်တရပါ။
ပုဂံ တေးသီချင်းများထဲမှ
ပုဂံသွားလည် ဆွမ်းလောင်းမယ် . .
ဆို ခင်ညွန့်ရည်
Click here to claim your Sponsored Listing.