Together Learning

Together Learning

Share

Together Learning (Computer Science)(Software Engineering)

06/09/2025

IT နှင့်ပတ်သက်ပြီး စတင်လေ့လာတဲ့အခါမှာ IT terms တွေကိုအလွယ်တကူနားလည်နိုင်ဖို့လိုအပ်ပါတယ်။ အောက်ပါဖော်ပြထားသလို လေ့လာတဲ့ခါ လွယ်ကူအောင် တူညီတဲ့စကားလုံးနှင့်လေ့လာမှတ်သားထားရင် IT booksတွေ IT နှင့်ပတ်သက်တဲ့မည့်သည့်အကြောင်းအရာကိုမဆို နားလည်သဘောပါက်လာပါလိမ့်မယ်။

🖥️ Programming Concepts
✍️ Grammar → Syntax (rules of writing code)
📖 Vocabulary → Keywords / Reserved Words (fixed words in a language)
📝 Sentence → Statement (one instruction)
📑 Paragraph → Function / Block (a group of instructions)
🍳 Recipe → Algorithm (step-by-step process)
🥕 Ingredients → Variables (values used in a program)
🏷️ Name Tag → Identifier (name for variable/function)
🏗️ Blueprint → Program Design (plan before coding)
🌍 Translator → Compiler / Interpreter (turns code into machine language)
🌳 Family Tree → Class Hierarchy (parent-child relationship in OOP)

🌐 Networking & Communication
🏠 Address → IP Address (unique location on the internet)
💬 Conversation → Protocol (rules for communication)
🚦 Road Intersection → Router (directs data traffic)
📩 Messenger → API (delivers info between apps)
📬 Mailbox → Queue / Inbox (messages waiting to be processed)
🗺️ Roadmap → Network Topology (flow of communication)

💾 Data & Storage
🏢 Warehouse → Database (organized data storage)
👨‍💼 Warehouse Clerk → DBMS (manages stored data)
📚 Dictionary → Hash Map (quick lookup structure)
🗄️ File Cabinet → File System (organizes files/folders)
📁 Folder → Directory (collection of files)
🪞 Mirror → Backup / Replication (safety copy)

🔐 Hardware & Security
👨‍🏫 Teacher → Operating System (guides & controls everything)
🧰 Toolbox → IDE (all coding tools in one place)
📜 Toolbox Manual → Documentation (instructions for usage)
🔑 Locker Key → Password / Encryption Key (secure access)
🛡️ Security Guard → Firewall (protects from intruders)
⏩ Shortcut → Alias (quick access)

12/08/2025

ပြောပေးမယ့် Speaker ကခုလက်ရှိ အသုံးပြုများတဲ့ City Mall Appကို Mobile Application Lead Position ဖြင့်ကိုယ်တိုင်ဦးဆောင်ရေးသားခဲ့သူဖြစ်ပြီးခုလက်ရှိမှာလဲ University of Miyazaki မှာ Computer Vision Researcherအဖြစ်လဲလုပ်နေတာကြောင့် IT နဲ့ပတ်သက်ပြီး Academic ပိုင်းဖြစ်ဖြစ် Industry ပိုင်းဖြစ်ဖြစ် IT career ရွှေးချယ်မှုတွေနှင့်ပတ်သက်ပြီးလွတ်လပ်စွာဆွေးနွေးနိုင်မယ့် webinar ဖြစ်ပါတယ်

Free IT Seminar Announcement!!📢

IT နယ်ပယ်ထဲမှာ ကိုယ့်ရဲ့ Future Careerအတွက်ဘယ်လိုအခွင့်အလမ်းတွေရှိမလဲသိချင်နေမိလား? ကိုယ်က စဉ်ဆက်မပြတ် ပေါ်ထွက်နေတဲ့နည်းပညာများကို Research လုပ်ရတာကို ကြိုက်သည့်သူဖြစ်စေ ဒါမှမဟုတ် ကိုယ်တိုင်နည်းပညာအသစ်တွေကို တီထွင်ရတာကို ကြိုက်သည့်သူဖြစ်စေ ဒီ webinar လေးကနေ Academic နဲ့ Industry ရဲ့ မတူတဲ့ကွဲပြားမှုတွေကို မြင်သာအောင်ပြောပြပေးနိုင်မှာမို့ တက်ရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

အလုပ်ထဲက Work Culture, Responsibilities တွေနဲ့ Career Growth အကြောင်းတွေအပြင် ဘယ်လမ်းကြောင်းက ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတဲ့ Topic တွေကို လက်ရှိဂျပန်နိုင်ငံ University of Miyazakiမှာ Machine Learning and Deep Learning တို့ဖြင့် research လုပ်နေသော ကိုအောင်စည်သူမိုး နှင့်အတူတူဆွေးနွေးကြည့်ကြရအောင်။😊

Webinar Schedule
Title 📑 : ACADEMIC VS INDUSTRY (Navigating Career In The IT World)
Date 🗓️: August 20, 2025
Time 🕗: 8:00 PM
Platform 🖥️: Zoom Meeting

Meeting ID: 876 6561 5022
Passcode: 937505

Speaker 👨‍💻
Aung Si Thu Moe(Computer Vision Researcher)
🎓 Master in Engineering
University of Miyazaki, Japan
🎓 Bachelor in Computer Science
Computer University, Thaton

တက်ရောက်ချင်သူများအောက်ပါ linkမှတစ်ဆင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLScjV_SmaRyN0oAy78mqAdonyAQNgkVZbrPWqe_bRGRoYdaaKA/viewform?usp=header

05/07/2024

Character Code ဆိုတာဘာလဲ?

Character ဆိုတာက ကွန်ပျူတာအသုံးပြုတဲ့အခါ Keyboard မှတဆင့်ရိုက်ထည့်လိုက်သော စာလုံးတွေ (အက္ခရာတွေ၊ ကိန်းဂဏန်းတွေ၊ သင်္ကေတတွေ) ကိုပြောတာဖြစ်ပါတယ်။

Character Code တွေဟာ စာလုံးတွေ ကို ကွန်ပျူတာတွေမှာ သိမ်းဆည်းရန်နှင့် ကိုင်တွယ်ရန်အတွက် နံပါတ်ဖြင့် ကိုယ်စားပြုခြင်းပုံစံများဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ပျူတာတွေက 0 နှင့် 1 ကိုဘဲနားလည်သောကြောင့်ဖြစ်ပါတယ်။ အယ်လိုဆိုတော့ တိုက်ရိုက် 0 နှင့် 1 ကိုပြောင်းတာလားဆိုတော့မဟုတ်ပါဘူး။ ဘယ်လိုလုပ်ထားလဲဆိုတော့ A ဆိုရင်နံပါတ်ဘယ်လောက်, B ဆိုရင်နံပါတ်ဘယ်လောက် စသဖြင့် သတ်မှတ်ထားသော နံပါတ်ကနေမှတဆင့် Binary ဖြစ်တဲ့ 0 နှင့် 1 ကိုပြန်ပြောင်းပါတယ်။ Character Code အမျိုးစားတချို့မှာအောက်မှာဖော်ပြထားပါတယ်။

အက္ခရာသတ်မှတ်ချက် စနစ်များ

✓ASCII (American Standard Code for Information Interchange)
ဥပမာ: 'A' အတွက် ASCII code ဟာ 65 ဖြစ်ပြီး 'a' အတွက် 97 ဖြစ်ပါတယ်။
✓Extended ASCII
✓Unicode
အဓိပ္ပါယ်: Unicode ဟာ ကမ္ဘာတစ်ဝှမ်းရှိ အက္ခရာများအားလုံးကို ပါဝင်နိုင်ရန် ဖန်တီးထားတဲ့ အကြီးမားဆုံးသော encoding စနစ်ဖြစ်ပါတယ်။
ဥပမာ

"Hello" ကို သင့်ကီးဘုတ်မှာ ရိုက်နှိပ်တဲ့အခါ:

အက္ခရာတစ်ခုချင်းစီကို သူ၏ ASCII သို့မဟုတ် Unicode ကိုယ်စားနံပါတ်သို့ ပြောင်းလဲပါတယ်။
ကွန်ပျူတာသည် စာသားကို binary နံပါတ်များအဖြစ် သိမ်းဆည်းပါတယ်။
ဖော်ပြသောအခါ၊ binary နံပါတ်များကို ပြန်လည်စာသားသို့ ပြောင်းလဲပြီး မျက်နှာပြင်(monitor)ပေါ်တွင် တွေ့မြင်ရပါတယ်။
ဥပမာ၊ ASCII တွင် "Hello" ဆိုသည်မှာ:

H = 72
e = 101
l = 108
l = 108
o = 111
Binary တွင်:

H = 01001000
e = 01100101
l = 01101100
l = 01101100
o = 01101111
T
နိဂုံးချုပ်

Character Code တွေကို နားလည်ရင် ကွန်ပျူတာတွေ စာသားကို ဘယ်လို ကိုင်တွယ်တဲ့အတိုင်း ပါတယ်။ ASCII နှင့် Unicode ကို များစွာသော ဘာသာစကားများနှင့် အက္ခရာများအတွက် အသုံးပြုဖို့ ပါတယ်။

Data Structures and OOP with C++ : CS104, CS105 Masterclass - Free Udemy Courses 03/07/2024

Udemy Free Course

(100% Fʀᴇᴇ) Data Structures and OOP with C++ : CS104, CS105 Masterclass
▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔
🔗 Enroll Link➛ https://freeudemy.shahtechs.com/data-structures-and-oop-with-c-cs104-cs105-masterclass/

Data Structures and OOP with C++ : CS104, CS105 Masterclass - Free Udemy Courses Master the art of OOP and data structures using C++. Enroll in CS104, C105 Masterclass now and boost your coding skills!

29/06/2024

C/C++ Programming(Mother of Programming Languages) ကိုဘာကြောင့်လေ့လာသင့်တာလဲ။ လေ့လာရင် Career အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲဆိုရင်.........🤔🤔🤔

Computer Science Theories ကိုပိုပြီးနားလည်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ Library တွေရဲ့ Design ကို Computer Science Concepts တွေနှင့်အဓိကထားပြီးဆွဲထားဒါကြောင့် CS Fundamental Knowledge တွေကိုရသွားမှာဖြစ်ပါတယ်။

Software Development အတွက်ဆိုလည်း Modern Programming Language တွေနှင့်ယှဥ်ပါကလည်း High Performance, Lightweight အဖြစ်ဆုံးလို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ Modern Programming Language တွေက Easy to Code ဖြစ်ဖို့အတွက် Technical detail တွေကို Hide လုပ်ထားရတဲ့အတွက် Performance နှင့် Flexibility တွေအားနည်းတာတွေ့ရပါတယ်။ မိမိက performance ကောင်းတဲ့ software တွေappတဲ့ရေးမယ်ဆိုရင်တော့ C++ကအသင့်တော်ဆုံး language တစ်ခုပါဘဲ။

C (သို့) C++ မှာကျတော့ Memory Management ကအစ မိမိဘာသာ ဆောင်ရွက်နိုင်ဒါကြောင့် Performance ‌ရော Flexibility အတွက်အဆင်ပြေပါတယ်။
ဒါကြောင့်မို့ Operating System တွေရဲ့ API တွေကိုလဲ C/C++ နဲ့ဘဲရေးထားတာဖြစ်ပါတယ်။

C/C++ Programming ကို Game Development ၊ Embedded System ၊ Kernel ၊ Operating System စသဖြင့် Performance အရေးကြီးသော Program များ Development ပြုလုပ်ရာတွင် အသုံးပြုကြသောကြောင့် နှောင်နှစ်ပေါင်းများစွာထိ C/C++ သည်ဆက်လက်အသုံးပြုနေအုံးမှာဖြစ်ပါတယ်။

Advanced Programming Conceptsတွေကို နားလည်ချင်ရင်တော့ C++ကိုလေ့လာဒါက ပိုပြီးအဆင်ပြေတယ် ။ C++က flexible ဖြစ်၊ powerful လဲဖြစ်တဲ့languageတစ်ခုပါဘဲ ။

သဘောကျဆုံး အားသာချက်တခုက C/C++က နှောက်နှစ်ပေါင်းများစွာထိ လိုအပ်နေမှာက အသေချာပါဘဲ သူရဲ့ high performance က တခြား programming languages တွေက ခုထိ မမှီသေးတော့ လေ့လာထားရင် အေးဆေးဘဲ ။😁😁


++

Photos from Together Learning 's post 09/06/2024

Difference Memory Allocation Techniques in C++

Memory allocation ဆိုတာ data တွေကို ဘယ်ချိန်memory ပေါ်မှာ နေရာစယူထားပြီးတော့ ဘယ်ချိန်memory ပေါ်ကနေဆင်းသလဲဆိုတာကို manage လုပ်ခြင်းဖြစ်ပါတယ်။ C++ မှာ memory allocation အမျိုးအစားတွေကတော့ အောက်ဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။
1. Stack Memory Allocation
2. Heap Memory Allocation
3. Static Memory Allocation
4. Register Memory Allocation

ပုံတစ်ခုချင်းမှာ သက်ဆိုင်ရာ details တွေရဲ့ Link တွေပါ ပါတယ်။

Photos from Together Learning 's post 09/06/2024

Register Memory Allocation in C++

register keyword ကို သုံးပြီး register variables တွေကို declare လုပ်နိုင်ပါတယ်။ Register variables တွေဟာ CPU ရဲ့ register တွေမှာ သိမ်းထားမယ်ဆိုပြီး compiler ကို ပြောတဲ့ထားတဲ့သဘောပါ။ ဒီလိုလုပ်ရတဲ့အကြောင်းက variable တွေကို register မှာ သိမ်းထားတဲ့အခါမှာ memory မှာသိမ်းထားတဲ့အချိန်ထက် accessing speed ပိုမြန်လို့ပါ။
Register variables တွေဟာ သာမန် variables တွေထက် accessing speed ပိုမြန်တာကြောင့်၊ loop counters, frequently accessed variables တို့လို မကြာခဏအလုပ်လုပ်ရမယ့် variable တွေမှာအသုံးပြုပါတယ်။ ဒါပေမဲ့ register memory ဟာ အရမ်းနည်းတာကြောင့် register variable တွေကို မဖြစ်မနေ အရမ်းလိုအပ်တဲ့အခါမှာပဲ သုံးသင့်ပါတယ်။

ပုံလေးတွေနဲ့ စာကိုလဲဖတ်ကြည်ကြရအောင်...

Photos from Together Learning 's post 09/06/2024

Static Memory Allocation in C++

global variables နှင့် static keyword အသုံးပြုပြီး declare လုပ်ထားသော variables တွေက static memory allocation လုပ်ပါတယ်။ static memory allocation လုပ်ထားတဲ့ variable တွေဟာ program စတင် run တဲ့အချိန်ကနေစပြီး memory ပေါ်မှာ allocate လုပ်ပါတယ်။ program run ပြီးတဲ့အချိန်မှာပဲ memory ကနေ deallocate လုပ်တယ်။ Static variables တွေဟာ program အတွင်း အမြဲတမ်းတည်ရှိနေပြီး variable value တွေကို သက်ဆိုင်ရာ scope ထဲမှာ အမြဲတမ်း သိမ်းဆည်းထားနိုင်တယ်။

ပုံလေးတွေနဲ့ ထပ်ရှင်းထားတာကိုလဲလေ့လာကြည်ရအောင်...

Photos from Together Learning 's post 09/06/2024

Heap Memory Allocation in C++
Heap memory ကို dynamic memory allocation အတွက် အသုံးပြုကြတယ်။ Stack memory နဲ့မတူတာက variables တွေက programmer ကိုယ်တိုင် နေရာယူဆိုမှ allocation လုပ်ပြီး memory ပေါ်ကနေ နေရာဖယ်ချင်ရင်လဲ programmer ကိုယ်တိုင် ဘဲ ဖယ်ရပါတယ်။ programmer က variable ကို နေရာစယူချင်ရင် new keyword သုံးပြီး memory ပေါ်ကနေ ဖယ်ချင်ရင် delete keyword နဲ့ ဖယ်ပေးရမယ်။ variable ကို new keyword သုံးပြီး နေရာချခဲ့ရင် variableကို မလိုအပ်တော့ဘူးဆိုရင် delete keyword ဖြတ်ပေးဖို့ လို့အပ်ပါတယ်။ တကယ်လို့ မဖြတ်ခဲ့ဘူးဆိုရင်တော့ garbage ဖြစ်စေပါတယ်။

ပုံလေးတွေနဲ့ ထပ်ရှင်းထားတာကိုလဲလေ့လာကြည်ရအောင်...

Photos from Together Learning 's post 09/06/2024

Stack Memory Allocation in C++

Stack memory allocation ဖြင့် အသုံးပြုထားသော variable တစ်ခုသည် function call လုပ်သောအချိန်တွင် memory ပေါ်တွင် စတင်နေရာယူပြီး function scope အပြီးတွင် memory ပေါ်က ဆင်းတယ်။ ပုံမှန်အားဖြင့် int a, int b စသဖြင့် main function တို့ တခြား function တွေထဲမှာ declare လုပ်ပြီးသုံးလေ့ရှိနေတဲ့ variable တွေက compiler ကိုယ်တိုင် stack memory ပေါ်မှာ auto allocate လုပ်ပေးနေတဲ့ allocation method ဘဲဖြစ်ပါတယ်။

အောက်ကပုံလေးနှင့် စာတွေတချက်လေ့လာကြည်ရအောင်

27/05/2024

👉Logic အားနည်းတဲ့သူတွေက programming ကို လေ့လာလို့ရပါသလား။

တစ်ဦးတည်းအမြင်အရဆိုရင်တော့ ရပါတယ်။ ဘာလိုအပ်သလိုလဲဆိုရင် ပုံမှန် practice လုပ်ပေးနိုင်ဖို့ပါဘဲ။ ပုံမှန် practice လုပ်ဖို့အချိန်မပေးနိုင်ရင်တော့ ရေရှည်ကျတော့ တိုးတက်မှုမရှိဘဲ လက်လွှတ်လိုက်ရတာပါဘဲ။ ပုံမှန် practice လုပ်သွားမှဘဲ programming concepts တွေကိုပိုနားလည်ပြီး skill လည်းဖြည်းဖြည်းချင်း develop ဖြစ်လာပြီးတော့ error တွေကို သေချာ handle လုပ်သွားနိုင်လိမ့်မယ်။ error handle လုပ်နိုင်ပြီးဆိုရင် code တွေကိုရေးနိုင် ဖတ်နိုင်လာလိမ့်။ ပုံမှန် practice လုပ်တာက အစပိုင်းမှာ logic တိုးတက်နိုင်တယ်လို့ မြင်သာထင်သာ မရှိပေမဲ့ ရေရှည်ကျ လုံး၀သိသာသွားလိမ့်ပါမယ်။

👉ဟုတ်ပြီ ဒါဆို logic အားနည်းရင် ဘယ် programming နဲ့စပြီးလေ့လာရင်ပိုပြီးကောင်းပါသလဲ။

စစချင်း python တို့ javascript တို့လို့ simple syntax languages တွေနဲ့စပြီးလေ့လာတာပိုကောင်းတယ်လို့မြင်ပါတယ်။ ပြီးရင်တော့ basic logic ကို နားလည်လွယ်အောင် Scratch တို့ Blockly တို့လို့ visual tools တွေနှင့်တွဲသုံးတာပြီးလေ့လာတာကလည်း အထောက်ပံ့ဖြစ်ပါတယ်။ ပြီးရင် တခြားသူတွေ‌ရေးထားတဲ့ open source code projects တွေ‌လေ့လာပြီး ကိုယ်စိတ်၀င်စားတဲ့ projectသေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ်ရေးသင့်ပါတယ်။ projects သေးသေးဘဲဖြစ်ဖြစ် ကြီးကြီးဘဲဖြစ်ဖြစ် အပိုင်းသေးသေးလေးတွေခွဲပြီး စဥ်းစားရေးတာက ပိုပြီးအဆင်ပြေပါတယ်။ ကိုယ်ကိုလဲ တဖြည်းဖြည်းနှင့် ပိုပြီးတိုးတက်လာမယ်လို့ယုံကြည်ထားရမယ်ဆိုရင်တော့ ပိုပြီးလေ့လာရတာ အဆင်ပြေပါတယ်။

အမှန်တကယ် programming လေ့လာချင်ရင်တော့ logic ကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ အရေးကြီးဆုံးကတော့ regular practice ရှိဖို့ပါဘဲ ။ regular practice ရှိနေရင် thinking လုပ်တာက ပိုပြီးအာ‌းကောင်းလာမှာဖြစ်ပါတယ်။☺️☺️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00