Apyae Design House
A Graphic Designer who experienced 6 years in Marketing Agency Field
22/04/2023
Social Media Design တွေနဲ့ ပတ်သက်ပြီး နည်းနည်းလေး အာချောင်မှာပါ
တကယ်ဆရာတွေလည်းရှိသလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အခုမှ ဒီလောကကို ဝင်လာတဲ့သူတွေလည်း အများကြီးရှိတော့ ကျနော်သိသလောက်လေး နည်းနည်းဝေမျှပေးချင်တာပါဗျ
Social Media Design တွေပတ်သက်လို့ အချို့ကျတော့လည်း ဘယ်လိုဆွဲလို့ဆွဲရမှန်းမသိဆိုပြီးဖြစ်နေတာရှိသလို
အချို့ကျတော့လည်း template ထဲကောက်ထည့်ရုံပဲ ဘာမှ ထွေထွေထူးထူးမဟုတ်ဘူးဆိုပြီး တွေးနေကြတာ ရေးနေကြတာမျိုးတွေတွေ့ရပါတယ်
တကယ်ကတော့ လုပ်ရတဲ့အလုပ်တိုင်းက သူ့နေရာနဲ့သူ အရေးပါသလို သူ့အနေအထားနဲ့သူ ခက်ခဲသလို လွယ်လည်းလွယ်ကူပါတယ်
စကားဦးသန်းတာ နည်းနည်းများသွားပြီဆိုတော့ ကျနော် ဝေမျှပေးချင်တာလေးတွေ စပြောပေးပါမယ်နော်
- ဘယ်နေရာမှာသုံးမှာလဲ ဘယ်လိုSIZE မျိုးနဲ့ဆွဲရမလဲ
ကိုယ်ဆွဲပေးရမယ့် ဒီဇိုင်းက ဘယ် media ဘယ် social platformမှာ တက်မှာလဲဆိုတာ အရင်သိအောင်လုပ်ပါ
သာမန် post လား ၊ story မှာတက်မှာလား ၊ instagram မှာတက်မှာလား facebook လား tiktok လား အဲ့တာကိုအရင်သိအောင်လုပ်ပြီး ဘယ်လိုsize နဲ့ဆွဲရမလဲဆိုတာ ဆုံးဖြတ်ရမှာပါ square ratio လား 1920*1080 ratio လား စသဖြင့်ပေါ့ သိအောင်လုပ်ပြီးမှ ဆွဲပေးရင် ပိုပြီးအဆင်ပြေသလို ပြန်ပြင်ရမယ့် အကြိမ်အရေအတွက်လည်း ပိုနည်းသွားတာပေါ့
တခါတလေကျရင် အဲ့တာတွေက ကိုယ်တိုင်မမေးရဘဲ အတိအကျလာတာရှိသလို တခါတလေကျတော့ မေးမြန်းမှ သိရတာမျိုးရှိလို့ ထည့်ရေးထားပေးတာပါ
- ကိုယ့်ဆွဲမယ့် ပစ္စည်းအကြောင်း ကိုယ်တိုင်နားလည်နေပါစေ
ဒါကတော့ social media design မှမဟုတ်ပါဘူး ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်ဝန်ဆောင်မှုပေးမယ့် ပစ္စည်း အကြောင်းကို ကိုယ်တိုင်နားလည်နေမှ လုပ်ရလွယ်ကူ၊ Design ဆွဲရပိုမိုလွယ်ကူစေမှာပါ
ဥပမာ ကိုယ် ဒီဇိုင်းဆွဲပေးမယ့် ပစ္စည်းက အထည်ဆိုင်အတွက်ဆိုကြပါစို့
- အဲ့အထည်ဆိုင်က ဘယ်လိုအထည်ဆိုင်မျိုးလဲ
- အဲ့အထည်ဆိုင်မှာ ဘယ်လိုအထည်တွေရောင်းလဲ
- အဲ့အထည်ဆိုင်ရဲ့ ပြိုင်ဖက်အထည်ဆိုင်တွေက ဘယ်လိုမျိုးတွေတင်လေ့ရှိလဲ
- ကိုယ်က ဘယ်လို အထည်မျိုးတွေအတွက် ဒီဇိုင်းဆွဲပေးရမလဲ
ဒါတွေက သိကိုသိထားသင့်တဲ့ အချက်အလက်တွေပါ အချို့ client တွေကျတော့ ဒါတွေကို ကိုယ်တိုင်ပြောပြပေးပေမယ့် အချို့ကျတော့ မြန်မာclient တွေက သိကိုမသိတာပါ အဲ့အနေအထားမျိုးကျရင်တော့ ကိုယ့်ဘာသာကိုယ် ကိုယ်တိုင်ရှာဖွေ လေ့လာရပါတယ်
လေ့လာတယ်ဆိုလို့ အများကြီးမတွေးလိုက်ပါနဲ့ဗျ ကိုယ့်ဆွဲပေးမယ့် ပစ္စည်းနဲ့ ပုံစံတူ ပစ္စည်းတွေရဲ့ page တွေကို ဝင်ရောက်လေ့လာပေးသင့်တယ်လို့ ဆိုလိုချင်တာပါ
- ကိုယ့်ဆွဲပေးမယ့် ပစ္စည်းရဲ့ အရောင်ကာလာ ကို သိအောင်လုပ်ပြီး သတ်မှတ်ပေးနိုင်ပါစေ
ဒီနေ့ခေတ်မှာ digital media ခေတ်မို့ Facebook ဖြစ်စေ instagram ဖြစ်စေ ကြော်ငြာပို့စ်တွေ ကုန်အမှတ်တံဆိပ်ပစ္စည်းတွေရဲ့ ပိုစ့်တွေကို ပလူပျံနေအောင် မြင်တွေ့ရမှာပါ အဲ့အထဲက ကိုယ်ပစ္စည်းကို မှတ်မိနေဖို့ ကိုယ့်ပိုစ်ကိုမြင်တာနဲ့ သိအောင်လို့ဆိုတာက ကိုယ်သုံးမယ့်အရောင်တွေက တသမတ်တည်းဖြစ်နေဖို့လိုတာပါ
ဥပမာအနေနှင့်ပြောရရင် အိုဗာတင်း ပို့စ်လိုဆိုလိုက်တာနဲ့ အရင်ဆုံး သူ့ကုန်အမှတ်တံဆိပ်အရောင်ဖြစ်တဲ့ အနီရောင်ကိုပြေးမြင်ကြတာပါပဲ
Pond's မျက်နှာသစ်လို့ ဆိုလိုက်တာနဲ့ ပန်းရောင်ကို အရင်တွေးမိကြတာပါပဲ
ဒါတွေက ရှေ့မှာ marketing နည်းတွေနဲ့ မှတ်မိအောင်လုပ်ထားကြတယ်ဆိုပေမယ့်
ဒီနေ့ခေတ် လူအများသုံးနေကြတဲ့ social media platform တွေမှာလည်း အရောင်တွေကို တပုံစံတည်း သတ်မှတ်သုံးခဲ့ကြလို့ မှတ်မိနေကြတာဖြစ်ပါတယ်
- အရာရာက BRAND နှင့် AUDIENCE အတွက်ပါ ပြီးတော့ CLIENT က အလေးထားပါ
ကိုယ်တွေက ဒီဇိုင်းကို ဘယ်လောက်လန်ပျံထွက်နေအောင်ဆွဲဆွဲ ကိုယ်ဆွဲတဲ့ပေးတဲ့ ဒီဇိုင်းက brand အတွက်ဖြစ်ပြီး အဲ့တာကို ကြည့်ရှုပေးမှာက audience တွေပါ ကိုယ်ကြိုက်ဖို့ဆိုတာထက် brand နဲ့လိုက်ပြီး audienceတွေအတွက် ကြည့်ချင်စဖွယ်ဖြစ်ဖို့က အရေးကြီးပါတယ် ပြီးတော့ အဲ့တာကို သုံးမသုံး ဆုံးဖြတ်ပေးမှာက client ပါ
ကိုယ်က manipulation လုပ်ရတာ ကြိုက်တဲ့သူမို့ ဘာbrand လာလာ manipulation ပဲလုပ်ပေးလိုက်မယ်ဆိုပြီးလုပ်လို့မရပါဘူး brand နဲ့မကိုက်ရင် client ကြိုက်မှာမဟုတ်ပါဘူး client မကြိုက်ရင် ကိုယ့်ဒီဇိုင်းကို သုံးမှာမဟုတ်ပါဘူး brand က ပုံမှန်တင်နေကျက vector ဖြစ်ပေမယ့် ကိုယ်က vector မကြိုက်လို့ ရိုးရိုး လူပုံနှင့်ပဲလုပ်ပေးမယ်ဆိုပြီးမရပါဘူး အဲ့တာတွေက သတိထားပေးရမယ့် အရာတွေပါ
(ခြွင်းချက်အနေနဲ့တော့ အချို့တွေက အလှည့်အပြောင်းအနေနဲ့ တင်နေကျပုံစံနဲ့ မတူတာမျိုးတွေတင်ချင်လို့ ပြောင်းချင်လို့ဆိုရင်တော့ တမျိုးပေါ့)
− TRENDS ကို မျက်ခြေမပြတ်ပါစေနှင့်
digital ခေတ်က အရာရာကို အမီလိုက်နိုင်မှ အဆင်ပြေတာပါ Facebook အတွက် ဘယ်လို ဒီဇိုင်းတွေ ခေတ်စားနေလဲ instagram မှာ ဘယ်လို ပုံစံမျိုးတွေ လူတွေကြိုက်နေလဲဆိုတာကို အမြဲတမ်းစောင့်ကြည့်လေ့လာနေရမှာပါ ဟိုတလောက နံနံပင်နဲ့ပတ်သက်ပြီး ခေတ်ထကြတော့ brand တော်တော်များများက နံနံပင်နဲ့ ပတ်သက်တဲ့ ပို့စ်တွေ design တွေလုပ်ပြီးတင်ကြတယ် အချို့အတွက်ကျတော့ နည်းနည်းမျက်စိနောက်စရာဖြစ်ပေမယ့် အချို့တွေအတွက်ကျတော့ အဲ့တာက audience တွေကြား သုံးစွဲသူတွေကြားမှာ ပေါက်သွားစေပါတယ်
------------------------------------------------------
သိထားသင့်တဲ့ အချက်တွေအများကြီး အများကြီးရှိပါသေးတယ် ဒါတွေကအဲ့ထဲကမှ အချို့တဝက်ကို ကျနော် ဝေမျှပေးတာပါ
လိုအပ်ချက်တွေရှိရင်လည်း ပြောခဲ့ပေးလို့ရပါတယ်။ နောက်ထပ်လည်း အများကြီး မျှဝေပေးချင်ပါသေးတယ်
အောက်က link ကတော့ ကျနော့်ရဲ့ behance link ပါ
ဝင်လေ့လာလို့ရပါတယ်
ကျေးဇူးတင်ပါတယ်ဗျ......
https://www.behance.net/dracularki969f
09/01/2023
Good Brief, Good Result
We did the best guys 🥰🥰🥰
11/12/2022
EDM Party ပွဲတွေအတွက် ထူးခြားဆန်းသစ်ပြီး စိတ်ဝင်စားမှု အပြည့်ရနိုင်မယ့်
ဒီဇိုင်းတွေကို လိုအပ်နေပြီလား
ဒါဆိုရင်တော့ Apyae Design House ရဲ့ chat box ကိုသာလာပြီး ဆက်သွယ်လိုက်တော့ဗျာ
15/09/2019
Cii Myanmar အတွက် 3Blocksမှ ဖန်တီးပေးထားတဲ့ Brochure လေးတွေဖြစ်ပါတယ်ဗျ။
Pamphlet, poster, brochure, company profile တွေဆိုတာ လုပ်ငန်းတစ်ခုအတွက် မရှိမဖြစ်ထားရမယ့် first impression တွေလေနော်။ ကောင်းကောင်းမွန်မွန်နှင့် ဒီဇိုင်းလန်းလန်းလေးတော့ လုပ်သင့်တာပေါ့ဗျာ.....
ဈေးအသင့်အတင့် နဲ့ ကောင်းကောင်းလေး လိုချင်ရင်တော့ 3blockမှ လုပ်ပေးဖို့အသင့်ရှိပါတယ်ဗျ။
📱+959-250246106
📧[email protected]
13/09/2019
ဒီဇိုင်းနဲ့ပတ်သက်ပြီး အဲ့ပေ့ခ်ျမှာ စုံစမ်းလို့ရပါတယ်
Click here to claim your Sponsored Listing.