YYC Channel
I love the truth
04/12/2023
အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်း အသည်းရောဂါနဲ့ ကွယ်လွန်
ရန်ကုန် ဒီဇင်ဘာ ၄
အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်းဟာ ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီ ၁၀မိနစ်က အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
“ကျွန်တော် ဘေထုပ်ရောင်းတုန်းက အိတ်တစ်လုံးအားပေးရင်း အားပေးစကားတွေ အများကြီးပြောခဲ့တယ်။ စိတ်ထားလည်း ကောင်းတဲ့သူပါ။ နင့်အလှည့်မှာ ငါသေသေချာချာ အားပေးစကားမပြောဖြစ်လိုက်ဖူးဟာ။ အဲ့ဒီလောက်မြန်မြန်ထွက်သွားရမယ်လို့ မထင်မိတာပါဟာ။ ကောင်းရာဘုံဘဝရောက်ပါစေ“လို့ အဆိုတော် ဖြိုးကျော်ထိုက်က ပရိသတ်သိအောင်ပြောလာပါတယ်။
အာကာအောင်ခင်ဝင်းဟာ ၂၀၁၅ ခုနှစ်က “အသိအမှတ် ”တစ်ကိုယ်တော် သီချင်းခွေထွက်ရှိထားသူလည်း ဖြစ်ပါတယ်။
“ဒီလိုသတင်းတွေကြားတိုင်း သီချင်းဆိုပြီး ရပ်တည်ရတဲ့ ဘဝကိုစဉ်းစားပြီး ကြောက်ရွံ့လာတယ်။ ကိုယ့်ဘဝကလည်း အရက်ဆိုင်တွေမှာ စားသောက်သူတွေကို ဖျော်ဖြေပေးနေရတာဆိုတော့ သောက်ဖြစ်နေတယ်လေ။ မသောက်ဘဲဆိုရင် ခံစားမှုမရောက်။ ဒါက အကြောင်းပြချက်ပါကွာ ဆိုပြီး ပြောကြရင်လည်း ခံပါ့မယ်။ တကယ်တော့ မလွယ်။ ကျွန်တော်က Only One လေ။ RIP ပါ ညီလေး အာကာအောင်ခင်ဝင်း”လို့ တေးရေးတေးဆို ဖိုးသဲကလည်း ပြောပါတယ်။
#အိမ်မက်ဆုံရာ #အာကာအောင်ခင်ဝင်း
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon