Save Myanmar

Save Myanmar

Share

This page is to aim for "The vote of Myanmar Citizens must be respected and civilian leaders released".

There will be no tolerance for false news, and abuse on this page.

Photos from Save Myanmar's post 17/04/2025

လမ်းကဝုတို့အတွက် ဈေးသက်သာတဲ့ လှူဒါန်းနိုင်တဲ့ကျန်းမာသောအစားအစာများ။ ( Vet က ရေးတဲ့ Google နဲ့ ChatGPT ( မြန်မာပြည် မှာ လွယ်လွယ် ဝယ်လို့ ရမယ့်အစားအစာ) ရယ် အမေရိကန်နိုင်ငံမှာရှိတဲ့ ခွေးအပေါ်အထူးပြု အဖွဲ့ မှာ ရှာ ပြီးတင်​ပေးလိုက်ပါတယ်။

မှားတာရှိတယ် ထင်ရင် link နဲ့ တကွ ပြန်ပြီး​ထောက်ပြပါ။ မဟုတ် ပဲ မိုက်ရိုင်းစွာ comment မှာ ဖြစ်​စေ messenger မှာ ဖြစ်​စေလာဆဲ သူကို harassment report လုပ်​ပေးခြင်းဖြင့်ကူညီ​ပေးပါ)

1. ဆန် + ဆန် အညို
• စားလွယ်ပြီး အဟာရဖြစ်
• ဆန်ဟာ ရိုးရှင်းသော်လည်း စားသင့်တဲ့ အခြေခံစာဖြစ်တယ်
2. ပြုတ်ထားတဲ့ မုန်လာဥနီ
• ဝမ်းဗိုက်ကောင်းအောင် ကူညီတယ်
• ဈေးသက်သာပြီး သဘာဝဖြစ်တဲ့ အစာပါ
3. ကြက်ဥ (ပြုတ်ထားတဲ့) + ဥခွံ ပြုတ်ပြီး ပြုတ်ထားတဲ့အခွံကို အမှုန့်ဖြစ် အောင်ချေပြီးလည်း ကျွေးလို့ရ
• ပရိုတင်းအလွန်ကောင်းပြီး ငွေကြေးအရ ချိုသာတယ်

4. ကြက်ခြေဖျား / ကြက်ခေါင်း ပြုတ်တဲ့အခါ အရိုးတွေ နူးအောင်လုပ်ရမယ် ( တခြား ကြက်ရိုး/ ဝက်နံရိုး/ အမဲရိုး/ ဆိတ်ရိုးများ ပြုတ်ပြီး ချက်ပြီး လုံးဝ မ​ကျွေးသင့်ပါ။
• စျေးချိုတဲ့အသား/ငါး/ အသည်း ပြုတ်ပြီးလည်း ကျွေးလို့ရပါတယ်

ဝမ်းဗိုက်ကောင်းအောင် ကူညီတဲ့ ဟင်းသီးဟင်းရွက်များ
5. မုန်လာဥနီ(ပြုတ်ပြီး)
6. ပဲသေးစေ့ / ပဲကြီးစေ့ (ပြုတ်ပြီးသာ သုံး)
7. ရွှေဖရုံသီး အပြုတ် (အ​စေ့မပါ။ ကန်စွန်းဥပြုတ်)
8. ပဲပြုတ် (ဆီ၊ ဆားမပါ)

တခြား ကျွေးသင့်ရှောင်သင့်တာတွေ ပုံမှာ တင်ပေးလိုက်ပါတယ်။

ကျွေးနိုင်တဲ့ အရိုး အစိမ်း သို့မဟုတ် ခဲပြီးပေးလို့ရတဲ့ အရိုးပုံလည်းတင်ပေးလိုက်ပါတယ်။ ခဲတံ က အရိုး size ကိုသိလို့ရအောင်ပါ

ခွေးတွေ အရိုးဝါးခြင်း၏ အကျိုးကျေးဇူးများ

၁။ သွားကျန်းမာရေးကောင်းစေနိုင်သည်
ခွေးကို အရိုးပေးတဲ့အကြောင်းအရင်းအဓိကတစ်ခုက သွားကျန်းမာရေးကောင်းစေချင်တာပါ။
အရိုးကို ဝါးခြင်းက ပလတ် (plaque) နဲ့ တာတာ (tartar) တွေကို ဖယ်ရှားနိုင်ပြီး သွားဖုံးမှာကြာရင် တက်လာတဲ့ အညစ် အကြေးတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ စိတ်အတွက် ကောင်းသည်

အရိုးဝါးခြင်းက စိတ်လှုပ်ရှားမှုနဲ့ ပျင်းခြင်းကို လျှောစေနိုင်ပါတယ်။
အကြောင်းမဲ့ဝါးတာတွေ၊ ပစ္စည်းဖျက်တာတွေကို ရှောင်ရှားစေပြီး သဘာဝအတိုင်း အလှုပ်အရှားဖြစ်စေတဲ့ လှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။

၃။ အာဟာရတန်ဖိုးအချို့ ပါဝင်သည်
အထူးသဖြင့် အရိုးအစိမ်း (raw bone) တွေမှာ အာဟာရဓာတ်တန်ဖိုးရှိပါတယ်။
ရိုးတွင်းချင်စီ (bone marrow) က အဆီဓာတ်များနဲ့ ကယ်လိုရီ (calories) ပေးနိုင်ပြီး ခွေးအတွက် အသုံးဝင်ပါတယ်။
အရိုးထဲမှာ သံဓာတ် (calcium), ဖော့ဖာရပ် (phosphorus) နဲ့ အခြား သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။

အရိုးပြုတ်ထားတာတွေ (Cooked Bones) ရဲ့ အန္တရာယ်များ

၁။ ပြုတ်ထားတဲ့အရိုးတွေက အလွယ်တကူ ကွဲထွက်ပြီး စူးတတ်ပါယ်။
ဝုကမသတိထားပဲ စားလိုက်ရင် အရိုးအပိုင်းငယ်တွေကြောင့် အသက်ရှုလမ်းကြောင်းပိတ်ခြင်း ဖြစ်နိုင်ပါတယ်။
ဒီအစိတ်အပိုင်းတွေက ပါးစပ်၊ လည်ချောင်း၊ အူကြောင်း ကို ထိခိုက်စေနိုင်ပြီး အရေးပေါ်ဆေးကုသမှုလိုအပ်ဖွယ် ဖြစ်လာနိုင်ပါတယ်။

၂။ အာဟာရဆုံးရှုံးမှု ဖြစ်တတ်သည်
အရိုးပြုတ်တာကြောင့် အရိုးထဲမှာရှိတဲ့ သဘာဝဓာတ်များ (ကယ်ဆီယမ်၊ ဖော့ဖာရပ်) တွေ အပူကြောင့် ပျောက်ကွယ်သွားနိုင်ပါတယ်။

Links တွေလည်း တင်ပေးလိုက်ပါတယ်

https://www.guilfordjamestownvet.com/site/blog-greensboro-vet/2024/03/15/dog-bone-safety #:~:text=May%20Promote%20Good%20Dental%20Health,natural%20toothbrush%20for%20your%20dog

https://www.akc.org/expert-advice/nutrition/can-dogs-eat-bones/

16/04/2025

ဒီပေးချ်ကို စတုန်း က coup နဲ့ပတ်သက်ပြီး တင်ထားတာပါ။ နေ့တိုင်း တော့မတင်ဖစ်ပါဖူး။ ဒီပေးချ်က ဘယ်တုန်းက မှ အလှူငွေ လည်း မကောက်ပါဘူး။ ကိုယ်လုပ်ခဲ့တာကတော့ တခြားနိုင်ငံက ပါလီမန် အမတ်တွေကို မြန်မာ ပြည်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို စာရေးပြီး ပို့ပေးခဲ့ပါတယ်။ မြန်မာ ပြည်ကို ကူညီဖို့အတွက်။

ခုနောက်ပိုင်းတော့ သိသင့်သိထိုက်တယ် လို့ ထင်တဲ့ အကြောင်းလေးတွေကို တင်ပေးဖြစ်ပါတယ်။ ခုနောက်ပိုင်း ခွေးလေးတွေ အသက်ခံနေရလို့ ဝုတို့နဲ့ ပတ်သက်ပြီးတင်ပေးဖြစ်ပါတယ်။

အလှူရှင် တွေ စေတနာ ကနေ ဝေဒနာ ဖြစ်ပီး ဝုတို့ ကျန်းမာရေး မထိခိုက်ရအောင်။ ကိုယ့် အိမ်မှာ တကူးတက စျေးကြီးတဲ့ ဝု သို့မဟုတ် လမ်းက ဝု ကိုချစ်လို့ ခေါ်မွေးတာဖြစ်ဖြစ် မကျွေးသင့် တာ မကျွေးရအောင် မျှဝေပေးခြင်းပါ။ ကိုယ်ကို တိုင်းလည်း rescue ကနေ မွေးထားတာပါ။ Vet နဲ့ရော Google၊ ChatGPT Gemini မှာပါ ရှာပေးပီးမှ တင်ပေးတာပါ။ ကိုယ်တိုင် မကျွေးမီ မှာ အမြဲ research လုပ်ပါတယ်။

အဲဒါကို Shout Tee comment မှာ messenger မှာ မိုက်မိုက် ရိုင်းရိုင်း လာပီး ဆရာကြီးလား ဆိုပီးလာဆဲ တယ်။ တင်ပေး တဲ့ အချက်က မှားတယ် ဆိုရင် link နဲ့ website နဲ့ အမှားကိုထောက် ပြပါ။ Discussion လုပ်ပြီး အမှားပြင်ဖို့ ဝင်မလေးပါ။

မိကောင်းဖခင်သားသမီး မဆန်စွာ မိုက်ရိုင်းစွာလာပီး ဆဲရင်တော့ ဘုရားအလောင်းလျာ လည်းမဟုတ် ရဟန်းလည်း မဟုတ်၍ သည်းခံမည် မဟုတ်ပါ

11/04/2025

တချို့အလှူရှင်တွေ ဝုလေးတွေကို ကြက်ရိုးနဲ့ ကျွေးတယ် ဆိုလို့ ဗဟုသုတ အနေ နဲ့ စေတနာကနေ အန္တရာယ် မဖြစ်ရအောင် တင်ပေးလိုက်ပါတယ်။
ဝုတွေ ကို အစာကျွေးရင် ရှောင်ရှား ရမည့် အစာများ

❌ချက်/ပြုတ်ထားသောအရိုးများ။ နူး​အောင် ပေါင်းည်းမရပါ။ ( ✅လည်ပင်းရိုးနဲ့ခြေထောက် ကို အစိမ်းလိုက် ခဲထားပြီးကျွေးရင်တော့ရပါတယ်။ ) ချက်ပြုတ်ထားတဲ့ အရိုးတွေက ကျိုးကျိုးပြတ်ပြတ် ဖြစ်လို့ နင်တာ၊ အစာအိမ်နဲ့ အစာကြောထဲကို ထိခိုက်ဖောက်ထွင်းတာ၊ ဒါမှမဟုတ် အစာအိမ်ထဲမှာ မချေဖျက်နိုင်ပဲပိတ်နေတာမျိုး ဖြစ်စေနိုင်ပါတယ်။
❌ကြက်သွန်အနီ/ အဖြူ အဆိပ်အတောက်ဖြစ်ပါတယ်။ သက်တမ်းမရှည်နိုင်ပါဘူး။

❌ချောကလက်
❌စပျစ်သီး၊ စပျစ်သီးခြောက်
❌မှိုတတ်ပုပ်နေသော အစားအစာများ
❌ဆီကြော်များ
❌အရက်ပါသော အစားအစာများ
❌ကိတ်မုန့်များ
❌ကော်ဖီ/ လက်ဖက်ရည်
❌ထောပတ်သီး
❌ပီကေ
❌ဆား/ ငံပြာရည်/ အချိုမှုန့်
❌ ချယ်ရီသီး

✅ဝမ်းသွားရင်တော့
ရွှေဖရုံသီး ပြုတ် အစေ့မပါ။ ကန်စွန်းဉပြုတ်ကျွေးလို့ရပါတယ်

09/04/2025

အခုတလော ခွေးသတ်တဲ့ case တွေ တွေ့​နေရပါတယ်
တချို့က တိရစ္ဆာန်ချစ်သူတွေကို ဒရမ်မာခင်းတယ်လို့မြင်တယ်။ ခွေးသတ်တဲ့လူကို ထောင်ထဲတောင်ထည့်တာက ပိုလွဲသွားပြီလားဆိုတဲ့အထိ ပြောကြတယ်။ ‘ကြက်၊ ဝက်၊ နွားတောင်စားရတယ်၊ ခွေးလည်း စားလို့ရတယ်ပဲ’ လို့ဆိုကြတယ်။ ဒါပေမဲ့

ကြက်၊ ဝက်၊ နွားတွေက တရားဝင်လိုင်စင်ရှိတဲ့ စားသုံးနိုင်တဲ့တိရစ္ဆာန်တွေပါ။ စားမယ်ဆိုရင်လည်း သတ်ရတဲ့နည်းလမ်းတွေ၊ သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ စံနှုန်းတွေလိုက်နာရပါတယ်။ ဒါနဲ့မတူဘဲ ခွေးနဲ့ကြောင်တွေက အစားအသောက်အဖြစ်အသိအမှတ်မပြုထားတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး၊ သတ်တာ၊ စားတာတွေက တရားမဝင်ပါဘူး

ထို့အပြင် တခြားနိုင်ငံတွေမှာ ခွေးကို ထိုးနှက်ရိုက်နှက်ခြင်းပင် တရားမဝင်ဖြစ်ပြီး ဖမ်းအရေးယူတတ်ကြပါတယ်။ ခွေးနဲ့ကြောင်တွေကို မိမိရဲ့သားသမီးလို တန်ဖိုးထားကြပါတယ်။

တကယ်တမ်း၊ ခွေးတွေက လူတွေအတွက် အရေးကြီးဆုံး မိတ်ဆွေပါ။ မကြာသေးမီက ငလျင်သင့်တဲ့နေရာတွေမှာ လူတွေကိုရှာဖွေကယ်တင်တဲ့အခန်းကဏ္ဍမှာ K9 ခွေးတွေက များစွာလှုပ်ရှားပေးခဲ့ကြပါတယ်။
တချို့က မတော်တဆဖြစ်ပြီး အသက်ပေးသွားကြပါတယ်။

ဒီလိုတန်ဖိုးရှိတဲ့ တိရစ္ဆာန်တွေကို သတ်စားဖို့မဟုတ်ဘဲ တန်ဖိုးထားဖို့ပဲလိုပါတယ်။ မြန်မာ တော်​တော် များများ အမဲသား မစားကြပါဘူး။ လယ်ယာ ထွန်တဲ့ အခါမှာ တချို့ရွာ​တွေမှာ နွား တွေကို ကျေးဇူးရှင်လို သ​ဘောထားကြလို့ပါ။

အရင်တုံးက ကလေးတွေကို ရိုက်မှသာ စကား
နား​ထောင်မယ် ဆိုတဲ့ အယူအဆကို လူမှုအသိုင်းအဝိုင်း တဖြည်းဖြည်းပြန်လည်စဥ်းစားလာခဲ့ပါတယ်။ အခုတော့ တိရစ္ဆာန်တွေကိုလည်း အလားတူအနေနဲ့ စဉ်းစားဖို့အချိန်ရောက်နေပြီလို့ ထင်ပါတယ်။”

ခွေးတွေကို မစားဖို့ပြောတာက ချစ်တယ်ဆိုတဲ့အကြောင်းတစ်ခုတည်းမကပါဘူး။ တရားမဝင်သတ်ဖြတ်မှုနဲ့ ရက်စက်ဖိစီးမှုတွေကို တားဆီးဖို့၊ လူ့အဖွဲ့အစည်းက ပိုမိုလူသားဆန်လာဖို့ ပါဝင်နေတဲ့အရေးကြီးတဲ့အကြောင်းဖြစ်ပါတယ်။”

သက်ရှိတစ်ကောင်ကို သတ်ဖို့ထက် ကယ်ဖို့အဓိပ္ပါယ်နဲ့ နေတတ်တဲ့လူတွေကပဲ နောင်အနာဂါတ်အဖွဲ့အစည်းကို ပိုကောင်းအောင်ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ခုမြန်မာ ပြည်မှာ ဖြစ်​နေတဲ့ ဘေးဒုခ ကြောင့်တချို့လူ​တွေက ဘုရားတရား မယုံကြည်ကြ​တော့ပါဘူး။
မယုံကြည်ကြရင်​နေပါ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုပါ။

ဒါပေမဲ့ လူလူချင်း အ​ပေါ်​ရော တိရစ္ဆာန်တွေ အ​ပေါ် မေတ္တာထားနိုင်ကြပါ​စေ။ အကြင်နာ တရား မ​ခေါင်းကြပါ​စေနဲ့။ ကိုယ်တတ်နိုင် သ​လောက် ကူညီရိုင်းပင်းကြပါ။

မြန်မာ​တွေ​ရော တိုင်းရင်းသား​တွေ​ရော ခွေး​လေး ကြောင်​လေး​တွေ ကိုမညှင်းဆဲပဲချစ်တတ််ပါ​စေ
#ခှေး #ကွောငျ

29/03/2025

https://www.facebook.com/share/p/15ySA4dkUi/?mibextid=wwXIfr

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️

1. ရွှေကွတ်ခိုင်
☎️ 09-953832339 | 09-43016082
📍 58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။

2. Beer Prince
📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။

3. xiaolajiao အကင်ဆိုင်
📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။

4. chilichacha
📍 လိပ်စာဖော်ပြမထား။

5. 39° bar
📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။

6. 📍007 beach bar
ကွင်းပြင်လွတ်၌ ခိုလှုံနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။

7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်
📍 60/35*35A

8. IN.718 bar
☎️ 09-888599899 | 09-665713227
📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။

Credit

28/03/2025

In Thailand, the government is deploying helicopters to rescue and support people affected by the earthquake.
In contrast, in Myanmar, the military is exploiting the disaster as an opportunity to tighten its grip on power—launching airstrikes and dropping bombs instead of providing aid. 😔

ထိုင်းနိုင်ငံတွင် အစိုးရက ငလျင်အတွင်း ပြည်သူများကိုကယ်ဆယ်ရန် ဂျက်လေယာဉ်များဖြင့် အကူအညီပေးနေသည်။
မြန်မာနိုင်ငံတွင်တော့ စစ်တပ်က ငလျင်ကို အခွင့်အလမ်းအဖြစ်ယူကာ အာဏာကို ပိုမိုတင်းကျပ်စေဖို့ ကြိုးပမ်းနေပြီး ကယ်ဆယ်ရေးအစား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ဝဋ်​ကြွေးရှိရင် ကုန်ပါ​စေ​တော့ တို့မြန်မာ လူမျိုူ​တွေရယ် 😔


https://www.facebook.com/share/1YD4Xgp9Nx/?mibextid=wwXIfr

Amid Earthquake Crisis, Military Junta Airstrikes Chaung-U

MTO

(Mizzima) – While people were struggling with the aftermath of a powerful earthquake today (March 28), the military junta launched an airstrike on Nwal Hwe village in Chaung-U Township, Sagaing Region, according to the Chaung-U People’s Defense Force (PDF).

At around 7:40 PM on March 28, the military carried out two aerial bombings using a Tatmadaw jet fighter from the Northwestern Military Command, a spokesperson from the Chaung-U PDF reported.

"There were no casualties. The dictatorship will continue its attacks regardless of the situation, solely to maintain its power. That’s why the people must continue to resist until the regime is completely eradicated," the spokesperson said.

The powerful earthquake that struck today caused widespread destruction, including the collapse of buildings, temples, and pagodas in Naypyidaw, Sagaing Region, Mandalay Region, Magway Region, Eastern and Northern Shan State, and Bago Region. Several casualties have also been reported.

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon