Prime Auto Technology

Prime Auto Technology

Share

Automotive Knowledge and Education Reviews

18/04/2026

Battery မှားထောက်မိတယ်ဆို ဘာတွေဖြစ်တတ်လဲ ။ ဘယ်လိုစစ်ဆေးပြုပြင်ရမလဲ ။

နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Photos from Prime Auto Technology's post 15/04/2026

Wheel Speed Sensor တွေ အကြောင်းအပြည့်အစုံ လေ့လာနိုင်ပါတယ် ။

နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Photos from Prime Auto Technology's post 13/04/2026

သိသူကျော်သွား မသိသူဖော်စား

ကျနော်တို့အလုပ်ရုံကို Toyota Landcruiser Prado ကားလေးတစ်စီး ၊ ABS မီးရယ် ၊ Parking Brake (Hand Brake ) မီးရယ် တွဲလင်းလာလို့ဆိုပြီးရောက်လာတယ်ဗျ ။

အဲ့ဒါနဲ့ Scan Tool နဲ့ စက်ထိုးပြီး စစ်မယ်ပေါ့ ။ စက်ထိုးစစ်တယ် ။ စက်က ဘယ်လိုမှ ၀င်မရဘူး ၊ စက်ကြောင့် လားဆိုပြီး တခြားစက်တစ်လုံးနဲ့ ၀င်ကြည့်တော့လည်းမရဘူး ။ ဒါဆိုရင်တော့ ABS ECU တွေမှာ Error ရှိမယ်လို့ယူဆပြီး ABS ECU ကိုရှာကြည့်တော့ ABS ECU Pin Out တွေမှာ Timer ခံပြီး ချက်မီး ဖျောက်ထား တာ သွားတွေ့ပါတယ် ။

အဲ့ဒါနဲ့ Timer ကြိုးတွေကို အကုန်ဖြုတ်ပြီး သူ့ Original ကြိုးလိုင်းအရောင်အတိုင်း ပြန်ဆက် ၊ ပြန်စမ်းကြည့်တယ်ပေါ့ ။ ကျနော်ထင်လိုက်တာက ABS နဲ့ Parking Brake တွေကို Timer Circuit နဲ့ ကျော်ထားခွထားတာ ၊ Timer Circuit ပျက်လို့ ကြောင်လို့ ဒီမီးတွေ လင်းတာလို့ ယူဆမိသွားတာ ။
အဲ့ဒါနဲ့ Timer Circuit ဖြုတ်ပြီး နဂိုအတိုင်းပြန်တွဲလိုက်တော့ ABS မီးအပြင် VSC/TRC နဲ့ VSC Off မီးပါ တွဲလင်းလာပါလေရော ။ အဲ့မှာ သဘောပေါက်သွားတာက ။ ဒါ VSC/TRC မီးတွေကို ကျော်ထားတာ ။ ဒါက ဖြေရှင်းရမှာ တလိုင်း ။ နောက် ABS မီးလင်းတာက တစ်ပိုင်းဆိုပြီးတွေးမိသွားတာနဲ့ ။ ABS ECU လဲစမ်းဖို့ အကြံရပါတယ် ။

အဲ့ဒါနဲ့ Customer ကိုပြောပြီး ABS ECU အရင်လဲစမ်းရမယ်ဆိုတဲ့အကြောင်း Error နှစ်ခုဖြစ်နေတဲ့အကြောင်း ရှင်းပြရပါတယ် ။ Customer ခွင့်ပြုတာနဲ့ ။ ABS ECU မှာပြီး လဲစမ်းလိုက်တယ်ဆို ၊ ABS နဲ့ Hand Brake မီးလင်းနေတာ အော်တိုပျောက်သွားပါတယ် ။ စက်လည်း၀င်ရသွားပြီး Scan Tool နဲ့ ဖတ်ကြည့်လိုက်တော့ ။

C1233 (Open or Short Circuit In Yaw Rate Sensor Circuit) ဆိုပြီး Error Code တက်လာပါတယ် ။

(ဒီနေရာမှာ Yaw Rate Sensor အကြောင်းလေး ဖြတ်ပြောပြချင်ပါတယ် ။ သိပြီးသူများ သိပြီးဖြစ်ပေမယ့် မသိသေးသူတွေ ဘာမှန်းမသိမှာစိုးလို့ပါ ။ Yaw Rate Sensor ဆိုတာက Front View , Side View , Top View ကျတော်တို့ရဲ့ သုံးဖက်မြင်လောကကြီးမှာ ကားတစီးရဲ့ Vertical Axis ဆိုတဲ့ ၀င်ရိုးကနေ အဲ့ဒီကားရဲ့ အနှေးနဲ့ အမြန်လည်ပတ်နှုန်း တိမ်းစောင်းနှုန်း ဒီဂရီတွေကို အာရုံခံတဲ့ ဆန်ဆာတစ်ခုပါ ။ အဲ့ဒါကို Angular Velocity လို့လည်းခေါ်ကြပါတယ် ။ အဲ့ဒီ ၀င်ရိုးကို သူက Zero Point အနေအထားကနေ စောင့်ကြည့်နေပြီး ကားက ဘယ်ကို ဘယ်လောက်စောင်းလည်သွား ၊ ညာကို ဘယ်လောက်စောင်းလည်သွားလဲဆိုတာကို အာရုံခံပေးတဲ့ ဆန်ဆာလေးပါ ။ အဲ့ဒီစောင်းသွားတဲ့ Angle ကို Slip Angle လို့ခေါ်ပါတယ် ။ သူက အာရုံခံပြီး ဘာလုပ်သလဲဆိုရင်တော့ အပေါ်မှာ ချက်မီးတွေ လင်းစေတဲ့ VSC/TRC တွေနဲ့ တွဲဖက်အလုပ်လုပ်ပါတယ် ။ VSC ( Vehicle Stability Control) / TRC ( Traction Control System ) ဆိုတာတွေကတော့ ကားက အကွေ့တွေ အတိမ်းအစောင်းတွေမှာ တဖက်ယာဉ်ကျောထဲကို Slip ဖြစ်ပြီး အရှိန်လွန်ပါမသွားအောင် ထိန်းချုပ် ပေးတဲ့ စနစ်တွေပဲဖြစ်ပါတယ် ။ နောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာ ဒီစနစ်တွေပါလာပါပြီ ။ ဒီစနစ်တွေနဲ့ တွဲဖက် အလုပ်လုပ်တာကတော့ အခုပြောတဲ့ Yaw Rate Sensor တွေ ၊ G Sensor တွေ ၊ Steering Angle Sensor တွေပဲဖြစ်ပါတယ် ။ VSC/TRC အကြောင်း အသေးစိတ်သိချင်ရင်တော့ အောက်က ပိုစ့်မှာသွားရောက် ဖတ်ရှုနိုင်ပါတယ် ။ )

အဲ့ဒါနဲ့ Yaw Rate Sensor PinOut တွေကို ကြိုး Connection တွေပြတ်တောက်နေတာ ရှိမရှိ Multi Meter နဲ့ စမ်းကြည့်ပါတယ် ။ Connection ဆက်သွယ်ချက်တွေ အကုန်ရှိတဲ့အတွက် Yaw Rate Sensor ပဲမကောင်းတာလို့ 80 % လောက်ယူဆရပြီး ။ အဲ့ဒါလဲဖို့ ရှာရပါတယ် ။ ဒီကားမော်ဒယ်အတွက် ပစ္စည်းရှားတဲ့အတွက် အချိန်တော်တော်လေးကိုပေးပြီးရှာလိုက်ရပါတယ် ။

တခြားမော်ဒယ်က ကားတွေမှာလည်း Yaw Rate Sensor တွေပါပေမယ့် ၊ နံပါတ်မတူရင် မရပါဘူး ။ ဥပမာ Crown တွေမှာလည်းပါပါတယ် ။ ပုံစံ အထိုင် အကုန်တူပါတယ် ။ နံပါတ်မတူပါဘူး ။ နောက် ပုံမှန်အားဖြင့် ကားတော်တော်များများရဲ့ Yaw Rate Sensor က ကားရဲ့ အလည်ထိုင်ခုံတွေကြားမှာရှိတတ်ပါတယ် ။ Crown တွေကတော့ နောက်ဖုံးထဲမှာထားပါတယ် ။ (မော်ဒယ်ကွာရင် ကွာခြားနိုင်ပါတယ် )
ခက်ခက်ခဲခဲ မော်ဒယ် နံပါတ်တူတာ ရှာလို့ ရတော့ လဲပြီး တပ်စမ်းကြည့်ပါတယ် ။

Error Code က ပျောက်မသွားဘဲ ဒီအတိုင်းကျန်နေပါတယ် ။ Code လည်းဖျက်မရဘဲ ကျန်နေပါတယ် ။ ဘာစစ်ဖို့ ကျန်နေလို့လဲ ၊ ကြိုး Connection ? ABS ECU လား ? ခေါင်းတော့ အတော်လေးစားသွားပါတယ် ။ အကုန်အစကနေ ပြန်စစ်တော့လည်း အကုန်မှန်နေပြီး ဒီအတိုင်းပဲ Error တက်နေပါတယ် ။ Yaw Sensor များမကောင်းလို့လား ပြန်တွေးရပြန်ပါတယ် ။ ကားက ပစ္စည်းရှာတာနဲ့ ရက်ကြာလာတော့ Customer က အချိန်ပေးထားပေမယ့် အားနာလာပြီ ။

အဲ့ဒါနဲ့ Battery ခေါင်းတွေပါ ဖြုတ် Reset ချ ။ ကားကို မောင်းစမ်းလိုက်တော့ Yaw Rate Sensor Error Code ကပျောက်သွားပြီး ၊ Yaw Rate Sensor Zero Point Calibration တောင်းတဲ့ Code တက်လာပါတယ် ။ အတော်၀မ်းသာသွားပြီး စက်နဲ့ပဲ Calibration ချ ၊ စက်က Recommendation ပေးတဲ့အတိုင်း 5 Minutes ကျော်ကျော် အနည်းဆုံးမောင်းပေးလိုက်တော့မှ ကားက Error Code ပျောက်သွားပါတယ် ။
VSC/TRC မီးတွေလည်း အကုန်ငြိမ်းသွားပါတယ် ။ ကားလည်းငြိမ်သွားပါတယ် ။ VSC/TRC မီးလင်းနေတဲ့အချိန် ကားက အရှိန်များလာတာနဲ့အမျှ အကွေ့တွေမှာလူးပါတယ် ။ အဝေးပြေးတွေမှာ အန္တရာယ် ရှိနိုင်ပါတယ် ။

ဒီကားမှာ ABS ECU ပျက်ရတာက ABS Control ဘူး Pin out တွေက တိုက်ရိုက် VSC/TRC မီးတွေကို ကျော်ထားတာကနေ Short ကျပြီး ABS ECU ပျက်သွားတယ်လို့ယူဆပါတယ် ။ ABS ECU စျေးကလည်း မသေးတာမို့ ဆင်ခြင်သတိထားစရာ တစ်ခုရခဲ့ပါတယ် ။

သိသူတွေကျော်သွားပြီး မသိသေးသူတွေ ဖော်စားနိုင်ကြပါစေဗျာ ။
နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

09/04/2026

သင်တန်းသားတွေ အဆင်ပြေတယ်ဆို ပီတိဖြစ်ရပါတယ်ဗျာ ။

08/04/2026

Horn Wiring တွေ ဘယ်လိုလိုက်မလဲ ၊ ဘယ်လို By Pass လုပ်လို့ရသလဲ ?

နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

04/04/2026

အဲကွန်း အွန်လိုင်း သင်တန်းသားတယောက်ရဲ့ Review လေးပါ ။

အွန်လိုင်းကနေ သင်တန်းတက်ပြီး တကယ်လေ့လာသင်ယူတယ်ဆို တကယ်တတ်မြောက်နိုင်ပါတယ် ။

လုပ်ငန်းခွင်ထဲမှာပါ တခါတည်းလက်တွေ့ လုပ်ရင်း လေ့လာတယ်ဆို အတိုင်းထပ်လွန်ပါဗျာ ။

နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Photos from Prime Auto Technology's post 02/04/2026

Relay အကြောင်း သေချာ မသိသေးဘူးဆိုရင် ကားဝါယာရိန်း အကြောင်း သေချာ မသိသေးပါဘူး ။

ဒါကြောင့် Relay တွေနဲ့ပတ်သတ်ပြီး‌ ဒီပိုစ့်လေးမှာ အသေးစိတ် လေ့လာကြည့်လိုက်ပါ ။

နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

01/04/2026

Ford Everest / Ford Ranger / Mazda BT50 duratorq Turbo Engine Timing လေးပါ

နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Photos from Prime Auto Technology's post 26/03/2026

မြန်မာနိုင်ငံမှာ အသုံးအများဆုံး ကားတွေထဲက တခုဖြစ်တဲ့ 1NZ-FE ကားတွေရဲ့ ECU Pinout တွေဖြစ်ပါတယ် ။

• • နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

Photos from Prime Auto Technology's post 24/03/2026

ဘာလို့ ဒီလိုဖြစ်တယ်ထင်ကြလဲဗျ

Ford Everest 3.2 Duratorq Engine လေး Knocking သံ တအားခေါ​က်နေလို့ ဖြုတ်စစ်လိုက်တာ နံပါတ် ၂ Piston က ပုံမှာတွေ့တဲ့တိုင်းပဲ

ကျနော်ထင်တာက Bearing ကြောင့်ထင်တာ ၊ Bearing တွေ မထိဘဲ Piston တလုံးတည်း အဲ့လိုဖြစ်သွားတာ ဘာကြောင့်ထင်လဲဗျ ။

Photos from Prime Auto Technology's post 23/03/2026

အန္တရာယ်များတဲ့ VVti Error Code

ကျနော်တို့ အလုပ်ရုံကို မနေ့က Harrier (2AZ-FSE Engine) နဲ့ ကားလေး ချက်မီးလင်း (Engine Check Light) တစီးရောက်လာပါတယ် ။ အဲ့ဒါနဲ့ စစ်ကြည့်လိုက်တော့
P0012 Description: Camshaft Position 'A' - Timing Over-Retarded (Bank 1)
P1604 Description: Startability Malfunction ဆိုတဲ့ ကုဒ်တွေ တက်နေပါတယ် ။

အဲ့ဒါနဲ့ Engine Oil ခြေနေကို စစ်ကြည့်လိုက်တော့ အင်ဂျင်၀ိုင်က လုံး၀သန့်နေပါတယ် Level လည်း ပြည့်ပါတယ် ။ Customer ကိုမေးကြည့်တော့ Engine Oil အသစ်လဲလာတယ်တဲ့ (အသစ်လဲထားတာ ၂ ရက်လောက်ပဲရှိသေးတယ်တဲ့ ) ။ အင်ဂျင်၀ိုင် အသစ်လဲပြီးမှ ဒီမီးလင်းတာလား ၊ မလဲခင်ကတည်းက ဒီမီးလင်းတာလား မေးတော့ ။ မလဲခင်ကတည်းက ဒီမီးလင်းနေတာတဲ့ ။

ဒီကုဒ်က Camshaft Position လို့ပြပေမယ့် ၊ ဒီကုဒ်က Camshaft Sensor တိုက်ရိုက်ကုဒ်မဟုတ်ပါဘူး ၊ VVTi System နဲ့ ဆိုင်တဲ့ကုဒ်ပါ ။ Intake Camshaft ရဲ့ Timing အချိန်နောက်ကျနေတယ်လို့ ပြတဲ့ကုဒ်ပါပဲ ။

အဲ့ဒါနဲ့ Customer ကို Car History လေးမေးတော့ လွန်ခဲ့တဲ့ ၃ လလောက်က Heat တက် Gasket ပျက်လို့ Engine Head ဖွင့်ဖူးတယ်ဆိုပြီး သိရတယ်ပေါ့ ။ ဒါဆို Timing များ လွဲသလားပေါ့ ။ ဒါပေမယ့် ဒီ ၃လတွင်း တခါမှ ချက်မီးမလင်းဖူးဘူး ။ မနေ့ကမှ ချက်မီးလင်းလို့ စစ်ရင်းနဲ့ Engine Servicing လုပ်ကြည့်ပြီး မပျောက်လို့ ဒီကိုရောက်လာတယ်ပေါ့ ။

အဲ့ဒါနဲ့ အရင်ဆုံး VVti Sensor ကို ဖြုတ်စစ် ၊ အပြင်မှာမောင်းကြည့်တော့လည်း အကုန်ကောင်းနေတယ်ပေါ့ ။ Sensor ကိုလာတဲ့ ကြိုးလိုင်းတွေစစ်ကြည့်တော့လည်း အိုကေနေပြန်ရော ။ ဒါဆို နောက်တမျိုး စမ်းကြည့်မယ်ဆိုပြီး အပေါ်က တိုက်ပစ်ဖုံးဖွင့် Camshaft တွေနဲ့ Camshaft Timing Gear အုံ (VVTi အုံ) ခြေနေတွေကို စစ်ကြည့်တော့လည်း မျက်မြင်အရ အကုန်အိုကေနေပြန်ရော ။ ဒါဆို ရှေ့ခြမ်းဖွင့် Timing တွေပြန်စစ်ကြည့်ရမယ့် ၊ ချိန်းဒေါက်တွေ ရော့သွားလို့များ ၊ စားသွားလို့များ Timing လွဲသလားပေါ့ ။ အဲ့ဒါတွေ မလုပ်ခင် တချက်မောင်းစမ်းပြီး ဒေတာတွေကြည့်ဦးမယ်ဆိုပြီး အကုန်ပြန်လုံး ကားမောင်းစမ်းတော့မှ ချက်ခြင်း ဖြစ်နိုင်ချေ အဖြေကို သွားတန်းတွေ့ပါတယ် ။

ကားမောင်းရင်း လီဘာကို ရှော့လိုက်ချိန် အင်ဂျင်ချက်မီးနဲ့ အတူ အင်ဂျင်၀ိုင် မီးလေးက ဖြတ်ခနဲ လင်းလိုက်မှိတ်လိုက် ဖြစ်ဖြစ်သွားပါတယ် ။ အဖြစ်နိုင်ဆုံး အဖြေကို ကျနော်တန်းစဉ်းစားမိတာနဲ့ ချက်ခြင်း ရုံကိုပြန်လာပြီး အင်ဂျင်ကရိုင်းကေ့ ဖြုတ်စစ်လိုက်တာ အဖြေတန်းတွေ့သွားပါတယ် ။

Engine Oil Strainer မှာ ဆီလီကွန်တွေ ပိတ်ဆို့နေတာပါ ။ အင်ဂျင်ကရိုင်းကေ့တွေ ပြန်အုပ်တဲ့ခါ မလုံမှာ ကြောက်ပြီး ကော်အများကြီးစွတ်ထည့်မိတဲ့ ပြဿနာပါ ။ ဆီလီကွန်တွေက ကရိုင်းကေ့ ဘေးဖက်တွေထဲကျ ၊ Engine Oil Strainer မှာပိတ်ပြီး အင်ဂျင်၀ိုင် ကောင်းကောင်း မတက်နိုင်လို့ VVTi ကုဒ်ပေါ်လာတာပါပဲ ။ ဆီလီကွန်တွေ အကုန်ထုတ် ၊ သန့်ရှင်းပြီး ပြန်စမ်းကြည့်လိုက်တာ အားလုံး အိုကေသွားပါတယ် ။

ဒီလို အဖြစ်ပျက်က ဘာမဟုတ်တာလေးနဲ့ Engine တခုလုံးပျက်စီးသွားနိုင်လောက်တဲ့ထိ အလွန်အန္တရာယ်များပါတယ် ။ တန်ဆေး လွန်ဘေး ဆိုတဲ့မြန်မာစကားပုံလိုပါပဲ ။

Customer က သတိမထားမိလို့ ဖြစ်ပါမယ် ၊ သတိထားမိရင် Engine Check Light မီးနဲ့ အတူ ကားလီဘာ လျော့လိုက်တိုင်း Engine Oil Warning Light က တချက် ၂ ချက်ခုန်သွားပါတယ် ။

တချို့ VVTi Code တွေဟာ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ၊ တချို့ VVTi Code တွေဟာ အန္တရာယ်များတယ်ဆိုတာလေးလည်း သတိထားစေချင်တာပါ ။

ဝပ်ရှော့တခုမှာ VVTi Code တက်နေတာကို အင်ဂျင်၀ိုင် မစစ်ဘဲ လီဘာဖိနင်းချလိုက်လို့ အင်ဂျင် ဘယ်ရင်ဖမ်းသွားတာ ကျနော့်ရှေ့မှာတင် ဖြစ်ဖူးပါတယ်ဗျာ ။

ဆီလီကွန် များများထည့်တာကြိုက်တဲ့ ‌မောင်တွေလည်း သတိထားစရာလေး ရမယ်လို့ မျှော်လင့်ပါတယ် ။

VVTi အကြောင်း မသိသေးတဲ့ ညီငယ်တွေ ဆက်လေ့လာနိုင်ဖို့ပါ ။
VVTi Code ‌တွေ ဘာကြောင့် အတက်များလဲဆိုရင်
(1) Engine Oil ပျစ်နေခြင်း
• Dirty oil → VVT solenoid passage ပိတ် → cam timing adjust မရ။
(2) VVT Oil Control Valve (OCV) Faulty
• Coil open/short ဖြစ်တာ
• OCV filter mesh ပိတ်တာ ။
(3) Timing Chain / Belt Stretch ဖြစ်ခြင်း
• Chain တင်းအားလွဲတာကြောင့် CAM timing ပြောင်းလဲသွားတာ ။
(4) Camshaft Timing Gear (VVT Pulley) Faulty
• VVT mechanism ပိတ်နေတာ သို့မဟုတ် အတွင်းပိုင်း ဂျမ်းဖြစ်နေတာ ။
(5) Wiring or Connector Issue
• OCV connector loosen / corroded
• Short to ground / open circuit ဖြစ်တာ ။
(6) ECU internal or reference signal fault
• Rare ဖြစ်ပေမဲ့ ECU driver fault ကြောင့်ဖြစ်တာ ။
စစ်ဆေးနည်းများ

Engine Oil စစ်ပါ
• အဆင့်မှန်တယ်လား
• အသုံးပြုနေတဲ့ oil viscosity မှန်လား စစ်ပါ (ဥပမာ – 5W30 / 10W30)
• Grade မမှန်ရင် ၊ အင်ဂျင်၀ိုင် ညစ်ပတ်နေရင် အသစ်လဲပါ ။
OCV (Oil Control Valve) Test
• Resistance test: ≈ 6–12 Ω (engine type ပေါ်မူတည်)
• Power supply test (apply 12V) and Duty Cycle %
Timing Chain Alignment Check
• Crank & cam mark တွေ မှန် မမှန်စစ်ပါ ။
ECU Live Data ဖြင့် Camshaft Advance Angle စစ်ပါ
• Desired vs Actual angle တန်ဖွယ်မညီရင် Error Code တက်ပါမယ် ။
• ပညာသင်ညီကိုတွေ အတွက် လုပ်ငန်းအတွေ့အကြုံဗဟုသုတလေးတွေ အများကြီးရပါစေဗျာ ။
• • နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
• • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
• • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/share/p/1DjxMSfYxy/
• Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/share/p/1GN8hLew7r/
• EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက
https://www.facebook.com/share/p/15utwgmKCW/
• Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
• Lynn Za Nee ( P.T.U)
• Prime Auto Technology

22/03/2026

ကားဝါယာရိန်း အခြေခံတွေကို ဘယ်လောက် နားလည် သလဲဆိုတာ ဒီမေးခွန်းတွေကို ဖြေကြည့်ပြီး ကိုယ့်ရဲ့ Level ကို ဆန်းစစ်ကြည့်နိုင်ပါတယ် ။

ဒီမေးခွန်းတွေက Prime Auto Technology ကနေ ဖွင့်ထားတဲ့ Wiring Online Training မှာ ဖြေဆိုရတဲ့ Assignment မေးခွန်းတွေဖြစ်ပါတယ် ။

ဒီမေးခွန်းတွေကို အေးဆေးဖြေဆိုနိုင်တယ်ဆိုရင်တော့ ဝါယာရိန်း အခြေခံတွေကို သေချာနားလည်ပြီး ဘယ်လိုနေရာမှာမဆို ဝါယာရိန်း နည်းပညာနဲ့ ပတ်သတ်ပြီး လေ့လာဖို့ မျက်နှာငယ်စရာ မလိုတော့ပါဘူး ။

သင်တန်းချိန်တိုင်း စာသေချာလုပ်တဲ့ သင်တန်းသားတိုင်း ဒီမေးခွန်းတွေကို အေးဆေးဖြေဆိုနိုင်ကြပါတယ် ။

(1) Atom ကို Proton , Neutron , ……….. (3) မျိုးဖြင့် တည်ဆောက်ထားပါသည် ။
(A) Nucleus , (B) K Shell , (C) Electron

(2) Elector Flow ဆိုသည်မှာ အနှုတ် (Negative Terminal) မှ အပေါင်း (Positive Terminal) ဆီသို့ Current တွေစီးဆင်းသွားခြင်းကို ခေါ်ဆိုပါသည် ။
(A) မှန် , (B) မှား

(3) ပြီးပြည့်စုံတဲ့ လျှပ်စီးပတ်လမ်း တခုဖြစ်ပေါ်ဖို့ အခြေခံအရာ၀တ္ထု အနည်းဆုံး …………..လိုအပ်ပါသည် ။
(A) 2မျိုး ၊ (B) 3 မျိုး ၊ (C) 5 မျိုး

(4) Power ရဲ့ ပုံသေနည်းကို ဖော်ပြပေးပါ ။

(5) အခြေခံ အားဖြင့် Resistor အမျိုးအစား ………….. မျိုးရှိပါသည် ။

(6) Led မီးသီးတွေကို 12V ဖြင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်သည် ။
(A) မှန် ၊ (B) မှား

(7) အပေါင်းအသေကျွေးထားပြီး အနှုတ်ဖြင့် ကစားသည့် လျှပ်စီးပတ်လမ်းတခုကို……….. ဟုခေါ်ဆိုသည် ။

(8) Wiring Diagram တွေတွင်ဖော်ပြထားသော “ L “ Color Code သည် Black အနက်ရောင်ကို ဆိုလိုတာဖြစ်ပါသည် ။
(A) မှား ၊ (B) မှန်

(9) အတွင်းခန်း မီး မလာလို့ Fuse စစ်မည်ဆိုလျှင် Fuse Map မှ …………… အမည်ရှိ Fuse ကို အရင်ဆုံး စစ်ဆေးရပါမည်။

(10) Horn Wiring Line တွေစစ်ဆေးရာတွင် ၊ Horn Relay အဆွဲပင် ( Coil ) အတွက် အနှုတ် Signal မဆင်းဘူးဆိုလျှင် ဘယ်အရာကို စစ်ဆေးရမည်နည်း ။

(11) Horn တီးသည့်အခါ ၊ Horn Relay ကပ် (အလုပ်လုပ်) သော်လည်း ၊ Horn အတွက် လိုအပ်သည် +B မရောက်လျှင် ………….ကို စစ်ဆေးရမည်။
(A) Relay , (B) Horn Fuse , (C) Horn Socket , (D) A+B+C အားလုံးစစ်ဆေးရမည်

(12) Airbag ခွေပြတ်တောက်သွားလျှင် ပြန်ဆက်ပြီး အသုံးပြုနိုင်သည် ။
(A) မှန် ၊ (B) မှား

(13) ကားစက်နှိုးမရလျှင် ၊ တနည်းအားဖြင့် Starter Motor မလည်လျှင် ၊ အရင်ဆုံး…………ကို စစ်ဆေးသင့်သည် ။

(14) Gear Position (P) နှင့် Nမှာ ထိုးထားမှသာ ကားစက်နှိုးရခြင်းသည် ………… ကြောင့်ဖြစ်ပါသည်။

(15) Stater Motor မလည်ဘဲ တချက်တချက်ကပ်နေတဲ့အချိန် ၊ Motor ကို တခုခုနှင့် ခေါက်နှိုးလိုက်လို့ မော်တာလည်သွားသည်ဆိုလျှင် ၊ အဲ့မော်တာမှာ ဖြစ်နိုင်သည် အဖြစ်အများဆုံး ပြစ်ချက်သည် ……….. ဖြစ်သည် ။

(16) ပုံမှန်ကောင်းမွန်နေသော အားသွင်းစနစ် (Charging System) မှာရှိရမည့် Charging Voltage ကို ဖော်ပြပါ ။ (အနိမ့်ဆုံးမည်မျှ ၊ အမြင့်ဆုံး မည်မျှ )

(17) Stater Motor လည်ပတ်ပြီး စက်စတင်နှိုးလိုက်ချိန် Battery Voltage 10 V အောက်ကျသွားလျှင် ထို Battery ကို ရေရှည်ဆက်လက်အသုံးပြုနိုင်သည် ။
(A) မှန် ၊ (B) မှား

(18) Alternator Rotor ရဲ့ Slip Ring 2 ခုကို တိုင်းတာလို့ OL (open-Loop) ဖြစ်နေသည်ဆိုလျှင် ထို Rotor ပျက်စီးနေတာဖြစ်သည် ။
(A) မှန် ၊ (B) မှား

(19) Stator Winding ကြိုးစတွေသည် Alternator Body နှင့် connection ရှိနေရပါမည် ။
(A) မှန် ၊ (B) မှား

(20) Fan Motor Relay အဆွဲပင် (Coil Pin) အတွက် လိုအပ်တဲ့ Signal ကို ………….မှ တိုက်ရိုက်ထုတ်ပေးသည် ။

(21) Head Light မီးတွေမလာဘူးဆိုရင် ပထမဆုံး မဖြစ်မနေစစ်ဆေးရမည့် အပိုင်းမှာ
(A) Fuse , (B) မီးသီး ၊ (C) Switch

(22) Hazard Waring and Turn Signal Light (အချက်ပြမီး) တွေ မှိတ်လိုက် ဖွင့်လိုက် ဖြစ်နေခြင်းသည်……………တပ်ဆင်ထားခြင်းကြောင့်ဖြစ်သည်။

(23) Auto Gear စနစ်ကားတွင်တပ်ဆင်ထားသော Back-up Light System တွေတွင် မီးသီးအတွက် လိုအပ်သည် အပေါင်းလိုင်း (+B) သည် ……………..ကိုဖြတ်သန်းပြီး မီးသီးဆီသို့ရောက်ရှိသည်။

(24) ကားရပ်ထားချိန် ဘရိတ်မနင်းဘဲ ဘရိတ်မီးတွေ လင်းနေတယ်ဆိုရင် အဖြစ်အများဆုံး ပြသနာက…………..ကြောင့်ဖြစ်ပါသည်။

(25) ကား ရေတိုင်ကီ Fan Motor တွေလည်ပတ်တဲ့အခါ လေကို
(A) အတွင်းသို့ (အင်ဂျင်ခန်းဖက်) ဆွဲသည် ၊ (B) အပြင်သို့ (အင်ဂျင်ခန်း အပြင်ဖက်) သို့ တွန်းသည်။

(26) Automotive circuit မှာ Voltage ဆိုတာဘာလဲ?
A. Current flow
B. Electrical pressure
C. Resistance
D. Heat

(27) မှန်ကန်သော Ohm’s Law ကိုအောက်မှာရွေးချယ်ပါ ?
A. V = I × R
B. I = V × R
C. R = V × I
D. V = I ÷ R

(28) Series circuit မှာ Current ကဘယ်လိုဖြစ်လဲ?

A. အတူတူဖြစ်တယ်
B. မတူဘူး
C. Voltage တူတယ်
D. Resistance တူတယ်

(29) Parallel circuit မှာ Voltage ကဘယ်လိုဖြစ်လဲ?

A. မတူဘူး
B. တူတယ်
C. Current တူတယ်
D. Resistance တူတယ်

(30) Relay Coil ကို energize လုပ်ရင်ဘာဖြစ်မလဲ?
A. Circuit open ဖြစ်တယ်
B. Contact change ဖြစ်တယ်
C. Voltage drop ဖြစ်တယ်
D. Fuse blow ဖြစ်တယ်

(31) Good ground ဖြစ်ရင် Resistance ဘယ်လောက်ဖြစ်သင့်လဲ?
A. High
B. Zero (သို့) နည်း
C. Medium
D. Unlimited

(32) Short circuit ဖြစ်ရင်ဘာဖြစ်မလဲ?
A. Current လျော့
B. Voltage တိုး
C. Current တိုး
D. Resistance တိုး

(33) Open circuit ဖြစ်ရင်ဘာဖြစ်မလဲ?
A. Current မစီး
B. Current တိုး
C. Voltage မရှိ
D. Fuse မလို

(34) Multimeter ကို Voltage တိုင်းဖို့ ဘယ် Mode သုံးရမလဲ?
A. Ohm
B. Amp
C. Volt
D. Hz

(35) Thick wire သုံးတာရဲ့ အကြောင်းရင်းဘာလဲ?
A. Resistance တိုးဖို့
B. Current များကို ခံနိုင်ဖို့
C. Voltage လျော့ဖို့
D. Heat တိုးဖို့

(36) Relay 85 & 86 pins ကဘာအတွက်လဲ?
A. Output
B. Input
C. Coil
D. Ground only

(37) Voltage Drop Test ကို ဘာအတွက်သုံးလဲ?
A. Current တိုင်းဖို့
B. Resistance တိုင်းဖို့
C. Bad connection ရှာဖို့
D. Fuse test

(38) Fuse rating က circuit current ထက် နည်းရင် fuse ပေါက်နိုင်တယ် ။
A. True / B. False

(39) Multimeter နဲ့ Resistance တိုင်းတဲ့အခါ power ON ဖြစ်ရမယ် ။
A. True / B. False

(40) Parallel circuit မှာ Load တစ်ခု ပျက်သွားရင် အားလုံးပျက်သွားတယ် ။
A. True / B. False

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Kannarlan , Nat Chaung , Tarmwe
Yangon