SAGI

SAGI

Share

•Pedalstraps
•Toptube Cover
•Messenger Backpack &
Other accessories....

#customstrapsbysagi

Photos from SAGI's post 10/09/2026

Yo! မင်္ဂလာပါ 🚲🏁✨

SAGI TRICK SESSION 2026 EVENT အမှတ်တရပုံလေးတွေဖြစ်ပါတယ်။
GoPro မှ Grab Photo များနှင့် မိတ်ဆွေညီကိုများမှရိုက်ပေးထားသောပုံလေးတွေဖြစ်ပါတယ်ခင်ဗျာ…..
အမှတ်တရပုံများကူညီပေးတဲ့ ဘော်ဒါ D par , Kyaw Zor နှင့်ညီကိုများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။🫶🏼
ပုံလေးတွေဟာ quality သိပ်မကောင်းပေမယ့်အမှတ်တရတွေရှိနေမှာပါခင်ဗျာ။ပုံလေးတွေရသလောက်မှတ်တမ်းတင်ပါသည်။✨📸

ရှေ့လာမည့် SAGI မှပြုလုပ်သည့် Event Photo များကို Quality အပြည့်ရအောင်ကြိုးစားဖန်တီးပါမည်။

SAGI TRICK SESSION 2026 မှာရှိပေးကြတဲ့အရောက်ဆီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များဖြစ်ပါစေ 🙏🏼

🙏🏼

⚡️⚡️⚡️⚡️⚡️

04/09/2026

Hello မင်္ဂလာပါ 🚲🏁✨

SAGI TRICK SESSION 2026 Event ဖြစ်မြောက်အောင်ပူးပေါင်းကူညီအားဖြည့်ပေးတဲ့
ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီမှမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ🤝🏼✨

ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီမှတစ်ဆင့် ပြိုင်ပွဲအား ပံ့ပိုးကူညီအားဖြည့်ပေးခဲ့သော Sponsor ပေးခဲ့ကြသော လုပ်ငန်းရှင်ကြီးများအားလုံးကိုလဲ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီ၏ ဒုဥက္ကဋ္ဌ ဦးကျော်သင်းအောင် ( Win Hire - ဝင်းပစ္စည်းငှား လုပ်ငန်း)မှ ကျပ်ငွေ သိန်းတစ်ရာ (10,000,000/-)ဝန်းကျင်ခန့်ကျသင့်မည်ဖြစ်သော အခမ်းအနားပြင်ဆင်မှုများ၊ဆုပေးစင်မြင့် ၊ ဆိုင်ခန်းများအတွက် Tent များ ၊ နားနေစရာ Tent များနှင့် စားပွဲထိုင်ခုံများကို မေတ္တာဖြင့်အခမဲ့ ပံ့ပိုးကူညီပေးခဲ့ပါသည်။

SIMPLE - Purified Drinking Water Factory မှလည်း သောက်ရေသန့် ဘူး (၃၀၀)အား မေတ္တာဖြင့် အခမဲ့ ပံ့ပိုးကူညီပေးခဲ့ပါသည်။

ငွေသား စပွန်ဆာများအနေဖြင့် ✨

🏁ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီ - 500000/- ကျပ်
🏁HOTEL Stadium - 500000/-
🏁Star Power Computer Accessories Distributor - 500000/-
🏁Soil Energy Construction and Machinery - 500000/-
🏁Summer Myanmar Trading - 500000/-
🏁Giant Wave Co.,Ltd. - 200000/-
🏁P&Z Collection - 200000/-
🏁Ko Naing - 100000/-
🏁KO LUE - Quality Bike Wear & Accessories - 100000/-
🏁KM Bike Shop - 100000/-
🏁Ko Zaw - 50000/-

တို့မှ မွန်မြတ်သော စေတနာစိတ်အပြည့်ဖြင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြပါသည် ။

🚲Bike Parts Sponsor များအားဖြည့်ပေးခဲ့ကြသည့်

Silver Star Bike Shop , On Your Bike , Kyaw Family Bike Shop , Southern 2508 , ATY Bike Shop , New York Ko Htun Stickers များအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

ပြိုင်ပွဲဝင်ညီကိုတွေအထာကျကျဖြုတ်ဖို့အတွက် Timon Studio , INVIS , THE HEIR , Urban Soul ,
Coffee Support တဲ့ CAFE 26 တို့အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

LIVE Graffiti ပါဝင် Support ပေးသည့် BSJ (Burma Spray Jam) မှမိတ်ဆွေဘော်ဒါများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

BMX Showcase ပါဝင် Support ပေးသည့် Octopus BMX crew ၊ Perfect BMX crew နှင့် Black Wolf BMX Crew မှမိတ်ဆွေညီကိုများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ယခုလိုဖြစ်မြောက်အောင် မွန်မြတ်သော စေတနာစိတ်အပြည့် ဖြင့် ကူညီပံ့ပိုးပေးခဲ့သော Company များ၊ Business လုပ်ငန်းများမှ တာဝန်ရှိလူကြီးမင်းများ အားလုံးနှင့် ဝန်ထမ်းမိသားစုများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းဂုဏ်ပြု မှတ်တမ်းတင်ရင်း လုပ်ငန်းများလဲ ဆ ထက်ထပ်ပိုး အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏🏼🚲🏁✨🫶🏼

မင်္ဂလာရှိသောနေ့ရက်များဖြစ်ကြပါစေခင်ဗျာ🙏🏻





⚡️⚡️⚡️⚡️⚡️

02/09/2026

SAGI Trick Section 2026 Moments

This video is only used some non-copyright songs, so it might be low quality to watch the videos. Recommend to watch in our Tiktok account

If you want to see with a different quality songs, you can go check in our Tiktok account
- https://www.tiktok.com//video/7680901280990121223?is_from_webapp=1&sender_device=pc&web_id=7679865073473816071

Photos from SAGI's post 29/08/2026

TRICK SESSION 2026 PRIZE LIST 🏆🚲🏁✨



⚡️⚡️⚡️⚡️⚡️

29/08/2026

Hello မင်္ဂလာပါ 🚲🏁✨

မနက်ဖြန် SAGI TRICK SESSION 2026 EVENT ကိုစတင်ကျင်းပဖို့ အချိန်ပိုင်းပဲလိုပါတော့တယ်ခင်ဗျာ…

ပြိုင်ပွဲဝင်ညီကိုတွေအနေနဲ့ အဆင်သင့်ဖြစ်ပြီထင်ပါတယ် 💪🏼

SAGI TRICK SESSION 2026 EVENT ကို Support ပေးထားကြသည့် Sponsor များ နှင့် Partner များအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
🤝🏼 🚲🏁✨🤘🏼🫶🏼

•ပွဲမှာအဓိကလိုအပ်သည့် Tent ပစ္စည်းများစွာကို အဓိကထားကူညီ Sponsor ပေးသည့် WIN Hire ကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

•Cash Sponsor များကူညီပေးကြသည့်

Hotel Stadium , STAR POWER , GIANT WAVE Co.,Ltd , P&Z Collection , SKY LAKE VIEW
SOIL ENERGY , SUMMER MYANMAR , LOI LONG တို့မှ မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

• သောက်ရေသန့်ကူညီပေးသည့် Simple Purified Drinking Water ကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။

•Bike Part များနှင့် Tee Sponsor , Coffee များ ကူညီအားဖြည့်ပေးသည့် Silver Star Bike Shop , On Your Bike , Kyaw Family , Southern 2508 , KM bike Shop , ATY Bike Shop , Timon Studio , CAFE 26 , INVIS , THE HEIR , Urban Soul , တို့မှ မိတ်ဆွေအပေါင်းသင်းဘော်ဒါများကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

ယခုလိုလူငယ်တွေအတွက် ပွဲဖြစ်မြောက်အောင် အားပေးဝန်းရန်ကူညီပေးကြသည့် ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီ Yangon Region Cycling Sub - Comiittee မှမိတ်ဆွေများအားလုံးကို ကျေးဇူးအထူးပါခင်ဗျာ …..🤝🏼🚲🏁✨

ပြိုင်ပွဲပြုလုပ်မည့်အနီးဝန်းကျင်မှာ အာဟာရဖြည့်ရန်ဆိုင်မရှိသည့်အတွက် အစားအစာ နှင့် လက်ဖေ့ရည်ကို SKY LAKE VIEW Breakfast & Restaurant မှ လာရောက်ကူညီ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များဖြစ်ပါစေ 🙏🏼

Photos from SAGI's post 28/08/2026

Hello မင်္ဂလာပါ 🚲🏁✨

TRICK SESSION 2026 EVENT ရဲ့အမှတ်ပေးစည်းမျဉ်းများနှင့် ပြိုင်ပွဲဝင်မိတ်ဆွေညီကိုများကိုပွဲစဉ်တလျှောက်ရွေးချယ်ဆုပေးမည့်ပုံစံဖြစ်ပါတယ်ခင်ဗျာ။

Competition Categories

1.Qualifying Jam (Trick Track)

2.Qualifying Jam (FGFS)

3.BMX Showcase

4.Game Of Bike (Trick Track)

5.Game Of Bike (FGFS)

6.Cash On Trick

7.Slow Wheelie Balance Competition

8.Track Stand Competition

9.BSJ (Burma Spray Jam) Live Graffiti From The Start.

ပွဲစဉ်များကို အချိန်နှင့်တပြေးညီကျင်းပမှာဖြစ်ပါတယ်ခင်ဗျာ။

မိုးတွင်းမှာပွဲကျင်းပတဲ့အတွက် မိုးရွာလည်း ဆက်လက်ကျင်းပမှာဖြစ်ပါတယ်ခင်ဗျာ….. 💪🏼

⚠️ပြိုင်ပွဲဝင်မိတ်ဆွေညီကိုများ Rain Coat နှင့် Safety ဖြစ်စေရန် Halmet များယူဆောင်လာခဲ့ဖို့အကြံပြုပါတယ်ဗျ။

TRICK SESSION EVENT မှာ ဘာဆုတွေပါမလဲဆိုတာဆက်လက်ရင်ခုန်လိုက်ရအောင်ခင်ဗျာ…..🚲🏁

အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များဖြစ်ပါစေ 🙏🏼



⚡️⚡️⚡️⚡️⚡️

28/08/2026

Hello မင်္ဂလာပါ 🚲🏁✨

SAGI TRICK SESSION EVENT မှာယှဉ်ပြိုင်ကြမယ့်
လူဦးရေစာရင်းကိုအတည်ပြုကြေညာပေးပါမည်။

Trick Track Riders

1. Zin Ko Htet (Spicy Ko Htet)
2. Zayar Naing
3. E-Toe
4. Lin Htet
5. Kyaw Gyi
6. Pyoe Sone
7. Kaung Kaung
8. Paing Paing
9. Camper
10. Nyan Win Kyaw
11. Khant-Z
12. Owen (Kaung Khant Ko Ko)
13. Myat Min Thu
14. Ovann (Aung Htet Myat)
15. Aung Myint Myat
16. Do ban bar
17. Ooredoo (Aung Zayar Mg)
18. Pyae Wa Maung
19. Panda

FGFS Riders

1. ERIK
2. Oway
3. U*I
4. Phone Pyae
5. Shue Sha
6. Zayar Htoo
7.Pyae Sone (Naung Gyi)
8. Nyan Lin Htet (Shan Lay)

နောက်ထပ်ပါဝင်ယှဉ်ပြိုင်မည့်လူစာရင်းထပ်ပေးချင်ရင် ယခုpost comment အောက်မှာ

ဥပမာ Mg Mg (FGFS)
Mg Mg (Trick Track)
စာရင်းပေးနောက်ဆုံးဖြစ်ပါတယ်ခင်ဗျာ။

⚠️ပွဲနေ့မှာထပ်တိုးလူလက်မခံတော့ပါဘူးခင်ဗျာ။
⚠️ပြိုင်ပွဲဝင်ပြိုင်သူများ Slipper ညှပ်ဖိနပ် အသုံးပြုခွင့်မရှိပါဘူးခင်ဗျာ။ Trick ပြုလုပ်ရန်အဆင်မပြေခြင်းဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မိတ်တွေညီကိုအားလုံး ပွဲနေ့အတွက် အားမွေးထားကြဖို့ တိုက်တွန်းအကြံပြုပါတယ်။

စက်ဘီးများလည်း Error မဖြစ်အောင်ကြိုတင်ပြင်ဆင်ဖို့ထပ်မံအကြံပြုအပ်ပါတယ်ခင်ဗျာ။

အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များဖြစ်ပါစေ 🙏🏼

25/08/2026

Yo! 🔥

STREET BMX CREW တွေထဲမှာအကြမ်းဆုံးဖြစ်တဲ့ Octopus BMX crew နဲ့ Perfect Bmx crew မှ TRICK SESSION 2026 မှာ BMX showcase နဲ့အတူပါဝင် Support ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

"Event မှာ Street Trick တွေနဲ့ဘယ်လိုကြမ်းမလဲဆိုတာလာရှိုးလိုက်တော့ Bros" လို့ပြောရင်း ရန်ကုန်မြို့ရဲ့ BMX community တစ်အုပ်လုံးကိုဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ✨

အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များဖြစ်ပါစေ။ 🙏🏼

23/08/2026

Yo! 🎨🖌️

Burma Spray Jam - BSJ Crew မှ Trick Session 2026 မှာ Live Graffiti နဲ့အတူ ပါဝင် Support ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

BSJ crew က Trick Session event မှာ ဘာပုံ၊ဘာစာသားရေးဆွဲမလဲဆိုတာ အခု Post Commentအောက်မှာ ခန့်မှန်းရေးပေးခဲ့ပါဦး။🙌🏼

ပထမဆုံး အဖြေမှန်၊နီးစပ်တဲ့ မိတ်ဆွေညီကို 5ဦးအတွက် ပွဲနေ့မှာဆုလက်ဆောင်အဆင်သင့်ရှိနေပါမယ်ခင်ဗျာ။

အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များဖြစ်ပါစေ။ 🙏🏼

🙏🏼

Website

Address

Yangon

Alerts

Be the first to know and let us send you an email when SAGI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.