IHeartU

IHeartU

Share

Fashion Facebook Commerce

Photos from IHeartU's post 18/09/2023

နောက်ထပ် HOLBရဲ့ အလန်းစားလေး HYPE GIRL
ရှားပါး အရောင်ထဲက 2ရောင် instock ရှိပါတယ်နော် သဲလေးတို့ရေ 🩷🤍

Photos from IHeartU's post 18/09/2023

Hello hello hello!

HOLBလေးတွေ instock ရောင်းပေးမယ်နော်!
အရမ်းလှပြီး ဝယ်ရခက်တဲ့
Anytime(S) Bloomလေးရယ် Maltလေးရယ်
instock ရှိပါတယ်🩷🤎

လိုချင်တယ်ဆို cb pls! 📬

03/08/2020

“ ဒွေ မေ ဘိက္ခ ဝေ“ အစချီ ပီး “ ဓမ္မစက်တော်ကြီး “ ကို ယနေ့ မှာ ပဲ စတင် လှည့်တော် မူပါတယ်။

“ ဗုဒ္ဓ သာသနာ ကမ္ဘာ များမြောင် အောင် အရှည်တည်တံ့ ပါစေ”
#ဝါဆိုလပြည့်

19/07/2020

အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူ၊ ပြည်သား အားလုံးရဲ့ စိတ်၊ နှလုံး၊ အသွေးအသားထဲမှာပါ အမြဲ ထင်ကျန်ခဲ့ကြတာ (၇၃) နှစ်ရှိခဲ့ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင်များကို လေးစား ဂါရဝပြုပါသည်

30/05/2020

မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ လမ်းညွန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရင်း Covid -19 ကို မိမိကစ ကာကွယ်ကြပါစို့။

(၁) အပြင်သွားတိုင်းMask တပ်ပါ (လုံးဝ လုံးဝ မမေ့ပါနဲ့)။

(၂) Hand sanitizerအသုံးပြုပါ(အရာဝတ္ထုတွေမကိုင်မီနဲ့ကိုင်ပြီး)။

(၃)၃ပေအကွာက စကားပြောကြမယ်။

(၄) အတက်နိုင်ဆုံးလူစုလူဝေးရှောင်ကြမယ် ။

Covid – 19ကြောင့် မိမိ ချစ်ခင်ရတဲ့သူတွေနဲ့ မိမိရဲ့ မိသားစုကို မကူးစက်ဖို့တော့ မိမိ ကစပြီးကာကွယ်ရအောင်နော်။

မုန်တိုင်းစဲရင် နူးညံ့တဲ့ လေပြေလေညင်းလေး ရောက်လာမယ်....
အားတင်းထားနော်....

13/05/2020

အိတ်တစ် လုံးဝယ်ယူတဲ့အခါ မဖြစ်မနေ ကြည့်ရမယ့်အချက် ၃ ချက်
----------------------------

အိတ်တစ်လုံးဝယ်တော့မယ် ဆိုရင် ဘယ်အချက်တွေကို အဓိက ကြည့်ပြီး ဝယ်ကြသလဲ?

ကျွန်မကတော့ အိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် အဓိက ကြည့်ပြီး ဝယ်တဲ့ အချက်က ၃ ချက်ပဲရှိတယ်။ အရင်ဆုံးကတော့ ကိုယ်ကြိုက်ဖို့ လိုတာပေါ့နော်။ ကိုယ်ကြိုက်ပြီ ဆိုတာနဲ့

- နံပါတ် ၁အနေနဲ့ ကတော့ Brand ကိုကြည့်တယ်။

ဝယ်မယ့် အိတ်က ဘာ Brand လဲ ဆိုတာကို အရင်ကြည့်တယ်။ Brand အစွဲ မရှိဘူးဆိုပေမဲ့ Brand ပေါ်လိုက်ပြီး Quality လည်း အများကြီး ပြောင်းလဲ တတ်တယ်လေ။

- နံပါတ် ၂ ကတော့ Quality ပါ။

ပေးလိုက်တဲ့ ဈေးနှုန်းနဲ့ ပြန်ရမယ့် Quality ကို အမြဲတိုင်းတာလေ့ရှိတယ်။ ရေရှည်အသုံးပြုချင်သူတွေအတွက် Quality ကတော့ မဖြစ်မနေ အရေးကြီးပါတယ်။နောက်ပြီးလက်တွေ့မှာတော့ Quality ကောင်းတယ်ဆိုပေမဲ့ ကိုယ့်လက်ထဲရောက်မှ တစ်ခါနှစ်ခါပဲအသုံးပြုရပြီး ပျက်စီးသွားမယ်ဆိုရင်လည်း စိတ်ညစ်ရပါတယ်။ အဲ့တော့ Brand ဖြစ်ပြီး Quality ကောင်းမွန်ကြောင်းအာမခံနိုင်တဲ့ ဆိုင်ကိုပဲ ရွေးချယ်မှာဖြစ်ပါတယ်။

- နောက်ဆုံး အနေနဲ့ ကတော့ ဈေးနှုန်းပါ။

ကိုယ်ကြိုက်တဲ့ အိတ်လေးတစ်လုံးက ကိုယ်ပေးလိုက်ရတဲ့ ဈေးနှုန်းနဲ့ တန်ရဲ့ လား ဆိုတာတော့ အမြဲစဉ်းစားလေ့ရှိတယ်။ ကိုယ်က ကြိုက်နေပေမဲ့ဈေးက အရမ်းကြီးလို့ မဝယ်ဖြစ်လိုက်တဲ့ အိတ်တွေလည်းရှိပါတယ်။

အဲ့တော့ ဈေးလည်းသက်သာပြီး Brand အမှန် Quality ကောင်းတာကို လိုချင်တယ်ဆိုရင်တော့ IheartU MK Bag Online Shop ကသင့်အတွက်ဖြစ်မှာပါ။

06/05/2020

မြန်မာတို့ရဲ့ ၁၂ လ ရာသီ ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့ ကဆုန် ညောင်ရေသွန်းပွဲတွင် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါ‌စေကြောင်း ကျွန်မတို့ IheartU Bag Online Shop မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။

04/05/2020

အမျိုးသမီးတစ်ဦး အပြင်သွားတဲ့ အခါ Style ကျလှပဖို့ မရှိမဖြစ်လိုအပ်တဲ့ အိတ်တစ်လုံး
---------------------------------------

အပြင်သွားတဲ့ အခါ အမျိုးသမီး 90% ‌လောက် ကအိတ်လေး တွေယူဆောင်သွားကြပါတယ်။ အိတ်လေးယူဆောင်သွားတော့ ပစ္စည်းလေးတွေ ထည့်ချင်တာလေးတွေ ထည့်လိုရတယ် ပြီးတော့ ပစ္စည်း အသေးအမွှားလေး‌တွေကအစ ဂရုစိုက်နေဖို့ မလိုတော့ဘူးပေါ့ အားလုံးစုပြီး ထည့်ထားလို့ရတယ်လေ။

အပြင်သွားတဲ့အခါ ပစ္စည်းများများ ယူသွားတတ်တဲ့ အမျိုးသမီး တိုင်းအတွက်အိတ်တစ်လုံးကတော့ မရှိမဖြစ်ပါပဲ။ အဲ့တော့ အပြင်သွားတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အိတ်လေးတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ IheartU ရှိတယ်နော်။

IHeartU မှာ Mk Brand Cross Bag၊ Hand Bag၊ Shouler Bag၊ Wallet အစရှိတဲ့ အိတ် မျိုးစုံကို ဝယ်ယူလို့ ရတယ်နော်။

IHeartU မှာရှိနေတဲ့ Bag တွေက 100% MK Brand ဖြစ်ကြောင်းအာမခံပါတယ်။

USA ကနေ တိုက်ရိုက်တင်သွင်းထားတာကြောင့် Quality အပိုင်းကတော့ လုံးဝ စိတ်ချရပါတယ်။

Quality ကောင်းပြီး Brand အိတ်တစ်လုံးကို အသုံးပြုချင်သူတွေ အတွက် ဈေးသက်သက်သာသာနဲ့ ရနိုင်တဲ့ MK Brand ဆိုရင်တော့ IHeartU မှာပဲရှိမယ်နော်။ ။

01/05/2020

မေလ ၁ ရက်နေ့၊ သောကြာနေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ကို IHeartU MK Bag Online Shop မှ လေးစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။ အထူးသဖြင့် ကမ္ဘာနဲ့တစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ကူးစက်‌ရောဂါ Covid – 19 ကြောင့် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာဝန်များ၊ သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းများအားလုံးကိုလည်း IHeartU MK Bag Online Shop မိသားစုမှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။

29/04/2020

April တစ်လ လုံး အပြင် မထွက်ဘဲ နေ နေရမှာဆိုတော့ အပြင်ထွက်ပြီးလျှောက်လည် ချင်နေ ကြပြီမှတ်လား??

Covid – 19 ကြီး ပြီးသွားတဲ့ တစ်နေ့ ကျရင်တော့ အရင်လိုပဲ အပြင်မှာ လျှောက်သွားကြမယ်နော်။ အခုတော့ အပြင် လျှောက်သွားချင်နေတဲ့ စိတ်တွေကို ခဏလေးအောင့်ထားပါအုံးနော် ။

အဲ့ဒီတော့ Covide – 19 ကြီးပြီး လို့ အပြင်သွားအခါ အထာကျကျ လေးသွား နိုင်ဖို့ MK ရဲ့ Cross Bag လေးတွေကို IheartU ရဲ့ အသဲလေး တွေအတွက် 20% Discount ချပေးလိုက်ပါတယ်ရှင့်။

Photos from IHeartU's post 21/04/2020

ခဏခဏ ပျောက်တတ်တဲ့ ပစ္စည်းတွေက ဘာတွေလဲ ???

ကျွန်မ ရဲ့ မကြာခဏ ဆိုသလို ပျောက်တတ်တဲ့ ပစ္စည်းတွေဆိုရင်တော့ ဘဏ်ကဒ်တွေ၊ မှတ်ပုံတင်တွေ၊ နောက်ပြီး လိပ်စာကဒ်တွေပါပဲ။ အဲ့ဒါတွေက ခဏခဏ အထားမှားတော့ ပြန်ပြန် ရှာရတယ်။ နောက်ပြီး ကိုယ်ရဲ့ အ‌ရေးကြီး တဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် အရမ်းလည်း ဂရုစိုက်ရပါတယ်။

ဘယ်လောက်ပဲ ဂရုစိုက် စိုက် မေ့ကျန်တာတို့ အထားမှားတာတို့ ကတော့ ရှိနေတာပဲလေ။ အဲ့ဒီတော့ အခုMK ရဲ့ Wallet လေးတစ်လုံး ဝယ်တော့မှပဲ အဆင်ပြေ သွားတော့တယ်။

MK က ထုတ်တဲ့ Wallet ဆိုတော့ Design နဲ့ Quality မှာ အထူးပြော စရာတော့ လိုတော့ဘူးနော်။ အိတ်အတွင်းမှာ card တွေထည့်လို့ ရတဲ့ အတွင်းအိတ် ၁၂ ခုတောင် ပါတယ်ဆိုတော့ လုံးဝကို လုံလုံလောက်လောက် သိမ်းထားလို့ရတယ်။ နောက်ပြီး အိတ်ရဲ့ အရွယ်အစား က အရမ်း မကြီးတာကြောင့် အပြင်သွားတိုင်း အလွယ်တကူ ယူသွားလို့ ရတာပေါ့ ။

ကဲကိုယ်နဲ့ ဘဝတူ တွေ ရှိတယ်ဆိုရင် တော့ MK Wallet တွေကို IheartU မှာ Discount ပေးနေတုန်းလေး မှာယူထား လိုက်တော့နော် ။

IheartU

17/04/2020

အတာကူးတဲ့ နှစ်သစ်ကူး အချိန်ခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပြီးပြည့်စုံသော မိသားစု ဘဝ ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။

နောက်ပြီး နှစ်သစ်ကို ကျန်းကျန်း မာမာ နဲ့ ဖြတ်သန်းနိုင်ဖို့ ကျန်းမာရေး ကိုတော့ အထူးဂရုစိုက်ကြ ပါလို့ အကြံပြုဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Junction Sqaure , Multi-purposes Car Parking , Ground Floor, Kamayut Township
Yangon
11041