Express Language Center

Express Language Center

Share

Your Success is our Future

24/10/2023

German ကို အခြေခံမှစပြီး သင်ကြားချင်သူများအတွက် ရည်ရွယ်ပြီး (online and in person class ) များကို စတင်ဖွင့်လှစ်လိုက်ပါပြီရှင် 🤗

A1.1 Level class ( ဘယ်လိုလူတွေအတွက်သင့်တော်ပါသလဲ )

- German စာကို အခြေခံလုံးဝ မရှိသေးတဲ့သူတွေအတွက်လည်းသင့်တော်သလို အခြေခံနည်းနည်းတော့သိထားတယ် သေချာစနစ်တကျ တတ်ကျွမ်းချင်သူများအတွက် သင့်တော်ပါတယ်။

👩‍💻 Online class ( ရုံးချိန်လွတ်အတန်းဖြစ်တဲ့အတွက်ကြောင့် အိမ်မှာဘဲ အလွယ်တကူ သင်ကြားနိုင်ပါတယ်)

Days - Sat and Sun (only weekend)

Time - 8:30 -10:00 pm

Duration - 3 months

Text book - Schritte international text book

Teaching platform - Zoom App

🙋‍♀️ In person class ( weekend only )

Days - Sat and Sun

Times - 1:00-2:30 pm

Duration - 3months

Text book - Schritte international text book

📚 European framework ဖြင့်သာ သင်ကြားသည့်အတွက်ကြောင့် စာမေးပွဲဖြေသည့်အခါ ဖြေပုံဖြေနည်းပါတခါတည်းသင်ကြားပေးသွားမှာဖြစ်ပါတယ်

✍️ သင်ရိုးကို သင်ကြားမယ့်ဆရာကိုယ်တိုင်ဆွဲပြီးသင်သောကြောင့် 4skills+ grammar ညီမျှအောင်သင်ကြားပေးမှာပါ

👩‍💻 online class ဆိုပေမယ့် သင်ကြားထားသည့်စာများကိုအလွယ်တကူပြန်လေ့လာလို့ရအောင် Record videos များပြန်ပို့ပေးပါမည်။

📚 အတန်းပျက်မည့်သူများ ပျက်မည့်နေ့အတွက်ကြိုတင်ခွင့်တိုင်ပေးရပါမည်။

Teacher profile - Tr MyatPwint (BA German )
Freelance German teacher

အသေးစိတ်သိရှိလိုပါက - 09761529354 (သို့) Page messenger တွင်လာရောက်စုံစမ်းလို့ရပါပြီ ။

20/10/2023

Hello , Everyone (အားလုံးဘဲ မင်္ဂလာပါရှင်)

ဒီနေ့အတွက် ကျွန်မတို့ ELC ကျောင်းမှ ကျောင်းသား ကျောင်းသူများအတွက် Self Study Tips လေးတွေ မျှဝေသွားပေးမှာဖြစ်ပါတယ်။ ဘာသာစကားလေ့လာနေသူများ (သို့) ကျောင်းနဲ့ပတ်သတ်တဲ့သက်ဆိုင် ဘာသာများကို လေ့လာနေသူများအတွက် ရည်ရွယ်၍မျှဝေပေးလိုက်ပါတယ်။

(1) Find a good place to study 📖

စာကြည့်ဖို့အတွက်က အများစုရဲ့စိတ်ထဲမှာ နေရာကအရမ်းကြီးအရေးမကြီးဘူးလို့ထင်တတ်ကြပါတယ်။ တကယ်တော့အရမ်းအရေးကြီးပါတယ်နော် ။ Self study လုပ်သူ အများစုက You Tube , Telegram တို့မှ videos lessons များလေ့လာရတာများတဲ့အတွက်ကြောင့် အေးဆေးတိတ်ဆိတ်ပြီး အာရုံစူးစိုက်လို့ကောင်းမယ့်နေရာမျိုး ကိုယ်နဲ့အဆင်ပြေသက်တောင့်သက်သာရှိမယ့်နေရာမျိုးတွေလိုအပ်ပါတယ်။

(2) Limit your study time 🕰

စာလုပ်သည့်အခါ အချိန်သတ်မှတ်ထားသင့်ပါတယ်။ တစ်နေ့ကိုဘယ်နှနာရီလုပ်မယ် လုပ်နေစဉ်အတွင်းမှာလည်း စာကိုအာရုံစူးစိုက်ပြီးလုပ်သင့်ပါတယ်နော်။ အချိန်သတိမှတ်တဲ့အခါ တစ်နေ့ကို ဘယ်နှနာရီဆိုပြီး အတိကျသတ်မှတ်ထားသင့်ပါတယ်။ တစ်ရက်တည်းအကုန်လုပ်ပြီး နောက်ရက်မလုပ်တော့တာမျိုးလည်းမလုပ်သင့်ပါဘူးနော်။ ပုံမှန်လေးနဲ့မှန်မှန်လေးလေ့လာသတ်မှတ်ပြီး လုပ်ရင်ပိုအဆင်ပြေလာနိုင်ပါတယ်။

(3) Take Notes 📝

Self study လုပ်မယ်ဆိုရင် ဒီတိုင်းကြီးလေ့လာတာထက် Notes လေးတွေထုတ်ပြီးလေ့လာသင့်ပါတယ်။ Notes ထုတ်ထားတဲ့အခါ နောက်မေ့သွားရင်လည်းအချိန်မရွေးပြန်ကြည့်လေ့လာလို့ရပါတယ်။ Notes ထုတ်ပြီးလေ့လာတဲ့အကျင့်လေးလုပ်ကြည့်ပါ အရင်ကထက်စာကိုပိုမှတ်မိစေလာပါတယ်

(4) Make a goal 🏆

Self study ဆိုတာမျိုးက ကိုယ်တိုင်လေ့လာရတာမျိုးဖြစ်တဲ့အတွက်ကြောင့် ဘေးကနေကိုယ့်ကိုကြီးကြပ်ပေးသူမရှိပါဘူး။ ဒါကြောင့်မို့ ကိုယ်တိုင်လေ့လာသည့်အခါ တစ်နေ့ကိုဘယ်လောက်လေ့လာမယ်ဆိုပြီး Target ထားသင့်ပါတယ်။ Target ထားတဲ့အတိုင်းနေ့စဉ်ပုံမှန်လုပ်သွားမယ်ဆိုရင် self study လုပ်တာပိုမိုထိရောက်စေနိုင်ပါတယ်။

(5) Review your lessons or notes 📚

Self study လေ့လာရုံသာမက မည်သည့်နေရာကပညာရပ်တွင်မဆို လေ့လာတဲ့အခါလုပ်သင့်တဲ့အကျင့်လေးတစ်ခုဘဲဖြစ်ပါတယ်။ ကိုယ်လေ့လာထားတဲ့စာများကိုပြန်ပြီး review လုပ်သင့်ပါတယ်။ ယခုလိုပြန်လေ့လာတဲ့အခါစာများကိုလွယ်လွယ်ကူကူမမေ့တော့ပါဘူး။

(6) Take a break

အနားယူသင့်ပါတယ်။self study လေ့လာသူများ အများစုက စာအုပ်များထက် E Book , YouTube တို့မှ Videos များလေ့လာရတာများတဲ့အတွက်ကြောင့် Mobile phone များ ၊Laptop များနှင့်ပိုမိုထိတွေ့နေရပါတယ်။ဒါကြောင့်မို့လေ့လာပြီးတဲ့အခါ မျက်လုံးရော ဦးနှောက်ကိုပါအနားပေးသင့်ပါတယ်။ self study လုပ်ပြီးရင် အနားယူဖို့မမေ့ပါနဲ့နော်။

(7) Check your goal

Self studyတော့လုပ်နေပါတယ်၊ ကိုယ်သတ်မှတ်ထားတဲ့goal ကိုရောက်မရောက် တစ်ပတ်တခါ သို့ တစ်လတခါ ကိုယ်လုပ်ခဲ့တာများကို ရည်ရွယ်ထားတဲ့Target ရောက်မရောကိအမြဲစစ်ဆေးသင့်ပါတယ်။ ဒါမှလည်းကိုယ်သတ်မှတ်ထားတဲ့goal ကိုမြန်မြန်ဆန်ဆန်ရောက်နိုင်မှာပါ။

အားလုံးဘဲ အခုလိုမျိုး Tips လေးတွေနဲ့လုပ်နေကြရဲ့လားဆိုတာကိုစစ်ဆေးကြည့်ကြပါဦးနော် ၊ မလုပ်ရသေးဘူးဆိုရင် ကျွန်မတို့ရဲ့ဒီနည်းလမ်းလေးအတိုင်းလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ် ။ အားလုံးဘဲအောင်မြင်ပြီးသာယာလှပတဲ့အနာဂတ်တွေပိုင်ဆိုင်နိုင်ကြပါစေ 🤗💛

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Express Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.