Rose Entertainment

Rose Entertainment

Share

why! what are we interest in?

06/01/2026

မင်္ဂလာညချမ်းပါ

Photos from Rose Entertainment's post 04/06/2025

TVCကြက်ဖ တံဆိပ် ဓာတ်မြေသြဇာ
ရိုက်ကူးရေး

27/05/2024

မကြာခင်မှာ Rose Entertainment မှ ဝါသနာရှင်မျိုးဆက်သစ်အနုပညာရှင်များနဲ့အတူလက်တွဲပြီး Motivation short video ကိုရိုက်ကူးသွားတော့မှာဖြစ်တဲ့ကြောင်းသတင်းကောင်းလေးပါးလိုက်ပါတယ်နော်...
ဒီ page မှာအရင်ကစိတ်ဝင်တစားနဲ့စာရင်းပေးထားတဲ့သူတွေကိုပြန်လည်ဆန်းစစ်ပြီးရွေးချယ်ပေးသွားပါမယ်./ နောက်ထပ်နောက်ထပ်လဲပါဝင်ချင်သူများအတွက်လည်း cmt မှာမိမိပုံလေးနဲ့ဆက်သွယ်ရမဲ့နံပတ်လေးတွေတွေကိုပေးပို့လို့ရပါသေးတယ်/
Like & Share လေးလုပ်ပြီး.ဝါသနာပါတဲ့.မိတ်ဆွေတွေကိုမျှဝေပေးပါားနော်

26/05/2024

#အိမ်ပြန်ချိန်
နောက်ထပ်ဇာတ်ကောင်လေးတစ်ယောက်....
စိတ်ကောက်နေတဲ့ချစ်သူလေးကို...စပရိုက် တိုက်လိုက်တဲ့ကောင်လေးက
ဘယ်သူလဲ?
# Official Music Video

23/05/2024

ဒီနေ့တော့ # အိမ်ပြန်ချိန် # သီချင်းလေးထဲမှာပါတဲ့ ဇာတ်ကောင်လေး
နောက်ထပ်တယောက်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်😘

23/05/2024

ကုမ္ပဏီသူဌေးလေးနဲ့အတွင်းရေးမှူးမလေးတို့ရဲ့လူတွေမသိအောင်ကြိတ်ပြီးတွဲနေကြတဲ့
အ ရို ဇာတ် လမ်း 💋💋
သူတို့. #အိမ်ပြန်ချိန် #မှာဘာတွေ
ဆက်ဖြစ်မလဲ?
#အရိုဇာတ်လမ်းလေးပါ #
ဆက်တင်ပေးပါမယ်နော်...

22/05/2024

သား သမီးကို
သခင်လို မထားပါနဲ့
****************
ဖတ်ကြည့်နော်

မိဘအရှိန်အဝါနဲ့ တောက်ပနေတဲ့
သား သမီးတွေ
ကိုယ်ရည်ကိုယ်သွေး မရှိဘဲ
လူ့ပတ်ဝန်းကျင်မှာ များလွန်းတာက

မိဘတွေရဲ့
အပြစ်မကင်းဘူးဆိုတာကို
မိဘတွေကိုယ်တိုင်က
လက်မခံကြပါဘူး။

မိဘတွေက
ချွေးစက်တွေကြားမှာ
ရုန်းကန်နေပေမဲ့

သား သမီးကျတော့
တောက်ပနေတာ

ငယ်စဉ်ကတည်းက
သင်ယူသင့်တာတွေကို
သင်ယူခွင့် မပြုကြဘဲ
မျက်မမြင်က ပြတဲ့လမ်းကို
ပေးလျှောက်နေသလို

ကိုးရိုးကားရားနဲ့
ဘဝမှာ ကူရာမဲ့ ကယ်ရာမဲ့
ဖြစ်သွားကြတဲ့ မိသားစုတွေ
ပြောမကုန်ပါဘူး။

သား သမီးတွေကို
လောကကြီးမှာ
ကြုံရမယ့် အမှန်တရားကို
သိခွင့်မပေးဘဲ
ကြီးပြင်းလာဖို့ ခွင့်မပြုသင့်ပါဘူး။

သား သမီးနဲ့ မိဘကြားက
မေ တ္တာ တရားကို
မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ
ချပြပေးသင့်ပါတယ်။

သား သမီးကို
သခင်လို ထားပြီး
မိဘက ကျွန်လိုနေကာ
ရေခပ်ပေးတာက အစ
ခြေထောက် မလှမ်းရ
မကြွရတော့တဲ့အထိ
ဖူးဖူးမှုတ်နေတာက
သား သမီးကို
ဖျက်ဆီးနေကြတာပါ။

စာပဲ ကျက်ပါ ဘွဲ့ရအောင် လုပ်ပါ
ဆိုပြီး
ဘာမှကို ပေးမလုပ်ဘူး။

မရှိ ရှိတာလုပ်ပြီး ဆင်ပေးတယ်။

မိဘရဲ့
အပူအပင် သောကတွေကို
ဘာမှ သိခွင့်မပေးဘဲ
လိုအပ်သမျှကို
ဖြည့်ဆည်းပေးနေတာမျိုးက
ကလေးရဲ့
လူ့အသိဉာဏ်ကို ပျက်စီးစေလို့ပါပဲ။

ကလေးရဲ့Intelligent ကို
ဖျက်ဆီးတဲ့မိဘက
Education ကို
ဘယ်လောက် ထည့်ပေးထည့်ပေး
ဘာမှ အသုံးမဝင်နိုင်သလို

ကလေးရဲ့ ဘဝအတွက်
တာဝန်ယူတဲ့စိတ်
တာဝန်သိတတ်တဲ့စိတ်
Safe-Care ဆိုတဲ့
ကိုယ့်ကိုယ်ကို
ဂရုစိုက်နိုင်ခြင်းကနေ

အများကို ဂရုစိုက်ခြင်းကိုလည်း
သိနားလည်ခွင့် ပြုမထားရင်

အတ္တကြီးတဲ့
လူတစ်ယောက်ဖြစ်အောင်
ကလေးရဲ့ဘဝကို သတ်နေတဲ့သူက
မိဘတွေပါပဲ။

သက်တောင့်သက်သာနဲ့
ကြီးပြင်းလာတဲ့
ကလေးဖြစ်အောင် မထားပါနဲ့။

ဘာမှ အပူအပင်မရှိတဲ့ ကလေးက
ရုန်းကန်တတ်ဖို့ကို
ဘယ်တော့မှ
သင်ယူဖို့ မဖြစ်နိုင်လို့ပါ။

ကလေးကို
ငယ်စဉ်ဘဝတည်းက
ချစ်လွန်းလို့
ထမင်းဝါးပြီး ခွံ့ရင်တောင်
ကလေးက မြိုချမှ
ဗိုက်ပြည့်နိုင်မယ် ဆိုတာလေးတော့
နားလည်ခွင့် ပြုကြပါ။

အမှားနဲ့ အမှန်ကိုလည်း
ခွဲခြားဖို့မတတ်နိုင်တဲ့ ကလေးဖြစ်အောင်

ခြေကောင်း လက်ကောင်းနဲ့
ဒုက္ခိတဖြစ်အောင်
ကလေးကို အဆိပ်မခတ်ကြပါနဲ့။

မိဘအပေါ်
သား သမီး
သိတတ်ခြင်း/မသိတတ်ခြင်းက
မိဘရဲ့
မှန်ကန်တဲ့ ပျိုးထောင်မှုအပေါ်
မူတည်ပါတယ်။

လူ့ဘဝ ရပ်တည်နည်းကို
အမှန်တရားအတိုင်း ချပြပါ။

စိတ်ကောင်း စိတ်မြတ်ထားခြင်း
ကိုယ့်တန်ဖိုးကို သိတတ်ခြင်း
ကိုယ့်ကိုယ်ကို
မှန်မှန်ကန်ကန် ချစ်တတ်အောင်
သင်ယူခွင့် ပြုပါ။

မိဘဆိုတာ
သေတတ်တဲ့ သူတွေမို့
လောကကြီးထဲ
ကျန်ခဲ့မယ့် ကလေးကို
အောက်ခြေခိုင်အောင်

လူ့ဘဝထဲ
မှန်ကန်တဲ့ စိတ်ကောင်းစိတ်မြတ်နဲ့
ရပ်တည်နိုင်အောင်

အခြေခံ
စိတ်ကောင်းစိတ်မြတ်တွေကို
ငယ်စဉ်ဘဝတည်းက
ထည့်ပေးထားကြဖို့
အကြံပြု တိုက်တွန်းလိုက်ပါတယ်။

သား သမီး မြေးတွေကို ချစ်ရင်
အလိုမလိုက်ပါနဲ့။

သူ့ကိုယ်သူ အားကိုးတတ်အောင်
လေ့ကျင့်ပေးပါ။

စိတ်ဓါတ်ခိုင်မာအောင်
ပျိုးထောင်ပေးပါ။

ပညာကို တန်ဖိုးထားတတ်ပါစေ

ကြိုးစားလိုစိတ် ရှိပါစေ

အကောင်းမြင်တဲ့ စိတ်လေးတွေ
အမြဲရှိနေပါစေ

သူတစ်ပါးကို စာနာစိတ်
ကူညီလိုစိတ် ထားတတ်ပါစေ

သည်းခံ ခွင့်လွှတ်တတ်ပါစေ

မိဘ ဆရာသမားတွေကို
ရိုသေ တန်ဖိုးထားတတ်ပါစေ

22/05/2024

မကြာခင်မှာTPK Productionကနေပရိသတ်ကြီးကိုအသစ်ချပြသွားပေးမဲ့
" အိမ်ပြန်ချိန် " Music Video
ပုံရိပ်လေးတွေကိုတင်ပြပေးလိုက်ပါပြီနော်. 💙
# အိမ်ပြန်ချိန် Music Video
Kyaw Rose
- Di Yan
arrangement - Wana Soe
Vocalists - Di Yan & Pann Eaindray Htet
Harmony - Aein Dray Phue Ngon
Studio - Bone Plus Studio
Mixing&Mastering - Hsan Moe Htet
casting- Htet Aung Thet OO zin

22/05/2024

New Announcement of " Official Music Video "

Photos from Rose Entertainment's post 25/03/2024

#`ရွှေ´ ကိုသာဝယ်လို့ရမယ်
Editor ကတော့ဘယ်လို့မှရှာမရလို့စိတ်ညစ်နေကြသူများ #
တချက်ခုတ်၃ချက်လောက်ပြတ်တဲ့Idea နဲ့Laser World ကသူတို့ရဲ့ဝန်းထမ်းတွေကို၁၅ရက်အပြတ် သင်ကြားပေးဖို့တောင်းဆိုလာတဲ့အတွက်၂၀၂၄နှစ်မှာပြန်လည်သင်
ကြားပေးခဲ့တဲ့Edit သင်တန်းပါ။
သင်တန်းရက်မကုန်မှီ10ရက်ထဲနဲ့
Editing ပညာကိုလက်တွေ့တည်းဖြတ်နိင်ကြလို့ ဝမ်းသာဂုဏ်
ယူပါတယ်။

21/11/2023

Channel +မှာပြနေတဲ့ ဒါရိုက်တာ
ကျော်နှင်းဆီ ရိုက်ထားတဲ့ #နင့် #
ကားလေးကို ကြည့်နေပီလား...

အချစ်ဒရမ်မာကားလေး ဖြစ်လို့
အရမ်းက်ုစိတ်ဝင်စားဖို့ကောင်းတယ်နော်....မကြည့်ရသေးရင်လဲ
Cannel+ app လေးကိုဖုန်း ထဲ ထည့်ပီးကြည့်လို့ရပါတယ်နော်

“နင့်” ဇာတ်လမ်းတွဲ အပိုင်းများအားလုံးကို CANAL+ ZAT LENN Channel နဲ့ CANAL+ အက်ပလီကေးရှင်းတို့မှာ ကြည့်ရှုလိုက်ပါ။

အပိုင်းသစ်များကိုတော့ CANAL+ ZAT LENN Channel မှာ တနင်္လာနေ့မှ သောကြာနေ့တိုင်း ည (၇:၃၀)အချိန်မှာ ပြသပေးနေပြီး CANAL+ Application မှာလည်း အချိန်မရွေး ကြည့်ရှုနိုင်ပါတယ်။

ဖုန်းနဲ့ တက်ဘလက်တွေမှာ ကြည့်ရှုဖို့ ထူးရှယ်မိုဘိုင်းလ်ပက်ကေ့ချ်ကို ၁ လ (၃၀၀၀) ကျပ်တည်းနဲ့ CANAL+ Myanmar FG page Messenger မှာအခုပဲဝယ်ယူလိုက်ပါ။

CANAL+ ပက်ကေ့ချ်များကို ကြည့်ရှုရန်: https://bit.ly/3PJx27B
CANAL+ APP ပက်ကေ့ချ်ကို messenger မှ ဝယ်ယူရန်: https://bit.ly/3sWMx3k
CANAL+ APP ပက်ကေ့ချ်ကို Ooredoo ဖုန်းဘေလ်ဖြင့် ဝယ်ယူနည်း:https://bit.ly/3tUYaYR
CANAL+ APP ပက်ကေ့ချ်ကို ATOM ဖုန်းဘေလ်ဖြင့် ဝယ်ယူနည်း: https://bit.ly/48pIsF5
CANAL+ APP ‌‌ဒေါင်းလုဒ်ရန်: https://bit.ly/3CMhvML


#နင့်မြန်မာဇာတ်လမ်းတွဲ

08/10/2023

ပရိသတ်ရင်ထဲခံစားချက်ပေးမယ့် " နင့် "
🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

ကြည့်သူရင်ထဲ " နင့် " နေအောင်ခံစားရမယ့် ဒါရိုက်တာကျော်နှင်းဆီ ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ မကြာမှီလာမည့်မျှော်

ဇာတ်အိမ်က ဆန်း
ဇာတ်သိမ်းက မှန်း လို့မရတဲ့ နင့်
ပရိသတ်တွေရင်ထဲ
မချိမဆန့် ခံစားစေရမယ့် နင့်
ရိုက်ကူးနေရင်း ဒါရိုက်တာရင်ထဲ
နင့်နေအောင်ခံစားခဲ့ရတဲ့ နင့်

အဲ့ဒီ " နင့် " ဆိုတဲ့ဇာတ်လမ်းတွဲကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖို့ လုံးဝမမေ့လိုက်နဲ့နော် "

"ပရိသတ်ကြီးရဲ့ချစ်ခြင်းမေတ္တာများစွာနဲ့ရှင်သန်နေတဲ့ " 💞

🎬ဒါရိုက်တာကျော်နှင်းဆီ 🥀🌹

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Art

Telephone

Website

Address

Thuwunna Tsp
Yangon
11072