1211 Call Center

1211 Call Center

Share

Endure together Successed More
24/7 Call 1212 and 1211

Call Center ဆိုသည်မှာ သတင်းအချက် အလက်များ၏ဆုံမှတ် Information Center လို့ရိုးရှင်းစွာ ခေါ်ဆိုနိုင်ပါသည်။သတင်း အချက်အလက်များကို တစ်နေရာထဲတွင် စုစည်းထားပြီး အစဉ်အမြဲ update လုပ်၍ ပြည်သူများ သိရှိလိုသည်များကို တယ်လီဖုန်းမှ တဆင့် စုံစမ်းမေးမြန်းနိုင်သော ၀န်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။ Fax , Email , Internet Chat များကိုလည်း အလိုရှိသလို အသုံးပြု၍ ၀န်ဆောင်မှုပေးနိုင်ခြင်းသည်လည်း Call Center ၏ အားသာချက်တစ်ခုပ

19/01/2014

Hello Everybody !

Here is 1211 Hotline Official Page !

1211 Call Center Endure together Successed More
24/7 Call 1212 and 1211

Photos 17/01/2014

ပန်းသီး ဖျော်ရည် သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူး။


၁။ နှလုံးနှင့် ဆက်စပ်ရောဂါ လျော့ချပေးခြင်း။

၂။ အူလမ်းကြောင်း ရှင်းလင်းပေးခြင်းနှင့် အစာခြေဖျက် အား ကောင်းမွန်စေခြင်း။

၃။ အဆီပိုများ ဖယ်ရှားပေးခြင်း။ (ဝိတ်ကျလိုသူများ သောက်သုံးသင့်ခြင်း)

၎။ ကောင်းမွန်သော အာဟာရဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ခြင်း။

၅။ ဦးနှောက်နှင့် ဆက်စပ်ရောဂါ ဖြစ်နိုင်ချေ ကျဆင်းခြင်း။

၆။ အမြင်အာရုံကောင်းစေ၍ ကျန်းမာစေခြင်း။

ပန်းသီးတွင် ဗီတာမင် အေ ပါရှိပြီး မျက်လုံးကျန်းမာရေး အတွက် အထောက်အကူ ပြုသည်။ မျက်လုံးနှင့် ဆက်စပ် ရောဂါပိုးများကို ဖယ်ရှားပြီး အမြင်အာရုံ ကောင်းမွန်စေသည်။

Credit : International news for Myanmar

-Al

Photos 17/01/2014

မိုးဝင်း ၊ ရွှေလှိုင်ဝင်း နှင့် မင်းမင်းထွန်းတို့ ကို ဧရာဝတီ အသင်းခေါ်ယူအားဖြည့်။

လာမည့် ၂၀၁၄ ရာသီ အတွက် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တတ်
အသင်းသည်နေပြည်တော် အသင်းမှ ထွက်ခွာခွင့်ပြုထားသည့်
လက်ရွေးစင် ဟောင်း ကစားသမားများဖြစ်သော မိုးဝင်း၊ ရွှေလှိုင်ဝင်းနှင့်
မင်းမင်းထွန်းတို့ ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ယင်းကစားသမား ၃ ဦးသည် ဧရာဝတီ ယူနိုက်တတ် အသင်းနှင့်အတူ
လေ့ကျင့်မှုများ ပြုလုပ်နေပြီးလာမည့်ရက်ပိုင်းအတွင်း အပြီးသတ်
ခေါ်ယူသွားမည်ဟုလည်းသိရသည်။ဧရာဝတီ ယူနိုက်တတ်
ဘောလုံးအသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ပြည်တွင်းကစားသမား ၆ ဦးအထိ ခေါ်ယူထားပြီး ယခုအခါ လက်ရွေးစင်
ဟောင်း ကစားသမား ၃ဦး ကိုပါ ထပ်မံ အားဖြည့်ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ဧရာဝတီ ယူနိုက်တတ် အသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ဘောလုံးရာသီက
ရလဒ်များဆိုးရွားခဲ့ပြီး အဆင့် ၇ နေရာတွင်ရပ်တည်ခဲ့ခြင်းကြောင့် အသင်း
အားကိုင်တွယ်ခဲ့ဖူးသည့် နည်းပြဟောင်း ဦးဆန်းဝင်းကို တာဝန်ပြန်လည်
ပေးအပ်ထားကြောင်းသိရသည်။

နေပြည်တော်အသင်းသည် အသင်းမှ လက်ရွေးစင်ဟောင်း ကစားသမားများဖြစ်သည့် မိုးဝင်း၊ ဇော်ထက်အောင်၊ မင်းမင်းထွန်းနှင့် ရွှေလှိုင်ဝင်းတို့လေးဦးကို အသင်းမှ ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။

နေပြည်တော်အသင်းသည်လာမည့်ရာသီတွင်အသင်းကို သွေးသစ်
လောင်းရန် စီစဉ်နေပြီး လူငယ်ကစားသမားများကို ဦးစားပေး အသုံးပြုသွားမည်ဖြစ်သည်။ နေပြည်တော်အသင်းသည် ယင်းကစားသမားလေးဦးကို စာချုပ်သက်တမ်းပြည့်သွားသောကြောင့် သက်တမ်းမတိုးတော့ဘဲထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ နေပြည်တော်အသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ ချမှတ်ထားသော စည်းမျဉ်းအရ ကစားသမားများကို စာချုပ်သစ် ပြန်လည်ချုပ်ဆိုမည်ဖြစ်ပြီး လူငယ်ကစားသမားများကို အဓိက ခေါ်ယူသွားမည်ဖြစ်သည်။

MNL League နှင့်ပတ်သတ်သည့်သတင်းများ၊ အခြား အားကစား
သတင်းများကို အချိန်နှင့်တပြေးညီ သိရှိလိုပါက ကျွန်တော်တို့ 
1212 Call Center သို့  အချိန်မရွေး နေ့ ညမရွေး ဖုန်းခေါ်ဆို မေးမြန်း
နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျာ။



-ElevenMediaGroup-
-Al

Photos 17/01/2014

အေစီမီလန် အသင်း ကစားသမား ဆီးဒေါ့ဒ်က ဘောလုံးသမားဘ၀က
အနားယူပြီး နောက် အေစီမီလန် အသင်းနည်းပြသစ် အဖြစ် စတင်တာဝန်
ယူတော့မည်ဟု အတည်ပြုပြောကြားခဲ့ပါတယ်။

Photo : Eleven Media Group

-Al

Photos 17/01/2014

အခုလို တစ်နေ့ တည်းနဲ့ Like တွေ တစ်ပုံတစ်ပုံ ဖြစ်အောင်
Like တွေ နှိပ်ပေးကြ Share ပေးကြ တဲ့ အမျိုးတွေကို အရမ်း
ကျေးဇူးတင်ပါတယ်ဗျာ။ ကဲ .. အဲဒါကြောင့် ပရိုမိုးရှင်း အနေနဲ့ 
ဒီပိုစ့်အောက်မှာ မိမိ ကြိုက်နှစ်သက်ရာ မေးခွန်းတစ်ခု (လွယ်တိုရှင်း)
မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ဖုန်းနံပါတ်
လေးပါ ထားခဲ့ပါ။ ကျွန်တော်တို့ ကိုယ်တိုင် အမျိုးတွေဆီကို တကူးတက
ဖုန်းဆက်ပြီး အမျိုးတွေ သိလိုတဲ့ မေးခွန်း တစ်ခုကို ဖြေကြားပေးပါ့မယ်။

( တကယ် အကူညီလိုတဲ့ လူတွေ နော် )

PS : 0930,0931,0932,0936 အစရှိတဲ့ ဖုန်းတွေဆိုရင်တော့
Color Ring Tone ကိုပါ ဖုန်းခေါ်ဆိုစရာ မလိုပဲ တကူးတက
ထည့်ပေးပါမယ်။ ကဲ။ အမျိုးတွေရေ...။

အခုလို တစ်နေ့ တည်းနဲ့ Like တွေ Share တွေ ပေးလို့ ကျေးဇူးဗျာ။



-Al

Photos 17/01/2014

ဇန်န၀ါရီလ ၁၇ ရက်နေ့ထုတ် Premier Eleven Sports Journal
အတွဲ ၁၁ အမှတ် ၂၁ အား Download ရယူနိုင်ပါသည်။ လွယ်ကူချော
မွေ့ အောင် ဒေါင်းလောခ့်လင့်များစွာနဲ့ တင်ဆက်ထားပေးပါတယ်။
အဆင်ပြေကြပါစေလို့ ..... ။

နိုင်ငံတကာ အားကစားသတင်းများ နှင့်ပတ်သတ်သည့်သတင်းများ၊
အခြား အားကစား သတင်းများကို အချိန်နှင့်တပြေးညီ သိရှိလိုပါက ကျွန်တော်တို့  1212 Call Center သို့  အချိန်မရွေး နေ့ ညမရွေး ဖုန်းခေါ်ဆို မေးမြန်း နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျာ။

Download Mediafire >> http://adf.ly/cDm63

Download Dropbox >> http://adf.ly/cDm3W

Download Zippyshare >> http://adf.ly/cDluT




-Al

Photos 17/01/2014

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် အသင်းအတွက် ပေးဆပ်ခဲ့သော ရန်ကုန်ယူနိုက်တက် အသင်း တောင်ပံကစားသမား ကြည်လင်း၏ ဒဏ်ရာကို
ထိုင်းနိုင်ငံBangkok Hospital တွင် သွားရောက် ဆေးကုသပေးခဲ့ရာ ယနေ့ ဒေသစံတော်ချိန် (၃) နာရီခွဲမှာစတင်ခွဲစိတ်ဝင်ခဲ့ကြောင်းသိရသည်။

ဆရာဝန်ကြီး Prof. Dr. Phathaiwudhi Oonsambat ၏၂နာရီကြာခွဲစိတ်
ကုသမူခံယူခဲ့မှုမှာရာနှုန်းပြည့်အောင်မြင်မည်ယုံကြည်ရကြောင်းသိရသည့်
အတွက်သူကြည်လင်း၏ဒဏ်ရာအတွက်စိုးရိမ်ခဲ့ကြသူပရိသတ်များ
စိတ်အေး နိုင်ဖွယ်သတင်းတစ်ရပ်ပင်ဖြစ်သလိုကြည်လင်း ဒဏ်ရာမှ အမြန်ဆုံး သက်သာ ပျောက်ကင်းပြီး နိုင်ငံလက်ရွေးစင် အသင်းနှင့် ကလပ်အသင်းအတွက်အကောင်းဆုံး ပြန်လည် ပေးဆပ်ကစားနိုင်
ပါစေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ကစားဖေါ်များက
လည်း ဆုမွန်ကောင်းတောင်းလျှက်ရှိကြောင်းသိရပါသည်။

MNL League နှင့်ပတ်သတ်သည့်သတင်းများ၊ အခြား အားကစား
သတင်းများကို အချိန်နှင့်တပြေးညီ သိရှိလိုပါက ကျွန်တော်တို့ 
1212 Call Center သို့  အချိန်မရွေး နေ့ ညမရွေး ဖုန်းခေါ်ဆို မေးမြန်း
နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျာ။

Photo : Koman Chard
-Al

Photos 17/01/2014

ပရီးမီးယားလိဂ် ကလပ် အဲဗာတန် အသင်းရဲ့ မီချီဘတ်ရှာရီ အား ခေါ်ယူရန် ကမ်းလှမ်းမှုကို ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်းက ပယ်ချ ။


အဲဗာတန် အသင်း နည်းပြ ရော်ဘတ်တို မာတီနက်ဇ် ဟာ ဘင်ဖီကာ
အသင်း တိုက်စစ်မှူး မီချီ ဘတ်ရှာရီ အားခေါ်ယူရန် ဘင်ဖီကာ အသင်း
နှင့် အကျိတ်အနယ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အဆိုပါ အသက် ၂၀ အရွယ် လူငယ် ကစားသမား အတွက် အဲဗာတန်
အသင်းဟာ ပေါင် ၇ သန်း အထိ ပေးချေရန် ဆန္ဒ ရှိနေပြီး အသင်းမှ
ထွက်ခွာသွားတဲ့ ဂျီလာဗစ် ရဲ့ နေရာမှာ အစားထိုးရန်အတွက် ရည်ရွယ်
ပါတယ်။

ဘယ်ဂျီယံ လူငယ်ကစားသမား မီချီဘတ်ရှာရီ ဟာလည်း ယခုအပတ်
ထရိန်နင် အပြီးတွင် အဲဗာတန် အသင်း ရဲ့ ခေါ်ယူရန် ကမ်းလှမ်းသည့်
ကိစ္စ နှင့် ပတ်သတ်၍ သူ့ ၏ အေးဂျင့်နှင့် တိုင်ပင်ကာ အပြောင်းအရွေ့
ကို အကောင်အထည်ဖော်လိမ့်မည်ဟု Mirror သတင်းဌာနက ဆိုပါတယ်။


Mirror

-Al

Photos 17/01/2014

PSG အသင်းမှ လူးကပ်မိုရာ ကို ခေါ်ယူရန် အတွက် မိုယက်စ် ဟာ
ဘောလုံးကင်းထောက် စေလွှတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ယူနိုက်တတ် မန်နေဂျာ ဒေးဗစ်မိုယက်စ် ဟာ ဘရာဇီးလ်လူငယ်ကစားသမား
လူးကပ်မိုရာ ကို ခေါ်ယူရန်အတွက် ပြီးခဲ့သည့်အပတ် က ပီအက်ဂျီ နှင့် ဘော်ဒိုး အသင်း တို့ ပွဲစဉ်တွင် ကင်းထောက်စေလွှတ်ကာ
လေ့လာခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ပွဲစဉ်တွင် ပီအက်ဂျီ အသင်းက
၃-၁ ဖြင့် အနိုင်ရရှိခဲ့တယ်လို့ လည်းသိရပါတယ်။

Daily Star ရဲ့ ဖော်ပြချက်အရ မိုယက်စ်ဟာ ယူနိုက်တတ် ရဲ့
လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကွင်းလယ်ဖန်တီးမှု နေရာလပ်အတွက်
အဆိုပါ ဘရာဇီးလ် ကစားသမားလေးကို မျက်စိကျနေတယ်လို့  ဆို
ပါတယ်။ ယူနိုက်တတ်ဟာ အဆိုပါ ကစားသမား အား ၂၀၁၂ ခုနှစ်တုန်း
ကလည်း ခေါ်ယူရန် ပြင်ဆင်ခဲ့ဖူးပြီး ပီအက်စ်ဂျီ အသင်း ရဲ့
အရ ခေါ်ယူသွားမကြောင့် ဆုံးရှုံးခဲ့ရပါတယ်။

ပြောင်းရွေ့ ကြေး စာချုပ်တွေနဲ့ အငြင်းပွားမှုတွေ ရှိနေသေးတဲ့
အဆိုပါ အပြောင်းအရွေ့ ဟာလည်း ဘယ်လို ဖြစ်ပေါ်အုန်းမလဲ ဆိုတာ
တော့လက်ကျန် အပြောင်းအရွေ့  ကာလ ကိုစောင့်ကြည့်ရပါအုန်းမယ်။

Mirror

-Al

Photos 17/01/2014

မန်ချက်စတာယူနိုက်တတ် အသင်းမှ အန်ဒါဆန် ဖီအိုရင်တီးနားသို့ 
အငှားဖြင့် အပြီးသတ် ပြောင်းရွေ့တော့မည် ဟု သိရသည်။

ဘရာဇီးလ် ကစားသမား အန်ဒါဆန် ဟာ မန်ချက်စတာယူနိုက်တတ်
အသင်းမှ အီတလီ ကလပ် ဖီအိုရင် တီးနားသို့ ယခုနှစ် ဘောလုံးရာသီ
ရာသီအကုန် အထိ အငှားဖြင့် သွားရောက်ကစားရန် သဘောတူညီမှု
ရရှိကာ အီတလီသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။ အန်ဒါဆန်ဟာ
ယခုနှစ်ဘောလုံးရာသီတွင် နည်းပြသစ် မိုယက်စ်ရဲ့ လက်အောက်
တွင် ပွဲစဉ် ၄ ပွဲသာ ပွဲထွက်ခဲ့ရပြီး ယခုကဲ့သို့ အငှားဖြင့် သွားရောက်
ကစားစေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အန်ဒါဆန် ဟာ ၂၀၀၇ ခုနှစ်ကတည်းက မန်ချက်စတာယူနိုက်တတ်
အသင်း သို့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ယခုအချိန်တွင် ဖီအိုရင်တီးနားသို့
အငှားဖြင့်သွားရောက်ကစားတော့မှာဖြစ်ပါတယ်။

Mirror

-Al

Photos 17/01/2014

တော့တမ်ဟမ်ဟော့စပါး အသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း
ဆောလမွန်ကာလူး ကို ခေါ်ယူရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်နေတယ်
လို့ ဆိုပါတယ်။ ကာလူး အနေနဲ့ လည်း ပြင်သစ် ကလပ် လိုင်လီ အသင်း
ကို့ စွန့် ခွာကာ ပရီးမီးယားလိဂ်ကို ပြန်လည် အခြေချလိုတယ်လို့ 
ပြောထားပါတယ်။ ပြင်သစ်ကလပ် လိုင်လီကတော့ အိုင်ဗရီကိုစ့်
လက်ရွေးစင် ကာလူး ကို ရောင်းချဖို့ စိတ်ကူးမရှိသော်လည်း ကစားသမား
ကိုယ်တိုင်က ပရီးမီးယားလိဂ်ကို ပြန်လည် အခြေချလိုတာကြောင့်
အပြောင်းအရွေ့ဟာ မကြာမီ ရက်ပိုင်းအတွက်ဖြစ်ပေါ်လာနိုင်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ဒတ်ခ်ျ ကလပ် ဖီယင်နု အသင်းမှ ၂၀၀၆ ခုနစ် ကတည်းက ချယ်လ်ဆီးအသင်းသို့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး စတမ်းဖိုဒ့်ဘရစ် တွင် ဘောလုံးရာသီ ၆ ရာသီခန့် ကစားခဲ့ကာ သွင်းဂိုး ၆၀ အထိ ရှိခဲ့ပါတယ်။ စပါးစ်အသင်းကတော့ ကာလူး အတွက်ပြောင်းရွေ့ကြေး
ပေါင် ၃ သန်း နှင့်စတင် ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး အပြောင်းအရွေ့ဟာ
မကြာမီ ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Mirror

-Al

17/01/2014

မနေ့ က အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာတော့

အပြောင်းအရွေ့ (၈)ခု ဖြစ်မြောက်ခဲ့ပါတယ်။

၁ ။ နသန်နီရယ်ချာလိုဘတ် (၀က်ဖိုဒ့်) မှ ( မစ်ဒယ်ဘရော့ ) အငှား

၂ ။ အဲလက်စ်တဲလစ် ( ဂါမီယို ) မှ ( ဂါလာတာစာရေး ) အပြီးသတ်

၃ ။ မီရီကို အာလ်မို ( ဆမ်ဒိုးရီးယား ) မှ ( အမ်ပိုလီ ) အငှား

၎ ။ နသန်နီရယ်ချာလိုဘတ် (ချယ်လ်ဆီး) မှ ( ၀က်ဖိုဒ့် ) အငှား

၅ ။ အန်တိုနီယို ရိုဆက်တီ ( ဆာဆော်လို ) မှ ( ဖီအိုရင်တီးနား ) အငှား

၆ ။ အဲလက်စ်ဆန်းဒရို ( အဲဂျက်ဆီကို ) မှ ( ရိုးမား ) အငှားဖြင့်ပြန်ရောက်

၇ ။ ဆဲလ်လစ် ဒါဆန် ( ကေဆာပေါလ် ) မှ ( ဂါလာတာစာရေး ) အပြီးသတ်

၈ ။ အာရိုမက်လန် ( ဟားလ်စီးတီး ) မှ ( ဘရက်ဖိုဒ့် ) အပြီးသတ်

-Al

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Address

Yangon