CACT Motor - Suzuki Automobile
No. 472,48 Ward, North Dagon Tsp., Yangon, Myanmar. Ph. 09 5110289, 09 254063935 Available
25/05/2026
ကားတစ်စီးလုံးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ မောင်းနှင်ရရှိမယ့် ခံစားချက် (Handling) ဟာ ကားဘီးတွေရဲ့ အခြေအနေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ကားဘီးကို #အထက်/အောက် လှုပ်ခါပြီး စစ်ဆေးခြင်း နဲ့ #ဘေးတိုက် (ဝဲ/ယာ) လှုပ်ခါပြီး စစ်ဆေးခြင်း ဟာ အောက်ပိုင်းစနစ် (Suspension and Steering System) မှာ ဘယ်အစိတ်အပိုင်းတွေ ပျက်စီးနေလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အလွန်အရေးကြီးပြီး ရိုးရှင်းတဲ့ စစ်ဆေးနည်းတွေ ဖြစ်ပါတယ်။
ဘီးကို အထက်/အောက် လှုပ်ပြီး စစ်ဆေးခြင်း (12 o'clock and 6 o'clock test)
ဘီးရဲ့ အပေါ်ဆုံးနဲ့ အောက်ဆုံးကို လက်နဲ့ကိုင်ပြီး အတွင်း/အပြင် တွန်းလှန်လှုပ်ခါကြည့်တဲ့အခါ ချောင်နေတယ် (သို့မဟုတ်) အသံမြည်နေတယ်ဆိုရင် အောက်ပါအစိတ်အပိုင်းတွေ ချို့ယွင်းနေနိုင်ပါတယ် -
Wheel Bearing ပျက်စီးခြင်း ၊ ချောင်နေရင် သို့မဟုတ် စားသွားရင် ဘီးက အထက်အောက်ရော ဘေးတိုက်ပါ ရမ်းနေတတ်ပါတယ်။ မောင်းနှင်တဲ့အခါမှာလည်း ဝူးဝူး/ဝေါဝေါ နဲ့ အသံကျယ်ကျယ် မြည်တတ်ပါတယ်။
Joint ချောင်ခြင်း- ကားရဲ့ Control Arm နဲ့ ဘီးကို ချိတ်ဆက်ပေးထားတဲ့ Ball Joint ပျက်စီးနေရင် ဘီးက အထက်အောက် လှုပ်ခါနေပါလိမ့်မယ်။ ဒါက အလွန်အန္တရာယ်များပြီး မောင်းနေရင်း ကျွတ်ထွက်သွားရင် ဘီးပြုတ်ထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
Suspension Bushings (ရော်ဘာဘုရှ်တုံးများ) စုတ်ပြဲခြင်း: Control arm တွေမှာရှိတဲ့ ရော်ဘာတွေ စုတ်ပြဲကုန်ရင်လည်း အထက်အောက် ကစားနှုန်း များနေတတ်ပါတယ်။
ဘီးကို ဘေးတိုက် စစ်ဆေးခြင်း
(9 o'clock and 3 o'clock test)
ဘီးရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို လက်နဲ့ကိုင်ပြီး ဝဲ/ယာ လှုပ်ခါကြည့်တဲ့အခါ ချောင်နေတယ်ဆိုရင်တော့ Steering နဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေ ပျက်စီးနေတာ ဖြစ်ဖို့များပါတယ် -
Rod Ends (တိုင်ရော့အစွန်းများ) ချောင်ခြင်း: steering rack ကနေ ဘီးကို လှည့်ပေးဖို့ ချိတ်ဆက်ထားတဲ့ inner/outer tie rod တွေ ချောင်နေတဲ့အခါ ဘီးက ဘေးတိုက် ကစားနေပါလိမ့်မယ်။ ဒါဆိုရင် စတီယာရင်ခွေ လှည့်ရတာ ဟာနေတာ၊ လမ်းမငြိမ်တာမျိုး ဖြစ်တတ်ပါတယ်။
Rack ပျက်စီးခြင်း: တိုင်ရော့တွေတင်မကဘဲ စတီယာရင် စနစ်တစ်ခုလုံးရဲ့ ဂီယာသွားတွေ ချောင်နေရင်လည်း ဘီးတွေ ဘေးတိုက်ရမ်းတတ်ပါတယ်။
၃။ အချိန်မှီ မစစ်ဆေးရင် ဘာတွေဖြစ်နိုင်လဲ။
⚠️ အောက်ပိုင်းချောင်နေတာကို ဒီတိုင်းလွှတ်ထားရင် ရေရှည်မှာ ငွေကုန်ကြေးကျ ပိုများရုံတင်မကဘဲ အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။
#တာယာ အစားမညီခြင်း (Uneven Tyre Wear): ဘီးတွေ တုန်ခါပြီး လမ်းကြောင်းမမှန်တဲ့အတွက် တာယာတစ်ဖက်တည်း စားသွားပြီး တာယာသက်တမ်း တိုစေပါတယ်။
#မောင်းနှင်ရ ခက်ခဲခြင်း (Poor Handling & Vibrations): အရှိန်မြှင့်မောင်းတဲ့အခါ စတီယာရင်ခွေ တုန်ခါတာ၊ ကားက ဘေးတစ်ဖက်ကို ဆွဲနေတာမျိုး ဖြစ်တတ်ပါတယ်။
#ဘရိတ်စနစ်ကို ထိခိုက်ခြင်း: ဘီးက တုန်ခါနေတဲ့အတွက် ဘရိတ်ရူး (Brake Pads) နဲ့ ဘရိတ်ဒစ်ပြား တွေ ညီညီညာညာ မကပ်မိဘဲ ဘရိတ်ဖမ်းအား ကျဆင်းစေပါတယ်။
19/05/2026
လမ်းခရီးတွေမှာ ဘေးကင်းစေမယ့် Electronic Stability Program
ကားမောင်းနေစဉ် ရုတ်တရက် လမ်းချော်တာမျိုး ဒါမှမဟုတ် အရေးပေါ် ကွေ့ရှောင်လိုက်ရတဲ့အခါ ကားကတည်ငြိမ်မှု မရှိတော့တာမျိုး ကြုံဖူးပါသလား?
မိုးရွာပြီး လမ်းချော်တဲ့အချိန်တွေ၊ အရေးပေါ် ယာဉ်လမ်းအကူးအပြောင်း လုပ်ရတဲ့အချိန်တွေမှာ အရှိန်နဲ့ ကွေ့မိလို့ ကားခေါင်းလျှောထွက်တာ (Understeer) ဒါမှမဟုတ် ကားနောက်ပိုင်းရမ်းပြီး လည်ထွက်တာ (Oversteer) စတဲ့ အခြေအနေတွေမှာ ကားကို တည်ငြိမ်မှုရှိအောင် ESP (Electronic Stability Program) က ကူညီပေးနိုင်ပါတယ်။
ESP System က Safety System တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ Sensor တွေမှတဆင့် Steering Direction၊ ဘီးလည်ပတ်နှုန်းနဲ့ ကားရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးပါတယ်။ ကားတည်ငြိမ်မှု ပျက်စပြုလာတာနဲ့ ဘီးတစ်ဘီးချင်းစီကို အလိုအလျောက် အရှိန်ထိန်းပေးခြင်း၊ Engine Power ကို ချိန်ညှိပေးခြင်းတို့ကို ပြုလုပ်ပြီး ကားကို ထိန်းချုပ်နိုင်အောင် ကူညီပေးတာပါ။
ESP ရဲ့ အဓိကအားသာချက်များ
◾လမ်းချော်ပြီး လည်ထွက်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးခြင်း
◾အရေးပေါ်အခြေအနေတွေမှာ ကားတည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုကို မြှင့်တင်ပေးခြင်း
ESP ကို အဖွင့်အပိတ် ပြုလုပ်လို့ရတဲ့ ESP On/Off ခလုတ်လည်း ပါဝင်တာကြောင့် လိုအပ်သလို အဖွင့်အပိတ်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ပုံမှန်လမ်းခရီးတွေမှာတော့ အမြဲတမ်း On ထားသင့်ပြီး၊ ကားရွှံ့နစ်တာ ဒါမှမဟုတ် သဲထဲကျွံလို့ ရုန်းထွက်ရမယ့် အခြေအနေမျိုးမှာပဲ Off လုပ်ပြီး အသုံးပြုသင့်ပါတယ်။
အခုလို ယာဉ်အန္တရာယ်ကင်းဝေးစေဖို့ အထောက်အကူဖြစ်စေတဲ့ နည်းပညာတွေ ပါဝင်တယ်ဆိုပေမယ့် အရှိန်လွန်မောင်းနှင်ခြင်း၊ အန္တရာယ်ရှိတဲ့ မောင်းနှင်မှုပုံစံတွေက မတော်တဆမှု ဖြစ်စေနိုင်တာကြောင့် ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံမှုကို အမြဲဦးစားပေးပြီး မောင်းနှင်ကြဖို့ အကြံပြုလိုက်ပါတယ်။
ဒီလို ESP (Electronic Stability Program) ပါဝင်တဲ့ Ertiga Smart Hybrid မှာ နောက်ထပ် ထူးခြားမှုဘာတွေရှိသေးလဲဆိုတာကို ဒီ Link ထဲမှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/ertiga
17/05/2026
လုပ်ငန်းသုံးယာဉ်ဆိုတာထက် ပိုတဲ့ Carry Pro
Carry Pro ဆိုတာ သာမန်လုပ်ငန်းသုံးယာဉ်တစ်စီးထက် ပိုပါတယ်။ ဆီစားသက်သာမှုကို အဓိက ဦးစားပေး ဒီဇိုင်းထုတ်ထားတဲ့ ကားတစ်စီးဖြစ်တဲ့အပြင် ကြံ့ခိုင်မာကြောပြီး ပေါ့ပါးသွက်လက်စေဖို့ အတွက် အဆင့်မြင့် နည်းစနစ်များကို ထည့်သွင်းထားပါတယ်။
• VVT Engine (1.5L K15B) – VVT (Variable Valve Timing) နည်းပညာပါဝင်တဲ့ 1.5-Litre K15B Engine က ဆီစားသက်သာမှု နဲ့ ရုန်းအားကောင်းမှု ကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးတဲ့အတွက် သာမန်လုပ်ငန်းသုံးကားများထက် ပိုမိုထိရောက်တဲ့ စွမ်းဆောင်ရည် ကို ရရှိစေပါတယ်။
• Electronic Fuel Injection (EFI) - အင်ဂျင် အပူချိန်၊ လည်ပတ်နှုန်းနဲ့ ဝန်တင်ဆောင်ထားမှု အခြေအနေတွေကိုတွက်ချက်ပြီး အင်ဂျင်အတွက် တကယ်လိုအပ်တဲ့ ဆီပမာဏကိုပဲ တိတိကျကျ အသုံးပြုပေးတဲ့ EFI စနစ်ပါရှိပါတယ်။
• Electric Power Steering (EPS) - ဝန်အပြည့်တင်ဆောင်ထားချိန်တွေမှာလည်း ပေါ့ပါး လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ဖို့အတွက် Electric Power Steering ကို အသုံးပြုထားပါတယ်။
• High-Tensile Galvanized Steel Body - ကုန်တင်ခန်း နဲ့ ကားအောက်ပိုင်းတို့ကို ပိုမိုခိုင်မာ တောင့်တင်းစေဖို့သာမက သံချေးတက် ဆွေးမြေ့ခြင်းကိုပါ ကာကွယ်နိုင်ဖို့အတွက် High-Tensile Galvanized Steel Plate များဖြင့် တည်ဆောက်ထားပါတယ်။
လုပ်ငန်းသုံးယာဉ်တစ်စီးဆိုတာထက် ပိုတဲ့ Carry Pro က လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လို ကိုက်ညီမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကို အောက်ပါ Link ထဲမှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုပေးပါဦး။
https://suzukimyanmar.com/suzuki/carrypro
09/05/2026
change ခြင်း
Suzuki Swift မှာ CVT Transmission oil (ဂီယာဝိုင်) ပုံမှန်လဲလှယ်ပေးခြင်းက ကားရဲ့ ရေရှည်ကြံ့ခိုင်မှုအတွက် အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်ပါတယ်။
ဂီယာဝိုင်လဲပေးခြင်းကြောင့် ရရှိမယ့် အဓိက အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
၁။ #ဂီယာဆွဲအား_ငြိမ့်ညောင်းခြင်း (Smooth Shifting)
CVT ဂီယာဝိုင်အသစ်က ဂီယာအတွင်းပိုင်းမှာရှိတဲ့ ပူလီ (Pulley) နဲ့ သံပတ်ကြိုး (Steel Belt) တို့အကြား လိုအပ်တဲ့ ချောမွေ့မှုနဲ့ ပွတ်တိုက်အားကို မှန်ကန်စွာ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဂီယာပြောင်းတဲ့အခါ တုံ့ခနဲဖြစ်တာမျိုး မရှိဘဲ ပိုမိုငြိမ့်ညောင်းလာမှာပါ။
၂။ #ဂီယာသက်တမ်း ပိုရှည်စေခြင်း (Extended Transmission Life)
ဂီယာဝိုင်ဟောင်းသွားရင် အထဲမှာ သံမှုန်တွေနဲ့ အနည်အနှစ်တွေ များလာတတ်ပါတယ်။ ဒါတွေက ဂီယာအတွင်းပိုင်း အစိတ်အပိုင်းတွေကို ပွန်းစားစေနိုင်ပါတယ်။ ဆီအသစ်လဲလိုက်တာဟာ ဒီအညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဂီယာတစ်ခုလုံး ပျက်စီးသွားခြင်းမှ ကာကွယ်ပေးပါတယ်။
၃။ #ဆီစားနှုန်း သက်သာစေခြင်း (Fuel Efficiency)
ဂီယာဝိုင်က အပျစ်အကျဲ မှန်ကန်နေမှ အင်ဂျင်က ထွက်လာတဲ့ စွမ်းအင်ကို ဘီးတွေဆီ ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်မှာပါ။ ဆီဟောင်းနေရင် အင်ဂျင်က ပိုရုန်းရတဲ့အတွက် ဆီစား ပိုများလာနိုင်ပါတယ်။ ဆီအသစ်လဲပေးခြင်းက ကားရဲ့ မူလဆီစားနှုန်းကို ထိန်းသိမ်းပေးပါတယ်။
၄။ #ဂီယာအပူတက်ခြင်းကို ကာကွယ်ခြင်း (Prevent Overheating)CVT ဂီယာတွေဟာ အပူဒဏ်ကို အလွန်ခံစားရလွယ်ပါတယ်။ ဂီယာဝိုင်ရဲ့ အဓိကတာဝန်တစ်ခုက အေးမြအောင် လုပ်ပေးဖို့ပါ။ ဆီဟောင်းသွားရင် အပူစုပ်ယူနိုင်စွမ်း ကျဆင်းသွားပြီး ဂီယာ Heat တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
၅။ #ထူးခြားတဲ့ အသံများ ပျောက်ကွယ်သွားခြင်း
ဂီယာဝိုင် လိုအပ်ချက်ရှိနေရင် ဒါမှမဟုတ် ဆီအရည်အသွေး ကျဆင်းနေရင် ဂီယာဆွဲတဲ့အခါ တစီစီနဲ့ အသံမြည်တာမျိုး ဖြစ်တတ်ပါတယ်။ ဆီအသစ်လဲလိုက်ခြင်းက ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ အသံတွေကို သက်သာစေပါတယ်။
အကြံပြုချက် -
• Suzuki Swift တွေအတွက် များသောအားဖြင့် Suzuki Genuine Oil (SGO) CVT Fluid Green-1 ဒါမှမဟုတ် Green-2 (ကားမော်ဒယ်အလိုက်) ကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။
• အသုံးပြုမှုပေါ်မူတည်ပြီး ကီလိုမီတာ ၄၀,၀၀၀ မှ ၆၀,၀၀၀ ကြား တစ်ကြိမ် လဲလှယ်ပေးသင့်ပါတယ်။
ဖြစ်တဲ့ ကို ဆက်သွယ်ပြီး လာရောက်စစ်ဆေး ပြုပြင်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ
06/05/2026
နေပူပူ မိုးရွာရွာ အမြဲအသုံးဝင်မယ့် Door Visor
နွေရာသီမှာ ကားကို နေပူထဲမှာ အကြာကြီး ရပ်ထားခဲ့ရတဲ့အခါ ကားထဲကို ပြန်ဝင်လိုက်တိုင်း အပူရှိန်ပြင်းတာကို လူတိုင်းကြုံဖူးမှာပါ။ ဒါ့အပြင် မိုးရာသီမှာဆိုရင်လည်း မှန်ဖွင့်ထားတဲ့အခါ ကားအတွင်းခန်း မိုးရေစိုတာမျိုးနဲ့ မှန်ပိတ်ထားတဲ့အခါ ကားအတွင်းခန်း လေလုံပြီး အနံ့ဆိုးထွက်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒီလိုအခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတစ်ခုကတော့ နေပူပူ မိုးရွာရွာ အသုံးဝင်မယ့် Door Visor လေးတွေကို လူကြီးမင်းတို့ရဲ့ကားမှာ တပ်ဆင်ထားလိုက်ရုံပါပဲ။
Door Visor ကို တပ်ဆင်အသုံးပြုထားခြင်းအားဖြင့်
✅ လေဝင်လေထွက် ကောင်းမွန်ခြင်း
နေပူထဲမှာ ကားမှန်တွေကို အကုန်လုံး ပိတ်ပြီး ရပ်ထားတဲ့အခါ ကားအတွင်းထဲမှာ လေဝင်လေထွက် မရှိဘဲ လေပူတွေ အောင်းနေတတ်ပါတယ်။ Door Visor ကို တပ်ထားလိုက်မယ်ဆိုရင်တော့ မှန်ကို အနည်းငယ် ဟထားနိုင်တာကြောင့် လေဝင်လေထွက်ရှိပြီး အပူဒဏ်ကို သက်သာစေမှာပဲ ဖြစ်ပါတယ်။
✅ လုံခြုံစိတ်ချရခြင်း
Door Visor ရဲ့ ဒီဇိုင်းက မှန်အပေါ်နားကို ဖုံးအုပ်ထားတာကြောင့် အပြင်ကကြည့်ရင် မှန်ဖွင့်ထားမှန်း သိပ်မသိသာစေလို့ ကားအတွင်းပိုင်း လုံခြုံရေးအတွက်လည်း စိတ်ချရစေပါတယ်။
✅ Air Con ဝန်ကို လျှော့ချပေးခြင်း
ကားထဲမှာ အပူအောင်းတာ နည်းသွားတဲ့အတွက် ကားပြန်မောင်းလို့ အဲကွန်းအသုံးပြုတဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် အေးစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ SUZUKI ကားလေးတွေမှာ Door Visor မတပ်ရသေးဘူးဆိုရင် အခုပဲ Suzuki Authorized Service Center ဖြစ်တဲ့ မှာ Genuine Accessories အဖြစ် ဝယ်ယူတပ်ဆင်နိုင်ပါပြီ။
30/04/2026
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေကြောင်း မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် …🙏🙏🙏
28/04/2026
ကား အသစ်တစ်စီးအတွက် ၁ လ (သို့မဟုတ်) ကီလိုမီတာ ၁၀၀၀ စစ်ဆေးခြင်း (First Free Service) ဟာ ကားရဲ့ ရေရှည်ကြံ့ခိုင်မှုအတွက် အခြေခံအကျဆုံး အဆင့်ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် ရရှိလာမယ့်
#အကျိုးကျေးဇူးတွေကတော့-
၁။ #အင်ဂျင်သက်တမ်း ပိုမိုရှည်ကြာစေခြင်း
ကားအသစ်တစ်စီးရဲ့ အင်ဂျင်အစိတ်အပိုင်းတွေဟာ အစပိုင်းမှာ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျဖြစ်အောင် ညှိယူရတဲ့ Break-in Period ဖြစ်ပါတယ်။ ဒီအချိန်မှာ သတ္တုမှုန်လေးတွေ ထွက်တတ်သလို၊ အင်ဂျင်ဝိုင်ထဲမှာ အနည်အနှစ်တွေ ရှိနေနိုင်ပါတယ်။ ပထမအကြိမ် စစ်ဆေးပြီး လိုအပ်တာတွေလဲလှယ်ခြင်းက အင်ဂျင်ကို ပွတ်တိုက်မှုဒဏ်ကနေ ကာကွယ်ပေးပါတယ်။
၂။ (အာမခံ) အခွင့်အရေးကို အပြည့်အဝရရှိခြင်း
Suzuki ရဲ့ Warranty စည်းကမ်းချက်တွေအရ သတ်မှတ်ထားတဲ့ Service Schedule (၁၀၀၀ ကီလို၊ ၅၀၀၀ ကီလို စသည်ဖြင့်) ကို တိကျစွာလိုက်နာဖို့ လိုအပ်ပါတယ်။ ပထမအကြိမ် စစ်ဆေးမှုကို ကျော်လိုက်မိရင် နောက်ပိုင်းမှာ စက်ပိုင်းဆိုင်ရာ ပြဿနာကြီးကြီးမားမား ဖြစ်လာတဲ့အခါ Warranty နဲ့ အခမဲ့ပြင်ခွင့် (Claim) ဆုံးရှုံးသွားနိုင်ပါတယ်။
၃။ #မောင်းနှင်ရာတွင် ဘေးကင်းလုံခြုံမှုရှိခြင်း
CACT Motor Service Center က ကျွမ်းကျင်ပညာရှင်တွေဟာ သင့်ကားရဲ့ အဓိက အစိတ်အပိုင်းတွေကို စနစ်တကျ စစ်ဆေးပေးမှာဖြစ်ပါတယ်-
• #အရည်များ စစ်ဆေးခြင်း: - အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ Coolant ရေတိုင်ကီရေတွေ လျော့နည်းနေခြင်း ရှိ/မရှိ။
• #စက်ပိုင်းဆိုင်ရာ - ကားအသစ်ဖြစ်သော်လည်း တုန်ခါမှုကြောင့် လျော့ရဲသွားနိုင်တဲ့ ဝက်အူ (Bolts/Nuts) တွေကို ပြန်လည်ကျပ်ထုတ်ပေးခြင်း။
• #စနစ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း - ဘရိတ်စနစ်၊ ကလပ် (Clutch) နှင့် တာယာလေပေါင်များကို စစ်ဆေးပေးခြင်း။
၄။ #စရိတ်စက သက်သာခြင်း
Fee (လက်ခ) ကို CACT MOTOR မှ အခမဲ့ ဆောင်ရွက်ပေးပါတယ်။
#အသေးအမွှား ချို့ယွင်းချက်လေးတွေရှိရင်လည်း အစောကြီးသိရတဲ့အတွက် နောက်ပိုင်းမှာ ကုန်ကျစရိတ်အများကြီးပေးရမယ့် ပြဿနာကြီးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
၅။ #စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ခြင်း
မှ ကျွမ်းကျင်တဲ့ Technician တွေက ကားရဲ့ Dashboard ပေါ်က Warning Light တွေကို Computer (Diagnostic Tool) နဲ့ Scan ဖတ်ပြီး စစ်ဆေးပေးမှာ ဖြစ်လို့ ကားရဲ့ အခြေအနေကို အတိအကျ သိရှိပြီး စိတ်ချလက်ချ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
#ကားမောင်းနေစဉ်အတွင်း ထူးခြားတဲ့ အသံမြည်တာမျိုး ဒါမှမဟုတ် တုန်ခါတာမျိုး ခံစားရရင် Service Center ကို ရောက်တဲ့အခါ တစ်ခါတည်း ပြောပြဖို့ အကြံပြုလိုပါတယ်။
• #ကားနဲ့အတူပါလာတဲ့ Owner's Manual / Service Booklet ကို ယူသွားပြီး Record ရေးခိုင်းဖို့ မမေ့ပါနဲ့။ ဒါဟာ နောက်ပိုင်းမှာ ကားပြန်ရောင်းရင်ပဲဖြစ်ဖြစ်၊ အာမခံကိစ္စတွေအတွက်ပဲဖြစ်ဖြစ် အထောက်အထားကောင်း တစ်ခုဖြစ်ပါတယ်။
#ဒါတွေအားလုံး စိတ်ချမ်းသာစွာ ပြည့်စုံနိုင်ဖို့ ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်
22/04/2026
ကို ဘာကြောင့် အသုံးပြုသင့်တာလဲ
Torque wrench ဆိုတာ သာမန် လက်ကိုင်ဂွတွေထက် အများကြီး ပိုအဆင့်မြင့်ပြီး တိကျတဲ့ လုပ်ငန်းခွင်တွေမှာ မရှိမဖြစ် အသုံးဝင်တဲ့ ကိရိယာဖြစ်ပါတယ်။ ၎င်းရဲ့ အဓိက အသုံးဝင်ပုံကတော့
၁။ ပစ္စည်းများ ပျက်စီးမှုကို ကာကွယ်ပေးခြင်း (Preventing Damage)
မူလီ (Bolt) သို့မဟုတ် နပ် (Nut) တစ်ခုကို ကျပ်တဲ့အခါ အားအရမ်းများသွားရင် (Over-tightening) ဖြစ်တတ်ပါတယ်။ အားလွန်သွားရင်-
• မူလီရဲ့ ရစ်ပတ် (Thread) များ ပျက်စီးသွားခြင်း။
• မူလီခေါင်း ပြတ်ထွက်သွားခြင်း။
• ကျပ်လိုက်တဲ့ ပစ္စည်းမျက်နှာပြင် (ဥပမာ- အင်ဂျင်ခေါင်း) များ အက်ကွဲသွားခြင်းတို့ ဖြစ်နိုင်ပါတယ်။ Torque wrench က သတ်မှတ်အားရောက်ရင် အသိပေးတဲ့အတွက် ဒီပြဿနာတွေကို အရှင်းဆုံး တားဆီးပေးပါတယ်။
၂။ ဘေးကင်းလုံခြုံရေး (Safety First)
ကားဘီး မူလီတွေ ဒါမှမဟုတ် ဘရိတ်ပိုင်းဆိုင်ရာ မူလီတွေမှာ အားနည်းပြီး ချောင်နေခဲ့ရင် (Under-tightening) မတော်တဆမှုတွေ ဖြစ်နိုင်ပါတယ်။
• ကားဘီးများ: မူလီမတင်းရင် မောင်းနေရင်း ဘီးထွက်သွားနိုင်ပါတယ်။
• စက်ယန္တရားများ: တုန်ခါမှုရှိတဲ့ စက်တွေမှာ မူလီကို တိကျတဲ့ Torque နဲ့ မကျပ်ထားရင် တုန်ခါမှုကြောင့် မူလီတွေ တဖြည်းဖြည်း ချောင်လာတတ်ပါတယ်။
၃။ ဖိအား ညီမျှစေခြင်း (Uniform Load Distribution)
ဒါက အင်ဂျင်ပိုင်းမှာ အရမ်းအရေးကြီးပါတယ်။ ဥပမာ- အင်ဂျင်တစ်ခုရဲ့ Cylinder Head ကို ကျပ်တဲ့အခါ မူလီတွေ အားလုံးကို တူညီတဲ့ Torque value နဲ့ ကျပ်ရပါတယ်။
• အကယ်၍ မူလီတစ်ခုက ကျပ်ပြီး နောက်တစ်ခုက လျော့နေရင် အပူချိန်တက်လာတဲ့အခါ အင်ဂျင်ခေါင်းကောက်သွားတာ ဒါမှမဟုတ် Gasket ပြတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ Torque wrench က မူလီအားလုံးကို အားညီအောင် ကျပ်ပေးနိုင်ပါတယ်။
ဒါကြောင့် Suzuki ကားများပြုပြင်ရန် အတွက် ဖြစ်တဲ့ မှာ လာရောက် စစ်ဆေးပြုပြင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ..
21/04/2026
သင်္ကြန်ကာလကို SUZUKI ကားတွေနဲ့အတူ ဖြတ်သန်းခဲ့ပြီးတဲ့နောက်
သင်္ကြန်ကာလတစ်လျှောက်လုံး အမျိုးမျိုးသော ရေတွေနဲ့ ဖုန်မှုန့်တွေက လျှပ်စစ်ဆိုင်ရာ အစိတ်အပိုင်းများ၊ အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ အပြင် တာယာနဲ့ ဘရိတ်စနစ် တို့လို အစရှိတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အခုလို သင်္ကြန်ကာလကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့ လူကြီးမင်းတို့ရဲ့ SUZUKI ကားတွေမှာ ရေရှည် ကြံ့ခိုင်မှုတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ရရှိစေနိုင်ဖို့အတွက် General Inspection တွေကို ပြန်လည် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
General Inspection ပြုလုပ်ခြင်းအားဖြင့်
✅ မမြင်နိုင်တဲ့ ချို့ယွင်းချက်တွေကို ကြိုတင်သိရှိနိုင်ခြင်း
✅ ကြီးမားတဲ့ ပြင်ဆင်စရိတ်တွေကို သက်သာစေခြင်း
✅ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းထားနိုင်ခြင်း
✅ ဘေးကင်းလုံခြုံမှုကို ရရှိစေနိုင်ခြင်း
✅ စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ခြင်း
ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ နီးစပ်ရာ Suzuki Authorized Service Center ဖြစ်တဲ့ CACT MOTOR - 09454247770 မှာ General Inspection ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
သင်္ကြန်ကာလပြီးတဲ့နောက် ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် Suzuki Authorized Service Center ဖြစ်တဲ့ CACT MOTOR မှာ အခုပဲ Service Booking ပြုလုပ်လိုက်ပါ။
20/04/2026
18/04/2026
အမှောင်ထဲမှာ လမ်းပြပေးမယ့် Guide Me Light Function
SUZUKI Ertiga Smart Hybrid နဲ့သာ အတူရှိနေမယ်ဆိုရင်တော့ ညအမှောင်တွေမှာ လမ်းလျောက်ဖို့အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ Guide Me Light Function က ညဘက်မှောင်နေတဲ့အချိန်တွေမှာ ကားပေါ်က ဆင်းပြီး အိမ်ကိုသွားတာပဲဖြစ်ဖြစ်.. အိမ်ထဲကထွက်ပြီး ကားဆီကို လာတာပဲဖြစ်ဖြစ် ကားရှေ့မီးက အလိုအလျောက် လင်းလာပြီး လူကြီးမင်းတို့ကို လမ်းပြပေးမှာ ဖြစ်ပါတယ်။
To Home
ကားပေါ်ကဆင်းပြီး အိမ်ကိုသွားတဲ့အချိန်မှာ ပတ်ဝန်းကျင်က မှောင်နေတယ်ဆိုရင် Guide Me Light Function ကိုသုံးလို့ရပါတယ်။ အသုံးပြုဖို့အတွက်ဆိုရင်တော့ Lighting Control Lever မှာပါတဲ့ Lighting Switch ရဲ့ Position က Auto ဆိုတဲ့နေရာကို လှည့်ထားပါ။ ပြီးရင်တော့ ကားကိုစက်ပိတ်ပြီး Lighting Control Lever ကို လူကြီးမင်းဘက်ကို တချက်ဆွဲမလိုက်ရုံပါပဲ။
ဒါဆိုရင်တော့ Driver ဘက်ခြမ်း တံခါးကို ဖွင့်လိုက်တာနဲ့ ကားရှေ့မီးတွေက အလိုအလျောက် လင်းလာမှာ ဖြစ်ပါတယ်။ သတိပြုစရာအနေနဲ့ Guide Me Light Function အသုံးပြုတဲ့အခါ စက္ကန့် ၆၀ အတွင်း Driver ဘက်ခြမ်း တံခါးကိုဖွင့်မှသာ မီးလင်းလာမှာပါ။
To Car
ကားဆီကိုသွားဖို့ ပတ်ဝန်းကျင်က မှောင်နေတယ်ဆိုရင်လည်း Smart Key ကနေ Unlock လုပ်လိုက်ရုံနဲ့ ကားရှေ့မီးတွေက အလိုအလျောက်လင်းလာပြီး လူကြီးမင်းကို လမ်းပြပေးမှာဖြစ်ပါတယ်။
Guide Me Light Function တွေမှာ ပုံမှန်အားဖြင့် ပါကင်မီး (Front Position Light) နှင့် ရှေ့မီးကြီး (Low beam) တို့ဟာ သတ်မှတ်ထားတဲ့ ကြာချိန်အတိုင်း မီးလင်းပေးမှာဖြစ်ပြီး သတ်မှတ်ကြာချိန်ကိုလည်း Information Display ထဲမှာ ပြောင်းလဲသတ်မှတ်လို့ရပါတယ်။
Guide Me Light Function တွေက ပတ်ဝန်းကျင်မှောင်နေမှသာ အလုပ်လုပ်မှာဖြစ်ပြီး အသုံးပြုပြီးပြီဆိုရင်တော့ Smart Key ကနေ ကားတံခါးကို Lock ပြန်ချဖို့ မမေ့ဖို့လည်း သတိပေးလိုက်ပါရစေ။
“Guide Me Light Function” ရဲ့ အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင် SUZUKI Myanmar Motor ရဲ့ Website မှာရှိတဲ့ ဒီ link က နေ download ရယူပြီး လေ့လာလို့ရပါတယ်။
https://suzukimyanmar.com/frontend/assets/pdf/service/owner-manual/ertiga/4/Ertiga-Type-D-Owner-Manual-MM.pdf
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 16:30 |
| Tuesday | 09:00 - 16:30 |
| Wednesday | 09:00 - 16:30 |
| Thursday | 09:00 - 16:30 |
| Friday | 09:00 - 16:30 |
| Saturday | 09:00 - 16:30 |