Promising English Study Tips

Promising English Study Tips

Share

This page helps improve your English particularly on A1, A2 and B1 (Basic to Intermediate). Try using provided tips here to boost your English study practice.

Join our group to access full information and meet with other students. Fun, Natural, Fluent!

Photos from Promising English Study Tips's post 21/03/2022

How to say the time in English- အချိန်ကိုဘယ်လိုပြောရမလဲ

What time have you got? or What time it is? လို့ အချိန်မေးလာရင် ဘယ်လိုပြန်ဖြေမလဲ။

Quiz များကို ဖြေကြည့်ပါ။ အောက်ပါလင့်မှာလည်း သေချာရှင်းပြထားလို့ အသေးစိတ်လေ့လာလို့ရပါတယ်

https://bit.ly/3Jxi6Uw

19/03/2022

အခြေအနေပေါ်မူတည်ပြီး လိုက်လုပ်တာ၊ ကြည့်လုပ်တာ ကို ဘယ်လိုပြောရမလဲ

Play it by ear (idiom) ကိုသုံးလို့ရပါတယ်

ဥပမာကြည့်ပါ

🔷 I don't know the details about meeting and have to play it by ear hoping for the best.

(ငါအစည်အဝေးနဲ့ပတ်သက်ပြီး အသေးစိတ်မသိထားဘူး၊ အကောင်းဆုံးကို မျှော်လင့်ပြီး အခြေအနေပေါ် ကြည့်လုပ်လိုက်ရမှာပဲ)

🔷 I wasn't sure what to do at first and just played it by ear. Fortunately, it was a success.

(အစက ငါလည်းဘာလုပ်ရမှန်းမသိဘူး၊ အခြေအနေပေါ်မူတည်ပြီး လုပ်လိုက်တာ၊ ကံကောင်းစွာနဲ့ အောင်မြင်သွားခဲ့တယ်)

12/03/2022

သီချင်းလိုက်ဆိုတာ၊ သီချင်းနဲ့ လိုက်ကတာကို ဘယ်လိုပြောရမလဲ

Sing along to နဲ့ dance to ကိုသုံးရပါတယ်

✅ Sing along to (သီချင်းဖွင့်ထားတာကို လိုက်ဆို၊ လိုက်ညီးသည်)

- I sing along to the radio in the car.
- They were singing along to the songs happily.

✅ Dance to (သီချင်းနဲ့လိုက်ကသည်)

- I like dancing to my favorite tunes.
- The couple is dancing to their wedding songs.

11/03/2022

Have ကို Main verb အနေဖြင့် အသုံးပြုပုံ

Possession (ပိုင်ဆိုင်မှုပြတဲ့အခါ)

- Do you have a car?
- I have two houses.

Events, experiences and activities (အတွေ့အကြုံများ၊လုပ်ဆောင်မှုများ)

- They have a party to celebrate their anniversary.
- I have a bath to refresh myself .
- I have lots of experience in medical field.
- We had a fight.

Eating food and meals (အစာစားခြင်း)

- I have rice and pork curry for lunch.
- Staff can have coffee in the office.
- Can I have a tea during your presentation?

Conversation (ပြောဆိုခြင်း)

- They have an argument about meetings.
- I have a chat with him about the business plan.
- I have a discusdion with my boss about my salary.

Sleeping, Resting and Washing (အိပ်ခြင်း၊ ရေချိုးခြင်း၊ အနားယူခြင်း)

- I have a nap in the afternoon.
- Let's have a rest.
- I need to have a good sleep before work.

Health problems (ကျန်းမာရေးပြဿနာများ)

- She had an accident on her way to school.
- Doctor told me that I have cancer.

Have အကြောင်း လေ့ကျင့်ခန်းများလုပ်ရန် အောက်ပါလင့်များကိုနှိပ်ပြီး လေ့လာပါ

https://bitly.is/3CzxTQi
https://bit.ly/3tLgZKj

02/03/2022

-ed & -ing နဲ့ဆုံးတဲ့ adjectives များဟာ တခါတလေမှာ ရောထွေးပြီး မှားတတ်ပါတယ်။ အောက်ပါစကားလုံးအချို့ကို ကြည့်ကြပါစို့။

Annoyed/annoying, bored/boring, confused/confusing, disappointed/disappointing, excited/exciting, frightened/frightening, interested/interesting, surprised/surprising, tired/tiring, worried/worrying, exhausted/exhausting, amazed/amazing, shocked/shocking, depressed/depressing, embarrassed/embarrassing, fascinated/fascinating

⚠️ ဘယ်လိုတွေကွာခြားလဲ

✅ -ed နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖော်ပြတဲ့စကားလုံးများဖြစ်ပါတယ်။ ဥပမာ-I am confused or he is excited. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။

🔶 I am disappointed with my holiday photos.
🔶 He was really surprised that he received a gift.

✅ -ing နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖြစ်စေတဲ့၊ ပေးတဲ့ အရာများကို ဖော်ပြတဲ့ စကားလုံးများဖြစ်ပါတယ်။
ဥပမာ- This book is interesting or His voice is annoying. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖြစ်စေတဲ့ အရာများကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။ စာအုပ်က ပျင်းဖို့ကောင်းလို့ လူကပျင်းသွားတာ၊ အသံက စိတ်အနှောင့်အယှက်ပေးလို့ လူကစိတ်ရှုပ်သွားရတာပါ။

🔶 The music is too loud and it is really annoying.
🔶 Mountain climbing is so tiring.

လေ့ကျင့်ခန်းများပါ တွဲလုပ်လို့ရအောင် အောက်ပါလင့်များမှာ ရှာပေးထားပါတယ်။

https://bit.ly/3tFZIE1
https://bit.ly/352bn5H

21/01/2022

မနေ့ကတင်ပေးထားတဲ့ Quiz ရဲ့ အဖြေမှန်ကို တင်ပေးလိုက်ပါတယ်

-ed & -ing နဲ့ဆုံးတဲ့ adjectives များဟာ တခါတလေမှာ ရောထွေးပြီး မှားတတ်ပါတယ်။ အောက်ပါစကားလုံးအချို့ကို ကြည့်ကြပါစို့။

Annoyed/annoying, bored/boring, confused/confusing, disappointed/disappointing, excited/exciting, frightened/frightening, interested/interesting, surprised/surprising, tired/tiring, worried/worrying, exhausted/exhausting, amazed/amazing, shocked/shocking, depressed/depressing, embarrassed/embarrassing, fascinated/fascinating

ဘယ်လိုတွေကွာခြားလဲ

-ed နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖော်ပြတဲ့စကားလုံးများဖြစ်ပါတယ်။ ဥပမာ-I am confused or he is excited. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။

I am disappointed with my holiday photos.
He was really surprised that he received a gift.
-ing နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖြစ်စေတဲ့၊ ပေးတဲ့ အရာများကို ဖော်ပြတဲ့ စကားလုံးများဖြစ်ပါတယ်။ ဥပမာ- This book is interesting or His voice is annoying. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖြစ်စေတဲ့ အရာများကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။ စာအုပ်က ပျင်းဖို့ကောင်းလို့ လူကပျင်းသွားတာ၊ အသံက စိတ်အနှောင့်အယှက်ပေးလို့ လူကစိတ်ရှုပ်သွားရတာပါ။

The music is too loud and it is really annoying.
Mountain climbing is so tiring.

လေ့ကျင့်ခန်းများပါ တွဲလုပ်လို့ရအောင် အောက်ပါလင့်များမှာ ရှာပေးထားပါတယ်။

https://bit.ly/3tFZIE1
https://bit.ly/352bn5H

20/01/2022

Quiz မတင်တာကြာလို့ တင်ပေးလိုက်ပါတယ် ကြိုးစားဖြေကြည့်ကြပါဦးနော်

-ed / -ing နဲ့ဆုံးတဲ့ Adjectives တွေက မှတ်ရတာ တခါတလေ ရှုပ်ထွေးတတ်ပါတယ်။ ဥပမာ--Interested နဲ့ Interesting, Annoyed နဲ့ Annoying စသည်ဖြင့် စကားလုံးများပါ။

မနက်ဖြန်ညနေမှာ ဖြေမှန်လာတိုက်ကြည့်ပါ။

09/01/2022

Speaking ပြောတဲ့အခါ ကျွမ်းကျင်လိုက်တာလို့ မှတ်ချက်ပေးခံရချင်ရင် Fluency marker များထည့်သုံးပေးရပါတယ်
------------------------------

✅ Fluency marker ဆိုတာဘာလဲ ဘာလို့သုံးသင့်တာလဲ

💠 Discourse marker လို့လည်း ခေါ်တယ် စကားပြောရင် ပိုသဘာဝကျစေအောင်၊ ကိုယ်ပြောတာကို သူများနားလည်လွယ်အောင်၊ နားထောင်သူကိုလည်း စိတ်ဝင်စားအောင် ထည့်သုံးရတဲ့ စကားစုများဖြစ်ပါတယ်။
💠 အဲ့ဒီစကားစုများကို သုံးခြင်းအားဖြင့် စကားပြောသူရဲ့ ခံစားချက်ကို နားထောင်သူဘက်က နားလည်ခံစားမိစေပါတယ်။ Native speaker တယောက်ပြောနေသလို Speaking ကျွမ်းကျင်တယ်လို့လည်း ထင်ရပါတယ်။
💠မြန်မာလိုစကားပြောပုံနဲ့လည်း ဆင်တူပါတယ်။ ဥပမာ....'ငါထင်သားပဲ....၊ ဒါနဲ့လေ စကားမစပ်....၊ တကယ်တော့လေ....' စသည်ဖြင့် ထည့်ပြောသလိုပါပဲ

✅ အောက်ပါ Fluency Markers အချို့ကို လေ့လာကြည့်ပါစို့

In fact (တကယ်တော့)
🔷 We didn't go to school yesterday. In fact, the class was boring. (မနေ့က ငါတို့တွေ ကျောင်းမသွားဘူး၊ တကယ်တော့ အတန်းကလည်း ပျင်းဖို့ကောင်းလို့ပါ)

🔷 He told me the exam would be easier, but in fact, it is more difficult.
(သူပြောတော့ စာမေးပွဲကပိုလွယ်မှာတဲ့၊ ဒါပေမယ့် တကယ်ကျတော့ ပိုခက်နေတယ်)

To be honest/ honestly (အမှန်အတိုင်းပြောရရင်တော့/ ရိုးရိုးသားသား ဝန်ခံရရင်တော့)

🔷 To be honest, I'm not good at sports.
(အမှန်အတိုင်းပြောရရင်တော့ ငါက အားကစားတွေမှာ မတော်ပါဘူး)

🔷 Honestly, you are expected to perform well at work.
(ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မင်းကို အလုပ်မှာ ကောင်းကောင်းလုပ်စေချင်တာ)

I guess/ I suppose/ I think (ငါထင်တာတော့)
🔷 I guess, she will be home in a minute. (ငါထင်တာတော့ ခဏနေရင် သူအိမ်ပြန်ရောက်တော့မှာ)

🔷 I suppose you are right about it. (အဲ့ဒါနဲ့ပတ်သက်လို့ နင်မှန်တယ်လို့ ငါထင်တယ်)

🔷 I don't think he recognizes me. (သူငါ့ကိုမှတ်မိမယ် မထင်ဘူး)

Fortunately/ Luckily (ကံကောင်းစွာနဲ့) Unfortunately (ကံမကောင်းစွာဖြင့်(

🔷 Luckily, everyone is safe now. (ကံကောင်းစွာနဲ့ အားလုံးဘေးကင်းသွားပါပြီ)
🔷 Unfortunately, I haven't got any ticket. (ကံမကောင်းစွာနဲ့ ငါဘာလက်မှတ်မှ မရလိုက်ဘူး)

I am afraid (အားတော့နာပါတယ်၊ စိတ်မရှိပါနဲ့နော်)

🔷 I am afraid you've got the wrong number. (စိတ်မရှိပါနဲ့ ဖုန်းနံပါတ်မှားဆက်နေပါတယ်)

🔷 I'm afraid the hotel is fully booked. (အားနာပါတယ် ဟိုတယ်မှာ ဘိုကင်ပြည့်နေပါပြီ)

Actually (အမှန်တကယ်က)

🔷 Actually, I need more time to finish my homework. (အမှန်တကယ်တော့ ငါအိမ်စာတွေပြီးဖို့ အချိန်ပိုလိုနေတယ်)

🔷 Actually, he doen't like you. (တကယ်တော့ သူနင့်ကို သဘောမကျဘူး)

✅ ပိုမိုလေ့လာလိုပါက အောက်ပါလင့်များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

https://bbc.in/3Fap5Qv
https://bit.ly/3naQ5sN

အားလုံးပဲ အင်္ဂလိပ်စာတိုးတက်ကြပါစေ

07/01/2022

Idiom များ

Spill the beans ဆိုတာ 'လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်တာ' လို့အဓိပ္ပာယ်ရပါတယ်
ဥပမာများနှင့်တကွ လေ့လာကြည့်ပါဦး

ဒီလိုအဓိပ္ပာယ်တူ စကားလုံးများကိုလည်း Comment မှာ ရေးသွားပေးပါဦးနော်

05/01/2022

Phrasal Verb

✅ Keep something to (yourself/myself) = do not tell anyone about something
(ဘယ်သူ့မှ ဖွင့်မပြောနဲ့၊ မိမိဘာသာ ရင်ထဲမှာထားသည်)

Example:

🔶 I am going to tell you something but I want you to keep it to yourself. (ငါနင့်ကို ပြောပြစရာရှိတယ်။ အဲ့တာကို ဘယ်သူ့မှ လျှောက်မပြောပါနဲ့)

🔶 He didn't seem to understand me. So I decided to keep my problems to myself.
(သူငါ့ကို နားလည်ပေးနိုင်မယ့်ပုံ မပေါ်ပါဘူး။ အဲ့ဒါကြောင့် ငါပြဿနာတွေကို ငါဘာသာဘဲ သိမ်းထားလိုက်တော့လို့ ဆုံးဖြတ်လိုက်တယ်)

✅ Open up to somebody = to talk more about yourself and your feelings
(ခံစားချက်တွေကို ရင်ဖွင့်သည်)

🔶 Remember you are not alone and you can open up to me.
(နင်တယောက်ထဲလို့မထင်ပါနဲ့၊ ငါ့ကိုရင်ဖွင့်လို့ရပါတယ်)

🔶 I have never opened up to anyone like I do to you.
(နင့်ကို ရင်ဖွင့်သလိုမျိုး ငါဘယ်သူ့ကိုမှ မပြောဖူးဘူး)

26/12/2021

Grammar နဲ့ Vocabulary အပိုင်းလေ့လာချင်သူများအတွက် လေ့ကျင့်ခန်းကောင်းများ

ဘာတွေလေ့လာလို့ရမလဲ

🔷 Grammar explanation & exercises (Grammar ရှင်းပြချက်များနဲ့ လေ့ကျင့်ခန်းများ) ပုံမှာနမူနာပြထားသလို

🔷 Vocabulary explanation & exercises များ (Vocab ရှင်းပြချက်များနဲ့ လေ့ကျင့်ခန်းများ)

🔷 level အလိုက် Short test များ

🔷 အချို့ Worksheet များကို Download ဆွဲပြီး လေ့လာလို့လည်းရတယ်။

🔷 Daily English lesson များအပြင် News တွေကိုပါ ဖတ်လို့ရပါမယ်

အောက်ပါလင့်မှာ ဝင်ရောက်လေ့လာပါ

https://bit.ly/30ZI02p

အားလုံးပဲ အင်္ဂလိပ်စာတိုးတက်ကြပါစေ

Photos from Promising English Study Tips's post 18/12/2021

မိမိရဲ့ English အသံထွက် ငပိသံပျောက်စေချင်ရင်😊👇

✅ Listening များများလုပ်ရပါမယ်။
🔷 ပြီးရင် သူတို့ ဘယ်လိုပြေသွားလဲ၊ ဘယ်နေရာမှာ ဖိ ဘယ်နေရာမှာ ဖော့ပြောသွားသလဲ မှတ်သားထားပါ။
🔷 ပြီးရင် သူတို့အသံအတိုင်း လိုက်တုပြီး ပြောရပါမယ်။

✅ မိမိရဲ့အသံကို Record လုပ်ပြီး ပြန်နားထောင်ကြည့်ပါ။
🔷 ဘယ်နေရာမှာ လိုအပ်နေလဲ။ လိုအပ်ချက်တွေကို ပြန်ပြင်ပြီး ပြန် Record ထပ်လုပ် ပြန်နားထောင်ရပါမယ်။
🔷 ငယ်ငယ်ကတည်းကသိလာတဲ့ စကားလုံးတွေမှာလည်း အသံထွက်အမှားတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်စကားလုံးဖြစ်ဖြစ် မှန်မမှန် ပြန်စစ်ဆေးပါ။

❗️ဘယ်လိုစစ်ဆေးရမလဲ အောက်မှာ ဆက်လေ့လာပေးပါ။ ❗️👇

✅ Phonetic လေ့လားဖို့လိုပါတယ်။

🔷 LearnEnglish Sound Right app လေးကို ညွှန်းချင်ပါတယ် Play store မှာ Download ဆွဲပြီး မိမိဘာသာ လေ့လာလို့ရပါတယ်။ (ပုံမှာပြပေးထားပါတယ်)
🔷 အောက်ပါလင့်မှာ Google လိုမျိုးပဲ သိချင်တဲ့ စကားလုံးကို ရိုက်ရှာပြီး အသံထွက်နဲ့ အဓိပ္ပာယ်ကိုပါ လေ့လာလို့ရပါတယ်
https://howjsay.com/

✅ အရင်ကတင်ပေးထားတဲ့ Post တွေမှာလည်း အရမ်းကောင်းတဲ့ အချက်တွေကို လေ့လာလို့ရပါတယ် အောက်ပါလင့်ကို နှိပ်ကြည့်ပါ။

https://bit.ly/3qqCzSX
https://bit.ly/3p5fcie

အားလုံးပဲ အင်္ဂလိပ်စာ တိုးတက်ကြပါစေ

No copyright fragments intended!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon