Cap Corner
Beauty Blogger/ Social Influencer Blogger/ Social Influencer
30/09/2023
📣Hey, fashionistas! Do you like cool hats? 💥 Goorin Bros hats are the leader in the fashion industry! Whether you are a street trendy person or you pursue individual fashion, you cannot do without a Goorin Bros hat. They're not just simple hats, they're a cool fashion statement!🏃♂️🏃♀️
07/09/2023
စျေးတွေ သူ့အလိုလိုပြန်ကျရင်ကောင်းမှာပဲ။ ဗိုက်လိမ်းတာတွေကုန်သွားပြီ🥺🥺🥲
က review ရေးဖူးတာမို့ အတော်ရင်းနှီးကြမယ့် brand ဆိုပေမယ့် ခုပြောမှာက MaMa’s choice brand
ကိုကြိုက်လွန်းလို့ လက်ထဲရောက်ကတည်းက သုံးဖြစ်တာခုဆိုကုန်သွားပြီ။
၂ လလောက်တော့ခံလိုက်တယ် 🥺🥺ဗိုက်တင်မက နေရာအနှံ့သုံးရတော့လေ။ ဘာလို့လည်းဆိုတာအောက်မှာဆက်ပြောပြမယ်။
သုံးနည်းကတော့ Serum တစ်စက်-၂ စက် လောက်ကို dropper နဲ့လက်ထဲထည့်ပြီး ဗိုက်တစ်ပြင်လုံးပွတ်ပြီးသေချာစိမ့်ဝင်အောင် လိမ်းပေးတယ်။ ပြီးမှ အပေါ်ကနေ cream or oil ပြန်သုံးပေးရင် အကြောပြတ်ရာလေးတွေကာကွယ်ပြီးသားဖြစ်သလို ရှိပြီးသားအကြောပြတ်ရာကိုမှိန်စေတယ်။
အနံ့ကလည်းအတော်သင်းတော့ ညဘက်မအိပ်ခင် လိမ်းရင် စိတ်ရှုပ်နေရင်တောင် အနည်းငယ်လေးစိတ်ကြည်သွားစေတယ်။
ဗိုက်က အခု မွေးခါနီး ၂ ပတ်လောက်မှာ တစ်
ကွက်လောက်ပဲအကြောပြတ်တယ်။
ဖြိုး body ရဲ့ ထူးဆန်းမှုကြီးက ဗိုက်အကြောပြတ် တာက လိုင်းပိစိ ၂-၃ ကြောင်းပဲကွက် ရှိပြီး လက်မောင်း, ဒူးခေါင်းအနောက်ဖက်၊ နဲ့ ခါးမှာအကြောပြတ်တာအရမ်းဆိုးတာပဲ။ အနီကြောင်းကြီးတွေမို့ ဘေးကမြင်တဲ့သူတွေတောင်လန့်တယ်။
ဒါတောင်ကြိုလိမ်းထားတာရယ်🤔။ အဲ့တော့ serum ကို လက်မောင်းနဲ့ခါးကိုအဓိကသုံးဖြစ်တယ်။
ကိုယ်ဝန်ဆောင်ကာလကတော့ဘာမှကိုကြိုမှန်းလို့ကိုမရတာ ဟော်မုန်းကြောင့် ရော Genetics ကြောင့်ပါ body ကဖြစ်ချင်တိုင်းဖြစ်တော့လေ။ မွေးပြီးရင်တော့ မဲနေတာတွေသူ့အလိုလိုလျော့ပြီး အကြောပြတ်ရာတွေမှိန်သွားပါစေဆုတောင်းတယ် 🥺။
Stretch Marks Serum ရော Cream ရောကိုကိုယ်ဝန်ဆောင်ချိန်ကာလပြီးလို့ မွေးပြီးရင်လည်း နောက်ထပ် ၆လလောက်က စွဲသုံးသွားဖို့ လိုတာမို့
ရိက္ခာတော့စုထားမှဖြစ်မှာ🙈
ဝယ်ရပါဦးမယ်ပေါ့လေ 😁😁😁🫶🏻
02/09/2023
Hello, Phyo ကို Pregnancy safe skincare တွေ chatbox မှာလာမေးကြတာများလာလို့ ဖြိုး pregnancy တောက်လျှောက်သုံးတာမှာ အရေးပါဆုံး step ဖြစ်တဲ့ moisturizer ကို highlight လုပ်ပြီး အတိုချုံ့လေးပြောပြမို့ပါ။
ဖြိုးတော့ ကျန်တဲ့ skincare steps တွေအများကြီး လိမ်းဖို့အချိန်လည်းမပေးဖြစ်တဲ့အပြင် မလိုအပ်ပဲလည်းမသုံးချင်တော့ အရေးကြီးဆုံး moisturizer step ကိုပဲ နေ့တိုင်းသေချာသုံးတယ်။
Pregnancy safe brand ဆိုရင် က နိုင်ငံတကာ dermatologists တွေညွှန်းနေကျ ထိပ်ဆုံးက brand ပါ။ ပြီးတော့ သူ့ brand ကိုကလည်း အရေပြားအထူးကုဆရာဝန်တွေကိုယ်တိုင်ထုတ်ထားတာ။
Cerave ပြီးရင်တော့ စျေးသက်သာတာက Cetaphill ရှိမယ်။
Cerave လည်း အမှန်တော့စျေးကြီးတဲ့ luxury brand ဟုတ်မနေပေမယ့် အခုဒေါ်လာ rate နဲ့ဆို မြန်မာနိုင်ငံမှာ ၅၀၀၀၀- ၆၀၀၀၀ နီးနီးဖြစ်နေတာပါပဲ😩🥺
ဒါကတော့စျေးအရင်သိရအောင်ပြောပြတာပေါ့နော်။
သူကဘာလို့ pregnancy safe ဖြစ်လည်းဆိုရင် အရေပြားတိုင်းအတွက် အဓိကလိုအပ်တဲ့ skin barriers ကောင်းစေတဲ့ ပါဝင်ပစ္စည်း၃ မျိုးနဲ့ပဲ ထုတ်ထားတာမို့ပါ။
Ceramides 3 မျိုး၊ Niacinamide နဲ့ Hyaluronic Acid ကိုပဲအဓိကထားပြီးထုတ်ထားတာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ မျက်နှာအသားအရေကမွဲခြောက်ပြီးညစ်နေတာမျိုးတွေအတွက် အစိုဓာတ် ရေဓာတ်ပြည့်ပြီး အိအိလေးကျန်နေစေခဲ့လို့ သဘောကျတယ်။
တစ်ခါ လိမ်းထားရုံနဲ့တင် မျက်နှာမှာ moisture ကိုအတော်ထိန်းပေးထားနိုင်တယ်။
မျက်နှာကို ကိုင်ကြည့်လိုက်ရင် အဆီပြန်နေမျိုးတာလည်းမရှိပဲ စိုစိုကြည်ကြည်လေးပဲဖြစ်နေတာ။
အရင် ဝက်ခြံတွေထွက်တတ်တဲ့အချိန်ကတည်းက skin barrier ကောင်းဖို့ဆို ကျန်တဲ့သုံးနေတဲ့ products တွေအကုန်ရပ်ပစ်ပြီး သူ့ကိုပဲပြန်သုံးရင် skin natural barrier ပြန်ကောင်းလာစေလို့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း cerave ကိုပဲသုံးဖြစ်သွားတာပါ။
Texture က ဖြိုးပြထားတာ ညသုံးတဲ့ PM type Lotion (Ultra Lightweight) Oil free လည်းဖြစ်တာ မို့ မပျစ်ပါဘူး။ texture အတော် အိပြီး လိမ်းလို့ကောင်းတယ်။
1-2 pump လောက်နဲ့တင် တစ်မျက်နှာလုံးစိမ့်ဝင်အောင်သေချာလေးသုံးပေးလို့ရတာမို့ ဒီတစ်ဘူးဆို ဖြိုး ညပဲသုံးရင် ၅-၆ လလောက်ထိအေးဆေးသုံးလို့ရတယ် ။
မနက်သုံးတဲ့ AM Lotion မှာဆိုလည်း SPF ပါပြီးသားမို့ skincare ၂ ဆင့်လောက်ကို သူ့တစ်ဘူးထဲနဲ့ပြီးတာပေါ့လေ။
ဖြိုးမှာတော့ PM Type ပဲရှိတယ်။
ဖြိုးရဲ့ မနက်ပိုင်း skincare routine ဆို aloe Vera gel လေးပဲလိမ်းထားဖြစ်တာများပြီး အပြင်ထွက်ရင် တော့ sunscreen ပြန်အုပ်ဖြစ်တယ်၊ ဒီလောက်ပါပဲ။
ဖြိုးရဲ့ Pregnancy Skincare Steps အနေနဲ့ကတော့
Gentle Cleanser > serum( တခါတလေ စိတ်ကူးပေါက်မှထသုံးဖြစ်တာ) > Toner (pregnancy safe toner) > Moisturizer (Aloe Vera Gel or Cerave PM Lotion) > SPF (in morning period)
ဒါပါပဲရှင်။
01/08/2023
All pregnant bodies and bumps come in different shapes and sizes and they are all beautiful.
25/07/2023
Giveaway winners များပါရှင်
ဖြိုးကို chat box မှာ contact infoအပြည့်အစုံလာပို့ပေးထားနော်🩷ဒီတခါ မြင်နေကျ top fan လေးတွေလည်းများကြီးပါတာမို့ မပေါက်သေးသူများက နောက်လည်းပါဝင်လို့ရအောင် follow ထားပါ favorite ထဲထည့်ထားပါလို့ 😛😘😘
16/07/2023
Hello
(Giveaways Closed)
ဘာရယ်မဟုတ် လက်ဆောင်ပေးချင်စိတ်ပေါက်လာလို့ ဖြိုးရထားတဲ့ PR gifts အချို့နဲ့ဖြိုးဝယ်ထားပြီးမသုံးဖြစ်တဲ့product အသစ်လေးတွေ ကို ခွဲခြမ်းထားပါတယ်။
ဖြိုးရဲ့ followersတွေကို လက်ဆောင်လေးတွေပေးဖို့စီစဉ်ထားတာ ၅ ဦးစာ ရပါတယ်။
Random choose မှာပါ။
ဖြိုးရဲ့အခု page လေးကို Follow ထားသူဖြစ်ရပါမယ်။
ဖြိုးအရင်တင်ထားတဲ့ post တွေကို ဝင်ကြည့်ပြီး love and support ပေးသွားရင်ပိုကောင်းတာပေါ့😁🥰😘
ပြီးရင် ဒီ post လေးကို public share ပြီး comment မှာ Ss လေး မန့်ရင်း သူငယ်ချင်းတွေပါဝင်လို့ရအောင် tag ပေးသွားနော်။
Top Fans/ Old followers / New Followers အကုန်ပါဝင်လို့ရပါတယ်ရှင်🥰🥰🥰
Delivery fees ကတော့ ပစ္စည်းလက်ခံသူဘက်မှရှင်းပေးပါနော်🥳
15/07/2023
ကိုယ်ဝန်ဆောင်ကာလမှာ အကြောမပြတ် ၊stretch marks ဖြစ်တာက အတတ်နိုင်ဆုံးကင်းဝေးအောင် USA ထုတ် Palmer’s ရဲ့ ပစ္စည်းကောင်းတွေနဲ့ကြိုတင်ကာကွယ်လို့ရတယ်ဆိုတာ ဖြိုး ပြောပြချင်လို့ပါ။
တစ်ယောက်နဲ့တစ်ယောက် skin type တွေ ၊ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်မှု(skin elasticity) တွေမတူကြလို့ ကိုယ်ဝန်ဆောင်သူတိုင်းအကြောပြတ်ရာ မဖြစ်တတ်ကြပေမယ့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပြီး လိမ်းပေးထားတာအကောင်းဆုံးပါပဲ၊ ဖြစ်ပြီးမှကုရင် ပိုပြီးအချိန်ကြာတတ်တာမို့ပါ။
❔Stretch Marks ဆိုတာဘာလဲ? ဘာလို့ဖြစ်တာလဲ?
- အရင်ဆုံး stretch marks ဆိုတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာမကပဲ ကျား မ မရွေးဖြစ်နိုင်သလို အပျိူ လူပျို ကြွက်သားတွေစပြီးဖွံ့ဖြိုးကြီးထွားလာချိန် ဆယ်ကျော်သက်အရွယ်တွေမှာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်၊ တွေမှာ ဖြစ်တတ်ပါတယ်။
- နောက်ပြီး မျိုးရိုးကြောင့်ပဲဖြစ်ဖြစ်၊ ဝိတ်အတက်အကျမြန်လို့ပဲဖြစ်ဖြစ် ၊Gym ဆော့တာ စတဲ့အကြောင်းအရာမျိုးစုံကြောင့် အရေပြားက ဆွဲဆန့်တာ မခံနိုင်ရင် skin layer အောက်ဘက်မှာ အကြောအမျှင် လေးတွေစပြတ်လာပြီး ဖြိုးတို့မြင်ရတဲ့ အရေပြားပေါ် မှာ stretch marks လို့ခေါ်တဲ့ wave lines အစင်းကြောင်း တွေပေါ်လာတတ်ကြပါတယ်။
လူတိုင်းဖြစ်တတ်တာမို့ ရှက်စရာလည်းမလိုသလို ကျန်းမာရေးကိုလည်းမထိခိုက်စေပါဘူးရှင်။🙅♀️
💁♀️Personal experiences on Stretch Marks
ဖြိုးမှာဆို ဒူးခေါင်း၊ တင်ပါးနဲ့ ပေါင်တွေမှာ ရှိခဲ့တာ ဆယ်ကျော်သက်အရွယ်ကတည်းကပါ။
ဖြိုး gym ဆော့တာမမှန်ခဲ့ချိန်တုန်းကလည်း လက်မောင်းတွေမှာ စပြီး အကြောပြတ်ခဲ့တာပါပဲ။
ဆိုတော့ ဖြိုးနဲ့ အကြောပြတ်ရာဆိုတာ မကင်းပါဘူး။
😁 အရင်ကတည်းက ရှိခဲ့တဲ့ အကြောပြတ်ရာတွေကို ကြည့်ရမဆိုးအောင်တော့ အဆီဓာတ် ရေဓာတ်တွေမျှမျှတတပါဝင်တဲ့ lotion တွေ stretch marks cream တွေသုံးနေခဲ့တာကြာပြီပေါ့။
အဲ့တော့ ဖြိုးက ကိုယ်ဝန်ရှိတာသိကတည်းက ဗိုက်နားတဝိုက်မှာပါ အကြောပြတ်ရာတွေ ထပ်မဖြစ်အောင်ကာကွယ်ခဲ့တာပါ။
ပြီးတော့ stretch marks မှာလည်း အရောင်လေးတွေမတူကြပြန်ဘူး။
ဖြိုးတစ်ယောက်ထဲမှာတောင် အဖြူရောင်၊ အနီရောင် ၊ ခရမ်းရောင်။ စုံလို့ပဲ😁
လက်မောင်းမှာဆို အနီရောင်အကြောင်းတွေ၊ ပေါင်နဲ့ တင်ပါးမှာကျ အဖြူရောင်၊ ခါးနားမှာကျ ခရမ်းရောင်ဖြစ်ပြန်ရော၊ အရောင်တွေလည်း မတူပါဘူးလို့။ မလန့်ပါနဲ့နော်။
💛🧡အကြောပြတ်တာကိုကြိုတင်ကာကွယ်ဖို့အတွက် -Palmer’s stretch marks products & Ingredients တွေအကြောင်း ပုံအောက်မှာဆက်ဖတ်ကြည့်နော်။
Click here to claim your Sponsored Listing.