Thursday Market
Quality Finds, Anytime You Need It 🛒
15/05/2025
Ltnsပါ ကာကာတို့ရေ 🫶🏻
မတွေ့ရတာ ရက်နည်းနည်းလေး ကြာသွားတဲ့အတွက်
လျှော့ဈေးလေးနဲ့ ပြန်ဆုံရအောင်နော်!
မင်တို့ Pageလေးလည်း အခြားOnline shopများနည်းတူ
Customer Cancelပစ္စည်းလေးတွေ ရှိထားပါတယ်ရှင့်။
🎉ဒါလေးတွေကို မင်မင် အခု Postမှာ
10% off Discountနဲ့ ပြန်ရောင်းပေးပါရစေနော် 🎉
💸 ဈေးနှုန်းလေးတွေကတော့
နှစ်ယောက်အိပ် - 30,000 ကျပ် (ပုံမှန်ဈေး)
နှစ်ယောက်အိပ် - 27,000 ကျပ် (10% လျှော့ဈေး)
တစ်ယောက်အိပ် - 24,000 ကျပ် (ပုံမှန်ဈေး)
တစ်ယောက်အိပ် - 21,600 ကျပ် (10% လျှော့ဈေး)
ဒီဇိုင်းတစ်မျိုး တစ်စုံသာရှိပြီး နှစ်ယောက်အိပ် Sizeများပါတယ်ရှင့်။ ရနိုင်တဲ့ Sizeကို ပုံတစ်ပုံချင်းရဲ့အောက်မှာ ရေးပေးထားပါတယ်။
✨အကြောင်းမတိုက်ဆိုင်လို့ ရောင်းချခွင့်မရခဲ့တဲ့
Cancel Customerများကိုလည်း လုံးဝ စိတ်မဆိုးပါဘူးရှင့်။ နောင်လိုအပ်တဲ့အချိန် Thursday Market Pageမှာ အချိန်မရွေး Any itemကို 5% off discount နှုန်းထားလေးနဲ့ လာရောက် အားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်နော် 🫶🏻
Customerများအားလုံးနဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် မျှော်လင့်ထားပါတယ် ✨
"ကျေးဇူးအများကြီးတင်ပါတယ်"
Thursday Market ❤️
28/04/2025
🌧️ မိုးရာသီနဲ့ လိုက်ဖက်ညီတဲ့ Calssic and Cozyဖြစ်တဲ့
ရိုးရှင်းပြီး နွေးထွေးတဲ့အိပ်ခန်းလေး ဖန်တီးဖို့အတွက်
LUNA Bedding Brandအိပ်ယာခင်းလေး ရှိနေပါပြီရှင့်!
Fabricအမျိုးအစားက Polyester နဲ့ Cotton ရောစပ်ထားတဲ့ Premium Quality ဖြစ်ပြီး
Hotelသုံး လိုင်းစင်းအိပ်ယာခင်းလေးတွေ ဖြစ်ပါတယ်။ (မမတို့အမေးများတဲ့ "ချော်ချွတ်ချွတ်"အသားလား?ဆိုရင်တော့...မဟုတ်ပါဘူးရှင့် 💕)
Polysterရဲ့အားသာချက်များက လျှော်ဖွတ်ရလွယ်ကူခြင်း၊ ခြောက်သွေ့မှု မြန်ဆန်ခြင်း နှင့် ပေါ့ပါးခြင်း ဖြစ်ပြီး Cottonရဲ့အားသာချက်အများကြီးထဲက တစ်ခုကတော့ သူနဲ့ ထိတွေ့ရသူကို သက်တောင့်သက်သာပေးစွမ်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။
💵 ဈေးနှုန်း - 36,000 ကျပ်ပါရှင့်
နှစ်ယောက်အိပ်-King Size 🛏️"တစ်စုံတွင်
အိပ်ယာခင်းစွပ် တစ်ခု၊
ခေါင်းအုံးစွပ် နှစ်ခု၊
ဖက်လုံးစွပ် နှစ်ခု...စုစုပေါင်း (၅)မျိုး ပါဝင်ပါတယ်။
မွှေ့ယာအရွယ်အစား 6ပေ × 6ပေခွဲနှင့် အမြင့် 10လက်မထုအထိ စွပ်လို့ရပါတယ်။
အရောင်ရွေးချယ်မှုအတွက် ၆မျိုး ရှိပြီး
အိမ်အရောက် ငွေချေ (COD) ရပါတယ်ရှင့် 🚚
24/04/2025
မင်မင် သင်္ကြန်အပြီး ရုံးတွေစဖွင့်တဲ့ ဒီတပါတ်လုံး
ဈေးမရောင်းပါဘူး...
Customerတစ်ဦးချင်းဆီ လိုက်တောင်းပန်နေရလို့ပါ 🥹
လက်ခံထားတဲ့ Orderလေးတွေကို ဒီတပါတ်အတွင်း
အကုန်လုံး အရောက်ပို့ပေးနေပါပြီရှင့်။
အဆင်မပြေမှုများအတွက်လည်း ထပ်တောင်းပန်ပါရစေနော် 🙏🏼
တချို့Customerတွေကို မင်မင်တို့ဘက်က Cancel ပြန်လုပ်လိုက်ရတာလည်း အရမ်းအားနာပါတယ်။ နောက်တခါ ဘယ်အချိန်အားပေးပေး လျှော့ဈေး Discountလေးနဲ့ ဒီကျေးဇူးကို ပြန်ဆပ်ပါ့မယ် 🫶🏻
အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်
Thursday Market ❤️
21/04/2025
မင်္ဂလာပါ မေမေတို့ရေ...မီးမီးတို့အတွက်
Instockရနိုင်မယ့် ဂါဝန်လှလှလေးတွေ
တစ်စုတစ်စည်းထဲ ပြန်တင်ပေးထားပါတယ်ရှင့် 💖
✨လက်ကျန်အထည်အရေအတွက်လေး
နည်းနေပြီဖြစ်တဲ့အတွက် ကြိုက်တာလေးတွေ့ရင်
Cbမှာ "ယူ"လို့ပဲ ရေးထားပေးပါနော်🫶🏻
ပုံတစ်ပုံချင်းစီရဲ့အောက်မှာလည်း ရနိုင်မယ့် Sizeလေးတွေ ရေးထားပေးပါတယ် ✨
100% Cottonဖြစ်ပြီး Bangkokမှ တိုက်ရိုက်တင်သွင်းထားတဲ့ Adorable-C Brandလေးပါ 👗
အသက် ၁နှစ်မှ ၆နှစ်အရွယ်အထိ Sizeများ ရှိပါတယ်။
Commentမှာ Size Chartလေး ရေးပေးထားပြီး ဂါဝန်အများစုက Cuttingလေးကြီးပါတယ်ရှင့်!
💸 ဈေးနှုန်း - 29,500 ကျပ် (ဦးထုပ်လေး မပါ👒)
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များမှ အားပေးသူမေမေများအတွက် လျှော့ဈေးလေး အနည်းငယ် ရှိပါမယ်ရှင့် 💕
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များ အိမ်အရောက်ငွေချေ ရပါတယ် 🚚
Thursday Market Pageကို ယုံယုံကြည်ကြည်နှင့် အားပေးခဲ့ကြတဲ့မေမေတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏🏼
20/04/2025
မီးမီးတို့အတွက် ဒီဇိုင်းအသစ် Paint Collectionလေး 🎨
Made in Thailand 🇹🇭, Direct from BKK
💯% Cotton
Price - 32,000 MMK
တစ်နှစ်မှ ၄နှစ်အရွယ်အထိ Sizeများ ရှိပါမယ်ရှင့်။
ကြာချိန် - တစ်ပါတ်ပါ 🙏🏼
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များမှ အားပေးသူမေမေများအတွက် လျှော့ဈေးလေး အနည်းငယ် ရှိပါမယ်ရှင့် 💕
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များ အိမ်အရောက်ငွေချေ ရပါတယ် 🚚
19/04/2025
LUNA Bedding Brandအိပ်ယာခင်းလေးများအား
ဝယ်ယူအားပေးသူ အယောက်ဆီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏🏼
Thursday Market ❤️
17/04/2025
ချစ်ရတဲ့ Princessလေးတို့အတွက်
ချည်သားဂါဝန်လှလှလေးတွေ ရပါပြီရှင့် 💖
100% Cottonမို့ နူးညံ့တဲ့ချည်သားလေးတွေဖြစ်တဲ့အတွက် ကလေးအသားအရေ ပူခြင်း၊ ယားခြင်း လုံးဝ မရှိစေရပါဘူး။
Bangkokမှ တိုက်ရိုက်တင်သွင်းထားခြင်းဖြစ်ပြီး ချုပ်ရိုးချုပ်သား၊ ဒီဇိုင်းပုံကျမှု နှင့် လျှော်ဖွတ်ပြီးနောက်ပိုင်း အရောင်မကျွတ်၊ ရေမကျုံဖို့အတွက် Qualityပိုင်းလည်း အထူးအာမခံပါတယ်ရှင့် 💯
ဒီဇိုင်းများအားလုံး ကလေးအသက် ၁နှစ်မှ ၄နှစ်အထိ ရွေးချယ်စရာ Size ရှိပါမယ်ရှင့် 👗
💸 ဈေးနှုန်းလေးက 29,500 ကျပ်နှင့်
ဂါဝန်လေးများအားလုံး Instockရှိတဲ့အတွက် တီတီတို့က မှာယူပြီး ၃ရက်အတွင်း ပို့ပေးပါ့မယ်နော်!
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များမှ အားပေးသူမေမေများအတွက် လျှော့ဈေးလေး အနည်းငယ် ရှိပါမယ်ရှင့် 💕
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များ အိမ်အရောက်ငွေချေ ရပါတယ် 🚚
16/04/2025
✨သင်္ကြန်ရက် 10% off promotionလေးကို
နှစ်ဆန်းတစ်ရက်နေ့ 17.4.2025 အထိ
မနက်ဖြန်တစ်ရက် ထပ်တိုးပေးထားပါတယ်ရှင့်✨
Promotionရက်အတွင်း ဝယ်ယူအားပေးကြသူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🙏🏼
လက်ဆောင်လေးတွေလည်း စီစဉ်ပေးထားလို့ အချိန်ရမယ်ဆို Thursday Market Pageထဲမှာ အိပ်ယာခင်းလှလှလေးတွေ ဝင်ကြည့်ပေးပါဦးနော်!
14/04/2025
✨မန္တလေးမြို့နှင့် အခြားငလျင်ဒဏ်သင့်မြို့များမှ Customerများရှင့်✨
Thursday Marketမှ အရောင်းလေးပြန်စတဲ့ရက်ကစပြီး ယနေ့အထိ ဝယ်ယူအားပေးကြသူ Customer အများစုမှာ မန္တလေးမြို့မှ ဖြစ်နေတဲ့အတွက် အခက်အခဲများကြားက အားပေးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ 🙏🏼
မန္တလေးမြို့နှင့် အခြားငလျင်ဒဏ်သင့်မြို့များမှ Customerများအတွက် Thursday Marketမှ သင်္ကြန်ရက်အတွင်းပြုလုပ်လျှက်ရှိသော 10% off Promotionအား ယခုလကုန်အထိ ပေးအပ်သွားမည့်အပြင် လက်ဆောင်အဖြစ် ခေါင်းအုံးစွတ်လေးများ ထပ်မံထည့်သွင်းပေးဖို့ စီစဉ်လျှက် ရှိပါတယ်ရှင့်။
လက်ဆောင်လေးက သေးငယ်ပေမယ့် Customerများ အသုံးဝင်မယ်လို့လည်း မျှော်လင့်ပါတယ်။
Adminတို့ ပိတ်စဒီဇိုင်းအား လက်ထဲအဆင်သင့်ရှိနေတဲ့အပေါ်မူတည်ပြီး စီစဉ်လိုက်ရတာဖြစ်လို့ ခေါင်းအုံးစွတ်လက်ဆောင်အား အဆင်၊ ဒီဇိုင်း ရွေးချယ်လို့မရကြောင်း အားနာစွာဖြင့် ကြိုတင်မေတ္တာရပ်ခံပါရစေရှင့်။
ယခုအစီအစဉ်လေးမှာ နိုင်သလောက် မျှဝေပေးခြင်းဖြစ်တဲ့အတွက် အခြားမြို့များမှ ဝယ်ယူသူ Customerများလည်း နားလည်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်နော် 🫶🏻
"ကျေးဇူးအများကြီးတင်ပါတယ်"
Thursday Market ❤️
12/04/2025
🎉 သင်္ကြန်ရက် အထူးပရိုမိုးရှင်း 🎉
ဘာယူယူ 10% off Promotionလေးနှင့်အတူ
ယခုလက်ရှိ Instockရနိုင်မယ့် အိပ်ယာခင်းတွေပါရှင့်!
✨ Luna Brandအိပ်ယာခင်းများကို BKK ချည်သားအသုံးပြုထားပြီး 100% Cottonမဟုတ်ပေမယ့် 90% Cottonဖြစ်လို့ ယခုလို နွေရာသီမှာ သူကတော့ မပူပါဘူးနော်။ လျှော်ဖွတ်ပြီးနောက်ပိုင်း အရောင်ပြောင်းသွားခြင်း၊ အိပ်ယာခင်းအသီးထခြင်းများလည်း ဖြစ်ပေါ်ခြင်း မရှိကြောင်း အာမခံပေးပါတယ်ရှင့်✨
မွှေ့ယာအရွယ်အစား ၆ပေ × ၆ပေခွဲ၊ အမြင့် ၁၀လက်မအထိ စွပ်လို့ရတဲ့ "နှစ်ယောက်အိပ် - King Size" နှင့်
မွှေ့ယာအရွယ်အစား ၃ပေ × ၆ပေခွဲ၊ အမြင့် ၁၀လက်မအထိ စွပ်လို့ရတဲ့"တစ်ယောက်အိပ် - Single Size"ဆိုပြီး Double နှင့် Single Size နှစ်မျိုး ရှိပါတယ်။
ဒါ့အပြင် ဘယ်အချိန်ကြည့်ကြည့် သင့်အိပ်ယာလေး သပ်ရပ်လှပနေစေဖို့ ထောင့်လေးထောင့်မှာ မျော့ကြိုးများတပ်ဆင်ပေးထားပါသေးတယ်။
💸 ဈေးနှုန်းလေးတွေကတော့
နှစ်ယောက်အိပ် (၅မျိုးပါ Set)..... 30,000 ကျပ်
တစ်ယောက်အိပ် (၃မျိုးပါ Set)..... 24,000 ကျပ်
ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များ အိမ်အရောက်ငွေချေရပါတယ်ရှင့် 🚚
12/04/2025
မင်္ဂလာပါရှင့် 💕
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုများကို စာနာတဲ့အနေဖြင့် Thursday Market Pageကို အချိန်ကာလတစ်ခုအထိ ခေတ္တရပ်နားခဲ့ခြင်း ဖြစ်ပါတယ်။
ထိုအချိန်အတွင်း ပေးပို့ရန်ကျန်ရှိနေသော အမှာပစ္စည်းများကို သင်္ကြန်အပြီး အရောက်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားပြီးဖြစ်တဲ့အတွက် လစ်ဟာခဲ့တဲ့ဝန်ဆောင်မှုများအတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်ရှင့် 🙏🏼
✨မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းမြို့များမှ Customerများရှင့်✨
Thursday Marketမှနိုင်သလောက် ကူညီတဲ့အနေဖြင့် ၂၈ရက်နေ့မတိုင်မီ မှာယူပစ္စည်းများကို "ပို့ဆောင်ခ အခမဲ့"ဖြင့် ပို့ဆောင်ပေးထားပါတယ်ရှင့်။ ပစ္စည်းလက်ခံရန် အခြားအခက်အခဲတစ်စုံတစ်ရာရှိပါကလည်း cbမှာ ဆက်သွယ်ပေးပါနော်။ အတက်နိုင်ဆုံး အဆင်ပြေတဲ့အထိ ကူညီပေးပါ့မယ်။
မိသားစုဝင်များအားလုံး ကိုယ်စိတ်နှလုံး လုံခြုံပါစေလို့လည်း ဆုတောင်းပေးပါတယ် 🙏🏼
နောက်ဆုံးမှာတော့ Thursday Market Pageရဲ့
Aprilလအတွက် Promotion အစီအစဉ်လေးကို
ယခု သင်္ကြန်ပိတ်ရက်များအတွင်း
ပြုလုပ်ပေးထားကြောင်း အသိပေးပါရစေ!
နှစ်သစ်မှာ အိပ်ယာခင်းအသစ်လေးများ လိုအပ်မယ်ဆို Thursday Market Pageမှာ
ဝင်ကြည့်ပေးဖို့ ပြောပါရစေနော် 💕
Thursday Market ❤️
Click here to claim your Sponsored Listing.
Website
Address
Opening Hours
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |