For Cells

For Cells

Share

GED Intensive Classes, Preparation Classes, one-on-one classes and exam services available🍀

30/09/2026

တီချယ် စီနာ ကိုယ်တိုင်ကျောင်းလျှောက်တုန်းက recommendation letter တောင်းရတာက တော်တော်ပြဿနာတက်ခဲ့တာပါရယ် အထူးသဖြင့် academic recommendation letter ပေါ့🙏

အစိုးရကျောင်းတုန်းက သင်ပေးခဲ့တဲ့ ဆရာမတွေနဲ့ကလဲ အဆက်အသွယ်မရှိ GEDဖြေထားတာကလဲ ကြာပြီဆိုတော့ ခုမှ recommendation letterပြန်သွားတောင်းလို့အဆင်မပြေနဲ့ အကျပ်ရိုက်ခဲ့တာ😭

အဲ့တာကြောင့် ကိုယ့်လိုမဖြစ်စေချင်လို့ For Cellsက ကျောင်းသားတွေကို အမြဲလိုလို recommendation letterလိုရင်လာခဲ့ပါ အတန်းပုံမှန်တက် စာသေချာလုပ်ခဲ့တဲ့ကျောင်းသားဆို ရေးပေးပါ့မယ်လို့ ပြောခဲ့တာ တီချယ်စာမေးပွဲရှိတဲ့အချိန်‌နဲ့တိုးရင်တော့ စောင့်တော့ စောင့်ရတာပေါ့နော့်။

ခုလို ကိုယ်ရေးပေးလိုက်တဲ့ ကျောင်းသားတွေက အဆင်ပြေတယ် ဝင်ခွင့်ရတယ်ဆိုတဲ့ သတင်းကောင်းလေးကြားရတော့လဲ များကြီးဝမ်းသာတာပေါ့ရှင် ဝင်ခွင့်ရသွားတဲ့ ညီမလေးလဲ MITမှာ စာတွေသေချာလိုက်လုပ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်💞

Photos from For Cells's post 26/09/2026

For Cellsရဲ့ Signature တစ်လပြတ် Intensive တွေက ကျောင်းသားအတက်များပေမယ့် တကယ်တော့ တီချယ်ရော ကျောင်းသားတွေရော အပင်ပန်းဆုံးအတန်းတွေပဲရယ်😭

အတန်းချိန် ၂၄နာရီနဲ့ Revision + Practiceလုပ်ရတာမို့ lesson plan ကိုလဲ အတိအကျပြင်ထားပြီး အိမ်စာလဲခပ်များများပေးရတာပေါ့နော်😁

"စဖွင့်ထဲက တစ်လတည်းနဲ့ ဖြစ်ပါ့မလား"ဆိုတဲ့ စိတ်က တီချယ်စီနာလဲ အများကြီးတွေးခဲ့ရပေမယ့် ခု intensive b-9ထိ အကျအရှုံးမရှိပဲ ၁၀၀% အောင်ခဲ့တာတော့ တကယ်ကို ဝမ်းသာရသောပါပဲ။

ခုလဲ exchange ကပြန်လာထဲက Barch-10ဖွင့်ဖို့ကိုအချိန် ဆွဲနေတဲ့ တီချယ်စီနာ ဒီစာလေးကြောင့် အားအင်အပြည့်ရပြီး ဖွင့်ပေးပါတော့မယ်နော်။

Official announcement postလေးလဲ ဒီအပတ်ထဲ တင်ပါ့မယ်နော်။ ကြိုစုံစမ်းထားချင်ရင်လဲ ထုံးစံအတိုင်း (telegram) နဲ့ Page Messenger မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

RLAတောင်ကြီးကို တစ်လအတွင်း တူတူကျော်ဖြတ်ကြပါမယ်ရှင်။

RLA အခက်အခဲကင်းသော စာသင်ခန်းများဆီသို့

26/09/2026

Break Up တွေကျ ခံနိုင်ရည်ရှိအောင် ERများများလေ့ကျင့်ကြမယ်နော် မိုင် စတူးဒန့်တို့🫵

05/08/2026

အနှောင်းသေချာအောင် အစကေကောင်းစေဖို့ For Cellsရဲ့ RLA Foundation B-5🌷

😔GEDမှာ စာပိုဒ်အရှည်ကြီးတွေနဲ့ ခက်တယ်လို့ နာမည်ကြီးတဲ့ ဘာသာရပ်

😔Essayပါရေးရလို့ ဖြေဖို့ တားဆီးနေတဲ့ရပ်

😔သုံးနာရီနီးပါး မျက်စိတညောင်း Reasoning လုပ်ရတယ်ဆိုတဲ့ ညည်းညူတဲ့ထိ ဖြေရတဲ့ဘာသာရပ်

ဒီဘာသာရပ်ကို "စလုံးရေ စ" အစကနေ ဖြေဖို့နီးနီး အသင့်ဖြစ်တဲ့ထိ အချိန် သုံးလတည်းနဲ့ ပြင်သွားပေးမယ့် Classလေးလာပါပြီ။

RLA Foundation Classလို့နာမည်တပ်ထားပေမယ့် ဒီ Classလေးပြီးတာနဲ့ တန်းဖြေသွားတဲ့ကျောင်းသားလေးတွေဟာလဲ ၂၅%ထိရှိလာပြီး ၁၀၀% pass rateရှိနေတာဖြစ်ပါတယ်🏃‍♀️

အတန်းဆုံးတက်တဲ့အပြင် အတန်းပြီးတဲ့ချိန် ထပ်အချိန်ယူလေ့ကျင့်ဖို့ Plan တွေပေးပြီး ကျောင်းသားတွေကိုလဲ ၁၇၀+တွေထိရအောင် boost ပေးနိုင်ခဲ့တဲ့ classဆိုလဲ မမှားပါဘူးရှင်😁🎀

ဒါ့အပြင် သုံးလနေမှ တစ်ခါပဲဖွင့်တာမို့ တစ် batchလွတ်သွားရင် သုံးလထိလဲထပ်စောင့်ရမှာဖြစ်ပါတယ်😓

ကဲဒါဆို အတန်း‌လေးအကြောင်းစရအောင်။

အတန်လေးကို ဘယ်သူက သင်မှာလဲ။

RLAကို ကိုယ်တိုင် high scoreရရှိထားပြီး RLA Instructor အဖြစ် high score achieverများကို ဆက်တိုက် trainလာတဲ့ For Cellsရဲ့ Founder Tr. Cena ပဲဖြစ်ပါတယ်🌻

ဘယ်ကနေသင်မှာလဲ။
Online Classဖြစ်တဲ့အတွက်ကြောင့် Zoom Application ကနေသင်ရမှာဖြစ်ပါတယ် 💻

အတန်းချိန်လေးကရော?
အတန်းချိန်လေးကတော့ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ၈:၃၀-၁၀:၀၀ ရုံးချိန်ကျောင်းချိန်လွတ်တဲ့ ည အချိန်ဖြစ်ပါတယ်။

ဘယ်နှစ်လတက်ရမှာလဲ။
အစကနေ အဆုံးထိ သုံးလတက်ရမှာဖြစ်ပါတယ်။

ဘယ်လိုလူတွေတက်သင့်တာလဲ။
- GEDကို ခုမှ စလေ့လာမယ့်လူတွေ တက်လို့ရသလို
- အရင်ကတက်ဖူးပေမယ့် အစက စနစ်တကျပြန်လေ့လာချင်သူများလဲတက်လို့ရပါတယ်✨

ဘယ်ရက်စမှာလဲ။
August လ ဆယ့်နှစ်ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ စသွားမှာပဲဖြစ်ပါတယ်🫢

ခုဆိုရင်တော့ အတန်းလေး စဖို့က ရက်ပိုင်းပဲလိုတော့တဲ့အပြင် ကျောင်းသားကို အကန့်အသတ်နဲ့ပဲ လက်ခံသွားမှာမို့ GED RLAအတွက် အတန်းရှာနေတယ်ဆိုရင်တော့ လက်မနှေးသင့်တော့ပါဘူးနော်။

RLAအခက်အခဲတွေဖြေရှင်းဖို့ For Cellsနဲ့ လက်တွဲကြစို့🤝

Photos from For Cells's post 23/07/2026

"အတန်းတက်ရတဲ့ ပထမနေ့တည်းက တီချယ့်ဆီမှာ တက်လိုက်တာ မှန်သွားတယ်"🌻

အဲ့သလို ဆိုတဲ့ 1 Month Intensive B-8 က အချစ်တော်လေးဟာဆိုရင်တော့ ER 3/6နဲ့ RLA တောင်ကြီးကို ကျော်ဖြတ်နိုင်သွားပြီပဲဖြစ်ပါတယ်။
‌
စာအလုပ်ဆုံး Batchလို့ပြောနေကြအတိုင်း အတန်းထဲမှာရော အိမ်စာပေးတာရော တစ်ခုမှမလွတ် ရှယ်ပလန်နဲ့ ကြိတ်ခဲ့သူလေးလဲဟုတ်ပါတယ်😁

ခုလိုမျိုး passသွားတာကိုများကြီး ဂုဏ်ယူတဲ့အပြင် အချိန်တို အတွင်း တကယ်ကြိုးစားနိုင်ခဲ့တာ မြင်ရတာ အံ့ဩဝမ်းသာပီတိလဲဖြစ်ရပါတယ်😭✨

တီချယ့်ကိုပြန်ဆုတောင်းပေးသွားတဲ့ ဆုတောင်းတွေနဲ့လဲ ပြည့်ချင်သလို ညီမလေး ရှေ့ဆက်ရမယ့် ပညာရေးခရီးလမ်းမှာလဲ အခက်အခဲမရှိစေဖို့ တီချယ်နဲ့ For Cells ကဆုတောင်းပေးလိုက်ပါတယ်ရှင်💞

18/06/2026

ကျွန်မ စတူးဒန့်တွေက သင်ခန်းစာတစ်ခုသင်လိုက်ရင် Daily Life မှာပါ ချက်ချင်းအသုံးချနိုင်သောပါရှင်။

Figurative Language သင်ပြီးနောက်နေ့ဆိုတာနဲ့ စကားပြောတာကအစ "တီချယ် Hyperboleကြီး" "တီချယ် understatement လုပ်မနေပါနဲ့"ဆိုတာကြီးပဲ။

ခုကတော့ ဆူခံနေရပေမယ့် စာမှတ်မိလို့ ဝမ်းသာနေသော ဆရာမ ကဏ္ဍပေါ့လေ။

31/05/2026

5 Days To go 🏃

RLAဖြေဖို့ အချိန်ကပ်မှ pressure ပိနေပြီလား??

လိုချင်တဲ့အမှတ်မရမှာစိုးလို့ exam dateကိုပြောင်းချင်နေသူလား??

ဒါမှမဟုတ် တစ်လအပြတ် Intensive တွေ လိုက်ရှာပြီး ကြိုးစားချင်နေသူလား??

ဒါဆိုရင်တော့ For Cellsရဲ့ Signature 1 Month Intensiveလေးက သင့်အတွက်ရောက်လာပါပြီ🫵‼️

ဒီအတန်းလေးကတော့ 189+ရရှိခဲ့တဲ့ကျောင်းသားအပြင် 170+ရရှိတဲ့ကျောင်းသားတွေကလဲ တစ် Batchကို အနည်းဆုံး လေးယောက်နှုန်းထွက်နေတဲ့ အတန်းလေးတစ်ခုဆိုလဲမမှားပါဘူး🫢

တစ်လအတွင်းမှာ Revision + Practice တွေလုပ်ပြီး အမှတ်ကောင်းကောင်းယူချင်သူများအတွက်

🌻အတန်းချိန်လေးက
သောကြာနေ့ မနက် ၉:၀၀-၁၁:၀၀
စနေ တနင်္ဂနွေ ည ၈:၀၀-၁၀:၀၀

တစ်ပတ်မှာ ခြောက်နာရီအချိန်ပေးပြီး 12ရက်နဲ့ RLAတောင်ကြီးကို အပြတ်ကျော်နိုင်မှာလဲဖြစ်ပါတယ် (အိမ်စာလေးတော့လုပ်ဖို့လိုပါတယ်နော်😁)

🌻 သင်မယ့်ဆရာမကလဲ For Cellsရဲ့ ၂နှစ်ကျော်ကာလမှာ RLA Classesများစွာကိုသင်ကြားခဲ့တဲ့ Founder Tr. Cenaပဲဖြစ်ပါတယ်

အတန်းလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Only 5 Seats Leftမို့ အမြန်ဆုံး (telegram)နဲ့ Page Messengerမှာ Entrance Testလေး ဖြေပြီး ခုပဲ အပ်လို့ရပါပြီနော်။

RLAအခက်အခဲများကို တစ်လအတွင်းဖြေရှင်းကြစို့။

Photos from For Cells's post 30/05/2026

GED RLAကို quality class လေးတွေနဲ့လဲ လေ့လာချင်တယ်✅

အတန်းရွေး မှားမှာလဲစိုးတယ်😭

ကိုယ့်ကိုသင်မယ့်ဆရာမက experience မရှိနေမှာလဲ စိတ်ပူနေတဲ့ ကျောင်းသားတွေအတွက် For Cellsရဲ့ ဆရာမ မိတ်ဆက်လေး လာပါပြီ🥳

Meet our instructors!!!

🌻အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ For Cellsရဲ့ Founder Tr. Cena ကတော့ စာသင်နှစ် သုံးနှစ်ကျော်ပြီး RLA Foundation Group Class, RLA intensive Group Classတွေကို တာဝန်ယူသင်ကြားနေတာဖြစ်ပါတယ်။

🌻Tr. Stella ဟာတော့ RLAကို 172 (ER 5/6) ဖြင့်အောင်မြင်ခဲ့ပြီး ကျောင်းသားများကို RLA booster Classများနဲ့ One on One Classများကို တာဝန်ယူသင်ကြားပေးခဲ့တာ တစ်နှစ်ကျော်ရှိပြီပဲဖြစ်ပါတယ်။ For Cellsမှာတော့ တီချယ်က RLA one-on-one classများနဲ့ GEDတက်ဖို့ Readyဖြစ်သွားစေမယ့် Reading and Writing Classများကို တာဝန်ယူသင်ကြားမှာပဲဖြစ်ပါတယ်။

🌻Tr. Hsuဟာဆိုရင်တော့ RLA ကို နဲ့အောင်မြင်ခဲ့ပြီး Teaching Experience တစ်နှစ်ကျော်ရှိတဲ့ဆရာမတစ်ယောက်လဲဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားများစွာကို RLA ဘာသာရပ်သာမက Social Studies ဘာသာရပ်ကိုပါ အမှတ်ကောင်းများရအောင် သင်ကြားပေးလျက်ရှိနေတဲ့ ဆရာမလဲ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ တီချယ်က FCမှာ RLA one-on-one classများကို တာဝန်ယူသင်ကြားပေးနေတာပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုး Teaching Experience လဲ ရှိ RLAနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို သေချာကူညီဖြေရှင်းပေးနိုင်တဲ့ ဆရာမတွေနဲ့ စာသင်ချင်တယ်ဆိုရင်တော့ For Cells Messenger နဲ့ (telegram)တို့မှာ မိမိနဲ့ ကိုက်ညီတဲ့ သင်တန်းအကြောင်းကို စုံစမ်းလို့ရပါပြီရှင်။

20/05/2026

"အတန်းတက်ရင်း မာလာရှမ်းကော စားလို့ရမယ့် အခွင့်အရေး"🫣

GEDကိုစတက်မယ့် လူတွေအနေနဲ့ GEDလေးဘာသာထဲကမှ

Multiple Choice တွေအပြင် ကျောင်းသားတွေ ကြောက်တဲ့ Essayကိုပါ ရေးရတဲ့ဘာသာ😓

စကားလုံးခက်ခက် စာပိုဒ်အရှည်ကြီးတွေနဲ့ Real Testမှာ ၂နာရီကျော်အောင်ဖြေရတဲ့ဘာသာ😓

အတန်းသာအရွေးမှားသွားရင် တစ်နှစ်ကျော်လေ့လာနေလဲ လည်နေဦးမယ့် ဘာသာဖြစ်တဲ့😓

Reasoning through Language Arts (RLA)လို့ခေါ်တဲ့ဘာသာအတွက် Foundation Classလေးဖွင့်ထားပါပြီရှင်။

For Cellsကတော့ ၂၀၂၃တည်းက GEDကျောင်းသားတွေကို လေ့ကျင့်ခဲ့တဲ့ နေရာလဲဖြစ်သလို RLAဘာသာရပ်မှာ ၁၈၈နဲ့အထက် ကျောင်းသားများစွာကိုလေ့ကျင့်ပေးနေတဲ့ Pageလဲဖြစ်ပါတယ်။

Pageမှာဆိုရင် RLA one-on-one, Foundation Group Classနဲ့ Intensive Group Classလေးတွေကို Quality ဖြစ်ဖြစ် ဈေးအသင်အတင့်နဲ့ ဖွင့်လျက်ရှိတာပဲဖြစ်ပါတယ်။

ခုတစ်ခါမှတော့ RLAကိုသုံးလအတွင်း စလုံးရေ "စ"ကနေ အတန်းပြီးတဲ့ချိန်မှာဖြေလို့ပါရသွားတဲ့ကျောင်းသားတွေရှိတဲ့ RLA Foundation B-6ကလေးရောက်ရှိလာတာပဲဖြစ်ပါတယ်။

🌻ဒီအတန်းကိုတော့ ‌For Cellsရဲ့ ပဲ့ကိုင်ရှင် ကျောင်းသားတွေရဲ့ အချစ်တော် Tr. Cenaကိုယ်တိုင် သင်ကြားသွားမှာလဲဖြစ်ပါတယ်။

အတန်းပြီးသွားလို့ မဖြေချင်သေးတဲ့ ကလေးတွေအနေနဲ့လဲ "Intensive Class"ကို Join ဖို့ Promo Code ရမှာမို့ ချက်ချင်းမဖြေချင်သေးရင်လဲ စာနဲ့ အဆက်ပြတ်သွားမှာမပူရပါဘူးရှင်💫

အထူးကြေငြာချက်လေးအနေနဲ့ကတော့ ခု ဒီပို့စ်လေးကိုတင်ပြီး တစ်ပတ်အတွင်း အပ်မယ့် ကျောင်းသားတွေအနေနဲ့ ပို့စ်လေးမှာပြောထားတဲ့ အတိုင်း "မာလာရှမ်းကော"စားလို့ရအောင် 10% discount ရရှိသွားမှာလဲဖြစ်ပါတယ်။

ဒါကြောင့် RLAကိုစတက်ဖို့ အတန်းရှာနေတယ်ဆိုရင်တော့ ဒီ classလေးကို လက်မနှေးပဲ အမြန်ဆုံး အပ်ဖို့ လာလိုက်တော့နော်။

18/05/2026

For Cellsက သင်္ကြန်နောက်ပိုင်းထဲက အတန်းတွေ မဖွင့်တော့လို့ မျှော်နေတဲ့လူတွေအတွက် မနက်ဖြန်ကနေစပြီး RLA Foundation နဲ့ Intensive Class တွေကို ကျောင်းသား ပြန်လက်ခံပါ့မယ်ရှင်။

တီချယ်စီနာ လုံးဝမအားတာမို့ ပစ်ထားမိတဲ့အတွက် အတန်းကြော်ငြာရင်း စောင့်နေတဲ့ ကျောင်းသားတွေကို သေချာချော့ပါမယ်နော်😁💞

Telephone

Website

Address

Yangon
11161