Sharing Computer Tips By Alice

Sharing Computer Tips By Alice

Share

ကွန်ပျူတာဆိုင်ရာ သုတအဖြာဖြာ💠🌐

Photos from Sharing Computer Tips By Alice's post 03/12/2025

နှစ်ကုန်ရင်
အတွေးတစ်ခု
ပုံရိပ်တစ်ခု
စိတ်ထဲမှာမြင်ယောင်လာရင် ဖမ်းဆုပ်ထား🦸‍♀️
အသေချာဆုံးက စာရွက်ပေါ်မှာ ချရေးထား
Dateပါတစ်ခါတည်းတပ်။👍

ဒါဘာလဲဆို နောက်နှစ်မှာ ကိုယ်မြင်ချင်တဲ့ ကိုယ့်ရဲ့ပုံရိပ်တစ်ခု အတုအယောင်မဟုတ်ဘူး အစစ်။
ဘာလို့သေချာနေတာလဲဆို ဒီနှစ်ထဲမှာဘာမှမလုပ်ဘဲ တွေဝေနေခဲ့တဲ့ကိုယ့်ရဲ့နောင်တက ပင့်တင်ပေးလိုက်တဲ့ ဆန္ဒတစ်ခု။🫩

နောက်နှစ်ထဲမှာ ပြည့်ဖို့ အားအင်အပြည့်ရှိနေလို့ပဲ။💗
အဲ့ powerမလျှော့ခင် ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တစ်ခုအတွက် planဆွဲထား long termကောshort termအတွက်ပါ တစ်ခါတည်းဆွဲ။

ပြီးရင် အပီကြုံးတော့ …..🫵

နောက်နှစ်မှာ အိပ်မက်တွေအတွက် ပေးဆပ်ရင်း ငိုရင်းရီရင်း ကြိုးစားရင်းနဲ့ လမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီလို့ စိတ်ကဖြတ်ခနဲ တွေးမိတဲ့ချိန် ပျော်စရာကြီး …❤️
အဲ့တဒ င်္ဂ မြဲမြဲမှတ်ထား ပြီးရင်ဆက်ကြိုးစား✍️

coaching
#ဒေါက်တာဖြိုးပိုင်

Phyo Aung
sharing
#ဆရာပြေခိုင်

သူတို့podcast တွေအကုန်နားထောင်တယ်
ကိုယ်က ကြိုးစားနေချိန် အဆင်မပြေတာတခုခုကြုံခဲ့ရင် တန်းပြီးစိတ်ကျနိုင်လို့ activeဖြစ်နေတဲ့ လူငယ်တွေရဲ့ နေ့စဉ်လှုပ်ရှားသံ စကားသံတွေ ကြားရတဲ့ခါ စိတ်ကိုlevel upလုပ်ပေးသလိုmotivation လုပ်ပေးသလို ခံစားရလို့…

Toxicဆန်တဲ့အတွေးတွေ လျှော့ချဖို့ positiveဆန်ဆန်တွေးတတ်ဖို့

အဲ့ဒီလို ပတ်ဝန်းကျင်ကောင်းကောင်းလေး ဖန်တီးဖို့တော့ လိုတယ်။

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်နေဖို့ မလိုဘူးလေနော် လျှောက်နေတဲ့လမ်း မြင်ရရင် တော်ပြီ။😍
life

30/10/2024

💡Laptop Body အစိတ်အပိုင်းအခေါ်အဝေါ်များ💡

🔰A Shell ( laptop ရှေ့ခြမ်း)
🔰B Shell (Screen ဘက်ခြမ်း)
🔰C Shell ( keyboard ခြမ်း)
🔰D Shell ( keyboard အောက်ဘက်ခြမ်း)

29/10/2024

မနက်ဖြန်ကျရင် Computerနဲ့ ပတ်သက်လို့ သိသင့်တဲ့ အချက်လေးတွေ Sharingလုပ်ပေးပါမယ်နော်။🦥🧏

19/10/2024

Window Logoပဲတက်ပြီး windowတက်မလာပဲ ဘာမှမပေါ်လာရင် ဘာ့ကြောင့်လဲဆိုတာ Aliceသိသလောက်လေး ရှင်းပြပေးမယ်နော်။🧏🧏

Laptop Motherboard ထဲက CPU(Central Processing Unit)က heatတက်လို့ဖြစ်နိုင်ပါတယ်။
CPU ရဲ့အပေါ်မှာ CPUကို အေးအောင်လုပ်ပေးတဲ့ Cooling Fanကောင်းကောင်းအလုပ်မလုပ်ဘဲ ဖုန်မုန့်တွေကြောင့် ဂျီးတွေပိတ်နေရင် အရင်ဆုံး cleaningလုပ်ရပါမယ်။
သူနဲ့တွဲရက်ပါတဲ့ Heat Sintကိုပါ cleaningလုပ်ပြီး ပြန်လည်တပ်ဆင်အသုံးပြုကြည့်ပါရှင်။
နေ့စဉ်ပုံမှန်laptopကိုသုံးစွဲနေသောသူများအတွက် ၆လ တစ်ကြိမ် ဆေးခန်းမှာ Medical Check Up လုပ်သလို မိမိlaptopကိုလဲ ပုံမှန် ၆လ တစ်ကြိမ် Hardware Cleaningလုပ်ဖို့ အကြံပြုပါတယ်ရှင်။

နောက်တစ်ချက်ကwindowတက်တာ delayဖြစ်ပြီး loadingဖြစ်နေရင် စက်ထဲမှာ ထည့်ထားတဲ့ HDD or SSD(Solid State Drive) ကperformanceကျနေလို့လဲ ဖြစ်နိုင်ပါတယ်။
အဲ့လိုဖြစ်ရင်တော့ ကိုယ်သိမ်းထားတဲ့ Dataတွေ လုံလုံလောက်လောက် ထည့်လို့ရမဲ့ GBများတဲ့ SSDကိုပြောင်းလဲတပ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

ဒါလေးတွေက Aliceသိသလောက်လေး Sharingလုပ်ပေးထားတာမို့ တိကျသေချာစွာ စစ်ဆေးချင်ရင်တော့ ကိုယ်တိုင်မလုပ်ပဲ နီးစပ်ရာ Laptop Serviceဆိုင်တွေမှာ ပြကြည့်ပါနော်။😍😍

06/10/2024

🔰Checking 7 facts while buying a laptop
🔰Laptop တစ်လုံး ၀ယ်တော့မယ်ဆိုရင် မဖြစ်မနေ စစ်ရမယ့် အချက်👉7👈ချက်

1 Processor(CPU)
2 Battery Life Time
3 Ports
4 Memory (Ram) with speed
5 HDD or SSD?
6 Screen
7 Keyboard

🔰It will be the best if you checked these 7 facts.
🔰ဒီအချက်(၇)ချက်ကိုတော့ စစ်ပေးရင် အကောင်းဆုံးပါနော်။

🔰I will share the ways that how to check easily these facts next week .
🔰နောက်တစ်ပတ်ကျရင် ဒီအချက်လေးတွေ အလွယ်တကူ စစ်လို့ရမယ့် နည်းလမ်းလေးတွေ
Sharing လုပ်ပေးပါ့မယ်။

Photos from Sharing Computer Tips By Alice's post 04/10/2024

🔐FB Pw မေ့နေသူတွေအတွက် Gmail Accထဲမှာ saveထားရင် ပြန်ကြည့်လို့ရတဲ့ နည်းလမ်းလေး👇👇

03/10/2024

🔐FB pw မမှတ်မိတဲ့သူတွေအတွက် Google နဲ့ Gmailမှာ Password အလွယ်တကူ ပြန်ကြည့်နည်းလေး တင်ပေးမယ်နော်။📣📣

Photos from Sharing Computer Tips By Alice's post 03/10/2024

Computer နဲ့ ပတ်သက်ပြီး တစ်ခုခုသိချင်တာရှိရင် Alice Qiou ဆီ လာမေးလို့ရပါတယ်နော်။
Sofwareပိုင်းပဲဖြစ်ဖြစ် Hardwareပိုင်းပဲဖြစ်ဖြစ် သိသလောက်လေးပြန်ပြီး Sharing လုပ်ပေးပါမယ်ရှင့်။🙆💐

04/09/2023

Laptop မှန် မကွဲအောင် ဘာတွေ လုပ်သင့်လဲ??။ဘယ်လို ထိန်းသိမ်းရမလဲ ??။

🔷Laptopကို ပိတ်သည့်အခါ အလယ်တည့်တည့်(webcam)နားမှ ပိတ်ပါ။
🔶ဘယ်ဘက်ထောင့်စွန်း /ညာဘက်ထောင့်စွန်းနားမှ ပိတ်လျှင် မှန်ကွဲဖို့ Riskပိုများပါသည်။
🔷ပိတ်သည့်အခါ အားများများနှင့် ဖိပြီး မပိတ်သင့်ပါ ။ ပိတ်မိလျှင် မှန်နှင့် ကီးဘုတ်ဘက်အခြမ်း(Cခြမ်း)နဲ့ ထိပြီး မှန်ကွဲနိုင်ပါသည်။
🔶Laptop Hinges(ဒေါက်များ)ကျိုးနေလျှင် ပေတေပြီး မသုံးသင့်ပါ။ နီးစပ်ရာ Laptop service centerထံပြပါ ။
🔷ဒေါက်နှင့် မှန်သည် နီးစပ်နေသောကြောင့် မှန်ကို ကွဲစေနိုင်/ထိခိုက်စေနိုင်ပါသည်။ဒေါက်ပြင်သည့်ဈေးထက် မှန်အသစ်လဲရသည့် ဈေးက ပိုများပါသည်။

Photos from Sharing Computer Tips By Alice's post 24/08/2023

လဲလှယ်တပ်ဆင်ခြင်း⌨⌨⌨
#ပါဝါမလာဘူးဆိုပြီး ချောင်ထိုးထားတဲ့စက်လေး ⛔⛔
ိုက်လို့ အဆင်ပြေသွားပါပြီရှင့်✅✅
#အင်းစိန်မြို့နယ်မှ ယုံယုံကြည်ကြည်နဲ့ လာရောက်အပ်နှံပါသော အစ်ကို

23/08/2023

အသစ် လှဲလှယ်တပ်ဆင်ခြင်း(အာမခံ ၃နှစ်)

ကြည့်ရတာ Wifiရပေမဲ့ အဝိုင်းပဲလည်နေတယ်😢
ဘယ်လောက်လဲ 4Gbတဲ့ ား?? SSDလား??ဆိုတော့
ဲ့🙄 Perfomance စစ်ကြည့်လိုက်တော့ 100% ပြပြီး နီနေပြီ ⛔⛔
SSD Changeဖို့ အကြံပေးလိုက်တယ်👍
ခုတော့ SSDထည့်လိုက်လို့ စက်ကို ပေါ့ပေါ့ပါးပါးသုံးလို့ရပါပြီ ✅✅

#မြောက်ဒဂုံ မြို့နယ် မှ လာရောက်အပ်နှံသော စက်လေးပါ

#(ရွေးချယ်ပါ /နှိုင်းယှဥ်ပါ /လေ့လာပါ )

ှာ စိတ်ကျေနပ်မှု အပြည့်အဝရမှာ လုံးဝအာမခံပါတယ်ရှင့်✔✔✔😍

⛪️ဆိုင်လိပ်စာ _ မန္တလေးလမ်းမှတ်တိုင်၊ ပင်လုံလမ်းမကြီး၊ မြောက်ဒဂုံ၊ ရန်ကုန်။ (အစည်ကားဆုံး / ဘယ်ကလာလာ အနီးလေးပါ)
ဆိုင်ဖွင့်ချိန် _ မနက် 9နာရီ မှ ညနေ 6နာရီ အထိ
(ပိတ်ရက်မရှိပါ)
🚌YBS 12, 30, 87, 29, 88, 99, 117, 128 များစီးပါက(မြောက်ဒဂုံ မန္တလေးလမ်းမှတ်တိုင်) ဆင်းပါ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Merchant Street
Yangon